
05/06/2025
🌏ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) 🌏
ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) အဖြစ်သတ်မှတ်ပြီး ကမ္ဘာတဝှမ်းလုံးတွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာသော လူများပါဝင်ဆင်နွှဲလေ့ရှိပါသည်။ ယခုနှစ် ၂၀၂၅ ခုနှစ်တွင်လည်း “ ကမ္ဘာတဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Beat Plastic Pollution : Ending Plastic Pollution Globally)” ဟူသောဆောင်ပုဒ် နှင့် အညီ အနာဂါတ်မှာ ပလတ်စတစ်ကင်းစင်သော ကမ္ဘာဖြစ်ပေါ်လာစေရန် ယနေ့မှစ၍ ပလတ်စတစ်အသုံးပြုမှုကို မိမိမှ စတင်ပြီးလျော့ချကြဖို့ တိုက်တွန်းနှိုးဆော်ရင်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) ကိုကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) တွင်လည်း Reduce, Reuse, Recycle ဟုသော အခြေခံအကျဆုံးအချက်များကို လိုက်နာဆောင်ရွက်လျှက်ရှိပြီး ရေရှည်တည်တံ့သော သဘာဝပါတ်ဝန်းကျင် တည်ဆောက်ရာတွင် တစ်ဖက်တလမ်းမှနေ၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိသောကြောင့် လာရောက်လည်ပတ်ရင်းလေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။