Myanmar Teacher.Travelling&Car rents.

Myanmar Teacher.Travelling&Car rents. ကားနှင့်ပါတ်သက်သမျှ

19/10/2025
TOYOTA COROLLA AXIO အ‌ကြောင်း             TOYOTA မှ COROLLA AXIO ဆိုတဲ့ brand တခုကို 2006-2007  တွင် စတင်ထုတ်လုပ်ခဲ့ပြီး...
18/11/2024

TOYOTA COROLLA AXIO အ‌ကြောင်း

TOYOTA မှ COROLLA AXIO ဆိုတဲ့ brand တခုကို 2006-2007 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့တိုင် ထုတ်လုပ်နေတဲ့ မျိုးဆက်တခုဖြစ်ပါတယ်

စတင်ထုတ်လုပ်ခဲ့တဲ့ 2006 မှ 2012 အထိကို 1st generationအဖြစ်ထုတ်လုပ်ခဲ့ပြီး Engineကိုတော့ 1500cc & 1800cc ဆိုပြီး ၂မျိိုးထုတ်လုပ်ခဲ့ပါတယ်။

2012 နောက်ပိုင်း 2nd generation မှာတော့ 1800cc Engineအစား 1300cc ကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
အလွယ်မှတ်ထားရမှာက 1300cc ဆိုတာနဲ့ 2012 အထက်ဖြစ်ပြီး 1800ccဆိုတာနဲ့ 2012အောက်လို့ မှတ်ထားရပါမယ်။

2015 လမြင့်မှ ယနေ့ထိကို 3rd generationအဖြစ် ထုပ်လုပ်ခဲ့ပြီး ရုပ်ထွက် အနည်းငယ်ပြောင်းလဲ လာခဲ့ပါတယ်။

မိခင်ကုမ္ပဏီTOYOTA ရဲ့ လက်ခွဲ COROLLA ကနေပြီးထုတ်လုပ်ထားတာဖြစ်တာကြောင့် မာကြောမှု့အနေနဲ့ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ တချိန်က ဘုရင်ဖြစ်ခဲ့ဖူးတဲ့ superroof van ဆိုတာ လူတိုင်းနီးပါး သိပါတယ်။
ခေတ်ကာလ ပြောင်းလဲလာပေမယ့်လည်း အားမရတဲ့အပိုင်းလေးကတော့ Axio ရဲ့ Engineခန်းပါပဲ၊ တခြားကားတွေနဲ့ယှဉ်လိုက်ရင် Engineခန်းဟာ ဟိုးရှေးရှေးတုန်းက ဖင်ကောက်တို့လိုမျိုးပဲ ရိုးရှင်းပြီး ဆွဲဆောင်မှု နည်းပါတယ်၊(မိမိအမြင်သာ ရေးထားတာပါ)

Axio ကို 2wd နဲ့လာသလို 4wd နဲ့လည်း လာပါတယ်။Chassis လေးတွေ အကြမ်းဖျင်းသိထားရင် မိမိကားက 2wd လား 4wd လားဆိုတာသိရမယ်၊ 1300cc လား 1500cc လား 1800ccလားဆိုတာတွေပါ အလွယ်တကူ သိရှိနိုင်ပါတယ်။

ZRE142- 1800cc 2wd ( Hybrid ) ( 1st Gen )
ZRE144- 1800cc 4wd ( Hybrid ) ( 1st Gen )
NZE141 - 1500cc 2wd ( 1st Gen )
NZE144- 1500cc 4wd ( 1st Gen )
NZE161 - 1500cc 2wd ( 2nd Gen )
NZE164- 1500cc 4wd ( 2nd & 3rd Gen )
NKE165- 1500cc 2wd ( Hybrid )( 2nd & 3rd Gen )
NRE160- 1300cc 2wd ( 3rd Gen )
NRE161 - 1500cc 2wd ( 3rd Gen )

Grade ခွဲတွေအနေနဲ့ကတော့ များများစားစားမရှိပါဘူး။
X / X-HID / X-HID Limited / G ဆိုပြီးရှိပါတယ်။

X Grade ....အခြေခံ grade ဆိုတဲ့အတိုင်း ထွေထွေထူးထူး ဘာမှ မပါ ပါဘူး။Air-con ခလုပ်တွေက လက်လှည့်နဲ့ပေါ့၊ Key Startနဲ့ပဲ ဖြစ်ဦးမယ်၊ ရှေ့မီးကြီးကလည်း ရိုးရိုး မီးအဝါပဲ ဖြစ်ဦးမယ်၊

X-HID ....ဒီgradeကြတော့ Xထက်ပိုတာတွေရှိလာပါတယ်၊Air-con ကDigital တွေဖြစ်လာပြီး Push start ဖြစ်လာပါပြီ။ ရှေ့မီးကြီးက HID မီးဖြူ မြန်မာအခေါ်( ကြောင်မျက်လုံး )နဲ့ ဖြစ်လာပါပြီ။

X-HID Limited ကတော့ X-HID grade ကိုမှ နောက်မှန် ဝိုင်ဘာ ( နောက်ဒုတ် ) ပါလာပါပြီ။

G....သူကတော့ အမြင့်ဆုံး grade ပေါ့နော်၊ဘက်မှန် မီးချောက်တွေ၊ ထိုင်ခုံ လက်တက်တွေ ပါလာ ပါပြီ။
Grade အားလုံးမှာ option အနေနဲ့ ရှေ့နှင်းခွဲမီး ၊ Original TV & back camera တို့က ပါလာတတ်ပါတယ်။

Generation တခုကနေ Generation တခု အပြောင်းမှာ ရှေ့ဘမ်ဘာ၊ နောက်မီးတို့ သိသိ သာသာ ပြောင်းလဲ လာခဲ့ပါတယ်။

2008 မှ 2009 အပြောင်းမှာ နောက်မီးခွက်တွေ သိသာစွာ ပြောင်းလဲလာပါတယ်၊2012 လနိမ့်မှ 2012 လမြင့် အပြောင်းမှာလည်း ရှေ့ ရှဲလ်၊နောက်မီးတွေ ဘမ်ဘာတွေ ပြောင်းလဲ လာခဲ့ပြန်ပါတယ်။

2015 လနိမ့်မှ 2015 လမြင့် အပြောင်းမှာတော့ COROLLA AXIO ဟာ လုံးဝဆန်းသစ်သော design အဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။

မိမိသိသလောက်သာ ချပြထားသောကြောင့် လိုအပ်ချက်များ ၊ အမှားယွင်းများ ပါခဲ့ပါက ဖြည့်စွက် နားလည်ပေးပါရန်၊
Crd- Original Uploader

