05/03/2025
Review လေးတခု ကျွန်တော်
Copy ယူလာတာပါ။
ခုရက်ပိုင်းကမှ ထွက်တာမကြာသေးတယ့်
ရန်ကုန် - နေပြည်တော် DEMU ရထား စီးရတယ့်အတွေ့အကြုံလေး review ရေးပါရစေခင်ဗျာ
ရန်ကုန် - နေပြည်တော် DEMU ရထားက ရန်ကုန်ဘူတာကြီးကနေ မနက် 6:00 AM မှာ စတင်ထွက်ခွါပါတယ် အထက်တန်းနဲ့ ပထမတန်းဆိုပြီးရွေးချယ်စရာ နှစ်မျိုးရှိပါတယ် အထက်တန်းက 28,000 ks ကျသင့်မှာဖြစ်ပြီး ပထမတန်းကတော့ 19,000 ks ကျသင့်မှာဖြစ်ပါတယ်
ရထားတွဲတွေက အသစ်တွေမို့ တွဲတွေရော ခုံတွေရော တော်တော်ကိုမှသန့်ရှင်းပါတယ်
အထက်တန်းမှာက ခုံတန်းတစ်တန်းမှာ နှစ်ယောက်တွဲထိုင်ခုံနဲ့ တစ်ယောက်ထိုင်ခုံ ပေါင်းသုံးခုံသာ ပါတာမို့ ရှေ့ခုံနောက်ခုံကြားနဲ့ လျှောက်လမ်းအကျယ်အဝန်းက တော်တော့်ကိုကျယ်ကျယ်ဝန်းဝန်းအကွာအဝေးရှိပါတယ် ထိုင်ခုံအကျယ်အဝန်း
ပိုင်းမှာတော့ Express ကားလိုင်းတွေမှာအသုံးများတယ့် Scania Touring က (2+1) ခုံတွေနဲ့ယှဉ်မယ်ဆိုရင် အနည်းငယ်ကျဉ်းသလို စိတ်ထဲခံစားရပါတယ်
ပထမတန်းမှာကတော့ ခုံတန်းတစ်တန်းမှာ နှစ်ယောက်ခုံ နှစ်ခုံဆိုသော်ငြားလည်း ဆိုဖာထိုင်ခုံလေးတွေဖြစ်တယ့်အပြင် သင့်တင့်တယ့်အကျယ်အဝန်းလည်းရှိတာမို့ ထိုင်ရတာလည်းသက်သောင့်သက်သာရှိပါတယ်
ရထားပေါ်မှာ Aircon လည်းအေးနေအောင်ဖွင့်ထားပေးပါတယ် ရထားမထွက်ခင် သက်ဆိုင်ရာ Operator ကြီးမှ မိတ်ဆက်စကားပြောကြားပြီး ရန်ကုန်မှထွက်မည့်အချိန် နေပြည်တော်သို့ဆိုက်ရောက်ချိန် ခရီးစဉ်ကြာမြင့်ချိန်နှင့် လမ်းတွင်ရပ်တန့်ပေးမည့် ဘူတာစဉ်များကိုလည်း သေချာပြောကြားပေးသလို တွဲထိပ်က screen ပေါ်မှာလည်း ရထားခရီးစဉ်နဲ့ နောက်ရပ်မည့်ဘူတာကိုလည်း ဖော်ပြပေးထားလို့ လမ်းဘူတာဆင်းမယ့်ခရီးသည်တွေအတွက်လည်းအဆင်ပြေပါတယ်
ရထားအမြန်နှုန်းလည်းတော်တော်မြန်ပါတယ်
လမ်းပိုင်းတွေအဆင့်မြှင့်ထားသလို ရထားတွဲဆိုင်းတွေကလည်း ခေတ်မှီအသစ်တွေဖြစ်တာကြောင့် စီးရတာငြိမ်ပြီး သက်သောင့်သက်သာရှိပါတယ်
ရထားတွဲမှာ Toilet အခန်းနဲ့ ဘေစင်ခန်းလည်းသီးသန့်ပါရှိပါတယ် Toilet မှာက ရေလည်းအားကောင်းသလို အသုံးပြုပြီးရင် ခလုတ်တစ်ချက်နှိပ်တာနဲ့ auto cleaning လုပ်ပေးတယ့် စနစ်လည်းပါရှိပါသေးတယ် ဒါ့အပြင် tissue စက္ကူလည်း ထားရှိပေးထားလို့ အသန့်ကြိုက်သူများအတွက်လည်းအဆင်ပြေပါတယ်
