Phyu Phyu Travels & Tours

Phyu Phyu Travels & Tours ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန
ဝယ်ယူအားပေးမှုကို ကျေးဇူးအများကြီးတင်ရှိပါတယ် 🙏🙏🙏

19/02/2026

လေယာဉ်စစီးမယ့် ခရီးသွားမိတ်ဆွေတွေ ဒါတွေကိုမသိထားရင် ဒုက္ခရောက်နိုင်ပါတယ်
(၁) ပါဝါဘန့် (Power Bank) နှင့် ဘက်ထရီ အန္တရာယ်
🔸Power Bank တွေကို အပ်နှံမည့်အိတ် (Checked Baggage) ထဲမှာ (လုံးဝ) ထည့်မပေးရပါဘူး။ စက်နဲ့စစ်လို့ မိသွားရင် အိတ်ကိုပြန်ဖွင့်ထုတ်ခိုင်းတာ ဒါမှမဟုတ် သိမ်းဆည်းခံရတာမျိုး ဖြစ်တတ်ပါတယ်။
🔸Power Bank ကို လက်ဆွဲအိတ် (Hand Carry) ထဲမှာပဲ ထည့်ယူရပါမယ်။
🔸ပုံမှန်အားဖြင့် 20,000 mAh အောက်ဆိုရင် ပြဿနာမရှိပေမယ့် 32,000 mAh ထက်ကျော်ရင်တော့ လေယာဉ်ပေါ်သယ်ဆောင်ခွင့် မပြုပါဘူး။

(၂) လက်ဆွဲအိတ်ထဲက အရည်ပစ္စည်းများ (Liquids)
🔸လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ တန်ဖိုးကြီးရေမွှေးတွေ၊ လိုးရှင်းတွေကို လွှင့်ပစ်လိုက်ရတာမျိုး မဖြစ်စေဖို့ ဒါတွေလည်း သိဖို့ လိုအပ်ပါတယ်။
🔸လက်ဆွဲအိတ်ထဲမှာပါတဲ့ အရည်၊ ခရင်မ် (Cream)၊ သွားတိုက်ဆေး၊ ရေမွှေး စတာတွေဟာ တစ်ဗူးချင်းစီမှာ 100ml ထက်မကျော်ရပါဘူး။ (ဗူးခွံမှာ ရေးထားတဲ့ ပမာဏကိုပဲ ကြည့်တာဖြစ်လို့ ၁၀ဝ မီလီဗူးထဲမှာ နည်းနည်းပဲကျန်တာမျိုးကိုလည်း ခွင့်မပြုပါဘူး)။
🔸အရည်ဗူးအားလုံး စုစုပေါင်း (၁) လီတာထက် မပိုရပါဘူး။ 100ml ထက်ကျော်တဲ့ အရည်မှန်သမျှကို အပ်နှံမည့် အိတ်ကြီးထဲမှာပဲ ထည့်ရမှာ ဖြစ်ပါတယ်။

(၃) အိတ်အလေးချိန် (Weight Limit) စစ်ဆေးခြင်း
🔸လေယာဉ်လက်မှတ်မှာ ပါတာထက် အလေးချိန်ကျော်သွားရင် (၁ ကီလိုဂရမ်) ကို ဈေးနှုန်းအတော်များများ ပေးဆောင်ရတတ်ပါတယ်။
🔸Check-in မဝင်ခင်ချိန်ပါ။လေဆိပ်က အလေးချိန်တိုင်းစက်တွေမှာ ကြိုတင်ချိန်ကြည့်ပါ။ အလေးချိန်ကျော်နေရင် သူငယ်ချင်းအိတ်ထဲ ခွဲထည့်တာ ဒါမှမဟုတ် အဝတ်အစားတချို့ကို ထုတ်ဝတ်လိုက်တာမျိုး လုပ်လို့ရပါတယ်။

