Mandalay Tours and Transfers

Mandalay Tours and Transfers We provide day tours, excursions, airport transfers, car rental (with driver only) in and around Mandalay, Myanmar (Burma)

ရန်ကုန်အတွက် အဓိကထားပြီးရေးပါတယ်အပေါ်ဆုံးထပ်တွေဆို မဆင်းပါနဲ့အပေါ်ဆုံးထပ်ကသူတွေက ပြေးဆင်းရင်မမီနိုင်ဘူး လှေကားနှင့် ဓာတ်...
02/04/2025

ရန်ကုန်အတွက် အဓိကထားပြီးရေးပါတယ်အပေါ်ဆုံးထပ်တွေဆို မဆင်းပါနဲ့အပေါ်ဆုံးထပ်ကသူတွေက ပြေးဆင်းရင်မမီနိုင်ဘူး လှေကားနှင့် ဓာတ်လှေကား စက်လှေကားတို့က အားအနည်းဆုံးမို့ မွေ့ယာလိုစောင်လိုခေါင်းအုံးလိုမျိုးနဲ့ ခေါင်းနဲ့လည်ပင်းကိုကာထားပါ ဆိုင်ကယ်ဦးထုပ်ရှိရင် ဆောင်းထား
တစ်ထပ် နှစ်ထပ် သုံးထပ်သမား လှုပ်တာသိတာနှင့် ဘာမှမယူနှင့် အမြန်ပြေးထွက်ပါ အပေါ်ဆုံးထပ်သမားတွေ ပြေးမဆင်းပဲ အမြန်အကွာအကွယ်ယူပါ ကြမ်းပြင်အလယ်နားမနေပါနဲ့ဘေးနားက ကော်လာတိုင်မကြီးနားမှာ စားပွဲလို ထောက်တိုင်မာတဲ့ ခုံအောက်မှာကိုယ်ကိုကွေးပြီးကပ်နေပါ စားပွဲဘေးနားမှာ ဘီဒိုအမြင့်ကိုထားပါ အပေါ်က စလပ်ပြားကွာကျလာလျှင် ဘီဒိုပေါ်ကျလို့ စားပွဲခုံကို ထိခိုက်အားလျော့မှာပါ ခိုလှုံမည့် စားပွဲခုံပေါ် ရေသန့်ဘူး နှစ်ဆယ်လီတာ ဘူး၂ဘူးလှဲထားပါ ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် ၂၀လီတာ ရေသန့်ဘူးကြီး၄ဘူး ကို စားပွဲခုံခြေလေးတိုင်မှာပါကပ်ထားပါ
အပေါ်ကဖိအားကြောင့်သစ်သားစားပွဲခုံခြေထောက်ကျိုးသွားရင်တောင် ရေသန့်ဘူးလေးဘူးက ထမ်းထားပေးဦးမှာပါ
ပိတ်မိနေရင်တောင် အအေးဓာတ်ရမယ်
ရေသန့်သောက်ပြီးရှင်နိုင်မယ်
၀မ်းတီးနို့ဆီဘူး ပါ ထားပါ ဘာကြောင့်လဲဆိုတော့ ဖောက်တံမပါပဲ ဖောက်ရလွယ်ပြီး အဖုံးလေးပါ ပါလို့ပါ
ခရာ၀ီစီ မှန် ဓာတ်မီး တစ်ဖက်ချွန်တစ်ဖက်ကထိပ်ပြားတူ ကော်ပုံးလေးနှင့်ထားပါ
အရေးပေါ်ဆေးအိတ်လေးရော သောက်နေကြဆေး တစ်ပတ်စာပါထည့်ထားပါ
ပိတ်မိနေရင် နံရံကို လေ၀င်ပေါက်ရအောင်အပေါက်သေးလေးရအောင်စဖောက်ပါ
အင်အားအများကြီးသုံးပြီး မဖောက်ပါနှင့်
ပြင်ပမှအော်သံကြားရအောင်နှင့် လေ၀င်ပေါက်ရအောင်ပါ
ခုနက ၄လက်မ ပတ်လည်ကော်ပုံးလေးက
ဆီး၀မ်းသွားပြီး အဖုံး ပြန်ပိတ်ထားဖို့ပါ
ပုံလေး ဆွဲပြီး ပြပါမယ်

https://www.facebook.com/share/p/16MPC7G6MP/

ဆုတောင်းပြီး ရှယ်သွားကြ ၂၀၂၅ မှာ ယနေ့တောင်းသောဆုပြည့်လိမ့်မည် ၊ မြင်သူများအားလုံးတို့ ကြွယ်ဝပြီ ပုဂ္ဂိုလ်များ မပြီ ၊ ကဲ ...
25/12/2024