TOYOTA COROLLA FIELDER အကြောင်း +++++++++++++++++++++++++++++Toyota Corolla Fielder ကို Toyota Company ကနေပြီးတော့ ၂၀၀၀ ...
26/06/2024

TOYOTA COROLLA FIELDER အကြောင်း
+++++++++++++++++++++++++++++

Toyota Corolla Fielder ကို Toyota Company ကနေပြီးတော့ ၂၀၀၀ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ Fielder လေးရဲ့ မျိုးဆက်တွေကို အရင်ဆုံးတင်ပြပေးပါ့မယ်ခင်ဗျ။
Toyota Corolla Fielder မှာ မျိုးဆက် သုံးခု ရှိပါတယ်ဗျ။ အဲ့တာတွေကိုဘယ်လိုခွဲထားလဲဆိုရင်
2000 Model ကနေ 2006 ထိကို ပထမမျိုးဆက်အဖြစ်
2006(Late) ကနေ 2012 ထိကို ဒုတိယမျိုးဆက်အဖြစ်
2012(Late) ကနေ ယနေ့အချိန်ထိကိုတော့ တတိယမျိုးဆက်အဖြစ် ရှိနေခဲ့ပါတယ်။



ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကားသွင်းပုံနဲ့ ဆိုရင် ပထမမျိုးဆက် နဲ့ ဒုတိယ မျိုးဆက်ကို အသွင်းများတယ်ဗျ။
ပထမမျိုးဆက်ကို ကျတော့ Taxi သမားတွေ အ၀ယ်များကြပြီး ဒုတိယမျိုးဆက်ကိုတော့ အိမ်ကားအဖြစ် အ၀ယ်များတာ တွေ့ရတယ်ပေါ့နော်။ တတိယမျိုးဆက်ကတော့ CIF တန်း ဘိုးသတ်မှတ်ချက်မြင့် မား နေသေးတဲ့အတွက်ဒီမှာ သိပ်မသွင်းဖြစ်ကြဘူးဗျ။
ဒီလို မျိုးဆက်ပြောင်းလဲမှုတွေ တိုင်းမှာ ရုပ်ပြောင်း လဲ မှုတွေ ရှိနေသလိုပဲ မျိုးဆက် တစ်ဆက်ထဲမှာပဲ ရုပ်ပြောင်းတာလေးတွေရှိတယ်ဗျ။့ ကျွန်တော် ပထမမျိုးဆက် နဲ့ ဒုတိယမျိုးဆက် မှာ လူသုံးများတဲ့ Grade တွေ လောက်ပဲ ရှင်းပြပေးသွားပါမယ်ခင်ဗျ။
ဒီ Toyota Corolla Fielder လေးမှာ Grade ခွဲတွေ အများကြီးရှိတယ်ခင်ဗျ။ သူ့ရဲ့ Grade တွေကတော့ …
X, X Limited, X G Edition, X Aero Tourer, S, S Aero Tourer, Z Aero Tourer, S Limited, X S Limited, X HID, X HID Sport Selection ဆိုပြီး Grade ခွဲတွေ အများကြီးရှိပါတယ်ခင်ဗျာ။



2000 ပြည့်နှစ် က စပြီးတော့ X, X LTD, X HID, X G Edition, S, Z Aero Tourer ဆိုတဲ့ Grade တွေကို စတင်ထုတ်လုပ်ခဲ့ပြီး အဲ့ Grade တွေထဲမှာ မှ 2WD နဲ့ 4WD ဆိုပြီး ထပ်မံခွဲထားပါတယ်။ Engine Power အနေနဲ့ 1500 CC, 1800 CC နဲ့ 2200 CC ဆိုပြီးလာပါတယ်။ 2200 CC ဆိုတာနဲ့ ဒီဇယ် ဆိုတာတန်းသိနိုင်ပြီး ကျွန်တော်တို့ နိုင်ငံက လူတွေ သိပ်မကြိုက်ကြတဲ့ အတွက် သိပ်လဲ မသွင်းကြပါဘူး။
ယနေ့ ချိန်ထိ “Fielder” ဆိုရင် လူများစု နဲ့ ထိတွေ့နေတဲ့ Grade တွေကတော့ “X”, “X G Edition နဲ့ “S” တွေပဲဖြစ်ကြပါတယ်။
“Fielder” 2000 Model မှာ ရှေ့ Grill (ရှဲလ်) က နှစ်တန်းပါ၊ 2001 (Late) ကစပြီးတော့ ရှေ့ Grill (ရှဲလ်) က တစ်တန်း ပဲ ဖြစ်သွားပါတယ်။ ရှဲလ် ကတစ်တန်းပဲ ဖြစ်သွားပေမဲ့ ပိုကြီးလာပြီးတော့ နှင်းခွဲမီး နေရာပါ ပါလာပါတယ်။ Logo က လဲ အပေါ်နား နဲနဲ တက်သွားပါမယ်။ ရှေ့မီးကြီးလဲ ပြောင်းသွားသလို၊ ပါးခြမ်းမီးလဲ ပါလာပါတယ်။ နောက်မီးခွက်တွေလဲ လုံးဝပြောင်းလဲသွားပြီး အချက်ပြမီးကလဲ သီးသန့်ဖြစ်သွားပါမယ်။ Interior (အတွင်းခန်း) ပိုင်းနဲ့ ခွဲကြည့်မယ်ဆိုရင်တော့ Console (ဒိုင်ခွက်) က ပထမ ၃လုံးကနေ ၂ လုံးဖြစ်သွားပြီး Air-con အပေါက်တွေလဲ မသိမသာလေးပြောင်းသွားပါတယ်။
“X” Grade ကတော့ အခြေခံအကျဆုံးဖြစ်ပြီး Power Steering, Power Windows တွေကတော့ ပုံမှန်ပါပေမဲ့ Air-con က တော့ Manual (ဂျောက်ဂျက်) ဖြစ်ပါတယ်။ မှန်ချိုးမှန်ခေါက် စနစ်ပါ၀င်ပြီး နောက်ကြည့်မှန် အချက်ပြမီး တော့ မပါပါဘူး။ အတွင်းခန်း ထိုင်ခုံ အမဲရောင် ဖြစ်ပါမယ်။
“X G Edition” မှာတော့ Air-Con တော့ Digital ဖြစ်သွားပါမယ်။ အတွင်းခန်း အဝါ နဲ့ လာပါမယ်။
“S” Grade မှာလဲ A/C Digital ဖြစ်လာတာသာမက Gear ပုံစံ ဟာ “ဇစ်ဇက်” အဖြစ်ပြောင်းသွားပါမယ်။ Push Start လဲ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မဖြစ်တဲ့ ကားတွေလဲ ရှိပါတယ်။ အများစုကတော့ ဖြစ်ကြပါတယ်။ Body ပိုင်းအနေနဲ့ ဆိုရင်တော့ ဘေးတွေမှာ Skirt ပတ်လည် ပါလာပါမယ်။ ရှေ့မီးလုံးကတော့ HID ဖြစ်သွားပါမယ်။
အဲ့ ကျွန်တော် အပေါ်မှာပြောဖို့ ကျန်သွားသဗျ။ “Z Aero Tourer” ဆိုတဲ့ Grade လေးလဲ အနည်းငယ်ပြောပြဦးမယ်ဗျ။ ဒီ Z Aero Tourer က တော့ လူငယ်ကြိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့ Sport Type ဆန်တယ်လေ။ သူကလဲ “S” Grade လိုပဲ Skirt ပတ်လည်ပါမယ်။ ဒါပေမဲ့ ဂီယာကတော့ တည့်ဖြစ်သွားမယ်ခင်ဗျ၊ ထူးခြားချက်တစ်ခုက ရှေ့ ဘန်ဘာတွေက ဇကာကွက်ပုံစံဖြစ်လာပြီး အဲ့ပေါ်မှာ "Z" တံဆိပ်လေးပါလာပါမယ်။ “Z Aero Tourer” မှာတော့ 2WD နဲ့သာလာပါတယ်ခင်ဗျာ။
အောက်မှာတော့ သူ့တို့ရဲ့ Chassis နံပါတ်တွေနဲ့ အတူ Engine Power တွေကို ခွဲခြားပြသပေးလိုက်ပါတယ်။
Grade---------Drive System-----Engine Power--Chassis
X,X G----------2WD---------------1500CC----------NZE121
X,X G----------4WD---------------1500CC----------NZE124
S---------------2WD---------------1800CC----------ZZE122
S---------------4WD---------------1800CC----------ZZE124
Z Aero Tourer-2WD--------------1800CC---------ZZE123



