Myanmar Guide Soe Soe

Myanmar Guide Soe Soe Explore Myanmar the way you like! If you need tour guide service and private taxi , Please feel free to contact with us. WELCOME! [email protected]

Viber Or WhatsApp ( +959402502155 ) Email : ( [email protected] )
Warmly Welcome to Myanmar! I'm Soe Soe, live in Mandalay / Burma and like to show my country. Ready to discover the adventuresome Burma? Just contact me:
WhatsApp: +959402502155
Email.

28/01/2026

"ဘုရားမတင်၊နတ်မဝင်၊လူတွင်ဆယ်ပွင့်ပန်း”

မြန်မာ့ယဉ်ကျေးမှုအနုပညာများရဲ့ ဂုဏ်ရောင်ထွန်းပြောင်မှုကိုထင်ဟပ်စေတဲ့ ရိုးရာလက်မှုပညာများဖြစ်တဲ့ ပန်းဆယ်မျိုးဟာ ရာစုနှစ်ပေါင်းများစွာထိ သက်တမ်းကြာရှည် တည်တံ့နေရုံသာမက ယနေ့ခေတ်အချိန်ထိပါ အသက်ဝင်လျက်ရှိနေပါတယ်။ ပန်းဆယ်မျိုး ဆိုတာကတော့ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပဲ၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စတဲ့ရိုးရာလက်မှုအနုပညာများဖြစ်ပါတယ်။ "ပဲ၊ထိမ်၊တဉ်း၊တော့၊ရန်၊ပဲ၊မော့၊ မှတ်လော့ ပွတ်၊ချီ၊ယွန်း”ဟူ၍ အတိုကောက်မှတ်သားနိုင်တဲ့ ပန်းဆယ်မျိုးဟာ မြန်မာလူမျိုးတို့ရဲ့ဖန်တီးမှုအနုပညာ၊ စိတ်ကူးဉာဏ်နဲ့ လက်မှုပညာကျွမ်းကျင်မှုတို့ကို ပြသပေးနိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ လက်ရှိအချိန်အထိ အသုံးပြုနေဆဲဖြစ်တဲ့ မြန်မာ့ရိုးရာလက်မှုအနုပညာများဖြစ်တဲ့ ပန်းဆယ်မျိုးထဲမှ (၂)မျိုးအကြောင်းကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

“ပန်းထိမ်”
ပန်းထိမ်ဆိုတာကတော့ ရွှေ၊ငွေ၊ကြေး စတဲ့သတ္ထုများကို လှပတဲ့ အဆင်တန်ဆာများ၊ အသုံးအဆောင်ပစ္စည်းများအဖြစ် ပြောင်းလဲဖန်တီးတဲ့ မြန်မာ့ရိုးရာ လက်မှုပညာတစ်ရပ်ဖြစ်ပါတယ်။ သမိုင်းသုတေသနအထောက်အထားများဖြစ်တဲ့ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့ ပျူမြို့ပြနိုင်ငံများမှ တူးဖော်ရရှိခဲ့သော ကြေးပစ္စည်း၊ ရွှေ၊ငွေဒင်္ဂါးများမှ တစ်ဆင့် မြန်မာ့ပန်းထိမ်ပညာဟာ ပျူခေတ်ကတည်းကစတင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

“ပန်းချီ”
ပန်းချီအနုပညာကတော့ စိတ်ကူးစိတ်သန်း၊ သဘာဝ၊ အတွေးအမြင်များကို အရောင်၊ လိုင်း၊ ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံတို့ကို အသုံးပြုဖန်တီးတဲ့အနုပညာတစ်ခုပဲဖြစ်ပါတယ်။ မြန်မာ့ပန်းချီပညာဟာ ပုရပိုက်ပေါ်မှာ ဇာတ်ကြီးဆယ်ဘွဲ့ကို ရေးဆွဲတဲ့ ခေတ်ဟောင်းပုံစံကနေ ခေတ်သစ်ပန်းချီပညာအထိ အမျိုးမျိုးပြောင်းလဲတိုးတက်လာတာကို မြင်တွေ့နိုင်ပါတယ်။ ပုဂံမှာရှိတဲ့ အာနန္ဒာ၊ ရွှေစည်းခုံ၊ ဂူပြောက်ကြီးဘုရားတို့ရဲ့ နံရံဆေးရေးပန်းချီလက်ရာတွေဟာဆိုရင် ရှေးခေတ်မြန်မာတို့ရဲ့ အနုပညာအဆင့်အတန်းကိုထင်ဟပ်စေတဲ့ ပြယုဂ်တွေပဲဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်မှုအနုပညာတို့ရဲ့သင်္ကေတဖြစ်တဲ့ ပန်းဆယ်မျိုးဟာဆိုရင် မျိုးဆက်သစ်တို့ထံ လက်ဆင့်ကမ်းလွှဲပြောင်းပေးရမဲ့ တန်ဖိုးကြီးအမွေအနှစ်ဖြစ်ရုံသာမက စီးပွားရေး၊ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းတို့အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတာကြောင့် ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပဲဖြစ်ပါတယ်ရှင်။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ပန်းဆယ်မျိုး #ရိုးရာလက်မှုပညာ