(၄) အပြန်လက်မှတ်နှင့် ဟိုတယ်ဘွတ်ကင် (Evidence of Return)
🔸ဒါက နိုင်ငံခြား Immigration (လူဝင်မှုကြီးကြပ်ရေး) မှာ ဒုက္ခရောက်နိုင်တဲ့ အချက်ပါ။
🔸နိုင်ငံအတော်များများဟာ အပြန်လက်မှတ် (Return Ticket) မပါရင် ပြည်ဝင်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်းတတ်ပါတယ်။
🔸ဘယ်ဟိုတယ်မှာ တည်းမှာလဲဆိုတဲ့ အထောက်အထား (Hotel Booking) ကို စာရွက်ထုတ်ထားပါ ဒါမှမဟုတ် ဖုန်းထဲမှာ အသင့်ပြနိုင်အောင် လုပ်ထားပါ။ အစစ်အဆေး တင်းကြပ်တဲ့အခါ ဒါတွေမပြနိုင်ရင် ခရီးလမ်းဆုံးသွားနိုင်ပါတယ်။

(၅) Gate ပိတ်ချိန်နှင့် Boarding Time
🔸လေယာဉ်လက်မှတ်ပေါ်မှာပါတဲ့ လေယာဉ်ထွက်ချိန် (Departure Time) က လေယာဉ်စပျံမယ့် အချိန်ပါ။ ဒါပေမဲ့ လေယာဉ်ပေါ်တက်ရမယ့် Gate ကိုတော့ လေယာဉ်မထွက်ခင် မိနစ် ၃၀ ကနေ ၄၅ မိနစ် အလိုမှာတင် ပိတ်လေ့ရှိပါတယ်။
🔸လေဆိပ် Duty Free ဆိုင်တွေမှာ ပစ္စည်းဝယ်ရင်း အချိန်လွန်သွားရင် လေယာဉ်လွတ်သွားနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း မိမိတက်ရမယ့် Gate ရှေ့မှာပဲ စောင့်ဆိုင်းပါ။

(၆) ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်
🔸လုံခြုံရေးစစ်ဆေးတဲ့အခါ ခါးပတ်ဖြုတ်ရတာ၊ ဖိနပ်ချွတ်ရတာတွေ လုပ်ရတတ်လို့ ချွတ်ရလွယ်တဲ့ ဖိနပ်မျိုး ဝတ်ဆင်တာ ပိုအဆင်ပြေပါတယ်။
🔸လေယာဉ်ပေါ်မှာ အေးတတ်တဲ့အတွက် အနွေးထည်ပါးပါးတစ်ထည် လက်ဆွဲအိတ်ထဲ ထည့်ထားဖို့ အကြံပြုပါတယ်။

📌Ko Leo Vlog မှ အကြံပြုချက်
🔸အရေးကြီးစာရွက်စာတမ်းတွေ (Passport, Visa, Ticket) ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပြီး Cloud (Google Drive/Gmail) ထဲမှာ သိမ်းထားပါ။ ဖုန်းပျောက်တာ ဒါမှမဟုတ် စာရွက်ပျောက်တာမျိုး ဖြစ်ခဲ့ရင် အမြန်ဆုံး ပြန်ရှာတွေ့နိုင်ဖို့ ဖြစ်ပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ 🙏

08/11/2025

လေယာဉ်လက်မှတ်နောက်ကျောမှာ ကပ်ပေးလိုက်တဲ့ Sticker လေးက ဘာလို့အရေးကြီးတာလဲ?
🔸လေယာဉ်စီးတိုင်း Boarding Pass ရဲ့ နောက်ဘက်မှာ ကပ်ပေးလိုက်တဲ့ Sticker လေးကို တွေ့ဖူးကြမှာပါ။ အဲ့ဒီ Sticker လေးက ဘာလဲ? ဘာအတွက် အသုံးဝင်သလဲ?ပြောပြပေးပါမယ်။

📌Sticker ထဲမှာ ဘာတွေပါလဲ?
🔸ဘားကုဒ် (Barcode) - သင့်ခရီးဆောင်အိတ်ရဲ့ မှတ်ပုံတင်နံပါတ်လိုပါပဲ။ ဒီနံပါတ်ဟာ သင့်အိတ်တစ်လုံးတည်းအတွက် သီးသန့်ဖြစ်ပါတယ်။
🔸လေယာဉ်အမှတ် (Flight Number) - မိမိစီးရမယ့် လေယာဉ်ခရီးစဉ်နံပါတ်။
🔸ဦးတည်ရာနေရာ (Destination) - သင့်အိတ် ရောက်ရမယ့် နောက်ဆုံးလေဆိပ်။
🔸ခရီးသည်အမည် - အိတ်ပိုင်ရှင်ရဲ့ အမည်ကို အတည်ပြုဖို့ပါ။

