မြောက်ဦးဘုရားဖူးလမ်းညွှန်
  • Home
  • Myanmar
  • Mrauk-oo
  • မြောက်ဦးဘုရားဖူးလမ်းညွှန်
မြောက်ဦးဘုရားဖူးလမ်းညွှန် ရခိုင်ပြည် မြောက်ဦးမြို့ဘုရားဧည့်
13/11/2019
The abandoned city and hundreds of temples and pagodas at Mrauk U lie across rolling northern Rakhine State hilltops and form an awe-insp...
ဒါတွေ ဖတ်ပြီးမှ မြောက်ဦးသွားပါ  📣📣📣မြောက်ဦး ဘုရားသမိုင်းတွေကတော့ အခြား blogger  တော်တော်များများ ပြောပြီးသားမို့ မရေးပေး...
26/11/2018
ဒါတွေ ဖတ်ပြီးမှ မြောက်ဦးသွားပါ 📣📣📣
မြောက်ဦး ဘုရားသမိုင်းတွေကတော့ အခြား blogger တော်တော်များများ ပြောပြီးသားမို့ မရေးပေးတော့ပါဘူး သိချင်တဲ့သူတွေအတွက် ပုံမှာ ထည့်ပေးလိုက်ပါတယ်.. အခုရေးတဲ့ Review က မြောက်ဦးသွားရင် ဘာတွေ အဓိက လုပ်ရမလဲဆိုတာ သိချင်သူတွေအတွက်ပါ.. မြောက်ဦးကို ဈေးကြီးလို့မသွားကြသူတွေ ကားခ အသွားအပြန် ၄၆၀၀၀ ကျပ်နဲ့ သွားလို့ရနေပြီဆိုတာ ပြောပြလိုက်ပါရစေ ကဲ အောက်မှာ အတိုချုန်းပြီး ရေးပေးထားတယ်နော်
မြောက်ဦး အကြောင်း တစ်စေ့တစ်စောင်း 📜📝
🖌၁၈ရာစုမှာ အာရှတိုက်ရဲ့အချမ်းသာဆုံး ဆိပ်ကမ်းမြို့
🖌ဝေသာလီခေတ်၊ ဓည၀တီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဒီခေတ်လေးခေတ်လုံးကို တွေ့နိုင်တဲ့မြို့
🖌 အရှေ့တောင်အာရှမှာ အန်းကားဝပ်ပြီးရင် ကျောက်တွေနဲ့ ဘုရားရှိတဲ့ တစ်ခုတည်းသောမြို့
လည်ပတ်ရန်အကောင်းဆုံးအချိန် 📆
📍အောက်တိုဘာလမှ ဖေဖော်ဝါရီ လအထိ
မသွားမဖြစ် သွားရမည့်ဘုရားများနှင့် နေရာများ 📍
📍သျှစ်သောင်းပုထိုးတော်ကြီး
📍 ကိုးသောင်းပုထိုးတော်ကြီး
📍လေးမျက်နှာ ဘုရား
📍ထုက္ကန့်သိမ် ပုထိုးတော်ကြီး
📍အံတော်သိမ် ပုထိုးတော်ကြီး
📍မာန်ငါးမာန် (ဇိနမာရ်အောင်၊ လောကမာရ်အောင်၊ ရတနာ့ မာရ်အောင်၊ သကျမာရ်အောင် နှင့် မင်္ဂလာမာန်အောင်)
📍စန္ဒာမုနိ
📍နေပူခံဘုရား ( နေပူခံဘုရားသမိုင်းကတော့အတော်ထူးဆန်းပါတယ်။ အဲဒီ နေပူခံဘုရားကို အမိုးမိုးပေးလို့မရပါဘူး။ မိုးလိုက်တာနဲ့ ရေကြီးတာတွေ ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်တတ်ပါတယ်တဲ့)
📍ဘုရားပိစိ (လက်ဝဲပိစိ၊ လက်ယာပိစိ)
