Tourism Pyin Oo Lwin

Tourism Pyin Oo Lwin This page is managed by Pyin Oo Lwin branch office of the Ministry of Hotels and Tourism, Myanmar

17/01/2025
17/01/2025
03/01/2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ကျိုင်းတုံမြို့နယ် လွယ်မွေဒေသ ၌ ကျင်းပသည့် ချယ်ရီပန်းပွဲတော် (၂ဝ၂၅) ဖွင့်ပွဲသို့တက်ရောက်
**********************************************
နေပြည်တော် ဇန်နဝါရီ ၁
ချယ်ရီပန်းပွဲတော် (၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ လွယ်မွေဒေသ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော် (၂၀၂၅) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချယ်ရီပန်းပွဲတော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသေးစား၊ အငယ်စား၊ အလတ်စား MSME ထုတ်ကုန်ပြပွဲကိုယ်စား အာခါတိုင်းရင်းသားကိုယ်စားလှယ် ဦးမင်းညိုက ကျေးဇူး တင်စကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကများ နှင့် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ချယ်ရီပန်းပွဲတော်တွင် ကပြဖျော်ဖြေပေးကြသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြ ပြီး ချယ်ရီပန်းပွဲတော်တွင် ပြသရောင်းချကြသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Source From: MyanmarAlin




Youtube channel join ရန်
http://www.youtube.com/

Telegram channel join ရန်
https://t.me/mohttourism

03/01/2025

Address

Maymyo

Alerts

Be the first to know and let us send you an email when Tourism Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tourism Pyin Oo Lwin:

Share

Category