📌ဘယ်လို အသုံးဝင်လဲ?
(၁) အိတ်မှားမှု ကာကွယ်ပေးခြင်း
🔸လေဆိပ်ဝန်ထမ်းတွေဟာ ဒီ Sticker ကို စက်နဲ့ဖတ်ပြီး အိတ်က ဘယ်လေယာဉ်ပေါ် တင်ရမယ်ဆိုတာကို အလိုအလျောက် သိရှိနိုင်ပါတယ်။ ဒါကြောင့် အိတ်တွေ မှားတင်မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) ပျောက်ဆုံးတဲ့အိတ်ကို မြန်မြန်ရှာဖွေပေးနိုင်ခြင်း
🔸မမျှော်လင့်ဘဲ သင့်ခရီးဆောင်အိတ် ပျောက်သွားခဲ့ရင်တောင် ဒီ Sticker က အလွန်အရေးကြီးလာပါတယ်။ Sticker မှာပါတဲ့ ဘားကုဒ်နံပါတ်နဲ့ အချက်အလက်တွေကို အသုံးပြုပြီး လေဆိပ်ဝန်ထမ်းတွေဟာ အိတ်ရဲ့ နောက်ဆုံးတည်နေရာကို ချက်ချင်း ခြေရာခံကာ ရှာဖွေပေးနိုင်ပါတယ်။

📌အိတ်ပျောက်ခဲ့ရင် ဘာလုပ်ရမလဲ?
(၁) ချက်ချင်း အသိပေးပါ
🔸လေယာဉ်ဆင်းပြီးတာနဲ့ Baggage Claim Area ထဲက "Baggage Service Office" သို့ သွားပါ။ မိမိရဲ့အိတ် မတွေ့ကြောင်း ချက်ချင်း အသိပေးပါ။

(၂) Sticker ကို အသုံးပြုပါ
🔸လေယာဉ်လက်မှတ်ပေါ်က Sticker မှာ ပါဝင်တဲ့ ဒီအချက်တွေကို ဝန်ထမ်းတွေကို ပေးပါ။
🔸PIR Number (ပျောက်ဆုံးမှု အစီရင်ခံစာ နံပါတ်)
🔸Baggage Tag Number (အိတ်တံဆိပ်နံပါတ် - ဥပမာ: 26OCT 02/018HKT 1P/MG
🔸Flight Details (ခရီးစဉ်အချက်အလက်များ)

(၃) အစီရင်ခံစာ ဖြည့်ပါ
🔸PIR Form ကို အတိအကျဖြည့်ပါ။ အိတ်ရဲ့ အရောင်၊ အရွယ်အစား၊ အမှတ်တံဆိပ် စတာတွေကို ဖော်ပြပြီး အတွင်းက ပစ္စည်းတွေရဲ့ စာရင်းကိုလည်း ပြုစုပေးရပါမည်။

📌Ko Leo Vlog မှ ခရီးသွားမိတ်ဆွေ အကြံပြုချက်
🔸လက်မှတ်နဲ့ Sticker ကို ခရီးစဉ်မပြီးဆုံးမချင်း (အိတ်ပြန်မယူရမချင်း) လုံးဝ မပစ်ပါနဲ့။
🔸Check In Counter မှာ အိပ်အပ်ပြီးလို့ Boarding Pass ရဲ့ နောက်ကျောမှာ Counter မှ ဝန်ထမ်းက Sticker ကပ်ပေးလိုက်ပြီလားဆိုတာ စစ်ဆေးပါ။
🔸မိမိ ခရီးဆောင်အိတ်ရဲ့ ဓာတ်ပုံကို Check In Counter မှာ မအပ်ခင် ကတည်းက ရိုက်ထားတာ ကောင်းပါတယ်။

"ခရီးသွားမိတ်ဆွေများအားလုံး
အဆင်ပြေကြပါစေ"🙏
copy
koleovlog

02/08/2025

◾လေယာဉ်နဲ့ခရီးသွားတဲ့အခါ ဘယ်လိုခရီးဆောင်အိတ်မျိုးကိုဝယ်ရမယ်၊ဘယ်လိုပစ္စည်းတွေက သယ်ယူလို့အဆင်မပြေဖြစ်နိုင်လဲဆိုတာ ခရီးသွားဧည့်သည်တော်များ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

