12/02/2020
🌷🌺🌷🍁 ချင်းပြည်နယ်ခရီးစဥ် 🌹🌷🥀🍂
🏞🚩🍁 ချင်းပြည်နယ် ခရီးစဥ်လို့ ဆိုလိုက်ရင် ဘယ်မြို့တွေကို သွားတာလဲဆိုတာ ဝေခွဲမရဖြစ်တတ်ကြတဲ့ ဧည့်သည်တွေအနေနဲ့ စိတ်မပူပါနဲ့ခင်ဗျာ😍
ချင်းပြည်နယ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ရှိတဲ့အထဲမှ တောင်ပိုင်းမှာ အထင်ကရလည်ပတ်စရာ နတ်မတောင် သို့ ခေါနှူးသုမ်၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေ ပါရှိပြီး ချင်းမြောက်ပိုင်းမှာတော့ လည်ပတ်စရာအဖြစ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ Rih ရေကန်၊ တီးတိန်၊ ကနေဒီ ၊လေသာတောင် နှင့် သိုင်းငင်းကျေးရွာ၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ တို့ပါဝင်ပါတယ်၊
Real choice အနေနဲ့တော့ အနည်းငယ် သွားလာရခက်ခဲသေးတဲ့ ချင်းပြည်မြောက်ပိုင်းမှ နေရာတွေ အဓိကထားပြီး ဧည့်သည်များကိုပို့ဆောင်ပေးလျက် ရှိတယ် ဆိုပေမယ့် ချင်းပြည်မြောက်ပိုင်းရော တောင်ပိုင်းပါ အနှံ့သွားလိုတဲ့ ဧည့်သည်များကိုလဲ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်၊
======================================
🚩🚩🚩 ချင်းပြည် မြောက်ပိုင်း 🚩🚩🚩
မြောက်ပိုင်းခရီးစဥ်ကို ရန်ကုန်မြို့မှ အံစာတုံး 14 seaters Hiace ကားများဖြင့် စတင်ထွက်ခွာပေးပြီး Day ☝ မှာတော့ ပင်လယ်ရေမျက်နှာပြင် အမြင့် 6120 ft ရှိတဲ့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှ စတင်လည်ပတ်ပါတယ်၊
🏰🏰 Hakha view point ရှိတာကြောင့် နံနက်စောစောဆိုရင် သိပ်ကိုလှပတဲ့ တိမ်ပင်လယ်နဲ့အတူ တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရတာမို့ မြင်ကွင်းတွေက အရမ်းလှပလွန်းပါတယ်၊ ချင်းလူမျိုးတို့ရဲ့အစားအသောက် အဖြစ် 🥘 ဆာဘူးသီး၊ 🥘 ယာဘူးသီး စမ်းသပ်စားသုံးလိုသူတွေ အတွက်လဲ အဆင် ပြေပါတယ်၊ နံနက်ခင်း 🍆🥕 ဈေးတန်းလေး နားမှာရှိတဲ့ Motel လေးမှာ အိပ်တာမို့ နံနက်စောစောထပြီး 🚶🚶♀️ ဈေးတန်းလေးပတ်၊ ဒေသခံတွေနဲ့ ထိတွေ့၊ စကားပြောလို့ ရတာပေါ့ ခင်ဗျာ၊
ပြီးရင်တော့ ဟားခါးနဲ့ သိပ်မဝေးတဲ့ ထန်တလန်မြို့လေးကိုပါ၊ ဟားခါးမှ ၂၅ မိုင်သာဝေးပြီး 🌴🌴 ထင်းရှူးပင်တန်းတွေနဲ့ လှပလွန်းပြီး view point လည်းရှိလို့ စိတ်ကြိုက် 📷📷 ဓာတ်ပုံရိုက်ရမယ့် နေရာတွေပါပဲနော်၊ သွားရာလမ်းမှာဖြတ်သန်းရမယ့် တိမစ် လွင်ပြင်မှာလည်း ဓာတ်ပုံရိုက်ဖို့ အလွန်လှပပါတယ်၊