ဆုတောင်းပြီး ရှယ်သွားကြ ၂၀၂၅ မှာ ယနေ့တောင်းသောဆုပြည့်လိမ့်မည် ၊ မြင်သူများအားလုံးတို့ ကြွယ်ဝပြီ ပုဂ္ဂိုလ်များ မပြီ ၊ ကဲ ပြည့်စုံပြီလားဟေ့ အောင်ပြီလားဟေ့ အဆင်ပြေပြီလားဟေ့

လင်းညှို့တာရာ

ရောက်ဖူးကြလားရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျှက်အုပ်စု၊ ရေပြာကျေးရွာ အောင်ဇမ္ဗူဓမ္မဗိမာန်ကျောင်းတိုက်တွင် ပ...
20/12/2024

ရောက်ဖူးကြလား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျှက်အုပ်စု၊ ရေပြာကျေးရွာ အောင်ဇမ္ဗူဓမ္မဗိမာန်ကျောင်းတိုက်တွင် ပူဇော်ထားလျက်ရှိသော ‌ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ် ၃၀၁ ဆူ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျှက်အုပ်စု၊ ရေပြာကျေးရွာ အောင်ဇမ္ဗူဓမ္မဗိမာန်ကျောင်းတိုက်တ.....

Worldwide Travel Insurance including Covid19 cover. Buy from UK-based Expatriate Healthcare. International Travel Insura...
24/09/2021

Worldwide Travel Insurance including Covid19 cover.

Buy from UK-based Expatriate Healthcare. International Travel Insurance policy covers all nationalities, travelling almost anywhere in the world.

You can purchase insurance for a specific single trip or, for total flexibility, an annual policy that covers you for any trip you take abroad, regardless of how often you travel.

Follow the links below:

Travel Insurance
https://bit.ly/3EQpicr

Healthcare Insurance
https://bit.ly/3mbAaJJ

အဆင့်မြင့် အနော်ရထာ ဇိမ်ခံ သင်္ဘောကို မြစ်လယ်တွင် Floating Cruise Hotel အဖြစ် ပြုလုပ်ပြီး မြစ်ကြောင်း တစ်လျှောက် Sunset ...
20/01/2021

အဆင့်မြင့် အနော်ရထာ ဇိမ်ခံ သင်္ဘောကို မြစ်လယ်တွင် Floating Cruise Hotel အဖြစ် ပြုလုပ်ပြီး မြစ်ကြောင်း တစ်လျှောက် Sunset ကြည့်မည့် အစီအစဥ် စတင်မည်

ဇန်နဝါရီ ၁၈ journal

မန္တလေး -ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသည့် အထပ်လေးထပ်ပါ အပျော်စီး အနော်ရထာ ဇိမ်ခံသင်္ဘော ( Luxury Cruise)ကို ရန်ကုန်မြစ်လယ်တွင် Floating Cruise Hotel သဘောမျိုး ပြုလုပ်ပြီး မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန် ကြည့်နိုင်မည့် ဝန်ဆောင်မှုကို စတင်သွားမည်ဖြစ်ကြောင်း Moken Capital ကုမ္ပဏီ ၏ General Manager ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။

အဆိုပါ အစီအစဥ်ကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်သွားမည်​​ ဖြစ်ပြီး အစီအစဥ် အနေဖြင့် ဗိုလ်တထောင် ဘုရား တစ်ဖက်ခြမ်းရှိ မြစ်လယ်ခေါင်တွင် သင်္ဘောကို ကျောက်ချထားပြီး နေ့စဥ် ညနေ ၅ နာရီမှ
ည ၇ နာရီထိ ရန်ကုန်မြစ်ကြောင်းတစ်လျှာက် Sunset
ကြည့်သည့် Activityကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်​ကြောင်းသိရသည်။

