D Khayee - ဒီခရီး

D Khayee - ဒီခရီး "𝐃 𝐊𝐡𝐚𝐲𝐞𝐞: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫, 𝐃𝐫𝐞𝐚𝐦, 𝐃𝐞𝐩𝐚𝐫𝐭."

ထိုင်းဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ အဆင့်ကျဆင်းသွား 🇹🇭 Land of Smiles လို့ ခေါ်ကြတဲ့ ထိုင်းဟာ ကမ္ဘာ့ အပျော်...
21/03/2025

ထိုင်းဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ အဆင့်ကျဆင်းသွား 🇹🇭

Land of Smiles လို့ ခေါ်ကြတဲ့ ထိုင်းဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ အဆင့်ကျဆင်းသွားပါတယ်။ World Happiness Report မှာ ထိုင်းဟာ နံပါတ် ၄၉ နေရာကို ကျဆင်းသွားပြီး အရှေ့တောင်အာရှမှာ ထိုင်းရဲ့ အထက်မှာ စင်ကာပူနဲ့ ဗီယက်နမ်တို့ ရှိနေပါတယ်။
•
စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက ဖင်လန် ဖြစ်ပြီး ၈ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ရထားပါတယ်။ အမေရိကန်က နံပါတ် ၂၄ နေရာကို ရထားပြီး နိုင်ငံသမိုင်းမှာ အဆိုးဆုံး ရလဒ် ဖြစ်ပါတယ်။
•
အဲဒီ အဆင့် သတ်မှတ်ချက်ကို နိုင်ငံ ၁၄၀ ကျော်မှာ စစ်တမ်းကောက်ယူထားတဲ့ Gallup World Poll ရဲ့ ဒေတာတွေကို အခြေပြုထားတာ ဖြစ်ပါတယ်။ နိုင်ငံ GDP ၊ လူမှု ကူညီထောက်ပံ့မှု၊ ကျန်းမာတဲ့ ဘဝနေထိုင်မှု၊ လွတ်လပ်မှု၊ ရက်ရောပေးကမ်းမှုနဲ့ အကျင့်ပျက်ခြစားမှု နည်းပါးမှု စတဲ့ အဓိက အချက် ၆ ခုကနေ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
•
၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံ ၁၀ ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. Finland
2. Denmark
3. Iceland
4. Sweden
5. Netherlands
6. Costa Rica
7. Norway
8. Israel
9. Luxembourg
10. Mexico

ကမ္ဘာ့ ပျော်ရွှင်မှု အနည်းဆုံး နိုင်ငံတွေက အာဖဂန်နစ္စတန်က အောက်ဆုံးဖြစ်တဲ့ နံပါတ် ၁၄၇ မှာ ရှိနေပြီး အဲဒီနောက်မှာ Sierra Leone , Lebanon , Malawi နဲ့ Zimbabwe တို့ ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံကတော့အဆင့် ၁၂၆ ဖြင့်ရပ်တည်နေပါတယ်။

Ref : Thethaiger

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ဒီခရီး

ဘန်ကောက်ကနေမီးရထားစီးပြီး ခရီးသွားလို့ကောင်းတဲ့ မြို့ (၄)မြို့ …🚂🚂🚂ထိုင်းနိုင်ငံကို အလည်လာတဲ့အခါ မီးရထားလေးစီးပြီးတော့ ခ...
16/03/2025

ဘန်ကောက်ကနေမီးရထားစီးပြီး ခရီးသွားလို့ကောင်းတဲ့ မြို့ (၄)မြို့ …🚂🚂🚂

ထိုင်းနိုင်ငံကို အလည်လာတဲ့အခါ မီးရထားလေးစီးပြီးတော့ ခရီးထွက်ဖို့ သင့်တော်တဲ့နေရာတွေထဲက ခရီးသွားလို့ အကောင်းဆုံးလို့ လူပြောများတဲ့ နေရာ ၄ ခုကို ဖော်ပြေပေးလိုက်ပါတယ်ဗျ ။

🚇 Bangkok to Chiang Mai 🚇
စတင်ထွက်ခွာသည့်ဘူတာ - Krung Thep Aphiwat Central Terminal
ကြာချိန် - ၁၀ နာရီမှ ၁၃ နာရီခန့်