သူကတော့ မျိုးဆက်ပြောင်းသွားတာကြောင့် ကားရဲ့ Body ပိုင်းဆိုင်ရာတော်တော်များများ ပြောင်းသွားမှာဖြစ်ပါတယ်။ မြန်မာအခေါ်အဝေါ်နဲ့ ဆိုတော့ “ရုပ်ပြောင်း” ပေါ့။
ဘာတွေပြောင်းသွားမလဲဆိုရင်တော့ မီးခွက်တွေ၊ ကားရဲ့ Body အချိုးအစားတွေ၊ Grade ဖော်ပြတဲ့ပုံစံတွေ၊ Logo နေရာတွေ…. တော်တော်လေးပြောင်းသွားတယ်ဗျ။
Interior(အတွင်းပိုင်း) ကျတော့ ပထမ နဲ့ယှဉ်ရင် တော်တော်လေးကွာလာပြီးတော့ ခေတ်မှီလာပါတယ်။ အရင် ဂီယာက ပထမမှာတုံးက တည့်အနေနဲ့ လာရာနေ ဇစ်ဇက် ဖြစ်သွားပါမယ်။ Chassis နံပါတ်တွေက လဲ ပြောင်းလဲသွားပြီးတော့ 2WD နဲ့ 4WD က တော့ ရှိတုန်းပါပဲ။ ကားရဲ့ Grade တွေကလဲ 1.5X, 1.5X HID, 1.5HID LTD, 1.5X G Edition နဲ့ 1.5X Aero Tourer ဆိုပြီးဖြစ်သွားပါတယ်။
1.5X ကတော့ ရိုးရိုးပုံမှန် Grade ပဲဖြစ်ပြီးတော့ အတွင်းခန်း အမဲရောင် နဲ့ လာပြီး A/C က Manual (ဂျောက်ဂျက်) ဖြစ်သွားပါတယ်။ နောက်မှန်ငါးချပ်မဲ တဲ့ ကောင်တွေမှာ ဘက်မှန် အချက်ပြမီးပါ၀င်လာပါတယ်။
1.5X G Edition မှာတော့ “X G” တုန်းကလိုပဲ A/C Digital ဖြစ်သွားပါမယ်၊ Push Start တွေပါလာပေမဲ့ မပါတာလဲ ရှိနိုင်တာကြောင့်အသေမှတ်လို့မရပါ။
1.5X Aero Tourer ကတော့ အရင် “Z Aero Tourer” လိုပါပဲ၊ Sport type ဖြစ်တဲ့ အတွက် SKIRT တွေဘေးပတ်လည်ပါလာတာပါ။ ထူးထူးခြားခြား ပြောင်းလဲချက်က သိပ်မရှိပေမဲ့ "Z" တံဆိပ်လေးကတော့ Grill (ရှဲလ်) ပေါ်မှာ ရှိမနေတော့ပါဘူး။
1800CC နဲ့ လာတဲ့ Aero Tourer မှာတော့ 1.8S Aero Tourer ဆိုပြီးဖြစ်သွားပါမယ်။ 1.5X Aero Tourer နဲ့ ကွဲပြားမှုသိပ်မရှိပါ။ Engine Power သာကွာသွားမယ်လို့မှတ်ရပါမယ်။
နောက်တစ်ခုအနေနဲ့ X HID Limited ဆိုတဲ့ Grade လေး တစ်ခုက စိတ်၀င်စားစရာကောင်းလို့ ထပ်ပြောလိုက်ပါမယ်။
X HID ဆိုတဲ့ အတိုင်း HID မီးလုံးက အခြား Grade တွေလို Xenon Headlight ချည်းပဲမဟုတ်တော့ပဲနဲ့ မြန်မာအခေါ်အဝေါ် ကြောင်မျက်လုံး ပုံစံ ဖြစ်သွားပါမယ်။
သူ့တို့တွေရဲ့ Chassis တွေကတော့ 1500CC အတွက် 2WD ဆိုရင် NZE141 နဲ့ 4WD ဆိုရင် NZE144 ဆိုပြီးလာပါတယ်။
1800CC အတွက် 2WD ဆိုရင် ZRE142 နဲ့ 4WD ဆိုရင် ZRE144 ဆိုပြီးဖြစ်သွားပါမယ်ခင်ဗျ။
မြန်မာနိုင်ငံအနေအထားနဲ့ ဆိုရင်တော့ ဒီလို ကားသေးပိုင်းမှာ 2WD ကိုတော့ လူကြိုက်များကြပါတယ်ခင်ဗျာ။
ဒီလောက်ဆိုရင်တော့ Toyota Corolla Fielder အကြောင်း တစေ့တစောင်း တော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Credit- Original Uploader

Toyota Ractis အကြောင်းMini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Wor...
26/06/2024

Toyota Ractis အကြောင်း

Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Works တို့ကပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Toyota Ractis ကငါးယောက်စီး ကားအမျိုးအစား ဖြစ်သလို Toyota Vitz ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

