National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ်

  • Home
  • Myanmar
  • Maymyo
  • National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ်

National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ် National Kandawgyi Gardens - Pyin Oo Lwin In 1917, Government sanctioned the formation of a botanic garden and the preliminary work started.

In 1915, a piece of land 30 acres was acquired with the idea of converting into a garden for displaying of indigenous species. Its idea of design was inspired by Kew Garden of England with the help of botanists Mr. Alex Rodger and Lady Cuffe. The garden was developed based on 76 plots of Tree Family. In 1924, the garden comprised 97 hectares was declared as Maymyo Botanical Garden Reserve. In 2001

, the garden has been upgraded with the name of National Kandawgyi Gardens to be represented as national level. National Kandawgyi Gardens is the only one garden designated as botanic garden by the Government which open to public. It is located at Pyin Oo Lwin, Mandalay Region, where also known as hill station at above sea level 1,078 meters. Now, the garden has an area of 177 hectares including 28 hectares of water body. There are many places to pay must visit such as Orchid Garden, Butterfly Museum, Petrified wood and Fossils Museums, Swamp Forest, Bamboo Forest, Croton Garden, Pine Forest, Aviary, Takin enclosure, Nanmyint Tower, etc. The Objectives are:
• To be a recreational garden for local and foreign visitors
• To educate people to appreciate the value and significance of the trees, forest and environment
• To set up a natural laboratory for botanists, flower enthusiasts and researchers
• To conserve rare and endangered species of flower and trees
• To set up an attractive eco-tour Centre providing recreation and knowledge for local and foreign eco-tourists and to promote Eco-tourism in Myanmar.

“ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အနာဂတ်ကို ကာကွယ်ခြင်းဖြစ်သည်။”စိမ်းလန်းသော သစ်တောများ၊ ပန်းပွင့...
21/05/2026

“ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အနာဂတ်ကို ကာကွယ်ခြင်းဖြစ်သည်။”

စိမ်းလန်းသော သစ်တောများ၊ ပန်းပွင့်များ ဝေဆာနေသော ဥယျာဉ်များနှင့် အသက်ဝင်သော သဘာဝပတ်ဝန်းကျင်တို့သည် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးကို ထင်ဟပ်ပြသနေသော အကောင်းဆုံး သက်သေများ ဖြစ်ပါသည်။ သက်ရှိမျိုးစုံတို့ အတူတကွ ရှင်သန်နေသည့် ဂေဟစနစ်တစ်ခုစီသည် ကမ္ဘာမြေကြီး၏ ကျန်းမာရေးနှင့် ဟန်ချက်ညီမှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ 🌳🦋🦢🌹💚

ယနေ့ ကျင်းပသည့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများနေ့တွင် သဘာဝအရင်းအမြစ်များ၏ တန်ဖိုးကို ပိုမိုနားလည်သဘောပေါက်ကာ အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်းအပ်ပါသည်။ 🌱🌺🪴🌳💚

“Protecting biodiversity means protecting our future.”

Lush forests, blooming gardens, and vibrant natural environments are living examples of the value and beauty of biodiversity. Every ecosystem, where diverse species coexist and thrive, plays a vital role in maintaining the health and balance of our planet. 🌳🦋🦢🌹💚

On this World Biodiversity Day, let us deepen our appreciation for nature’s rich diversity and work together to conserve and protect it for future generations. 🌱🌺🪴🌳💚

မြို့ပြရဲ့ ဆူညံမှုတွေနဲ့ နေ့စဉ်အလုပ်ပင်ပန်းမှုတွေကြားမှာ စိတ်ကို ခဏလောက် လွတ်လပ်အနားပေးချင်ရင် စိမ်းစိုနေတဲ့ ဥယျာဉ်လေးဆီ...
11/05/2026

မြို့ပြရဲ့ ဆူညံမှုတွေနဲ့ နေ့စဉ်အလုပ်ပင်ပန်းမှုတွေကြားမှာ စိတ်ကို ခဏလောက် လွတ်လပ်အနားပေးချင်ရင် စိမ်းစိုနေတဲ့ ဥယျာဉ်လေးဆီ လာရောက်လည်ပတ်လိုက်ပါ။ 🌿🌳🌲
သစ်ပင်စိမ်းစိမ်းတွေကြား လေပြေအေးအေးကို ခံစားရင်း၊ ပန်းရနံ့သင်းသင်းတွေနဲ့အတူ စိတ်ကို အေးချမ်းစေမယ့် အချိန်လေးတွေ ရရှိနိုင်ပါတယ်။ 🌹
တိတ်ဆိတ်ပြီး သဘာဝဆန်တဲ့ ပတ်ဝန်းကျင်က စိတ်ပင်ပန်းမှုတွေကို ခဏလောက် မေ့ပျောက်စေပါလိမ့်မယ်။ 🌱
အေးချမ်းစွာအနားယူဖို့ပဲဖြစ်ဖြစ်၊ အမှတ်တရဓာတ်ပုံလေးတွေ ဖန်တီးဖို့ပဲဖြစ်ဖြစ် စိမ်းလန်းတဲ့ ဥယျာဉ်လေးက သင့်ကို စောင့်နေပါတယ်နော်… 🍃🌸