🚩 ဘန်ကောက်-ချင်းမိုင်ရထားလမ်းပိုင်းက ထိုင်းနိုင်ငံရဲ့ အသာယာဆုံး ရှူခင်းတွေနဲ့ ရင်ခုန်စရာ ရထားလမ်း ခရီးစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခရီးသွားတွေ အစီးအများဆုံးရထားကတော့ ည ၆ နာရီ ၄၀ မိနစ်မှာ ဘန်ကောက်ကနေ စထွက်တဲ့ "Train No 9" ဆိုတဲ့ အိပ်စင်သီးသန့်ရထားပဲ ဖြစ်ပါတယ်။

Train No 9 က ချင်းမိုင်ကို သွားတဲ့ ရထားတွေထဲမှာ အကောင်းဆုံးနဲ့ ခေတ်အမှီဆုံး ၊ ဈေးအကြီးဆုံးရထားဖြစ်သလို လက်မှတ်ဝယ်ရခက်တဲ့ ရထားလည်းဖြစ်ပါတယ် ။ ရထားက တစ်ညလုံး အမှောင်ထဲမှာ ခုတ်မောင်းနေမှာ ဖြစ်ပြီးတော့ မနက်လင်းတဲ့အခါ ခရီးသည်တွေဟာ တိမ်တွေ အုံဆိုင်းနေတဲ့ ၊ တောတောင်ချိုင့်ဝှမ်းတွေ ၊ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေနဲ့ စိမ်းလန်းတဲ့ စပါးခင်းတွေစတဲ့ ဘန်ကောက်နဲ့ မတူညီတဲ့ ရှူခင်းတွေကို အိပ်ယာထထချင်းမှာပဲ မြင်တွေ့ရမှာဖြစ်ပါတယ် ။

ချင်းမိုင်ရောက်တဲ့အခါမှာလည်း လည်ပတ်စရာနေရာတွေ အများကြီးရှိသလို ၊ ဘန်ကောက်နဲ့ မတူညီတဲ့ ဒေသအစားအစာတွေကို မြည်းစမ်းနိုင်ဦးမှာပါ ။
******************

🚇 Bangkok – Hua Hin 🚇
စတင်ထွက်ခွာသည့်ဘူတာ - Krung Thep Aphiwat Central Terminal နှင့် Hua Lamphong Stations
ကြာချိန် - ၃ နာရီမှ ၅ နာရီခန့်

🚩ဘန်ကောက်ကနေ ဟွာဟင်းကို သွားတဲ့ ရထားတွေက Krung Thep Aphiwat ဘူတာကနေ စထွက်တဲ့ ရထားတွေ ရှိသလို ၊ Hua Lamphong ဘူတာကနေ စထွက်တဲ့ ရထားတွေလည်း ရှိပါတယ်။ ရထားတွေ အများကြီး ရှိတဲ့အထဲကမှ Hua Lamphong ဘူတာကနေ မနက် ၉ နာရီ ၄၀ ထွက်တဲ့ ရထား (Train No 261 ) က ခရီးသွားတွေအကြား ရေပန်းအစားဆုံး ရထားဖြစ်ပါတယ်။ ဒီရထားက ဟွာဟင်းကိုသွားတဲ့ တစ်စီးတည်းသော တိုက်ရိုက်ရထားပါ။ ဟွာဟင်းကိုရောက်တဲ့ အခြားရထားတွေကတော့ အခြားမြို့တွေကို အဓိက သွားတာဖြစ်ပြီး ၊ ဟွာဟင်းက လမ်းရပ်ဘူတာအဖြစ်ပဲရှိပါတယ် ။

Train No 261 က ရိုးရိုးရထားဖြစ်ပြီးတော့ ဘန်ကောက်ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးတွေကိုဖြတ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ အနောက်တောင်ဖက် ကျေးလက်ဒေသတွေကို ဖြတ်သန်းပြီး ဟွာဟင်းမြို.လေးကို သွားပါတယ် ၊ ရိုးရိုးရထားဖြစ်တာမို့ လမ်းမှာ ရှိတဲ့ ဘူတာတိုင်းလိုလိုမှာ ရပ်နားတာကြောင့် ရထားဈေးသည်တွေဆီက ဒေသထွက် အစားအသောက်မျိုးစုံကို မြည်းစမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဟွာဟင်း မီးရထားဘူတာရုံက 1910 ခုနှစ်မှာတည်ဆောက်ထားပြီး ၁၉၂၆ မှာ ပြန်လည်ပြုပြင်ထားတဲ့ ရှေးဟောင်း အဆောက်အဦးပုံစံအဖြစ် ထိုင်းနိုင်ငံမှာ နာမည်ကျော်ကြားပါတယ်။