28/01/2026

“ စည်းလုံးခြင်းအင်အားနဲ့နွှဲပျော် ထမနဲပွဲတော် "

ခေတ်တွေ ဘယ်လိုပင် ပြောင်းလဲသွားပါစေ... ဖေဖော်ဝါရီလရဲ့ အေးမြတဲ့ ဆောင်းရာသီအချိန်အခါမှာ မပြောင်းလဲဘဲ မြင်တွေ့ရတာကတော့ အားမာန်ပါပါနဲ့ ဝိုင်းဝန်းဆင်နွှဲကြတဲ့ "ထမနဲပွဲ" ပဲ ဖြစ်ပါတယ် ။

ထမနဲဆိုတာ မြန်မာလူမျိုးများအတွက် အချိုပွဲတစ်ခုဖြစ်သလို - ထမနဲ ရရှိဖို့အတွက် အဖွဲ့အစည်းစိတ်ဓာတ်၊ အင်အားနဲ့ စေတနာတွေ ပေါင်းစပ်ထားတဲ့ "စည်းလုံးခြင်း အနုပညာ" တစ်ခုလို့ သတ်မှတ်ထားပါတယ် ။

“ ထမနဲ ” ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းများကတော့ -

💢 ကောက်ညှင်း (𝐒𝐭𝐢𝐜𝐤𝐲 𝐑𝐢𝐜𝐞)

💢 အုန်းသီး (𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐅𝐥𝐚𝐤𝐞𝐬)

💢 မြေပဲနဲ့ နှမ်း (𝐏𝐞𝐚𝐧𝐮𝐭 & 𝐒𝐞𝐬𝐚𝐦𝐞)

💢 ဂျင်းနဲ့ ဆီ (𝐆𝐢𝐧𝐠𝐞𝐫 & 𝐎𝐢𝐥)

ဒီပါဝင်ပစ္စည်းတွေ အားလုံးကို ဒယ်အိုးကြီးထဲမှာ ယောကျာ်းသားတွေရဲ့ သန်မာတဲ့အားမာန်နဲ့ မမောနိုင်မပန်းနိုင် မွှေနေကြတဲ့... လျှာဖျားမှာ စွဲကျန်ရစ်စေမယ့် "မြန်မာ့ရိုးရာ အရသာစစ်စစ်" ကို ရရှိစေပါတယ် 💯

“စည်းလုံးခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ ထမနဲပွဲတော်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွှဲရင်း အမှတ်တရတွေ ဖန်တီးကြတဲ့ အခိုက်အတန့်လေးလည်းဖြစ်ပါတယ် ✨

တစ်နှစ်မှာတစ်ခေါက် မြင်ရခဲတဲ့ ပွဲတော်လေးလည်း ဖြစ်တာကြောင့် အရသာရှိပြီး အားအင်ပြည့်ဝစေမယ့် ထမနဲကို အတူတူ သုံးဆောင်ကြဖို့ မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ဖို့ စိတ်ကူးရှိတဲ့ ဧည့်သည်တော်များကိုလည်း‌ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐨𝐮𝐫𝐢𝐬𝐦 မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ 🙇🏻‍♀️

𝐈𝐟 𝐲𝐨𝐮 𝐰𝐚𝐧𝐭 𝐭𝐨 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐭𝐡𝐞 𝐭𝐫𝐮𝐞 𝐬𝐩𝐢𝐫𝐢𝐭 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫, 𝐲𝐨𝐮 𝐦𝐮𝐬𝐭 𝐭𝐚𝐬𝐭𝐞 "𝐇𝐭𝐚𝐦𝐚𝐧𝐞" (𝐒𝐭𝐢𝐜𝐤𝐲 𝐑𝐢𝐜𝐞 𝐂𝐚𝐤𝐞).