"သင်္ဘော ကို ကျောက်ချထားပြီး Floating Cruise Hotel လိုမျိုး လုပ်မယ် ၊ Events တွေရှိမယ် ၊ Special Events တွေရှိမယ် ၊ ညနေတိုင်း Sunset Cruise ထွက်မယ် ၊ ရေတက်ရေကျပေါ်ကြည့်ပြီး အဆင်ပြေတဲ့လမ်းကြောင်းကို ပြေးဆွဲသွားပေးမှာပါ။အလုံ ကြည့်မြင့်တိုင်ဘက်ခြမ်းနဲ့ သန်လျင်ဘက်ကိုဆင်းတဲ့လမ်းကြောင်းတစ်ကြောင်းရှိပါတယ်။ သင်္ဘောပေါ်မှာ Over Night Stay လာနေမယ်ဆိုရင် ညနေ Sunset ကြည့်တဲ့ဝန်ဆောင်မှုပါ တစ်ခါ တည်း ပါသွားတယ်။ ရန်ကုန်ရဲ့ဟိုတယ်မှာ လာနေမယ့်အစား သင်္ဘောပေါ်မှာ လာနေပြီး နေဝင်ဆည်းဆာအလှကို ခံစားစေရမယ့်ပုံစံလိုမျိုး ဝန်ဆောင်မှု ပေးသွားမှာပါ"ဟု ဒေါ်စုမွန်ဦး က Travelling journal သို့ ပြောသည်။

အဆိုပါ အဆင့်မြင့်ဇိမ်ခံသင်္ဘော တွင် အထပ်လေးထပ်ပါဝင်ပြီး အခန်းပေါင်း ၂၃ခန်း ရှိကာ Royal Suite ၊ Executive suite၊Junior Suite နှင့် Deluxe အခန်းအမျိုးအစားလေးမျိုးခွဲခြားထားကြောင်း သိရသည်။

ယင်းအခန်းများကို ဖေဖေါ်ဝါရီလမှစတင်ပြီး Weekend
နှင့် Weekday ဆိုပြီး စျေးနှုန်း ခွဲ ခြားထားပြီး Deluxe အခန်းများကို Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၂၁၀) နှင့် Weekday ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၁၈၀) ကျသင့်မည်ဖြစ် ကာ အမြင့်ဆုံးအခန်းဖြစ်သည့် Royal Suite အခန်း အနေဖြင့် Weekdayဆိုပါက ကန်ဒေါ်လာ (၄၃၀)နှင့် Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၄၆၀) ကျသင့်မည်ဖြစ်ကြောင်း
သိရသည်။

"အဲဒီ ခရီးစဥ်ကို ရောင်းသွားပေးမှာပါ ။ ရန်ကုန်ထဲမှာ စိတ်ဝင်စား တဲ့သူ တက်နိုင်တဲ့သူကလည်း ရှိတာပဲလေ။သူ့မှာ Cruise အသေး Moken ရှိသေးတယ်။ အဲဒါကလည်း ရောင်းရတယ်။ ရောင်းပေးတယ်"ဟု ကမ္ဘာ့မြန်မာခရီးသွား ကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ဆုမွန်ချစ် က Travelling journal သို့ ပြောသည်။

အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘောပြေးဆွဲမှုကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Heritage Line ကုမ္ပဏီနှင့် Moken Capital ကုမ္ပဏီ တို့ ပူးပေါင်း ပြေးဆွဲခြင်းဖြစ်ပြီး ယခင်က ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေခြင်းဖြစ်ကာ ကိုဗစ် ရောဂါဖြစ်ပွားသဖြင့် ခရီးစဥ်များကို တစ်နှစ်တိတိရပ်ဆိုင်းခဲ့ပြီးနောက် ရန်ကုန်မြစ်ကြောင်း တွင် ပြေးဆွဲရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရေလယ်ခေါင်မှာ ကျောက်ချထားပြီး ကျန်းမာရေးဆိပ်ကမ်းကနေ ကိုယ်ပိုင် ဖယ်ရီ နဲ့ ခေါက်တုံ့ခေါက်ပြန် ကြိုပေးမယ်။ အဲဒါကို နေ့လည် ၁၂ နာရီကနေ ည ၁၀ ထိ ဖယ်ရီကြိုပို့လုပ်ပေးသွားမှာပါ"ဟု ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။