ဟွာဟင်းဘူတာက ထိုင်းနိုင်ငံမှာ အလှဆုံး ဘူတာအဖြစ် အသိအမှတ်ပြု ခံထားရပြီး ဓါတ်ပုံလာရိုက်သူတွေ အများအပြားရှိတဲ့ ဘူတာတစ်ခုပါ။ ဟွာဟင်းမြို့မှာ ရှိနေစဉ်ဆိုရင်လည်း ဟွာဟင်းမြို့ အနီးနားဝန်းကျင်က များစွာသော ကမ်းခြေတွေကို အလည်သွားလို့ ရသလို ၊ လတ်ဆက်တဲ့ ပင်လယ်စာတွေကိုလည်း မြည်းစမ်းကြည့်နိုင်မှာပါ။
******************

🚇 Bangkok – Kanchanaburi 🚇
စတင်ထွက်ခွာသည့်ဘူတာ - Thonburi (Bangkok Noi)
ကြာချိန် - ၅ နာရီခန့်

🚩ဒုတိယကမ္ဘာစစ်ကာလတုန်းက စစ်သုံ့ပန်း သောင်းချီ သိန်းချီသေဆုံးခဲ့ရတဲ့ ကြေကွဲဖွယ် သမိုင်းကြောင်းကြောင့် “သေမင်းတမန် ရထားလမ်း” ရယ်လို့ ကျော်ကြားလှတဲ့ ဘန်ကောက်- ကချနပူရီ ရထားလမ်းပိုင်းဟာ ဒီကနေ့ခေတ်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကို အလည်အပတ်သွားရောက်ဖို့ ဆွဲဆောင်နေတဲ့ မီးရထားလမ်းတစ်ခုဖြစ်လာပါတယ်။

မီးရထားလမ်းဟာ တောတောင်လျှိုမြောင်နဲ့ ကမ်းပါးတွေကနေ ဖောက်လုပ်ထားပြီးတော့ ၊ နာမည်ကျော် River Kwai မြစ်ကူးတံတားကနေ ဖြတ်ကာ မြန်မာပြည်ဖက်ခြမ်းက သေမင်းတမန်ရထားလမ်းနဲ့ မဆုံမှီ Nam Tok ရေတံခွန်နားမှာ ရထားလမ်းဆုံးပါတယ် ။ ရထားက ဘန်ကောက်ကနေ နေ့စဉ် မနက် ၇ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်နဲ့ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ် နှစ်ကြိမ်ပြေးဆွဲပါတယ်။

River Kwai တံတား ပေါ်ကနေ ရထားဖြတ်သွားတာ ၊ ကျောက်ကမ်းပါးရံမှာ ဖြည်းဖြည်းလေးသွားနေတဲ့ ရထားကို စီးချင်တာ စတဲ့ ခရီးသွား အတွေ့အကြုံလိုချင်ရင်တော့ ခရီးသည်တွေဟာ ကန်ချနပူရီဘူတာမှာ ဆင်းရမှာ မဟုတ်ပဲ Nam Tok ဘူတာအထိ ဆက်စီးသွားဖို့ လိုပါမယ်ဗျ။
******************

🚇 Bangkok – Ayutthaya 🚇
စတင်ထွက်ခွာသည့်ဘူတာ - Krung Thep Aphiwat Central Terminal and Hua Lamphong
ခရီးကြာချိန် - ၈၀ မိနစ်မှ ၁၂၀ မိနစ်အထိ

🚩ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ အထင်ကရမြို့ဟောင်းတစ်ခုဖြစ်တဲ့ အယုဒ္ဓယမြို့ဟာ ဘန်ကောက်ကနေဆိုရင် တစ်နာရီခွဲ လောက်သွားရုံနဲ့ ရောက်ပါတယ် ။ ဘန်ကောက်ကနေ အယုဒ္ဓယကို နေ့စဉ် ရထားအစီးရေပေါင်း ၃၀ ခန့် ရှိပြီးတော့ ရထားတိုင်းလိုလိုက အယုဒ္ဓယမြို့ကို ဖြတ်ပြီးတော့ အခြားမြို့တွေကို ခရီးဆက်သွားလေ့ရှိပါတယ်။

