Major Ticket

Major Ticket We provide a wide range of Ticketing Solutions and Travel Services across Myanmar since 2017.

မြန်မာတို့၏ နှစ်သစ်ကူးအခါသမရတွင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပါစေကြောင်း Major Ticket  မိသ...
17/04/2026

မြန်မာတို့၏ နှစ်သစ်ကူးအခါသမရတွင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပါစေကြောင်း Major Ticket မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ 🙏🙏🙏

Happy New Year! 🙏 2026 နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး အလုပ်အကိုင်များလည်း အောင်မြ...
01/01/2026

Happy New Year!

🙏 2026 နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး အလုပ်အကိုင်များလည်း အောင်မြင်၊ ကြီးပွား၊ တိုးတက်ကြပါစေကြောင်း Major Ticket မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏

📣📣 တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)📣📣(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီး...
14/10/2025

📣📣 တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)📣📣

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် 🙏🙏🙏

🏮🏮 ပျော်ရွှင်စရာသီတင်းကျွတ် အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးလုပ်ငန်းများတိုးတက် အောင်​မြင်ပါစေကြောင်း ...
06/10/2025

🏮🏮 ပျော်ရွှင်စရာသီတင်းကျွတ် အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးလုပ်ငန်းများတိုးတက် အောင်​မြင်ပါစေကြောင်း Major Ticket မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🏮🏮

𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐂𝐨𝐥𝐨𝐫𝐟𝐮𝐥 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐌𝐀𝐈From the serene Inle Lake Festival in Heho to the sacred Thadingyut fest...
22/09/2025

𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐂𝐨𝐥𝐨𝐫𝐟𝐮𝐥 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐌𝐀𝐈

From the serene Inle Lake Festival in Heho to the sacred Thadingyut festivities in Nyaung U and the vibrant cultural gatherings in Magway, Myanmar’s heartland is alive with seasonal celebrations that inspire and connect. Each festival brings you closer to heritage, spirituality, and unforgettable local experiences.

Let us take you straight to the heart of Myanmar’s cultural soul.

✅ Inflight snack
✅ Free baggage allowance

For more information, please contact us 👇👇👇
*****************************************************
𝐌𝐀𝐉𝐎𝐑 𝐓𝐈𝐂𝐊𝐄𝐓 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 & 𝐓𝐑𝐀𝐕𝐄𝐋 𝐒𝐎𝐋𝐔𝐓𝐈𝐎𝐍𝐒
( Mandalay )
☎️𝟎𝟗 𝟕𝟗𝟗𝟖𝟖 𝟓𝟖𝟓𝟖 ☎️𝟎𝟗 𝟕𝟕𝟕 𝟗𝟏𝟏𝟗𝟏𝟏
📍၃၁လမ်း၊ ၈၃x၈၄ကြား၊ မန္တလေးမြို့။
💸KBZ Pay 💸KBZ Banking 💸AYA Banking


𝐘𝐨𝐮𝐫 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝐭𝐨 𝐆𝐮𝐚𝐧𝐠𝐳𝐡𝐨𝐮’𝐬 𝐄𝐧𝐞𝐫𝐠𝐲: 𝐅𝐥𝐲 𝐒𝐞𝐚𝐦𝐥𝐞𝐬𝐬𝐥𝐲 𝐰𝐢𝐭𝐡 𝐌𝐀𝐈!From Myanmar’s heart to China’s vibrant trade hub, travel ma...
21/09/2025

𝐘𝐨𝐮𝐫 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝐭𝐨 𝐆𝐮𝐚𝐧𝐠𝐳𝐡𝐨𝐮’𝐬 𝐄𝐧𝐞𝐫𝐠𝐲: 𝐅𝐥𝐲 𝐒𝐞𝐚𝐦𝐥𝐞𝐬𝐬𝐥𝐲 𝐰𝐢𝐭𝐡 𝐌𝐀𝐈!

From Myanmar’s heart to China’s vibrant trade hub, travel made simple and stress-free. Whether you’re flying for business or leisure, MAI connects you directly to Guangzhou with smooth comfort and exceptional service.

Fly smart, fly safe, fly easy to Guangzhou with MAI.

✈️ 𝟑𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐆𝐮𝐚𝐧𝐠𝐳𝐡𝐨𝐮

✅ Inflight meal
✅ Free baggage allowance

For more information, please contact us 👇👇👇
*****************************************************
𝐌𝐀𝐉𝐎𝐑 𝐓𝐈𝐂𝐊𝐄𝐓 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 & 𝐓𝐑𝐀𝐕𝐄𝐋 𝐒𝐎𝐋𝐔𝐓𝐈𝐎𝐍𝐒
( Mandalay )
☎️𝟎𝟗 𝟕𝟗𝟗𝟖𝟖 𝟓𝟖𝟓𝟖 ☎️𝟎𝟗 𝟕𝟕𝟕 𝟗𝟏𝟏𝟗𝟏𝟏
📍၃၁လမ်း၊ ၈၃x၈၄ကြား၊ မန္တလေးမြို့။
💸KBZ Pay 💸KBZ Banking 💸AYA Banking


🤩 မကြာခင် မှာ မိုးရာသီကုန်လို့ ဆောင်းရာသီ  ရောက်လာတော့မယ်နော်🤩ဆောင်းရာသီရောက်ရင် ပုဂံမြို့ ကောင်းကင်ယံ ထက်မှာ မနက်စောစော...
13/09/2025