• ၂ဝဝ၅ မိုဒယ်ကနေ ၂ဝ၁ဝ မိုဒယ်အထိကို ပထမမျိုးဆက်၊
• ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၃ဝဝ စီစီမှာ
> ပထမမျိုးဆက်ရဲ့ Chassis က NCP 100 ဖြစ်ပြီး
> ဒုတိယမျိုးဆက်ရဲ့ Chassis က NCP 120 ဖြစ်ပါတယ်။
ဒုတိယမျိုးဆက်ကို ၂ဝ၁ဝ ပါရီ ကားပြပွဲမှာ Toyota Verso-S အနေနဲ့ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။

® Ractis ဆိုတဲ့ အမည်နာမကတော့
Run ၊ Activity ၊ Space စတဲ့ စကားလုံးတွေကို ပေါင်းစုထားတာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Ractis ကို ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထား ပါတယ်။
၁၅ဝဝ စီစီမှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့
၁၃ဝဝ စီစီမှာတော့ 2WD တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထား ပါတယ်။

Paddle Shift Mode ကတော့ ၁၅ဝဝ စီစီ အင်ဂျင်ကားတွေမှာပဲ ရှိတတ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ရုပ်ပြောင်းသွားတဲ့ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်း ကားတွေက ရှေ့ရှဲလ်၊ ရှေ့မီးခွက်၊ နောက်မီးခွက်တွေ ပြောင်းသွားသလို ဘော်ဒီအချိုး ကလည်း အရင်ပုံဟောင်းနဲ့ မတူတော့ပါဘူး။ ရှေ့ဝိုက်ပါ ကလည်း Vitz ပုံပြောင်းလို တစ်ချောင်းတည်း ဖြစ်သွားပါတယ်။
• အတွင်းခန်း အပြင်အဆင်၊ Dashboard ၊ ဒိုင်ခွက်အထိုင်တွေ ပြောင်းသွားပြီး ဂီယာအထိုင် ကလည်း ပုံဟောင်းလို Dashboard ဂီယာ မဟုတ်တော့ဘဲ ဘောဂီယာ ဖြစ်သွား ပါတယ်။

Toyota Ractis မှာ
• G ၊ X ၊ S ၊ X V Package တို့အပြင် Lepice ဂရိတ်လည်း ရှိပါတယ်။

> X နဲ့ X V Grade တွေက Base Grade ဖြစ်လို့ Manual Aircon နဲ့ Remote Key ပဲ ဖြစ်ပါတယ်။

> Lepice Grade ကလည်း Manual Aircon နဲ့ Remote Key ဖြစ်ပြီး Paddle Shift Mode ပါသွားသလို Steering Leather ကြိုးချုပ် ဖြစ်သွားပါတယ်။

> S Grade ကတော့ ၁၅ဝဝ စီစီမှာပဲရှိပြီး Auto Aircon နဲ့ Push-Start ဖြစ်သွားပါတယ်။

> G Grade ကတော့ အမြင့်ဆုံးဖြစ်လို့ Auto Aircon ၊ Push-start ၊ Steering Leather ကြိုးချုပ်၊ ဂီယာလက်ကိုင် ကြိုးချုပ်နဲ့ အလွိုင်းအရွယ်အစား ၁၆ လက်မဖြစ်သွားပါတယ်။

ဒီလောက်ဆိုရင်တော့ Toyota_Ractis_ကားအကြောင်း
လေးအနည်းငယ်သိရှိပြီဟု ယူဆပါရစေ။

© Automobile

Xtrail grade ​တွေက​တော့ s,st,x,xt,rider,axis,gt ဆိုပြီးအစဥ်လိုက်ရှိပါတယ်။ s,stက​တော့ကွာခြားချက်က​တော့xenon head lightဖြစ...
26/06/2024

Xtrail grade ​တွေက​တော့ s,st,x,xt,rider,axis,gt ဆိုပြီးအစဥ်လိုက်ရှိပါတယ်။ s,stက​တော့ကွာခြားချက်က​တော့xenon head lightဖြစ်တာဘဲကွာပြီး​တော့ နှစ်ခုလုံးက​တော့ manual aircon ဖြစ်မယ် ရိုးရိုးဘီးဖြစ်မယ်.မှန်အမဲမဖြစ်ဘူး. X, xt ကျ​တော့alloy rim ဖြစ်မယ် auto aircon ဖြစ်မယ်. မှန်မဲမယ်. X နဲ့xt ကွာခြားချက်က xenon head light ပါတာမပါတာဘဲကွာတယ်. Standard အားလုံးကို​ပြောတာပါ. Fog light ပါတာမပါတာကျ​တော့option ဖြစ်သွားပါတယ်.a
xis နဲ့ rider nissan autech division ကထပ်ခွဲထုတ်ထားတဲ့ customize version ​တွေဖြစ်ပါတယ်. Axis versionက​တော့ luxury versionအ​နေနဲ့ထုတ်တာဖြစ်ပါတယ်။ gear k**b က​တော့ gt grade လိုပဲsport style ဖြစ်မယ် ထိုင်ခုံအသား​ရောင်ဖြစ်မယ် အတွင်းခန်း plastic ​တွေလဲအသား​ရောင်ဖြစ်မယ် alloy rim 17 ဖြစ်ပြီး autech ကထုတ်တဲ့ rim ဖြစ်မယ် shock absorber coil က sport coil ​တွေဖြစ်သွားမယ်။ rider version ကျ​တော့ sport style ဘက်ကိုပိုအသား​ပေးထားပါတယ်.ထိုင်ခုံက​တော့ gt grade လိုပဲ sport seat ဖြစ်မယ်. Exhaust လဲ gt grade လိုပဲ ​sport exhaust ​ပြောင်းကြီးဖြစ်သွားတယ်. Gear k**b လဲgt လိုပဲ sport style အလုံး​လေးဖြစ်သွားတယ်. Coil spring က​​တော့ sport coil spring ပါဘဲ axis လို . ​alloy rim 17 autech ဆိုပင်မယ့် Axis နဲ့ rider alloy က design ​တွေကွာပါတယ်. S,st,x,xt,rider &axis ​တွေအကုန်လုံးက​တော့ qr20de အင်ဂျင်​တွေဖြစ်ပါတယ်. 4wd version ​တွေက​​တော့ 2w 4w swutch နဲ့​​ပြောင်းလို့ရတယ်. Jdm version ​တွေ​ ကို​လေ့လာမိသ​လောက်​ပြောတာပါ. Option ​တွေက​တော့ owner ယူရင်ယူသလိုအနည်းငယ်​လေး​ပြောင်းသွားပါတယ်. Jdm version မှာ​တော့အထူးခြားဆုံး GT GRADE ဆိုပြီး JAPAN တခုထဲမှာပဲထုတ်ပါတယ်. ENGINE အ​နေနဲ့ QR20 ကိုမသုံးပဲ 280HP ထွက်တဲ့ SR20VET တပ်ထား​ပေးပါတယ်. SR20VET ဟာဆိုရင် NISSAN SR20 SERIES ထဲမှာ ​နောက်ဆုံး GENERATION ဖြစ်သလို HP အထွက်ဆုံးအင်ဂျင်ဖြစ်ပါတယ်. ဘာလို့ HP အထွက်ဆုံးဖြစ်ရသလဲဆိုရင် HONDA ရဲ့နာမည်ကြီး VTEC CAM SYSTEMကိုအတုခိုးထားပြီး TURBO ထပ်ထဲ့​ပေးထားလို့ပါ. အဲ့​ခေတ်တုံးက HONDA VTEC ENGINE​တွေမှာ TURBO ​တွေမတပ်​ပေးထားပါဘူး. naturally aspirated honda type r sport engine​တွေ အလွန်​ကျော်ကြားလှပါတယ်. Gearbox က​တော့ qr20de gear box မနိုင်တဲ့အတွက် qr25de europe xtrail gear boxကို ယူသုံး​ပေးထားပါတယ်. 4wd system ကို​​တော့ nissan skyline gtr hicas system ကိုသုံး​ပေးထားပါတယ်. Hp မြင့်​တော့ auto control လုပ်ပြီး wheel sensor တစ်ခုချင်းဆီက sense လုပ်ပြီး ဘီး​တွေslip မဖြစ်​အောင် လိုအပ်သလိုထိန်းထား​ပေးတယ်. သူမှာတခြား xtrail ​တွေလို 2w ​ပြောင်းလို့မရပါဘူး. Auto mode နဲ့ 4w lock mode ပဲပါတယ်. Exhaust pipe ​တွေက​တော့ အင်ဂျင်ကြီး​တော့ ၂လက်မခွဲပိုက်လိုင်း​တွေဖြစ်သွားတယ်. Exhaust muffler လဲ riderလိုပဲ sport muffler ပါဘဲ. ပုံမှန် xtrail exhaust ပိုက်က​တော့ ၂လက်မလို့ထင်တာပါဘဲ. သူ့ suspension systemတခုလုံးက sport shock absorber 1 set လုံးဖြစ်သွားပါတယ်. Turbo က​​တော့ america turbo company ဖြစ်တဲ့ garrett turbo ကိုသုံး​ပေးထားတယ်. အတွင်းခန်းအပြင်အဆင်​တွေက​တော့ sport seat, sport gear k**b , sport type pedal stainless steel ​ခြေနင်း​တွေ ဖြစ်သွားပါတယ်. ကျွန်တော်လေ့လာမိတဲ့ jdm xtrail first generation grade အခွဲ​လေး​တွေဖြစ်ပါတယ်. လိုအပ်တာလဲရှိအုံးမှာပါ