ထို့ပြင် မတ်လနှင့်ဧပြီလများတွင် Sunset Cruise သီး
သန့်လက်ခံမည့် ခရီးစဉ် များကိုလည်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သလို Private Events ၊ Lunch Only ၊ Dinner Only စသည့် ဝန်ဆောင်မှုအသစ်များ ကိုထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနော်ရထာ ဇိမ်ခံ သင်္ဘောကို၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့ပြီး မြန်မာပြည်သို့ သယ်ဆောင်လာခဲ့ပြီးနောက်၂၀၁၆ ခုနှစ် မတ်လ မှ စကာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ် လျှောက်တွင် ပြေးဆွဲခဲ့သည့် အဆင့်မြှင့် ဇိမ်ခံသင်္ဘောဖြစ် ကြောင်း သိရသည်။

journal

Cruise Hotel
Cruise FB

17/01/2021

ရန်ကုန်တိုင်းထဲက Farm/Camp/Resort တွေရဲ့ Linkလေးတွေစုပီး တင်ပေးလိုက်ပြီ😍

❤️သူကြီးအိမ်

https://www.facebook.com/106664867962399/posts/112821500680069/

❤️Mother Earth Organic Farm(ဖောင်ကြီး)

https://m.facebook.com/story.php?story_fbid=1170541523336936&id=846817005709391

❤️ရှမ်းရွှေဥ

https://m.facebook.com/story.php?story_fbid=2753906048177419&id=2280292628872099

❤️ Sandayaw Resort

https://m.facebook.com/story.php?story_fbid=2688979534757804&id=1948349718820793

❤️ Green Land Resort

https://m.facebook.com/story.php?story_fbid=2828319940757959&id=2082611391995488

❤️တို့လယ်တော(တွံတေး-တံတားအဆင်း)

https://m.facebook.com/story.php?story_fbid=1533924040127235&id=172813676238285

❤️Shwe Yo Farm( အမြန်လမ်း -၃၉မိုင်)

https://m.facebook.com/story.php?story_fbid=1059727797791460&id=100012627493170

❤️Inn the Farm (အမြန်လမ်း 37မိုင် 7ဖါလုံ)

https://m.facebook.com/story.php?story_fbid=402531054527148&id=105823377531252

❤️Tha Ba Wa Camp Ground ( Hmawbi )

https://m.facebook.com/story.php?story_fbid=106843524611200&id=106664867962399

❤️ Mother's Village Campground
(အမြန်လမ်း 16မိုင် - 4/5ဖါလုံကြား)

https://m.facebook.com/story.php?story_fbid=106128528048426&id=102648048396474

❤️ဝင်းသစ်မွှေးခြံ (အမြန်လမ်း ၁၆မိုင် ၆ဖါလုံ )

https://m.facebook.com/story.php?story_fbid=205487911171933&id=109743154079743

❤️ကရင်လယ်တော နိုဖထော(လှည်းကူး)

https://www.facebook.com/108053697727204/posts/123286389537268/

❤️Seinn So စိမ်းစို (အမြန်လမ်း 15မိုင်-4ဖါလုံ)

https://m.facebook.com/story.php?story_fbid=107500404591668&id=105465608128481

❤️Sunny Cove Resort (လှည်းကူးတာဆုံလမ်း)

https://www.facebook.com/137158590033868/posts/1025737721175946/

https://www.facebook.com/133032454040111/posts/170514253625264/

❤️ဘူးလယ်အင်း Resort (ပဲခူး 10မိုင် )

https://m.facebook.com/story.php?story_fbid=2749095851977887&id=1638824479671702

❤️ Green Leaves Campground (လှည်းကူး အရှေ့ပဲခူးရိုးမ)

https://m.facebook.com/story.php?story_fbid=107460801234223&id=105901768056793

❤️ Family Croft (မှော်ဘီ ကျောက်ကာကျေးရွာ)

https://www.facebook.com/103905917801465/posts/228340125358043/

❤️ပန်းတစ်ပွင့်တောင် နှင့် ငမိုးရိပ်ဆည်

https://www.facebook.com/2222475228041084/posts/2864529207169013/

❤️ဇွဲဘာကုန်းကမ်းခြေ (သန်လျင်)