▪️အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်ချရင်လဲ မကွဲလောက်မယ့် အိတ်ကိုဝယ်ပါ။ သုံးမယ့်အိတ်ကို မဖြစ်မနေ ဘီးပါတာဝယ်ပါ။ Luggage CheckThrough မရတဲ့အခါကိုယ်တိုင်သယ်ရတာဖြစ်လို့ ဘီးမပါလို့ မ နေရရင် Transit ဝေးရင်ဝေးသလောက် ပင်ပန်းပါတယ် ။

▪️ Luggage ထဲထည့်သယ်မယ့် ပစ္စည်းများထဲမှာ သံထည်ပစ္စည်းနဲ့ အရည်ပါတဲ့အရာနဲ့ ဆေးဝါးပစ္စည်းတွေ မထည့်တာက Save အဖြစ်ဆုံးဖြစ်ပါတယ်။( အကုန် အသေးစိတ် အစစ်ခံရမှာမို့ အခန့်မသင့်ရင် စစ်တဲ့နေရာမှာ ထားခဲ့ရနိုင်ပါတယ်)

▪️ဖိနပ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးဖိနပ် ဝယ်ပါ။ နေရာဝေးတဲ့Transitကိုသွားရတာမျိုးရှိတဲ့အခါဖိနပ်ပေါက်ရင် ခြေထောက်အရမ်းနာပြီး ပင်ပန်းစေပါတယ်။

▪️ Power bank ပါလျှင် HandCarry ထဲပဲ ထည့်သယ်လို့ရပါမယ်။Mobile Battery Charging , ဓါတ်ခဲပါတဲ့လျှပ်စစ်ပစ္စည်းအမျိုးအစားက Check in baggage အိတ်အကြီးထဲထည့်သယ်လို့မရပါ။100Wh ~ 160 Wh ( 43243 mAh) ထိဆို လူတစ်ယောက်ကို (2) ခုထိဘဲ သယ်ခွင့်ရှိပါတယ်။

▪️Laptop က ကျောပိုးအိတ် (သို့) HandCarry အနေနဲ့လက်ကဆွဲသွားလို့ရပါတယ်။

▪️ရွှေထည်ပစ္စည်းက လူတစ်ကိုယ်စာ ဝတ်ဆင်သွားရင်ရပါတယ်။

▪️ကျောပိုးအိတ် လွယ်လို့ရပါတယ်။ ပုံမှန်ဆို ထည့်မချိန်ပါ။ အရမ်း Size ကြီးနေတာမျိုး၊ လေးတဲ့ပုံစံသိသာရင်တော့ HandCarry နဲ့ပေါင်းချိန်တာမျိုး၊ ပစ္စည်းလျှော့ခိုင်းတာမျိုးတွေ လုပ်တတ်ပါတယ်။ (ဆိုဒ်သေးတဲ့ ကျောပိုးအိတ်ရွေးချယ်ပြီး မဖောင်းစေတဲ့ အရာတွေထည့်သင့်ပါတယ်)

▪️Snack မုန့်ထုပ်နဲ့ Ready အစားအစာ(အရည်မပါ) တာမျိုးတွေက Hand Carry နဲ့ကျောပိုးအိတ်ထဲထည့်သယ်လို့ရပါတယ်။

▪️အသီးရွက်၊ အသားငါး၊ အခြောက်အခြမ်း၊ အကြော်အလှော်တွေက ဆီလုံအောင်သေချာပိတ်ပြီး Check in baggage အိတ်အကြီးထဲထည့်တာကောင်းပါတယ်။ အနံ့ထွက်မှာစိုးရင် ပုံမှန် ကြွပ်ကြွပ်အိတ်နဲ့ အရင်ထည့်ပါ။အိတ်ကိုလေထုတ်ပီးရင် သားရေကွင်း(သို့) ကြိုးနဲ့ ကြပ်ကြပ်လေးချည်၊ ပြီးရင် Zip Lock အိတ်အကြည်နဲ့ထည့်လိုက်ရင် အနံ့က တော်တော်လုံသွားပါတယ်။