Crd-Original Uploader

HONDA FIT အကြောင်းသိကောင်းစရာHonda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့်  နှစ်(၂၀)တိ...
26/06/2024

HONDA FIT အကြောင်းသိကောင်းစရာ

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Fit Hybrid အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1stGeneration ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။
Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်။

ဒီလောက်ဆိုရင်တော့ HONDA FIT အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Crd-Original Uploader

ကားဒက်ဘုတ်ထဲမှာ ပြတဲ့ Heat Indicator ..~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~    ကားကို စတင်အသုံးပြုဖ...
26/06/2024

ကားဒက်ဘုတ်ထဲမှာ
ပြတဲ့
Heat Indicator ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားကို စတင်အသုံးပြုဖို့ အင်ဂျင်ကို နိုးလိုက်ပြီဆိုတာနဲ့ ဒက်ဘုတ်ထဲက Sign တွေအကုန်နီးပါးက အင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ် ။မပျောက်ပဲကျန်တာကတော့ Gear Position ပြတဲ့ indicator နှင့် အပြာရောင်လဲ့လဲ့ Heat indicator လေးပါပဲ ။

စနိုးနိုးခြင်းအပြာရောင် heat indicator လေးပြနေတာ ပုံမှန်ပါပဲ
ဒါပေမဲ့ အရေးမကြီးရင် မောင်းမထွက်သင့်သေးပါဘူး

အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင် နိုးထားပြီးမှ ကားကို စထွက်သင့်ပါတယ် ။

လိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ ပျောက်သွားပါလိမ့်မည်
ဒါဆို ကားကိုစတင်အသုံးပြုဖို့ အဆင်သင့်ဖြစ်သွားပြီး ထွက်သွားလို့ရပါသည်။

နောက်တစ်ခုက မောင်းနေရင်းရုတ်တရက် Heat Indacator အနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိန်က လိုအပ်တာထက် ပိုနေပြီဆိုတာ သတိပေးနေပါပြီ။
ဒါဆို ကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊

ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။

ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်ကာဘွတ်ချောင်ပြီး လိုအပ်တဲ့ လည်နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။

ကားမောင်းတဲ့သူတွေ သိထားရမှာက Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ ၊

Heat Gauge indicatod ဟာ ပုံမှန်အားဖြင့် ဒိုင်ခွက် C နဲ့ H အလည်မှာရှိပါတယ် ။
ဒါဟာပုံမှန်အခြေအနေပါ ။
ပုံမှာပြထားပါတယ် ။
တချို့ကလည်း နားလည်မှုလွဲပြီး C မှာ ပြမှ ပုံမှန်ထင်နေတတ်လို့ပါ ။ အဲ့ဒါမှားပါတယ် ။ ပုံမှန်က C နဲ့ H အလည်မှာရှိရပါမယ် ။

ကားမောင်းနေရင်း Indicator က ပုံမှန် အလည်မှတ်ကနေ H အမှတ်ဆီ အတင်းထောင်တက်လာတယ်ဆို (သို့ )heat indicator ပေါ်လာပြီး နီနေတယ်ဆိုရင် သင့်ကား Cooling System မှာ တခုခု ချို့ယွင်းနေပြီး သင့်ကားHeat တက်နေပါပြီ ။

ဒါဆို ကားရှင်းတဲ့နေရာ မြန်မြန်ရှာ လမ်းဘေး (သို့) လမ်းကြားထဲ ဝင်ပြီး ကားအမြန်ရပ်တန့်သင့်ပါပြီ ။

🔻သတိထားပါ
ကားရပ်ရပ်ခြင်း တချို့ ကားမောင်းသူတွေ လုပ်တတ်တဲ့ အမှားတခုက ရေရှိမရှိ ရေတိုင်ကီ အဖုံးပြေးဖွင့်ကြည့်တတ်ပါတယ် ။
A little knowledge is dangerous ပါ ။