https://m.facebook.com/story.php?story_fbid=188744812972449&id=100055107934034

❤️ဆယ်အိမ်တန်းကမ်းခြေ

https://m.facebook.com/story.php?story_fbid=2466815666777754&id=10000

❤️Little Forest သစ်တောပိစိ (တိုက်ကြီး)

https://m.facebook.com/story.php?story_fbid=107612671256349&id=103254135025536

❤️Myanmar Organic Farm (မှော်ဘီ )

https://m.facebook.com/story.php?story_fbid=3729063257158837&id=100001655991511

❤️ ဂျိုးဖြူ Campground (တိုက်ကြီး)

https://m.facebook.com/story.php?story_fbid=100900431938947&id=100127328682924

❤️ Rubber Village Campground (မှော်ဘီ)

https://m.facebook.com/story.php?story_fbid=3496704523773859&id=100003030383753

Post ကို လွတ်လပ်စွာ Saveနိုင်၊ Shareနိုင်ပါတယ်။

Credit -


Career Opportunity at Chatrium Hotel Royal Lake Yangonချက်ထရီယမ်ဟိုတယ်မှ အလုပ်နေရာများအတွက် ခေါ်ယူနေပါပြီ. ဖုန်းနံပါတ် 0...
16/01/2021

Career Opportunity at Chatrium Hotel Royal Lake Yangon

ချက်ထရီယမ်ဟိုတယ်မှ အလုပ်နေရာများအတွက် ခေါ်ယူနေပါပြီ. ဖုန်းနံပါတ် 019544500 သို့ ခေါ်ဆို၍ဖြစ်စေ [email protected] သို့ CV ကို အီးမေးလ်ပို့၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

For details and to submit your resume, please call 019544500 or email to [email protected]

Yangon River Cruise Tour ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - ဘုရင့်နောင် - မြစ်သုံးဆိုင် - ကျန်းမာရေးဆိပ်ကမ်းခရီးစဉ်ပြေးဆ...
24/12/2020

Yangon River Cruise Tour
ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - ဘုရင့်နောင် - မြစ်သုံးဆိုင် - ကျန်းမာရေးဆိပ်ကမ်းခရီးစဉ်ပြေးဆွမည့်ကိစ္စ
= = = = = = = = = = = = = = = = = = = = = =
COVID 19 ကာလမှာ အိမ်ထဲမှာပဲ နေရတဲ့အချိန်တွေ ကြာလာလို့ စိတ်တွေမွန်းကြပ်နေကြပြီလား….

ဒါဆိုရင် … ကျန်းမာရေးနှင့် အညီ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ) အပျော်စီး သင်ဘောခရီးစဥ◌်အား ပြေးဆွဲသွားမည် ဖြစ်ပါတယ်.....
လေကောင်းလေသန့် ရှူ၍ သဘာဝအလှများကို ခံစားရင်း…. မွန်းကြပ်မှုတွေကို ဖယ်ရှားဖို့ Yangon River Cruise Tour သို့ လိုက်ပါရန် ဖိတ်ခေါ်ပါရစေ......

⛴️ပြေးဆွဲမည့်ရက် - ဒီဇင်ဘာ (၂၅-၂၆-၂၇)

နံနက် (၈)နာရီ မှ (၁၀)နာရီထိ တစ်ကြိမ်

ညနေ (၄)နာရီ မှ ည (၇)နာရီထိ တစ်ကြီမ်

#ပြန်ကြားရေးကော်မတီ

“ထန်းလျက်ဘီယာ” လို့သိကြတဲ့ 𝗣𝗲𝗮𝗰𝗼𝗰𝗸 𝗣𝗼𝗿𝘁𝗲𝗿 ကို ကျောက်ပန်းတောင်းမြို့ Toddy Palm Village-ထန်းရွာ ကမှာယူတဲ့ ထန်းလျက်နဲ့ ချက...
18/12/2020