🤩 မကြာခင် မှာ မိုးရာသီကုန်လို့ ဆောင်းရာသီ ရောက်လာတော့မယ်နော်🤩

ဆောင်းရာသီရောက်ရင် ပုဂံမြို့ ကောင်းကင်ယံ ထက်မှာ မနက်စောစောထွက်တဲ့ နေမင်းကြီး နဲ့ အတူ သိပ်လှတဲ့ မိုးပျံ ဘောလုံးတွေ ပျံသန်းတာကို မြင်ရမှာပါ

မြန်မာအမျိုးသားလေကြောင်းနှင့် ပျံသန်းစီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် လေယာဉ်ပေါ်သို့ တင်ဆောင်ခွင့်မပြုသောပစ္စည်းများန...
23/08/2025

မြန်မာအမျိုးသားလေကြောင်းနှင့် ပျံသန်းစီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် လေယာဉ်ပေါ်သို့ တင်ဆောင်ခွင့်မပြုသောပစ္စည်းများနှင့် လေကြောင်းလိုင်းတွင်အပ်နှံမည့် ခရီးဆောင်အိတ်ထဲထည့်ခွင့်မပြုသောပစ္စည်းများကို သတိပြုမိစေရန် အသိပေးအပ်ပါတယ်ရှင်။

For more information, please contact us 👇👇👇
*****************************************************
𝐌𝐀𝐉𝐎𝐑 𝐓𝐈𝐂𝐊𝐄𝐓 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 & 𝐓𝐑𝐀𝐕𝐄𝐋 𝐒𝐎𝐋𝐔𝐓𝐈𝐎𝐍𝐒
( Mandalay )
☎️ 𝟎𝟗 𝟕𝟕𝟕 𝟗𝟏𝟏 𝟗𝟏𝟏 / 𝟎𝟗 𝟕𝟗𝟗 𝟖𝟖 𝟓𝟖𝟓𝟖
📍၃၁လမ်း၊ ၈၃x၈၄ကြား၊ မန္တလေးမြို့။
🔹အချိန် နှင့် စုံစမ်းလိုသည်များကို
Comment (သို့) Chat Box တွင် မေးမြန်းနိုင်ပါသည်။
🔸သင့်ခရီးစဉ်အတွက် ကူညီပေးရန်
အမြဲနွေးထွေးစွာ စောင့်မျှော်နေပါမည် 🥰

🔸19May (Monday) 🔹25May (Sunday) 🔸✈️ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ၏ တစ်ပတ်အတွင်း အချိန်ဇယားများFor more information...
16/05/2025

🔸19May (Monday) 🔹25May (Sunday) 🔸
✈️ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ၏ တစ်ပတ်အတွင်း အချိန်ဇယားများ
For more information, please contact us 👇👇👇
*****************************************************
𝐌𝐀𝐉𝐎𝐑 𝐓𝐈𝐂𝐊𝐄𝐓 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 & 𝐓𝐑𝐀𝐕𝐄𝐋 𝐒𝐎𝐋𝐔𝐓𝐈𝐎𝐍𝐒
( Mandalay )
☎️ 𝟎𝟗 𝟕𝟕𝟕 𝟗𝟏𝟏 𝟗𝟏𝟏 / 𝟎𝟗 𝟕𝟗𝟗 𝟖𝟖 𝟓𝟖𝟓𝟖
📍၃၁လမ်း၊ ၈၃x၈၄ကြား၊ မန္တလေးမြို့။
🔹အချိန် နှင့် စုံစမ်းလိုသည်များကို
Comment (သို့) Chat Box တွင် မေးမြန်းနိုင်ပါသည်။
🔸သင့်ခရီးစဉ်အတွက် ကူညီပေးရန်
အမြဲနွေးထွေးစွာ စောင့်မျှော်နေပါမည် 🥰

ထိုင်းနိုင်ငံသို့ ခရီးသွားရောက်မည့် ခရီးသွားမိဘပြည်သူများရှင့်၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ မှစ၍ ထိုင်းနိုင်ငံသို့ ခရီးသွားမ...
29/04/2025

ထိုင်းနိုင်ငံသို့ ခရီးသွားရောက်မည့် ခရီးသွားမိဘပြည်သူများရှင့်

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ မှစ၍ ထိုင်းနိုင်ငံသို့ ခရီးသွားမည့်နိုင်ငံခြားသားအားလုံးအတွက် online မှတစ်ဆင့် Thailand Digital Arrival Card (TDAC) အား မဖြစ်မနေမှတ်ပုံတင်ရမည့် စနစ်အဖြစ် ကမ္ဘာတစ်ဝှမ်းတွင် စတင်အသုံးပြုမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာဝင်ရောက်နိုင်ရန်အတွက် ခရီးသည်များအားလုံးသည် ထိုင်းနိုင်ငံသို့မရောက်မီ ၃ ရက်ကြိုတင်၍ အောက်ပါလင့်ခ်မှတစ်ဆင့် TDAC အားမှတ်ပုံတင်ရန်လိုအပ်ပါသည်ရှင်။
https://tdac.immigration.go.th

[English Version Below]



Dear Passengers, Attention Please!
Starting 01 May 2025, Thailand will globally launch the Thailand Digital Arrival Card (TDAC), a mandatory online pre-arrival registration platform for all foreign nationals.

To ensure a smooth arrival, all travelers must complete their TDAC registration within to entering Thailand via:
https://tdac.immigration.go.th

Fly with ease, travel smart & stay informed!


🙏🙏  မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံ...
17/04/2025

🙏🙏 မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ
မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပြီး၊ အလုပ်အကိုင်များ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🙏

#ကမ္ဘာကြီးအမြန်ဆုံးအေးချမ်းသာယာပါစေ

Address

31 Street, Between 83x84 Street, ChanAyeTharZan Township
Mandalay
05023

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959778888801

Alerts

Be the first to know and let us send you an email when Major Ticket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Major Ticket:

Share