အယုဒ္ဓယမြို့ကိုသွားဖို့အတွက် ရိုးရိုးတန်းကနေ စီးသွားမယ်ဆိုရင် ဘတ် ၂၀ ဝန်းကျင်ခန့်သာရှိတာမို့ အလွန်သက်သာတဲ့ ခရီးတစ်ခုဖြစ်ပါတယ် ။ အယုဒ္ဓယမြို့ကို မနက်အစောသွားပြီး ညနေပိုင်းပြန်လို့ရတာမို့ ဘန်ကောက်ကနေ နေ့ချင်းပြန်ခရီးတစ်ခု သွားချင်တယ်ဆိုရင် ဘန်ကောက်-အယုဒ္ဓယ ခရီးစဉ်က စဉ်းစားသင့်တဲ့ ခရီးစဉ်တစ်ခုပါ ၊ လမ်းခရီးတစ်လျှောက်မှာဆိုလည်း ထိုင်းနိုင်ငံရဲ့ ကျေးလက်သဘာ၀ အလှတွေကို ခံစားပြီး လိုက်ပါနိုင်မှာပါ။

အယုဒ္ဓယကိုရောက်ပြီဆိုရင်လည်း ရှေးဟောင်းဘုရားပုထိုး အဆောက်အဦးတွေနဲ့ နန်းတော်ဟောင်းတွေမှာ လည်ပတ်နိုင်မှာဖြစ်ပါတယ် ၊ အယုဒယရောက်ရင် မစားမဖြစ်စားရမှာကတော့ နာမည်ကျော်Boat Noodle ပဲ ဖြစ်ပါတယ်။

#ဒီခရီး












💬 မင်္ဂလာပါ … ခရီးသွားလူငယ်များခင်ဗျာ ။▪️ကျွန်တော်တို့ရဲ့ ခရီးသွား Page လေးကို ၄နှစ်ဝန်းကျင်ကြာပြီးနောက် ပြန်လည်အသက်သွင်...
14/03/2025

💬 မင်္ဂလာပါ … ခရီးသွားလူငယ်များခင်ဗျာ ။

▪️
ကျွန်တော်တို့ရဲ့ ခရီးသွား Page လေးကို ၄နှစ်ဝန်းကျင်ကြာပြီးနောက် ပြန်လည်အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီကာလတွေအတွင်းမှာ ကျွန်တော်တို့လည်း ခရီးတွေများစွာသွားခဲ့ပါတယ်။ အဲဒီအမှတ်တရတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့အတူ ခရီးသွားလူငယ်တို့အတွက် စိတ်လှုပ်ရှားစရာ ခရီးစဉ်တွေကို ပြန်လည်မျှဝေးရင်း စီစဉ်ပေးမှာဖြစ်ပါတယ်။
▪️
အရင်က ကျွန်တော်တို့ Page ကို Follow လုပ်ထားတဲ့သူတွေရော၊ အခုမှစပြီး Follow လုပ်မယ့်သူတွေရော အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်။
▪️
ဒီ ၄ နှစ်အတွင်းမှာ ခရီးသွားလောကကြီးလည်း အများကြီးပြောင်းလဲသွားပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုခရီးတွေသွားခဲ့ကြလဲ? ဘယ်နေရာတွေကို သွားလည်ချင်သေးလဲ? Comment မှာ ပြောပြပေးသွားပါဦး။
▪️
နောက်ရက်တွေမှာ ကျွန်တော်တို့ရဲ့ ခရီးသွားအမှတ်တရတွေနဲ့အတူ ခင်ဗျားတို့အတွက် အသုံးဝင်မယ့် ခရီးသွားအကြံပြုချက်တွေ၊ လျှို့ဝှက်နေရာတွေ၊ ခရီးသွားနည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။

အားလုံးပဲ စောင့်မျှော်အားပေးကြပါဦးနော် 😍😍😍

#ဒီခရီး #ခရီးသွားခြင်း
#ခရီးသွားအမှတ်တရ #ပြန်လည်ရောက်ရှိခြင်း #ခရီးစဉ်များ #2025

မိုးရာသီနဲ့အတူ လှပနေတဲ့ 🌧️ 🌧️ 🌧️နောင်ချို ဂုတ်ထိပ်တံတား 🚂 🚂 🚂စိမ်းစိုလန်းဆန်းနေတဲ့ ရှုခင်းများနဲ့ သဘာဝအလှပတရား ...Credit...
29/08/2021

မိုးရာသီနဲ့အတူ လှပနေတဲ့ 🌧️ 🌧️ 🌧️
နောင်ချို ဂုတ်ထိပ်တံတား 🚂 🚂 🚂
စိမ်းစိုလန်းဆန်းနေတဲ့ ရှုခင်းများနဲ့ သဘာဝအလှပတရား ...