ရေတိုင်ကီ အဖုံး Radiator Cap မှာရေးထားပါတယ် ။
Never open when hot ပါတဲ့ ။ ပူနေတဲ့ အချိန် လုံးဝ မဖွင့်ပါနဲ့တဲ့ ။ ပူနေတဲ့ အချိန်ဖွင့်ပါက Pressure တခုနဲ့ ဖိသိပ်ထားတဲ့ ရေတိုင်ကီထဲက ရေနွေးပူပူတွေနဲ့ မိတ်ဆွေ ရေချိုးရပါမယ် ။

ရေတိုင်ကီအေးအောင် အချိန်တခုထိစောင့်ပြီးမှ ရေတိုင်ကီ အဖုံးကိုဖွင့်ပါ ။
ရေခမ်းနေရင် ရေဖြည့်ပါ ။
ကားအင်ဂျင်ခန်းအောက် ရေယိုစိမ့်မှုရှိမရှိ စစ်ကြည့်ပါ ။
ဘာမှ မလုပ်တတ်ရင် ဝပ်ရှော့ဖုန်းဆက်ပါ ။

အထူးသတိပြုရမှာက ကားမမောင်းခင် ရေတိုင်ကီ ရေရှိမရှိစစ်သင့်ပါတယ် ။
မစစ်ဘဲ မောင်းမိရင် Heat Gauge ကို သတိပြုကြည့်ပါ ။ Heat တက်မှန်းမသိလို့ ကားစက်ထိုးရပ်တာ အခါခါဆိုရင် Gasket တွေပြတ်ပြီး အပေါ်ခြမ်းဖွင့် Car Head လိမ်တာ ၊ ကစလို့ အင်ဂျင် ပြဿနာတွေဖြစ်လာရင် သင့်ပိုက်ဆံအိတ်လေး လည်း ကျန်းမာရေးခြူခြာသွားနိုင်ကြောင်းပါခမျာ ။
အားလုံး သတိထားနိုင်ကြပါစေ ။
စေတနာဖြင့် ..

Credit-Original uploader

Hijet အကြောင်း..DAIHATSU HIJET KEI TRUCK 2006-2014DAIHATSU HIJET ဆိုတာကို မြန်မာပြည်မှာ အနယ်နယ် အရပ်ရပ်မှာ မသိသူမရှိသလော...
26/06/2024

Hijet အကြောင်း..

DAIHATSU HIJET KEI TRUCK 2006-2014

DAIHATSU HIJET ဆိုတာကို မြန်မာပြည်မှာ အနယ်နယ် အရပ်ရပ်မှာ မသိသူမရှိသလောက်ပါပဲ ။ အစပိုင်းကတော့ SUZUKI CARRY
TRUCK ကားလေးတွေက မြန်မာပြည်ထဲ ကိုအရင် ၀င်ရောက်လာတာပါ။ နောက်မှ DAIHATSU တံဆိပ်နဲ့ HIJET ဆိုတဲ့ KEI TRUCK ကားလေး က
၀င်‌ေ၇ာက်လာတာပါ။ KEI TRUCK လို့ ခေါ်ရတာကတော့ ဂျပန်နိုင်ငံမှာ ကားသေး လေးအနေနဲ့ ၆၆၀စီစီကားလေး တွေကို KEI ကားဆိုပြီးခေါ်ပါတယ်။
ဒီတော့ ဒီ ၃လုံးထိုးလေးတွေကလဲ KEI ကားလေးတွေဖြစ်သွားတာပါ။ MINI TRUCK ကားလေးတွေပေါ့ ဆိ်ီစားသက်သာပြီး လို အပ်သလို အသုံးပြု
နိုင်တဲ့ကားအမျိုးအစားလေးတွေပါ။

DAIHATSU HIJET လေးတွေက အခုမှထုတ်တာမဟုတ်ပါဘူး။ ၁၉၆၀ပြည့်နှစ်ကထဲက ထုတ်လုပ်ခဲ့တာပါ။ အဲ့တုန်းကတော့ လူသိမများသေး
ပါဘူး။ MAZDA ရဲ့ လေးဘီးကားတွေနဲ့ တတန်းထဲပေါ့။ အခုဆိုရင် ထုတ်လုပ်လာတာ မျိုးဆက် ၁၁ဆက်မြောက်နေပါပြီ။ ဒီလို ကားလေးတွေကို အစ က
2STROKE လေးတွေနဲ့သာလာပါတယ်။ HIJET မျိုးဆက် ၉ဆက်လောက်မှ မြန်မာနိုင်ငံမှာခတ်စားလာပါတယ်။ ၂၀၀၄ မော်ဒယ်ထိပြောလို့ ရပါတယ်။
၂၀၀၅ မော်ဒယ်ကနေမှ ၂၀၁၃ ထိကို ပုံစံမပြောင်းလဲပဲ ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ မှာတော့ ရှေ့ ရှယ်လ်ပုံစံနဲ့ အတွင်းခန်းတွေပါ အနည်းငယ်ပြောင်းလဲလာတာကို
တွေ့ရမှာပါ။ ချက်စီအနေနဲ့ကလဲ ပြောင်းလဲ သွားပါပြီ။ ၂၀၁၃ မော်ဒယ်ထိကို S200 အနေနဲ့ထုတ်လုပ်ခဲ့ပြီးတော့ ၂၀၁၄ မှာတော့ S500P ချက်စီနဲ့ ပြောင်းလဲ
ထုတ်လုပ်ခဲ့ပါတယ်။

