ကားအငှားဝန်ဆောင်မှု့ မန်းလေး

  • Home
  • Myanmar
  • Mandalay
  • ကားအငှားဝန်ဆောင်မှု့ မန်းလေး

ကားအငှားဝန်ဆောင်မှု့ မန်းလေး အကောင်းဆုံး ဝန်ဆောင်မှု့

16/05/2020
16/05/2020

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ဝေးဝေးလားနီးနီးလားဘော်ဒါအစုံလားမိသားစုသီးသန့်လားဘုရားဖူးလည်းရတယ်လေ့လာရေးလည်းရတယ်ဟိုနား ဒီနားလည်းရတယ်မန်းလေးရောက်လို့သွား...
06/03/2020

ဝေးဝေးလား
နီးနီးလား
ဘော်ဒါအစုံလား
မိသားစုသီးသန့်လား
ဘုရားဖူးလည်းရတယ်
လေ့လာရေးလည်းရတယ်
ဟိုနား ဒီနားလည်းရတယ်
မန်းလေးရောက်လို့
သွားရေးလာရေး
အခက်တွေ့လို့ ဘေးကင်းပီး
အဆင်ပြေချင်တယ်ဆို
ဖုန်းလေးတချက်သာ
ကြိုဆက်ထားပါ
မိတ်ဆွေတို့
အဆင်ပြေစေဖို့အတွက်
ကျွန်တော်များ
ခွေးဘီလူးအငှားဝန်ဆောင်မှု့မှ
ဖြေရှင်းပေးပါရစေ။

02/03/2020
နေပြည်တော် ပန်းပွဲတော်
22/02/2020

နေပြည်တော် ပန်းပွဲတော်

" မင်းအိုချမ်းသာစေတီ "-----------------------------ပုဂံမှာဓာတ်ပုံရိုက်ဖို့ သိပ်ကောင်းတဲ့နေရာတစ်ခုပေါ့အုတ်နီနီတွေနဲ့ ပိရမ...
20/01/2020

" မင်းအိုချမ်းသာစေတီ "
-----------------------------

ပုဂံမှာဓာတ်ပုံရိုက်ဖို့ သိပ်ကောင်းတဲ့နေရာတစ်ခုပေါ့
အုတ်နီနီတွေနဲ့ ပိရမစ်ပုံအဆောက်အဦးသဏ္ဍာန်တွေကနေ ကွဲထွက်လို့....

စောင်းတန်းတသွယ်နဲ့
ထုံးဖြူဖြူစေတီတန်းကို
ထန်းပင်တန်းလေးက အားဖြည့်ပေးထားသေးတယ်...

တလောက မိတ်ဆွေတစ်ယောက်နဲ့
စကားပြောဖြစ်တော့

"ပုဂံက သိပ်လှတယ်တဲ့ မင်းဘဲရိုက်ရိုက်၊ ငါဘဲရိုက်ရိုက်လှနေတာတဲ့....

ငါတို့ ပုဂံကို ခဏခဏသွားချင်တာ
ဒီအလှတွေကညှို့နေလို့...." တဲ့

အာနန္ဒာစေတီရဲ့မြောက်ဘက်မှာရှိတာပါ..

ဒါတင်ဘဲလား သမိုင်းကြောင်းပါထပ်ဖြည့်လိုက်မယ်

ကောဇာသက္ကရာဇ် ၄၇၄ ခန့်
ကျန်စစ်သားမင်း ၇၂ နှစ် အရွယ် အပြင်းအထန်
နာမကျန်း ဖြစ်နေစဉ် မူးမတ် ပုဏ္ဏားတွေနဲ့
တိုင်ပင်တော့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ သာသနာအကျိုး ဆထက်တပိုး
စွမ်းဆောင်နိင်အောင်...

သီဟိုဠ်မင်းမှ ဆက်သလာသည့်သရီရ ဓါတ်တော် ၉ ဆူ ကို ဌါပနာ ပြီး တည်ထား ခဲ့ပါတယ်...

အိုမင်းချိန်မှာ .. သောကကွာ၍
ချမ်းသာရရေး...မျော်တွေးရည်သည်
ဤစေတီကို .... ကြည်ညိုဆပွား
သဒ္ဓါအားဖြင့်... ကျန်စစ်သားမင်းတည် ထား ခဲ့ ၏
" မင်းအို ချမ်းသာ" မည်သတည်း ......ဟူ၍
အသက်အရွယ်ကြီးသူ ဘိုးဘွားမိဘများအား ဘုရားဖူးပို့ဆောင်ဆုတောင်းက သက်ရှည်ကျန်းမာ သောကကွာ
ချမ်းသာရသည်ဟု မြန်မာလူမျိုးတို့အစဉ်အဆက် မှ
ယုံကြည်လာခဲ့ကြပေသည် ။ ။

AungSiPhyo

#ပုဂံ
#မင်းအိုချမ်းသာ

19/01/2020

Address

၂၆ ဘီ၊ ၉၁ လမ္း။
Mandalay
02

Website

Alerts

Be the first to know and let us send you an email when ကားအငှားဝန်ဆောင်မှု့ မန်းလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share