▪️ပစ္စည်းထည့်တဲ့အခါ အိတ်ရဲ့ အောက်ခြေမှာ အဝတ်အစား အနည်းငယ်စီထည့်၊ ပြီးရင်မမြင်စေချင်တာတွေစီထည့်၊ ပြီးရင် အဝတ်အစားများကိုပဲ အပေါ်ကစီထည့်ပါ။ Luggage 2PC ရလို့ အိတ်နှစ်လုံး သယ်ခွင့်ရှိရင်တချို့က တစ်အိတ်က အဝတ်အစား၊ တစ်အိတ်က စားစရာဆိုပြီး ထည့်တတ်ကြပါတယ်။ အဲ့လိုမလုပ်ပဲနှစ်အိတ်လုံးမျှထည့်တာ ကောင်းပါတယ်။

▪️ Kg ဘယ်လောက်ရလဲဆိုတာကို လေယာဉ်လက်မှတ်ထဲမှာကြည့်ပြီး ပစ္စည်းထည့်တဲ့အခါ အလေးချိန်ကို တွက်ပီးထည့်တာကောင်းပါတယ်။အရမ်းအများကြီး Kg တွေပိုလို့ လေဆိပ်မှာ ထုတ်ထားခဲ့ရရင် ပစ္စည်းမဆုံးရှုံးရင်တောင် အရေးကြီးတာတွေ ချန်ခဲ့ရနိုင်ပါတယ်ဆို သတိပြုစေချင်ပါတယ်။

▪️ဒီလောက်ဆိုရင်တော့ ခရီးသွားတဲ့အခါ ဘာတွေပြင်ဆင်ရမယ်ဆိုတာ ဧည့်သည်တော်များသိရှိလောက်ပီဖြစ်တဲ့အတွက် လမ်းခရီးမှာအဆင်ပြေချောမွေ့ပါစေလို့ Phyu Phyu- Air Tickets မှဆုတောင်းပေးလိုက်ပါတယ် 🙏

26/02/2025

လေယာဉ်ကွင်း(လူဝင်မှုကြီးကြပ်ရေးဌာန)မှာမေးတတ်တဲ့မေးခွန်းနှင့်အဖြေတွေအကြောင်းပြောပြချင်ပါတယ်။

ဟိုနေ့က မေးခွန်းတွေအကြောင်းပဲတင်ထားလို့ ဒီနေ့ဘယ်လိုဖြေရမလဲ/ဘယ်လိုဖြေသင့်လဲဆိုတာလေးရေးပေးလိုက်ပါတယ်ဗျ✨

🚨1. What is the purpose of your visit? / သင့်ရဲ့ခရီးစဉ်ရည်ရွယ်ချက်က ဘာပါလဲ?
- I'm here for tourism / ခရီးသွားဖို့ လာတာပါ
- I'm here for business / စီးပွားရေးကိစ္စအတွက် လာတာပါ
- I'm visiting family / မိသားစုထံ လည်ပတ်ဖို့ လာတာပါ

🚨2. How long will you stay? / ဘယ်လောက်ကြာကြာ နေမှာလဲ?
- I'll stay for [number] days/weeks / [နံပါတ်] ရက်/ပတ် နေမှာပါ
- I plan to stay until [date] / [ရက်စွဲ] အထိ နေဖို့ စီစဉ်ထားပါတယ်

🚨3. Where will you be staying? / ဘယ်မှာ တည်းခိုမှာလဲ?
- I'm staying at [hotel name] / [ဟိုတယ်နာမည်] မှာ တည်းမှာပါ
- I'm staying with family/friends / မိသားစု/သူငယ်ချင်းတွေနဲ့ တည်းမှာပါ

🚨4. Is this your first visit to our country? / ကျွန်တော်တို့နိုင်ငံကို ပထမဆုံးအကြိမ် လာတာလား?
- Yes, this is my first time / ဟုတ်ပါတယ်၊ ပထမဆုံးအကြိမ်ပါ
- No, I've been here before / မဟုတ်ပါဘူး၊ အရင်ကလည်း ရောက်ဖူးပါတယ်

🚨5. Do you have a return ticket? / ပြန်လည်ထွက်ခွာမယ့် လက်မှတ်ရှိပါသလား?
- Yes, here it is / ဟုတ်ကဲ့၊ ဒီမှာပါ
- Yes, I'm leaving on [date] / ဟုတ်ကဲ့၊ [ရက်စွဲ] မှာ ပြန်ထွက်မှာပါ