“ထန်းလျက်ဘီယာ” လို့သိကြတဲ့ 𝗣𝗲𝗮𝗰𝗼𝗰𝗸 𝗣𝗼𝗿𝘁𝗲𝗿 ကို ကျောက်ပန်းတောင်းမြို့ Toddy Palm Village-ထန်းရွာ ကမှာယူတဲ့ ထန်းလျက်နဲ့ ချက်လုပ်ထားခြင်းဖြစ်ပါတယ်။

Toddy Palm Village (ထန်းရွာ) ဟာ မြန်မာ့ရိုးရာစားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ထန်းလျက်ကို ပုံစံအမျိုးမျိုးနဲ့ နိုင်ငံခြားဈေးကွက်အထိ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ တံဆိပ်တစ်ခုပါ။ ထန်းပင်အခြေပြုထုတ်ကုန်များကို တွင်ကျယ်စေခြင်းအားဖြင့် ထန်းတောင်သူတွေရဲ့ဘဝကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါ့အပြင် ထန်းရွာရဲ့ထုတ်ကုန်များကို ရောင်းချလို့ရတဲ့ ဝင်ငွေအားလုံးရဲ့ ရာခိုင်နှုန်းတစ်ခုကိုလည်း ထန်းတောင်သူများထံ ပြန်လည်ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါတယ်။

ပြည်တွင်းအငွေ့အသက်ထုံမွမ်းတဲ့ ထန်းလျက်ဘီယာကို ကျွန်တော်တို့ Peacock က မိတ်ဆက်ရောင်းချရာမှာ ယခုလိုမျိုး Toddy Palm Village နဲ့ လက်တွဲခွင့်ရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူမိပါတယ်။


#ဆန်းသစ်အရသာ_ဒေါင်းဘီယာ

Non Landing Sightseeing Flight Tour ✈️✈️✈️ရန်ကုန် - ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန်= = = = = = = = = = = = = = = = = = =...
16/12/2020

Non Landing Sightseeing Flight Tour ✈️✈️✈️
ရန်ကုန် - ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန်
= = = = = = = = = = = = = = = = = = = = = =
🛫 မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် Non Landing Sightseeing Flight Tour လိုက်ပါစီးနင်း နိုင်မည့် အခွင့်အရေး….
🏨 COVID 19 ကာလမှာ အိမ်ထဲမှာပဲ နေရတဲ့အချိန်တွေ ကြာလာလို့ စိတ်တွေမွန်းကြပ်နေကြပြီလား….
ဒါဆို
🔹 Myanmar National Airlines မှ ATR – 72 နဲ့ အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကို ဖူးမျှော်ရင်း ဘားအံမြို့ ရဲ့အလှကို ခံစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…
ကျိုက်ထီးရိုးဘုရားကို နှစ်ဖက် ဖူးမျှော်ဖို့ ပတ်ပေးမှာ ဖြစ်ပြီး ပတ်ဝန်းကျင်အလှတရားများကိုလည်း ဝေဟင်မှ ခံစားနိုင်စေမှာပါ…
ကျန်းမာရေးဆေးစစ်ဖို့ကတော့ မိမိအစီအစဥ်ဖြင့်စစ်ဆေးရမှာဖြစ်ပြီ လေယာဥ်ပေါ်မတက်ခင် negative ဖြစ်ကြောင်းဆေးစစ်ချက်မှတ်တမ်းပြပြီးမှသာ လေယာဥ်ပေါ်တက်ခွင့်ရမယ်ဆိုတာတော့ ကြိုပြောပါရစေနော်💖💖
လေယာဥ်ကလည်း ရန်ကုန်လေဆိပ်ကတက် ပြီး ရန်ကုန်လေဆိပ်ပြန်ဆင်းမှာမို Q ဝင်ရမှာမရှိပါဘူး။

လေယာဥ်ချိန် နဲ့ ပြေးဆွဲမည့်ရက်တွေကတော့

🗓 ပြေးဆွဲမည့်ရက် - ၂၀-၁၂-၂၀၂၀ (တနင်္ဂနွေနေ့)

✔ Departure Time – 9:00 am

⏱ Check in – 8:00 am

#ပြန်ကြားရေးကော်မတီ

Address

76 Street
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

959425560200

Alerts

Be the first to know and let us send you an email when Mandalay Tours and Transfers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay Tours and Transfers:

Shortcuts

Share

Category