HIJET ဂရ်ိတ်တွေကိုတော့ ၂၀၁၃ ထိကိုSPECIAL , AC-PS SPECIAL , EXTRA, AC-PS EXTRA, JUMBO ဆိုပြဲီး ခွဲခြားနိုင်ပါတယ်။ ဂရိတ်အားလုံးကို
အော်တို ဂီယာ၊ မန်နှူရယ် ဂီယာရွေးချယ်နိုင်သလို 2WD, 4WDစနစ်အနေနဲ့လဲ ရွေးချယ်နိုင်ပါတယ်။ SPECIAL ဆိုတာကတော့ များသောအားဖြင့်တွေ့
နေရတဲ့ ကတုံးလို့ပြောလို့ ရပါတယ်။ ဘာမှမပါ၀င်ပဲ မန်နူရယ်ဂီယာ ၊ အော်တိုဂီယာနဲ့ ပဲ ရွေးချယ်နိုင်မှာပါ။ AC-PS SPECIAL မှာတော့ AIRCON,
POWER STEERING တွေပါ၀င်လာပါတယ်။ တခါတလေမှာ တခြမ်းဆိုပြီး AIRCON ပဲ ပါလာတာတို့ POWER STEERING ပဲ ပါလာတာတို့ ရှိတတ်ပါ
တယ်။ ဒါကတော့ ပထမဆုံးအုံနာက စ၀ယ်တဲ့ အချိန်မှာ AIRCON ပဲ လိုချင်လို့ POWER STEERING လေးပဲ လိုချင်လို့ဆိုပြီးတော့ OPTIONAL အနေနဲ့
တပ်ဆင်ခိုင်းတာမျိုးရှိလို့ တခြမ်းသာပါလာတတ်တာပါ။ ငွေကြေးကို အများအပြား မသုံးပဲ ခြုံလိုက်တဲ့ သဘောပါ။ EXTRA မှာတော့ ရှေ့ရှယ်လ်အနည်းငယ်
ပြောင်းလဲလာပြီးတော့ POWER WINDOW တွေပါလာတတ်ပါတယ်။ ခေါင်နိမ့်ခေါင်မြင့်ကိုလဲ ရွေးချယ်နိုင်ပါသေးတယ်။ နောက်ဆုံးဂရိတ်အမြင့်ဆုံးကတော့
JUMBO ဂရိတ်ပါ။ ကျွန်တော်တို့ နိုင်ငံမှာ လူကြိုက်များသလို စျေးလဲ ခေါင်ခိုက်နေတတ်ပါတယ်။ EXTRA CAB လို နောက်ခန်း အကျဉ်းလေးပါလာပြီးတော့
AC, PS, PW စတဲ့ အမျိုးမျိုး ပါလာတတ်ပါတယ်။ အင်ဂျင်ကိုလဲ ၂၀၀၄ ခုနှစ်ထိကို EF-VE အင်ဂျင်နဲ့ ထုတ်လုပ်ပေးခဲ့ပြီး ၂၀၀၇ ဒီဇင်ဘာ လောက်မှာတော့
KF-VE 12VALUE ၃လုံးထိုးအင်ဂျင်နဲ့လာပါတယ်။ MANUAL GEAR ၅ချက်နဲ့ AUTO GEAR ၃ ချက်နဲ့ပါ။ ဆီတိုင်ကီ ကတော့၃၈လီတာ ၀င်ဆံပါတယ်။
2WD ကို ချက်စီ S201P နဲ့ ထွက်ပြီးတော့ 4WD ကို ချက်စီ S211P ချက်စ်ီနဲ့ ထွက်ပါတယ်။၂၀၀၅ ထိထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ချက်စီ S200P နဲ့
S210Pဆိုပြီးထွက်မှာပါ။ ကားရဲ့ အရှည် 3395mm အကျယ် 1475mm အမြင့် 1780mm ရှိပါတယ်။

2014 မှာထုတ်လုပ်တဲ့ HIJET ကိုတော့ ချက်စီ S500P နဲ့ စလာပြီးတော့ ဂရိတ်အနေနဲ့ STANDARD, AC-PS STANDARD, HI ROOF, EXTRA,
JUMBO ဆိုပြီးတော့သာ ပြောင်းလဲခဲ့တာပါ။ အတွင်းခန်းတွေအနည်းငယ်ပြောင်းလဲ လာပြီးတော့ ကျန်တာကတော့ ၂၀၁၃ ထိထုတ်လုပ်ခဲ့တဲ့ မော်ဒယ်နဲ့ တူတူပါပဲ။
ထူးခြားသွားတာကတော့ AUTO GEAR ၄ချက်နဲ့ ထုတ်လုပ်ပေးထားတာပါ။ တာယာတွေကို 145R 12 LIGHT TRUCK TIRE တွေနဲ့တပ်ဆင်ပေးထားပါတယ်။
2WD ကို ချက်စီ S500P နဲ့ 4WD ကို တော့ S510P နဲ့ ထွက်မှာပါ။ လက်တွေ့မှာတော့ 4WD က ဆီစားတယ်ပြောလို့ရပေမယ့် TRANSFER ခလုတ်ပါ၀င်လို့
လိုအပ်မှသာ သုံးရလို့ဆီစားအများကြီးမကွာခြားသွားပါဘူး။ ထုတ်လုပ်တဲ့ စရိတ်ကလဲ 4WD က ပိုမိုစျေးများနေတာကိုတွေ့နိုင်မှာပါ။
ဆီစားနှုန်းကိုတော့ S200 စီးရီးမှာ ဓာတ်ဆီတစ်လီတာကို ပျမ်းမျှ 16.8KM/L ထိသာမောင်းနှင်နိုင်ပေမယ့် 2014 မော်ဒယ်ဖြစ်တဲ့ S500 စီးရီးမှာတော့
၁လီတာကို 19KM/L ထိမောင်းနှင်နိုင်လာတာကိုတွေ့ရမှာပါ။ ဆီစားသက်သာတဲ့ KEI ထရပ်ကားတစ်စီးလို့ပြောလို့ရနိုင်ပါတယ်။

DAIHATSU HIJET ထရပ်ကားတွေကို FLAT BODY (သဲဘော်ဒီ) ၊ BOX TRUCK (ပုံးခြောက်)၊ FREEZER BOX (အအေးခန်းပုံးစို)၊ PLATFORM TRUCK
ဓာတ်တိုင်အမြင့်တက်ပြင် သည့်) ကားတွေကို တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ အဲ့ဒါတွေကိုတော့ DAIHATSU က တပ်ဆင်ပေးခြင်းမျိုးမဟုတ်ပဲ အပြင် BOX ကားကုမ္ပဏီတွေကနေ တပ်ဆင်ပေးထားတာပါ။ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းပေါ်မူတည်ပြီးတော့ တည်ဆောက်ပေးထားလို့ တချို့ လဲ အသုံးတည့်သလို တစ်ချို့လဲ ဖြုတ်ချ
ပြောင်းလဲ ပစ်နေရတာကို တွေ့နေရမှာပါ။

Credit-Original uploader

ကားတစ်စီးမှာပါဝင်တဲ့ ဘေးမှန်တွေနဲ့ အလယ်ဗဟိုမှန်တွေကို ဘယ်လို ချိန်ညှိကြလဲ????ကားလမ်းကြောင်း မပြောင်းခင် သို့မဟုတ် ကားကို...
26/06/2024

ကားတစ်စီးမှာပါဝင်တဲ့ ဘေးမှန်တွေနဲ့ အလယ်ဗဟိုမှန်တွေကို ဘယ်လို ချိန်ညှိကြလဲ????