🚨6. How much money are you carrying? / ငွေဘယ်လောက် သယ်ဆောင်လာပါသလဲ?
- I have [amount] in cash / ငွေသား [ပမာဏ] ပါပါတယ်
- I have credit cards / ခရက်ဒစ်ကတ်တွေ ပါပါတယ်

🚨7. What is your occupation? / သင့်ရဲ့အလုပ်အကိုင်က ဘာလဲ?
- I'm a [job title] / ကျွန်တော်/ကျွန်မက [အလုပ်အကိုင်] ပါ

🚨8. Can I see your visa? / ဗီဇာပြပါ။
- Here is my visa / ဟုတ်ကဲ့၊ ဒီမှာပါ

🚨9. Do you have a contact address or phone number in our country? / ကျွန်တော်တို့နိုင်ငံမှာ ဆက်သွယ်နိုင်မယ့် လိပ်စာ (သို့) ဖုန်းနံပါတ် ရှိပါသလား?
- Yes, here are the details / ဟုတ်ကဲ့၊ အသေးစိတ်က ဒီမှာပါ

💡အကြံပေးချင်တာလေးကတော့
- စာရွက်စာတမ်းအားလုံးကို အသင့်ပြင်ဆင်ထားပါ
- ရိုးသားစွာ ဖြေဆိုပါ
- မသေချာတာရှိရင် ထပ်မံမေးမြန်းပါ
- သင့်ရဲ့ ပတ်စ်ပို့၊ ဗီဇာ၊ arrival card တို့ကို လွယ်ကူစွာ ထုတ်ယူနိုင်အောင် အသင့်ပြင်ထားပါ​​​​​​​​​​​​​​

အားလုံးအဆင်ပြင်ချောမွေ့ကြပါစေ 🙏
crd

လေယာဉ်လက်မှတ်ဝယ်ပြီးရင် ဒီအချက်တွေ ပြန် Check ဖို့မမေ့နဲ့နော်🤗
09/01/2025

လေယာဉ်လက်မှတ်ဝယ်ပြီးရင် ဒီအချက်တွေ ပြန် Check ဖို့မမေ့နဲ့နော်🤗

ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။၁။ Fa...
03/01/2025

ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ Family Name ကတော့ မရှိတဲ့အတွက် ထည့်စရာမလိုပါဘူး။

၂။ First Name
Passport ထဲက ပထမဆုံး အမည်ကို ထည့်ပါ။

၃။ Middle Name
Passport ထဲက အလယ်က အမည်ကို ထည့်ပါ။

၄။ Male
မိမိက ယောက်ျားလေးဖြစ်ပါက အမှန်ခြစ်ပါ။

၅။ Female
မိမိက မိန်းကလေးဖြစ်ပါက အမှန်ခြစ်ပါ။

၆။ Nationality
Myanmarလို့သာဖြည့်ပါ။

၇။ Occupation
မိမိရဲ့ အလုပ်အကိုင်ကို ဖြည့်ပါ။

၈။ Passport Number
မိမိနိုင်ငံကူးစာအုပ်(passport)စာအုပ်ရဲ့ဂဏန်း8လုံးကို ဖြည့်ပေးပါ။

၉။ Place of Issue
Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)

၁၀။ Date of Issue
Passport စာအုပ် ထုတ်ပေးတဲ့ ရက်ကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)

၁၁။ Visa Number
သူကတော့ ၁၄ ရက် အလည်အပတ် သွားသူ‌ေတွ ဖြည့်စရာမလိုပါဘူး။ Visaနဲ့သွားသူတွေကတော့ visaနံပါတ်ဖြည့်ပေးရပါမယ်။

၁၂။ Place of Issue
Visa ထုတ်ပေးတဲ့နေရာကို ဖြည့်ပါ။

၁၃။ Date of Issue
Tourist visa ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ ရက်ကို ဖြည့်‌ေပးရပါမည်။

၁၄။ From
ပြန်လာတဲ့နိုင်ငံကို ‌ဖြညါ့ပေးရပါမယ်။

၁၅။ By Rail (မီးရထားနဲ့လား),By Road (ကုန်းလမ်း နဲ့လား), By Ship (သင်္ဘောနဲ့လား)
အဲ့ဒါတွေ တစ်ခုမှမဟုတ်တဲ့အတွက် အမှန်ချစ်စရာမလိုပါဘူး။