Day ✌ မှာတော့ တောင်တန်းတွေအတိုင်း 🚙🚙 ဖြတ်သန်းပြီး ဖလမ်းမြို့လေးဆီပါ၊ ဖလမ်းမြို့လေးဟာ ကိုလိုနီခေတ် 1892 ခုနှစ်မှာ စတည်ခဲ့တာဖြစ်ပြီး တောင်စောင်းလေးတွေမှာ အရောင်စုံအိမ်လေးတွေနဲ့နေကြတာဖြစ်လို့ အမြင်ဆန်းပြီး လှပပါတယ်၊ ဖလမ်းတစ်မြို့လုံးကို အပေါ်စီးကနေ မြင်နိုင်တဲ့ နေရာလေးမှာ 📷📷 ဓာတ်ဖမ်းမယ်၊ ပြီးရင်တော့ ချင်းပြည်ထွက် ကော်ဖီလေး ☕☕☕ သောက်ပြီး view အရမ်းကောင်းတဲ့ ဆိုင်လေးမှာ ခဏနားကြပါမယ်၊ ဖလမ်းပြီးရင်တော့ အသဲနှလုံး ရှိရာ Rih ရေကန်ကို သွားကြပါမယ်၊ ညနေခင်း စောစော ရောက်ရင် ကန်ဘေးနဲ့ view point ဖြစ်တဲ့ ကျောင်းဝင်းလေးကနေ ရေကန်ကြီး နောက်ခံထားပြီး 📷📷 အကြိုက်ရိုက်လို့ရပါမယ်၊ တစ်ညတာအိပ်စက်မယ့် နေရာလေးကိုလဲ ရောက်ပြီမို့ ပင်ပန်းခဲ့သမျှ ရေကန်နားမှာ အမောဖြေပြီး တစ်ညတာပင်ပန်းမူအတွက် ရိဒ်ရွှေပြည် တည်းခိုခန်းလေးမှာ ညအိပ်စက်ပါမယ်။
Day 3️⃣ နံနက်စာစားပြီးတာနဲ့ ရိဒ်ခေါ်ဒါရ်နဲ့ ကပ်လျက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲက ဇိုခေါ်ရမ် ဆိုတဲ့မြို့လေးကို ခဏသွားကြည့်ကြပါမယ်၊ ပြီးရင်တော့ တီးတိန်မြို့လေးကို 🚙🚙🚙 ကားစီးကြပါမယ်၊ တီးတိန်မှာ 🍽🍽 နေ့လည်စာစား၊ ပြီးနောက် ရှောင်စောင်း စံပြကျေးရွာမှာ ဟိုးယခင် ချင်းလူမျိုးတွေ နေထိုင်ခဲ့တဲ့ ရိုးရာအိမ်၊ ချင်းရိုးရာ ဝတ်စုံတွေရဲ့ အဓိပ္ပါယ်တွေကို လေ့လာပြီး၊ ချင်းပြည်နယ်ရဲ့ ဒုတိယ အမြင့်ဆုံးတောင် ကနေဒီကို ခြေလျင် တက်ကြပါမယ်၊ ချင်းပြည်နယ်ရဲ့ ကျော်ကြားလှတဲ့ 🌹🌹🌹 တောင်ဇလပ် အနီရဲရဲတွေ အကြိုက်တွေ့ရမယ့်နေရာပါ၊ တောင်ဆင်းတောင်တက် 🚶🚶 ၃ နာရီလောက်ကြာနိုင်ပေမဲ့ ပြေပြေ လေးပဲ တက်ရမှာမို့ ပုံမှန် လမ်းလျောက်ကျင့်ရှိရင် တက်နိုင်ပါတယ်ခင်ဗျာ၊ 🏔🏔 ကနေဒီပြီးရင်တော့ လေသာ တောင်ကြားလေးကို သွားကြပါမယ်၊ လေထန်လွန်းလို့ လေထန်ကုန်းလို့လဲ ခေါ်ကြပါတယ်၊ တကယ်လဲ လေတိုက်လွန်းတဲ့နေရာလေးဖြစ်ပြီး သာယာလွန်းလှပါတယ်၊ ညပိုင်းမှာတော့ ကလေးမြို့လေးက Holiday Villa မှာ ညအိပ်စက် အနားယူကြပါမယ်၊
ချင်းတောင်တန်းတွေရဲ့ အမှတ်အသား ဖြစ်တဲ့
🌸🌸ချယ်ရီ🌸🌸🌺🌺 တောင်ဇလပ်🌺🌺 ပန်းတွေကိုတော့ ဇန်နဝါရီလလောက်ကစပြီး အများအပြားတွေ့နိုင်ပြီ ဖြစ်ပါတယ်၊
