05/09/2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲသို့ တက်ရောက်ရန် ထွက်ခွာ
****************************************
နေပြည်တော်၊ စက်တင်ဘာ ၃ ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးညီညီ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ၄-၉-၂၀၂၅ ရက်နေ့မှ ၆-၉-၂၀၂၅ ရက်နေ့ထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ထွက်ခွာခဲ့ပါသည်။
ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲသည် ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှုအားကစား နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုချီမင်းမြို့ ပြည်သူ့ရေးရာကော်မတီတို့၏ ဦးဆောင်မှုဖြင့် ဗီယက်နမ်နှင့် အာရှဒေသတွင် ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပသည့် အထင်ကရအပြည်ပြည် ဆိုင်ရာ ခရီးသွားပြပွဲတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ၊ ခရီးသွားဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အဆိုပါခရီးသွားပြပွဲကျင်းပခြင်းဖြင့် နိုင်ငံတကာမှအထင်ကရ မြို့များနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်စေရေးကိုအထောက်အကူပြု နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစင်္ကြံတစ်ခုဖြစ်ပြီး နိုင်ငံတကာနှင့်ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ခရီးစဉ်အတွင်းVietnam Night ကြိုဆိုညစာစားပွဲ အခမ်းအနား၊ ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား၊ International Travel Expo Ho Chi Minh City & Tourism Promotion Organization High-Level Tourism Forum နှင့် International Travel Expo Ho Chi Minh City 2025 ဆိုင်ရာအခြားအခမ်းအနားအစီအစဉ်များသို့ လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Youtube channel join ရန်
http://www.youtube.com/
Telegram channel join ရန်
https://t.me/mohttourism
Share your videos with friends, family, and the world