၁၆။ By Air
သူကို အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် နံပါတ်ကိုရေးပါ။(‌ေလယာဉ်နံပါတ်မသိရင် လေယာဉ်လက်မှတ်မှာပြန်ကြည့်လို့ရပါိတယ်)

၁၇။ First Trip To Myanmar မှာကတော့ No ကိုအမှန် ခြစ်ပေးပါ။

၁၈။ Travelling on group Tour
Noကိုပဲ အမှန်ခြစ်ပေးပါ။
အသင်းအဖွဲ့နဲ့သွားမှ Yes ကိုခြစ်ရပါမယ်။

၁၉။ Length of Stay
ဘယ်နှစ်ရက်နေမှာလဲ ဖြည့်‌ေပးပါ။

၂၀။ Purpose Of Visit မှာ
Tourist - အလည်အပတ် နဲ့သွားတဲ့သူက Tourist ကိုခြစ်ပါ။

၂၁။ Country of Residence
ဘယ်မြို့၊ဘယ်နိုင်ငံကလဲ?

၂၂။ Address in Myanmar
မြန်မာနိုင်ငံက လိပ်စာကိုဖြည့်ပါ။

၂၃။ ID Card Number
မိမိရဲ့ မှတ်ပုံတင်နံပါတ်ကို ဖြည့်ပါ။

၂၄။ Father Name
အဖေ အမည်ဖြည့်ပါ။

၂၅။ Signature
လက်မှတ်ထိုးပါ။

မသိသေးသောခရီးသွားမိတ်ဆွေ‌ေဘာ်ဒါ‌ေရာင်ရင်းများအတွက်သာဖြစ်ပါသည်။

28/12/2024

1. Airport = လေဆိပ်
2. Passport = နိုင်ငံကူးလက်မှတ်
3. Ticket = လက်မှတ်
4. Boarding pass = လေယာဉ်စီးလက်မှတ်
5. Luggage = ခရီးဆောင်အိတ်
6. Baggage claim = အိတ်ယူရန်
7. Check-in = စစ်ဆေးမည့်နေရာ
8. Security Gate= လုံခြုံရေးဂိတ်
9. Terminal = ဂိတ်
10. Departure = ထွက်ခွာခြင်း
11. Arrival = ရောက်ရှိခြင်း
12. Customs = အကောက်ခွန်ဌာန
13. Immigration =လူဝင်မှုကြီးကြပ်ရေး
14. Flight = လေယာဉ်
15. Pilot = လေယာဉ်မှူး
16. Flight attendant = လေယာဉ်မောင်/မယ်
17. Passenger = ခရီးသည်
18. Seat = ထိုင်ခုံ
19. Aisle Seat= လျှောက်လမ်းဘေးမှထိုင်ခုံ
20. Window seat = ပြတင်းပေါက်ဘေးမှထိုင်ခုံ
21. Takeoff = လေယာဉ်ထွက်ခွာခြင်း
22. Landing = လေယာဉ်ဆင်းခြင်း
23. Layover = နောက်လေယာဉ်မစီးခင်စောင့်ဆိုင်းချိန်
24. Connecting flight = နောက်တဆင့်စီးရန်လေယာဉ်
25. Direct flight = တိုက်ရိုက်လေယာဉ်
26. Domestic flight = ပြည်တွင်းလေယာဉ်
27. International flight = ပြည်ပယာဉ်
28. Gate number = ဂိတ်နံပါတ်
29. Flight number = လေယာဉ်နံပါတ်
30. Seatbelt = ထိုင်ခုံခါးပတ်
31. Emergency exit = အရေးပေါ်ထွက်ပေါက်
32. Lost and found department= ပစ္စည်းပျောက်ဆုံးသည့်အခါ
33. Travel insurance = ခရီးသွားအာမခံ
34. Duty-free shop = အခွန်ကင်းစီးပွားရေး
35. Announcement = ကြေငြာချက်

🙏

10/11/2024

Other - တစ်ညအိပ်ခရီး🧳🎒✈️😁
Me - 😆👇🏻

MAI လေယာဉ်စီးပြီး ရန်ကုန်လေဆိပ်ကိုပြန်လာမယ်ဆို Arrival Card ပေါ်မှာဖြည့်ရတဲ့ (25) ချက် Immigration မှာဖြည့်ပြီး ပေးခဲ့ရတ...
02/11/2024

