26/08/2020
ကိုဗစ်ကို ဂရုစိုက်နေရချိန်မှာ မိုးလေးဖွဲလာတော့ 🌦️ အရင်ကခရီးထွက်ခဲ့ချိန်တွေပြန်လွမ်းနေရလား ? ကိုဗစ်ပြီးတာနဲ့ ဘယ်နေရာတွေကို လည်ဖို့စဉ်းစားထားရမလဲဆိုရင် ~ 🤔
မြူတိမ်တွေကြားက ကျိုက်ထီးရိုးဘုရား ☁️🙏
မျောလွင့်နေတဲ့တိမ်တွေကြားမှာ ဘုရားဖူးချင်ရင်တော့ ကျိုက်ထီးရိုးကို လက်ညိုးညွှန်ပြပါရစေ။ အသည်းယားစရာတောင်တက်လမ်းတွေနဲ့ မနီးမဝေးက တိမ်စိုင်တွေကိုငေးရတာ အရသာတစ်ခုပါ။ မိုးရာသီရော ဆောင်းရာသီမှာပါ လည်လို့ကောင်းတယ်။ နွေရာသီတပေါင်းလတွေမှာတော့ ဘုရားဖူးတွေအရမ်းများလို့ သီးသီးသန့်သန့်ကြိုက်တဲ့သူတွေအတွက်တော့ နွေရာသီကသွားလို့သိပ်မကောင်းပါဘူး။ တောင်ပေါ်ကိုတော့ ကားနဲ့တက်ချင်လည်းရတယ်။ ဆိုင်ကယ်ကယ်ရီနဲ့ရော ခြေလျင်ပါတောင်ပေါ်တက်လို့ရပါတယ်။
စိမ်းလန်းတဲ့ရှုခင်းတွေနဲ့ ဘားအံခရီးစဉ် 🍏🌲
ဘားအံကို မိုးတွင်းသွားကြတာပိုများပါတယ်။ နွေရာသီနဲ့ဆောင်းရာသီကြရင်လည်း တစ်မျိုးလေးလှနေတာပါပဲ။ ဘယ်ရာသီမဆိုသူက လှတယ်။ ရှုခင်းတွေလည်း စိမ်းစိမ်းစိုစိုနဲ့ တော်တော်ကြီးကိုမှလှတယ်။ တောင်တန်းကြီးတွေက စိမ်းစို၊ တိမ်လွှာတွေက တောင်အောက်ကိုရောက်။ အစားအသောက်လဲပေါတယ်။ ဟိုတယ် ဘာညာတွေလည်း ဈေးသက်သာတယ်။ ဆိုတော့ မိုးတွင်းမှာရော ဆောင်းနဲ့နွေမှာပါ ရာသီမရွေးဘားအံသွားလည်ဖို့ recommend ပေးပါတယ်လို့။
အင်းလေးမှာ ရွာတဲ့မိုး 🌦️💦
အင်းလေးကတော့ ကဗျာဆန်ချင်သူတွေ ရိုဆန်ချင်သူတွေအတွက် ပိုမိုက်ပါတယ်။ မိုးစက်တွေတဖြောက်ဖြောက်ကျနေတဲ့ ကန်ရေပြင်ကိုငေးရင်း ကော်ဖီခွက်လေးကိုင်ပြီး စာအုပ်တစ်အုပ်နဲ့ ကဗျာစပ်နေဖို့အလွန်ကောင်းတဲ့နေရာပါ။ စားလို့လည်းကောင်းတယ်။ နန်ဟူးရွာမှာရှိတဲ့ ဖောင်တော်ဦးဘုရားဖူးလို့ရသေး။ ပျင်းရင်ညောင်ရွှေဘက်တက်ပြီး စက်ဘီးတစ်စီးနဲ့လည်လို့ရသေးဆိုတော့ ဘာလိုသေးလည်းပေါ့။ ဒါပေမယ့်ပေါ့နော် ငဗစ်ရန်ကိုကြောက်နေရတဲ့ကာလဆိုတော့ ကိုဗစ်ကင်းစင်နေချိန်တွေလောက်မှာပဲသွားဖို့ အကြံပြုပါရစေနော်။
ပုဂံဘုရားတွေဖူးမယ် ❤️🙏
အညာပိုင်းဒေသဖြစ်တဲ့ ပုဂံဟာ နေလို့ကောင်း စားလို့ကောင်း ဘုရားတွေဖူးလို့အလွန်ကောင်းပါတယ်။ ခရီးသွားရာသီတွေဆို ဘုရားဖူးတွေရော၊ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ပါခြေချင်းလိမ်နေလို့ နည်းနည်းတော့မျက်စိရှုပ်စရာပါ။ မိုးရာသီဆိုလည်း မိုးရွာထားလို့ မြေသင်းနံ့သင်းနေတဲ့ လေကိုရှုရင်း ရှေးလက်ရာနီညိုညိုဘုရားတွေကိုဖူးရတာလည်း ဘဝရဲ့အနှစ်သာရတစ်ခုပဲ။ ခုတော့မသွားကြနဲ့ဦးနော်။ သွားလို့ရတဲ့အချိန်ကျမှ ရှေးဘုရားတွေကို တူတူသွားလေ့လာကြမယ်။
ကိုဗစ်အလွန်ကာလမှာ ပျော်စရာအကောင်းဆုံးနဲ့ relaxing ဖြစ်စေတဲ့ခရီးတွေသွားချင်ရင်တော့ Best Travel Friend ကိုအရင်ဆက်သွယ်ထားလိုက်နော်။ 🍁🌲
"သင့်ကိုယ်သင်ယုံကြည်ပါ။
ပျော်ရွှင်မှုတွေရှာဖွေဖို့ ခရီးတွေအများကြီးသွားပါ။"
Best Travel Friend 🪶💬
Hotline : 09 444 026 862 (+95)
Email : [email protected]
Building Address : 75 St, bet 9th & 8th St, Aungmyetharzan Tsp, Mandalay.