Credit : 📸📸📸

နာမည်ကျော် အင်းလေးရေပေါ်စျေး 🥕🥦🥬@ဟဲယာရွာမရေပေါ်စျေး~~~~~~~~~~~~~~~~အင်းလေးဒေသခံများက ဒီရေပေါ်စျေးမှာအင်းလေးဒေသထွက် လက်ဆတ...
28/08/2021

နာမည်ကျော် အင်းလေးရေပေါ်စျေး 🥕🥦🥬
@ဟဲယာရွာမရေပေါ်စျေး
~~~~~~~~~~~~~~~~
အင်းလေးဒေသခံများက ဒီရေပေါ်စျေးမှာအင်းလေးဒေသထွက် လက်ဆတ်တဲ့ခြံထွက်သီးနှံများကိုလာရောက်ရောင်းချကြပါတယ်။

ဟဲယာရွာမရေပေါ်စျေးဟာ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထူးနာမည်ကျော်ကြားတဲ့၊ အထူးစိတ်ဝင်စားမှုများတဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။




Credit ;

FAN

__အသွားချင်ဆုံးက ကလောပါဘယ်သူနဲ့လဲဆိုတော့ မင်းနဲ့ပေါ့ ❤️❤️@ဗျိုက်တောင် 𝕂𝕒𝕝𝕒𝕨 🌲🌲🌻ကြေးကုန်း ကျောက်တန်း အနီးတစ်ဝှိုက် သဘာဝရှ...
27/08/2021

__အသွားချင်ဆုံးက ကလောပါ
ဘယ်သူနဲ့လဲဆိုတော့ မင်းနဲ့ပေါ့ ❤️❤️

@ဗျိုက်တောင် 𝕂𝕒𝕝𝕒𝕨 🌲🌲🌻
ကြေးကုန်း ကျောက်တန်း အနီးတစ်ဝှိုက် သဘာဝရှုခင်းများ ...

ကျန်းမာကြပါစေဗျာ ❤️❤

Credit travelling

ကလော 𝕂𝕒𝕝𝕒𝕨 🌲🌲🌻@𝕂𝕒𝕝𝕒𝕨 လို့ပြောလိုက်တာနဲ့ တောင်ပေါ်မြို့လေးတမြို့...သန့်ရှင်းလတ်ဆတ်တဲ့ လေပြေနုတွေနဲ့ ထင်းရှူးပင်ရနံ့လေးတွေ...
26/08/2021

ကလော 𝕂𝕒𝕝𝕒𝕨 🌲🌲🌻

@𝕂𝕒𝕝𝕒𝕨 လို့ပြောလိုက်တာနဲ့ တောင်ပေါ်မြို့လေးတမြို့...
သန့်ရှင်းလတ်ဆတ်တဲ့ လေပြေနုတွေနဲ့ ထင်းရှူးပင်ရနံ့လေးတွေက ကျနော်တို့အဖို့ အဖိုးမဖြတ်နိုင်တဲ့ အောက်စီဂျင် ...

ဒီလိုအေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးတနေရာရဲ့ မိုးစက်လေးတွေအောက်မှာ မိုးရာသီအမှတ်တရတွေ ရှိခဲ့မယ်လို့ မျှော်လင့်မိတယ် 🌧️🌧️🌧️

#ဘယ်လိုအမှတ်တရတွေများ ရှိနေမလဲ ...?

အမှတ်တရလေးတွေ Cmt မှာ အပြန်အလှန်ဖြေကြရင်း စိတ်မွန်းကြပ်ခြင်းမှ ခဏတာပြေပျောက်နိုင်ကြပါစေဗျာ ❤️❤️

Credit travelling

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 17:00

Telephone

+959797350356

Alerts

Be the first to know and let us send you an email when D Khayee - ဒီခရီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category