ကားလမ်းကြောင်း မပြောင်းခင် သို့မဟုတ် ကားကို မကွေ့ခင် လုပ်သင့်တာက တစ်ဘက်ဆီက Blind spots တွေကို ကြည့်သင့်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကားရဲ့ မှန်တွေကို ထို blind spots တွေကို လှမ်းကြည့်ရုံနဲ့ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ချိန်ညှိထားရပါမယ်။

ကြည့်မှန်တွေကို အရင်ချိန်ညှိပါ။
✅ ပထမဆုံးအနေနဲ့ ဘယ်ဘက် ဘေးမှန်ကို ချိန်ညှိကြည့်ရအောင်ပါ။
ခေါင်းကို ဘယ်ဘက်သို့ စောင်းပြီး ယာဉ်မောင်းဟာ ပြတင်းပေါက်ကို ထိလုနီးပါးအထိ ဦးခေါင်းကို ယိမ်းထားပြီး ချိန်ညှိသင့်ပါတယ်။ ဒီမှန်တွေကို သာမန်အတိုင်းပဲ ချိန်ထားလိုက်ရင် သင့်ကားရဲ့ ဘေးဘက်ပဲ မှန်တစ်ခုလုံးနီးပါးမှာ မြင်နေရမှာဖြစ်တဲ့အတွက် ကားနောက်ဘက်ခြမ်း (ကားနောက်ခန်း) ကို မြင်နိုင်သည်အထိ မှန်ကို ချိန်ညှိသင့်ပါတယ်။ သင့်ကားရဲ့ အနောက်ဘက်ခန်းက ဘယ်ဘက်မှန်ရဲ့ သုံးပုံတစ်ပုံအောက်သာရှိသင့်တာဖြစ်ပါတယ်။

✅ ခေါင်းကိုညာဘက်သို့ စောင်းပြီး ညာဘက်မှန်ကို ချိန်ညှိပါ။
ထိုင်ခုံကနေ ထစရာမလိုဘဲ သင့်ရဲ့ခေါင်းက အလယ်ဗဟိုနဲ့ နီးနိုင်သမျှ နီးနေအောင်ထားပါ။ အဲ့ဒီကနေ ခရီးသည်ရဲ့ အနောက်ဘက်ခြမ်းကို မြင်နိုင်ပါမယ်။ quarterpanel သည် မှန် မြင်ကွင်းရဲ့ သုံးပုံတစ်ပုံထက်နည်းနေပါစေ။

✅ ယာဉ်မောင်းထိုင်ခုံတွင် ပုံမှန်အနေအထားအတိုင်း ပြန်ထိုင်ပြီး ဗဟိုနောက်ကြည့်မှန်ကို ချိန်ညှိပါ။
သင့်အနောက်ဘက်ကို တတ်နိုင်သမျှ တိုက်ရိုက်မြင်နိုင်ဖို့ မှန်ကို ချိန်ညှိပါ။ တစ်ဖက်တစ်ချက်က ယာဉ်ကြောပိတ်ဆို့မှုကို ပိုမြင်နိုင်ဖို့ မှန်ကို မစောင်းထားသင့်ပါဘူး။

2. Blind spot လုံးဝမရှိစေဖို့ ပြန်လည်ချိန်ညှိပြီး စစ်ဆေးပါ။
✅ Driving position အတိုင်း သေချာထိုင်ပြီး မှန်တွေရဲ့ အခြေအနေကို စစ်ဆေးကြည့်ပါ။ သင့်ရဲ့ဘေးမှန်တွေက သင့်ကားဘေးဘက်ကိုပဲ မြင်နေရသေးရင် အပြင်ဘက်ကို ပိုမြင်ရဖို့ အပေါ်က နည်းလမ်းတွေအတိုင်း ပြန်ချိန်ညှိကြည့်ပါ။

✅ အနောက်ကကားတွေ နီးကပ်လာပြီဆိုတာနဲ့ အလယ်ဗဟိုမှန်က အရင်မြင်ရပါတယ်။ အဲ့ဒီကားတွေ ဖြတ်သွားပြီဆိုရင် အလယ်ဗဟိုမှန်ကနေ တဖြေးဖြေးပျောက်သွားပြီး သက်ဆိုင်ရာ ဘေးမှန်တွေမှာ ပေါ်လာရပါမယ်။ ဒီလိုမျိုး ချောမွေ့စွာနဲ့ ဖြစ်နေရင်တော့ သင့်ကားမှန်တွေကို အကောင်းဆုံးပုံစံအတိုင်းချိန်ညှိပြီးပါပြီ။

Crd-CarsDB page

 #ဒီလို မီးလင်းရင် ဆက်မမောင်းရ #ဒီမီးလေးဟာ ကားသော့ဖွင့်ရင် ပေါ်ရမှာဖြစ်ပြီး ကားစက်နှိုးတာနဲ့တပြိုင်ထဲပျောက်ရမှာပါ။ ကားမေ...
22/06/2024

#ဒီလို မီးလင်းရင် ဆက်မမောင်းရ #

ဒီမီးလေးဟာ ကားသော့ဖွင့်ရင် ပေါ်ရမှာဖြစ်ပြီး ကားစက်နှိုးတာနဲ့တပြိုင်ထဲပျောက်ရမှာပါ။ ကားမောင်းနေရင် ဒီမီးလေးလင်းလာရင် သို့မဟုတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ရင် ကားဆက်မောင်းဖို့အဆင်မပြေတော့ပါဘူး။

ဒီမီးကဘာလို့လင်းတာလဲ........
1. Oil Filter ပိတ်ဆို့တာ
2. Engine Oil Pressure Sensor (or) Switch မကောင်းတာ
3. Engine Oil Level လျော့တာ ၊ Engine Oil မရှိတာ
4. Engine Oil Line တွေ ပိတ်ဆို့တာ
5. Engine Oil Pump မကောင်းတာ

ဒီ အင်ဂျင်ဝိုင် ချက်မီးလင်းလာတယ် ဒါမှမဟုတ် မှိတ်တုတ်မှိတ်တုတ် ခုန်လာတယ်ဆိုရင် ကားကိုစက်သက်ပြီး အင်ဂျင်ဝိုင်ရှိမရှိတိုင်းတာပါ။ အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေလားကြည့်ပါ။ တကယ်လို့အင်ဂျင်ဝိုင်နဲနေတယ်ဆိုရင်တော့ဆက်မမောင်းပဲ ရပ်ထားပြီး နီးစပ်ရာ ဝပ်ရှော့ကို အကူညီတောင်းသင့်ပါတယ်။ အဲလိုမီးလင်းတာကို သတိမထားမိပဲဆက်လက်မောင်းနှင်လို့ အင်ဂျင်ပျက်စီးဆုံးရှူံးစေနိုင်လို့ သတိပေးလိုက်ရပါတယ်ခင်ဗျ။

Crd-Original uploader

Address

၆၈လမ်း
Mandalay
05041

Telephone

+959444037936

Website

Alerts

Be the first to know and let us send you an email when Myanmar Teacher.Travelling&Car rents. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Teacher.Travelling&Car rents.:

Share

Category