𝐈𝐭’𝐬 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐚 𝐬𝐞𝐚𝐬𝐨𝐧𝐚𝐥 𝐝𝐞𝐥𝐢𝐜𝐚𝐜𝐲; 𝐢𝐭'𝐬 𝐚 "𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝐨𝐟 𝐔𝐧𝐢𝐭𝐲." 𝐔𝐧𝐥𝐢𝐤𝐞 𝐨𝐭𝐡𝐞𝐫 𝐬𝐧𝐚𝐜𝐤𝐬, 𝐇𝐭𝐚𝐦𝐚𝐧𝐞 𝐜𝐚𝐧𝐧𝐨𝐭 𝐛𝐞 𝐦𝐚𝐝𝐞 𝐚𝐥𝐨𝐧𝐞. 𝐈𝐭 𝐫𝐞𝐪𝐮𝐢𝐫𝐞𝐬 𝐚 𝐭𝐞𝐚𝐦 𝐨𝐟 𝐬𝐭𝐫𝐨𝐧𝐠 𝐢𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥𝐬 𝐭𝐨 𝐬𝐭𝐢𝐫 𝐭𝐡𝐞 𝐭𝐡𝐢𝐜𝐤, 𝐠𝐥𝐮𝐭𝐢𝐧𝐨𝐮𝐬 𝐫𝐢𝐜𝐞 𝐰𝐢𝐭𝐡 𝐠𝐢𝐚𝐧𝐭 𝐰𝐨𝐨𝐝𝐞𝐧 𝐩𝐚𝐝𝐝𝐥𝐞𝐬 𝐨𝐯𝐞𝐫 𝐚𝐧 𝐨𝐩𝐞𝐧 𝐟𝐢𝐫𝐞.

"𝐀 𝐬𝐲𝐦𝐩𝐡𝐨𝐧𝐲 𝐨𝐟 𝐭𝐞𝐱𝐭𝐮𝐫𝐞𝐬: 𝐒𝐭𝐢𝐜𝐤𝐲, 𝐍𝐮𝐭𝐭𝐲, 𝐚𝐧𝐝 𝐒𝐰𝐞𝐞𝐭."

𝐓𝐡𝐞 𝐬𝐦𝐨𝐤𝐢𝐧𝐞𝐬𝐬 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐟𝐢𝐫𝐞𝐰𝐨𝐨𝐝, 𝐭𝐡𝐞 𝐜𝐫𝐮𝐧𝐜𝐡𝐢𝐧𝐞𝐬𝐬 𝐨𝐟 𝐟𝐫𝐢𝐞𝐝 𝐜𝐨𝐜𝐨𝐧𝐮𝐭 𝐚𝐧𝐝 𝐩𝐞𝐚𝐧𝐮𝐭𝐬, 𝐚𝐧𝐝 𝐭𝐡𝐞 𝐰𝐚𝐫𝐦𝐭𝐡 𝐨𝐟 𝐠𝐢𝐧𝐠𝐞𝐫 𝐦𝐚𝐤𝐞 𝐢𝐭 𝐚 𝐮𝐧𝐢𝐪𝐮𝐞 𝐜𝐮𝐥𝐢𝐧𝐚𝐫𝐲 𝐦𝐚𝐬𝐭𝐞𝐫𝐩𝐢𝐞𝐜𝐞 𝐲𝐨𝐮 𝐜𝐚𝐧’𝐭 𝐟𝐢𝐧𝐝 𝐚𝐧𝐲𝐰𝐡𝐞𝐫𝐞 𝐞𝐥𝐬𝐞 𝐢𝐧 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝.🌍




#ထမနဲပွဲတော် #ထမနဲ

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံက...
17/04/2025

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

05/04/2025

Be Strong Mandalay!
Be Strong Sagaing!
Be Strong Myanmar!

ဟိုအရင်ချိန်တွေ တမ်းတမက်မောပြန်လိုချင်တယ် အတိတ်ကို။
26/03/2025

ဟိုအရင်ချိန်တွေ တမ်းတမက်မော
ပြန်လိုချင်တယ် အတိတ်ကို။

Warmly Welcome to Myanmar 🇲🇲 Explore Myanmar 🇲🇲 the way you like! For private tours and private taxi , Please contact wi...
08/03/2025

Warmly Welcome to Myanmar 🇲🇲

Explore Myanmar 🇲🇲 the way you like! For private tours and private taxi , Please contact with us.

Viber or WhatsApp +959402502155
Email : ( [email protected] )

Warmly Welcome to Myanmar 🇲🇲Explorer Myanmar 🇲🇲 the way you like! If you need Tour Guide services & Car Rental Services ...
02/03/2025

Warmly Welcome to Myanmar 🇲🇲

Explorer Myanmar 🇲🇲 the way you like! If you need Tour Guide services & Car Rental Services , Please feel free to contact with us. We always support the best for our customers.

Viber or WhatsApp : +959402502155
Email : ( [email protected] )

"Welcome, March! May this month bring you joy, success, and fresh opportunities. 🌿🌼"
01/03/2025

"Welcome, March! May this month bring you joy, success, and fresh opportunities. 🌿🌼"

Come & See Myanmar!
27/02/2025

Come & See Myanmar!

Address

190/2 , Dagontaing Quarter , Pyigyitagon Township
Mandalay
100105

Alerts

Be the first to know and let us send you an email when Myanmar Guide Soe Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Guide Soe Soe:

Shortcuts

Share

Category