လမ်းတစ်လျှောက်ရပ်နားပေးတယ့်ဘူတာတွေမှာလည်း ခရီးသည်အတက်အဆင်းလုပ်ပြီးတာနဲ့ အတက်အဆင်းတံခါးတွေကို သေချာပိတ်ပြီးမောင်းတာမို့ ရထားပေါ်ကို အပြင်စျေးသည်တွေလည်းတက်လို့မရတာကြောင့် နားအေးပါအေး ခရီးသွားလိုသူများအတွက်တော့ တော်တော်ကိုအဆင်ပြေပါတယ်
လမ်းမှာ ပဲခူး ၊ ဖြူး ၊ တောင်ငူ ၊ ပျဉ်းမနား အစရှိတယ့်ဘူတာများမှာ ခရီသည်အတက်အဆင်းလုပ်ဖို့ သုံးမိနစ်စီခန့် ရပ်နားပေးပါတယ်
နေပြည်တော်ဘူတာကိုလည်း သတ်မှတ်ဆိုက်ရောက်ချိန် 11:30 AM ဝန်းကျင်ခန့်မှာ ဆိုက်ရောက်တာမို့ အချိန်လည်းမှန်တယ်လို့ဆိုနိုင်သလို အရင်ရထားခရီးစဉ်တွေထက်လည်း အချိန်ကုန်ပိုပြီးသက်သာတာကိုတွေ့ရပါတယ်
ဒါ့အပြင် မန္တလေးကိုခရီးဆက်မယ့် ခရီးသွားတွေအတွက်လည်း နေပြည်တော်ဘူတာမှာ တခါတည်းရထားပြောင်းစီးယုံပါပဲ နေပြည်တော် - မန္တလေးအတွက်က DEMU ရထားနဲ့မဟုတ်တော့ပဲ လေအိတ်အမြန်ရထားတော့ပြောင်းသွားပါတယ် ရန်ကုန်ကနေလက်မှတ်စဝယ်ကတည်းက မန္တလေးအထိဝယ်ထားတာဆိုရင် ပြောင်းစီးရတယ့်ရထားပေါ်မှာလည်း DEMU ရထားမှာလိုပဲ တွဲဆိုင်းရော ခုံနံပါတ်ရော အတူတူပဲဖြစ်ပါတယ် နေပြည်တော် - မန္တလေးရထားက နေ့လည် 12:00 PM မှာထွက်တာမို့ အချိန်လည်းစောင့်နေစရာမလိုပဲ ခရီးတွင်ပါတယ် မန္တလေးကိုလည်း ညနေ 5:00 PM ဝန်းကျင်မှာ ဆိုက်ရောက်တာမို့ လိုရာခရီးကိုဆက်သွားဖို့လည်း တော်တော်လေးကိုအဆင်ပြေပါတယ်
ခရီးစဉ် အစအဆုံးပြန်ကြည့်မယ်ဆိုရင် စီးနင်းရတာလည်းသက်သောင့်သက်သာရှိတယ့်အပြင်
အချိန်ကုန်လည်းသက်သာစေတာမို့ ရွေးချယ်စီးနင်းဖို့ သင့်တယ့်ခရီးစဉ်လို့ပဲမြင်မိပါတယ်ခင်ဗျာ
လိုအပ်တာများ အမြင်မတူများရှိရင်လည်း ထပ်မံဖြည့်စွက်ပေးကြပါဦးခင်ဗျာ ။
Credit to Min Mg Mg.
----------------------------------
ဟုတ်ကဲ့ကျွန်တော်ဖြည့်ရေးပါမယ်
ရက နပတ ကရန်ကုန်ကနေ မနက်
၆ နာရီထွက် နပတကို ၁၁ နာရီခွဲ
ဆိုက်ရောက်ပါတယ်
နပတ ရက က နပတ ကနေနေ့လည်
၁၂ နာရီထွက် ညနေ ၅ နာရီခွဲဆိုက်
ရောက်ပါတယ် ကြာချိန် ၅ နာရီ
ခွဲဖြစ်ပါတယ် ကြားမှာရပ်နားမှာ
ပဲခူး ဖြူး တောင်ငူ ပျဥ်းမနား
လေးဘူတာပါ
လက်မှတ်များကိုသုံးရက်ကြိုတင်
ရောင်းချပေးပါတယ် လက်ရှိမှာ
စီးနင်းသူနည်းပါးသေးလို့သွား
မဲ့နေ့မှာလဲဝယ်လို့ရပါတယ်
ရိုးရိုးတန်းမရှိပါ
ပထမတန်း 19000
အထက်တန်း 28000 ပါ
ရန်ကုန်မြို့အတွက်ကတော့ရန်ကုန်
ဗိုလ်ချုပ်လမ်းမပေါ်က Sakura tower
မျက်စောင်းထိုးက ကြိုတင်လက်မှတ်
အရောင်းဌာနမှာဝယ်ယူရပါမည်။.