🌧️“မိုးကြိုပန်း”🌸မိုးရေကျပြီးချိန်တိုင်း မြေပြင်ကနေ အလှတရားတစ်ခုလို ပေါက်ထွက်လာသလိုပဲ ပန်းလေးတစ်ပွင့်စီ ပွင့်လန်းလာတာကို...
05/05/2026

🌧️“မိုးကြိုပန်း”🌸

မိုးရေကျပြီးချိန်တိုင်း မြေပြင်ကနေ အလှတရားတစ်ခုလို ပေါက်ထွက်လာသလိုပဲ ပန်းလေးတစ်ပွင့်စီ ပွင့်လန်းလာတာကို မြင်ဖူးပါသလား?

အဲဒီပန်းလေးကတော့ 𝘡𝘦𝘱𝘩𝘺𝘳𝘢𝘯𝘵𝘩𝘦𝘴 𝘳𝘰𝘴𝘦𝘢 လို့ခေါ်တဲ့ 𝐏𝐢𝐧𝐤 𝐑𝐚𝐢𝐧 𝐋𝐢𝐥𝐲 ပါ။ မိုးရေကျပြီးနောက် ခဏအတွင်းမှာပဲ အလျင်အမြန် ပွင့်လာလို့ “𝐑𝐚𝐢𝐧 𝐋𝐢𝐥𝐲” လို့ခေါ်ကြပါတယ်။ Bulb(ပင်မြစ်လုံး)ကနေ ကြီးထွားလာပြီး မိုးရာသီမှာ အများဆုံး ပွင့်လန်းတတ်ပါတယ်။ နေရောင်ကောင်းကောင်းရတဲ့နေရာကိုကြိုက်ပြီး ရေစီးဆင်းမှုကောင်းတဲ့မြေဆီမှာ ပိုမိုကောင်းမွန်စွာ ကြီးထွားနိုင်ပါတယ်။ 🌱

သိမ်မွေ့နူးညံ့တဲ့ ပန်းနုရောင်လေးနဲ့ မိုးရေကြားထဲမှာပွင့်လာတဲ့ ဒီပန်းလေးဟာ အသစ်စတင်ခြင်း၊ မျှော်လင့်ချက်နဲ့ တိတ်ဆိတ်တဲ့ အေးချမ်းမှုကို ကိုယ်စားပြုနေသလိုပါပဲ။ 🌸

🌧️ မိုးရေကျတဲ့နေ့တွေမှာ ဒီပန်းလေးတွေ ပွင့်လန်းလာတာကို မြင်ရတာက သဘာဝကပေးတဲ့ သေးသေးလေးပေမယ့် အဖိုးတန်တဲ့ ပျော်ရွှင်မှုတစ်ခုပါ။ 💗

“ကမ္ဘာ့အလုပ်သမားနေ့”မေလ(၁)ရက်နေ့တွင် ကျရောက်သော (၁၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝှမ်းရ...
30/04/2026

“ကမ္ဘာ့အလုပ်သမားနေ့”

မေလ(၁)ရက်နေ့တွင် ကျရောက်သော (၁၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဂုဏ်အပ်ပြုပါသည်။ 👩🏻‍🌾🌱

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့)🌕ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။ကဆုန်လပြည့်နေ...
29/04/2026

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့)🌕

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဘုရားရှင်၏ ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊ နောက်ဆုံးဘဝ၌ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်းတို့သည် ကဆုန်လပြည့်တစ်နေ့တည်းတွင်သာ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်လေးမျိုးတို့နှင့် ပြည့်စုံသောကြောင့် ဤနေ့ကို “ကဆုန်လပြည့် ဗုဒ္ဓနေ့”ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။ ✨

ဤကဆုန်လပြည့်နေ့တွင် ဗောဓိပင်ကို ရေလောင်းသပ္ပာယ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်း၊ မိဘတို့အား ကျွေးမွေးပြုစုခြင်း၊ ဇီဝိတဒါနပြုခြင်း၊ ပံ့သကူပြစ်ခြင်း၊ ဆီမီး၊အမွှေးတိုင်ကပ်လှူခြင်းနှင့် မေတ္တာတရားများ ဖြန့်ဝေခြင်းတို့သည် ဒီနေ့၏ အဓိက အဓိပ္ပါယ်ဖြစ်ပါသည်။ 🕯️📿🪔