Day 4️⃣ နံနက်စာ Hotel မှာ စားပြီးတာနဲ့ ကလေးမြို့ရဲ့ လည်စရာတွေဖြစ်တဲ့ ကျောက်ဂူ ဘုန်းတော်ကြီးကျောင်း၊ ရေဆန်ကျွန်းဘုရားတွေ လည်ပတ်ပြီး ရင်တော့ အိမ်ပြန် အမှတ်တရ အိန္ဒိယ ပစ္စည်းများ၊ ချင်း အထည်များဝယ်ယူဖို့ ပင်ရင်းဆိုင်ဆီ ပို့ပေးပါမယ်၊ စိတ်ကြိုက်ဝယ်ပြီးပြီဆိုရင်တော့ ကလေးမြို့ကို နှုတ်ဆက်ထွက်ခွာပါမယ်၊ အပြန်ခရီးမှာ ယောဒေသများကို ဖြတ်သန်းရမှာမို့ ဂန့်ဂေါထည်တွေဝယ်ဖို့လဲ ရပ်နားပေးသွားပါမယ်ခင်ဗျာ၊ ရန်ကုန်မြို့ကို နံနက်စောစော ပြန်လည်ရောက်ရှိပြီး ဧည့်သည်များအား အိမ်တိုင် ယာရောက် ပြန်လည်ပို့ဆောင်ပြီးမှ ခရီးစဥ်ကို အဆုံးသတ်ပါတယ်ခင်ဗျာ 👋👋👋
ခရီးစဥ် တလျောက်လုံး ရန်ကုန်မြို့မှ စတင်ထွက်ခွာတာနဲ့ လိုက်ပါမဲ့ Tour leader မှ ☕ နံနက်စာ၊ 🍽 နေ့လည်စာ၊ 🍴🍽☕ ညစာ အချိန်လိုက် ကျွေးမွေးသွားမှာဖြစ်ပြီး Hotel 🛌🛌🛌 ၃ ညပါဝင်ပါမယ်၊ မော်တော်ယာဥ်အနေနဲ့ ချင်းပြည် သွားနေကျ 🚐🚐🚐 ကားဖြင့်သာ စီစဥ်ပေးထားပြီး ရန်ကုန်မှ ဟားခါးသို့ Express 🚌 ဖြင့် သွားရောက်လိုသူများကိုလဲ Express ဖြင့် စီစဥ်ပေးပါတယ်၊
💵တစ်ဦးလျင် သုံးသိန်းကျပ် တိတိ ဖြစ်ပါသည် 💵
======================================
🌷🌷🌷 တောင်ဇလပ်များများ ကြည့်လိုသူ ဧည့်သည်များအနေနဲ့ Feb, March ခရီးစဥ်များကို လိုက်ပါသင့်ပြီး ပိတ်ရက်မရှိသော ဧည့်သည်များအတွက်တော့ April ပိတ်ရက်မှာ လိုက်ဖို့ Booking များစတင်လက်ခံနေပြီဖြစ်ပါတယ်၊ april မှာ လူပြည့်မြန်တတ်တာကြောင့် နေရာကောင်းရအောင် စောစောကြိုပြီး လက်မှတ်ဖြတ်ဖို့ တိုက်တွန်းပါရစေခင်ဗျာ🙏🙏🙏
=====================================
Feb ထွက်ခွာမည့်ရက် 28.2.2020 to 4.3.2020
March ထွက်ခွာမည့်ရက် 27.3.2020 to 1.4.2020
April ထွက်ခွာမည့်ရက် 10.4.2020 to 15.4.2020
======================================
✈🚌🚐🚙✈ အခြားခရီးစဥ်များ ✈🚙🚐🚌✈
- 🍁🍁🍁🍁🍁 ပူတာအို ခရီးစဥ် 🍁🍁🍁🍁🍁
https://m.facebook.com/story.php?story_fbid=2584835705139282&id=1928305540792305
- ချင်းပြည်တောင်ပိုင်းခေါနှူးသုမ်၊ မင်းတပ်၊ ခရီးစဥ်
======================================
လက်မှတ်များ မှာယူမည့် ရန်ကုန်မှ ဧည့်သည်များအတွက် ဖုန်းဖြင့်သော်လည်းကောင်း၊ Messanger မှသော် လည်းကောင်း မှာကြားတာနဲ့ အိမ်တိုင်ယာရောက် ခရီးစဥ်ရှင်းပြပေးပြီး စရံကောက်ယူပေးပါတယ်။ နယ်မှ ဧည့်သည်များအနေနဲ့လဲ KBZ, AYA, CB account များမှ ငွေလွဲမှာကြားနိုင်ပါတယ်၊
📞📞📞 09266266426 , 09974291961
🏠🏠🏠 အမှတ် ( ၈၈၄ ) ၊ ပေါက်ပင်လမ်း၊
အောင်ဆန်း၊ အင်းစိန်မြို့