MAI လေယာဉ်စီးပြီး ရန်ကုန်လေဆိပ်ကိုပြန်လာမယ်ဆို Arrival Card ပေါ်မှာဖြည့်ရတဲ့ (25) ချက်
Immigration မှာဖြည့်ပြီး ပေးခဲ့ရတဲ့ Arrival Card ကို အလွယ်တကူ ဘယ်လိုဖြည့်ရမလဲ?
(1) Family Name ကတော့ ရှိရင်ထည့်ပါ။
(2) First Name
မိမိ အမည် ၏ ရှေ့ကအမည် ကို ထည့်ပါ။
(ဥပမာ - Zaw)
(3) Middle Name
မိမိ အမည် ၏ အလယ်က အမည် ကို ထည့်ပါ။
(ဥပမာ - Min)
(4) Male
ယောက်ျားလေးဆို အမှန်ခြစ်ပါ။
(5) Female
မိန်းကလေးဆို အမှန်ခြစ်ပါ။
(6)Nationality
ဒီမှာတော့ မြန်မာ သာဖြည့်ပါ။(Myanmar)
(7) Occupation
မိမိ ၏ အလုပ်အကိုင်ကိုဖြည့်ပါ။
(8) Passport Number
မိမိ ၏ နိုင်ငံကူးလက်မှတ် မှာ ပါတဲ့ ပါတ်စပို့စ် နံပါတ်ကိုရေးပါ။
(Passport စာအုပ်မှာ မိမိ၏ နံပါတ်ပါ ပါတယ်)
(9) Place of Issue
ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
(Passport စာအုပ်)
(10) Date of Issue
ထုတ်ပေးတဲ့ ရက် ကိုဖြည့်ပါ။
(Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ရက်)
(11) Visa Number ကတော့ Visa နဲ့ သွားတဲ့သူသာ ဖြည့်ရပါတယ်။
(ပုံမှန် ၁၄ ရက် အလည်အပတ် သမားတွေတော့ ဖြည့်စရာမလိုပါဘူး)
(12) Place of Issue
Visa ထုတ်ပေးတဲ့နေရာကို ဖြည့်ပါ။
(13) Date of Issue
ဒီ Date of Issue ကတော့ (ဥပမာ ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ရပါမည်)
(14) From
ဘယ်ကပြန်လာတာလဲ? (ဥပမာ-ဘန်ကောက်,စင်္ကာပူ)
(15) By Rail (မီးရထားနဲ့လား),By Road (ကုန်းလမ်း နဲ့လား, By Ship (သင်္ဘောနဲ့လား)
📌ဒီ 15 မှာတော့ခြစ်စရာမလိုပါဘူး။
(16) By Air ကို အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် နံပါတ်ကိုရေးပါ။
ဥပမာ-8M ဘယ်လောက်။
(17) First Trip To Myanmar မှာ No ကိုခြစ်ပါ။
(18) Travelling on group Tour
အသင်းအဖွဲ့နဲ့သွားမှ Yes ကိုခြစ်ပါ။
ပုံမှန်ကတော့ No ပါ။
(19) Length of Stay
ဘယ်နှစ်ရက်နေမှာလဲ ဖြည့်ပါ။
(20) Purpose Of Visit မှာ
Tourist - အလည်အပတ် နဲ့သွားတဲ့သူက Tourist ကိုခြစ်ပါ။
(21) Country of Residence
ဘယ်မြို့၊ဘယ်နိုင်ငံကလဲ?
(22) Address in Myanmar
မြန်မာနိုင်ငံက နေရပ် လိပ်စာကိုဖြည့်ပါ။
(23) ID Card Number
မိမိ၏ မှတ်ပုံတင် နံပါတ်ကိုဖြည့်ပါ။
(24) Father Name
မိမိအဖေ အမည်ဖြည့်ပါ။
(25) Signature
မိမိ လက်မှတ်ထိုးပါ။
"မသိသေးသောခရီးသွားမိတ်ဆွေများအတွက်ဖြစ်ပါသည်"

🙏🏻
16/10/2024

🙏🏻

Address

May Yu Road
Minbya

Telephone

+959459399030

Website

Alerts

Be the first to know and let us send you an email when Phyu Phyu Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category