ကဆုန်လပြည့်နေ့၏ အလင်းရောင်အောက်တွင် မိမိစိတ်နှလုံးသားကို တိတ်ဆိတ်အေးချမ်းစေပြီး မေတ္တာ၊ ကရုဏာနှင့် ငြိမ်းချမ်းမှုတို့ဖြင့် ဘဝလမ်းကြောင်းကို တောက်ပနိုင်ကြပါစေ။ ဒီနေ့၏ ကုသိုလ်အကျိုးကြောင့် မိမိနှင့် မိသားစုများသာမက သက်ရှိသတ္တဝါအားလုံးတို့ ချမ်းသာသုခများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🏻

🎍 ဝါးဘိုးကြီး (𝐆𝐢𝐚𝐧𝐭 𝐁𝐚𝐦𝐛𝐨𝐨) 🎍ဝါးဘိုးကြီးဟာ သာမန်ဝါးမျိုးစိတ်တွေထဲမှာမဟုတ်ဘဲ အရွယ်အစားကြီးမားမှုနဲ့ ထူးခြားတဲ့အပင်တစ်မျိ...
24/04/2026

🎍 ဝါးဘိုးကြီး (𝐆𝐢𝐚𝐧𝐭 𝐁𝐚𝐦𝐛𝐨𝐨) 🎍

ဝါးဘိုးကြီးဟာ သာမန်ဝါးမျိုးစိတ်တွေထဲမှာမဟုတ်ဘဲ အရွယ်အစားကြီးမားမှုနဲ့ ထူးခြားတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် 𝘿𝙚𝙣𝙙𝙧𝙤𝙘𝙖𝙡𝙖𝙢𝙪𝙨 𝙜𝙞𝙜𝙖𝙣𝙩𝙚𝙪𝙨 လို့ သိကြပြီး အရှေ့တောင်အာရှဒေသတွေမှာ များစွာတွေ့ရပါတယ်။ 🌏

ဒီဝါးမျိုးဟာ မီတာ(၃၀)ကျော်အထိ မြင့်တက်နိုင်ပြီး တိုင်အချင်းလည်း အရမ်းကြီးမားတာကြောင့် 🎍“ဝါးဘိုးကြီး”🎍လို့ ခေါ်ကြတာပါ။ ထူးခြားတာတစ်ခုကတော့ ကြီးထွားနှုန်းအရမ်းမြန်တာဖြစ်ပြီး တချို့အခြေအနေတွေမှာ တစ်နေ့ကို စင်တီမီတာများစွာ တက်နိုင်ပါတယ်။ 🎋

ဝါးဘိုးကြီးဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုရှိပါတယ်။
• လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်စွမ်းမြင့်ပြီး လေထုသန့်ရှင်းရေးကို ကူညီပေးတယ် 🪴
• အမြစ်စနစ်ကြောင့် မြေညစ်ညမ်းခြင်းနဲ့ မြေဆီလွှာလျော့နည်းမှုကို ကာကွယ်ပေးတယ် ⛰️
• တိရစ္ဆာန်ငယ်များနဲ့ သစ်တောပတ်ဝန်းကျင်အတွက် နေထိုင်ရာနေရာတစ်ခု ဖြစ်စေတယ် 🐛🐦🦎🐜🐍

ဝါးဘိုးကြီးဟာ သဘာဝကို ကာကွယ်ပေးသလို လူသားတွေရဲ့ဘဝကိုလည်း အထောက်အကူပြုနေတဲ့ “𝐆𝐫𝐞𝐞𝐧 𝐇𝐞𝐫𝐨” တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ 💚

အပူချိန်လွန်ကဲသောရာသီဥတုအချိန်အခါတွင်မိမိကိုယ်တိုင်၏ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါစို့ 🧴☀️💦🌳☂️
19/04/2026

အပူချိန်လွန်ကဲသောရာသီဥတုအချိန်အခါတွင်မိမိကိုယ်တိုင်၏ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါစို့ 🧴☀️💦🌳☂️

“နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ” ✨🍀🙏🏻
16/04/2026

“နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ” ✨🍀🙏🏻

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ဥယျာဉ်တွင်းမြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်အကြိုနေ့(13.4.2026)တွင်သီ...
14/04/2026

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ဥယျာဉ်တွင်းမြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်အကြိုနေ့(13.4.2026)တွင်သီဆိုဖျော်ဖြေမှုပုံရိပ်လေးများကိုမှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ရှင်။ 💦💛

Address

Nandar Road, Pyin Oo Lwin
Maymyo
100201

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959259737736

Alerts

Be the first to know and let us send you an email when National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ်:

Share