📍ဝေသာလီ မြို့ ဟောင်း
နေဝင်/နေထွက် ရှုခင်းကြည့်နေရာများ 🌅🌞⛅️
☀️ရွှေတောင် (နေထွက်ချိန်)
☀️တစ်ခွက်ဆရာတောင် (နေထွက်ချိန်)
☀️လေးမျက်နှာဘုရားဘေးက ရေကန် (နေထွက်ချိန်)
☀️ရတနာပုံတောင်ကုန်း (နေထွက်ချိန်)
☀️ဦးမြဝါတောင် (နေထွက်ချိန် အရမ်းလှ)
☀️ဟာရီတောင် (နေဝင်ချိန်)
☀️လက်ဆည်ကန် ( နေဝင်ချိန်)
☀️discovery တောင်ကုန်း (နေဝင်ချိန်၊ အရမ်းလှ)
☀️ရတနာပုံတောင်ကုန်း (နေဝင်ချိန်၊ အရမ်းလှ)
မဖြစ်မနေ စားရမဲ့ ရခိုင်အစားအသောက်များ 🐷
🍜မုန့်တီ (ဝက်ခေါက်နဲ့ ကြက်သားပါတဲ့ အာပူရည်နဲ့ တစ်မျိုးစားကောင်းတယ်)
🥘ရခိုင်သဘောင်္သီးသုပ်
🥟ကျတ်တိုက်မုန့်
🍘မုန့်ပေါင်း
🌮မုန့်ကြာလိပ်
စားမယ်ဆို🤤🤤
🍛 ဈေးထဲကမဌေး ထမင်းဆိုင်
🍛 ကောင်းသန့် ထမင်းဆိုင်
🍛မိုးချယ်ရီက ဈေးများတယ် လက်ရာသိပ်မကြိုက်
နေစရာ 🏚
🏡Mrauk U Princess မြောက်ဦးမင်းသမီးဟိုတယ် (120,000 Kyats ရေကူးကန်ပါတယ် အေးဆေးတယ်.. အစားအသောက်ကောင်းတယ်.. ဈေးများတာကို မကြည့်ရင် ဒီမှာနေပါ.. )
🏡Shwe Thazin Hotel, Mrauk U (☎️ - 098501844, 098502330) 50000 kyats
🏡နဝရတ် ဟိုတယ် အဲသုံးခုကကောင်းပါတယ်တဲ့
လည်ပတ်ဖို့ 🚕🛵🚗
🚲 စက်ဘီးနဲ့လည်မယ်ဆို တစ်ရက် 2000 kyats
🚙 tuk tuk နဲ့က တစ်ရက် (25000 Kyats)
🚗ဆလွန်းကား (35000-45000 Kyats)
ကုန်ကျစရိတ် 💰💰💰
💰Budget Trip - ခန့်မှန်းခြေ ၂သိန်းကျပ်
💰Luxury Trip - ခန့်မှန်းခြေ ၅သိန်းကျပ် (လေယာဉ်နဲ့သွား မြောက်ဦးမင်းသမီးမှာနေရင်ပါ )
မြောက်ဦးက အလှမ်းဝေးတယ်ဆိုပေမဲ့ ကိုယ့်မြန်မာရဲ့ အမွေအနှစ်တွေ မပျက်စီးခင်သွားဖို့ လက်တို့ချင်ပါတယ် သူငယ်ချင်းတို့ရေ
မြောက်ဦး ( သို့) မြန်မာပြည်ရဲ့ ပုန်းကွယ်နေတဲ့ ရတနာ.. 🙏ရခိုင်ပြည်ကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သမိုင်းဝင်အမွေအနှစ်တွေ အထင...
30/10/2018
မြောက်ဦး ( သို့) မြန်မာပြည်ရဲ့ ပုန်းကွယ်နေတဲ့ ရတနာ.. 🙏
ရခိုင်ပြည်ကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သမိုင်းဝင်အမွေအနှစ်တွေ အထင်အရှားကျန်ရှိနေသေးတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ရှေးဟောင်းမြို့တစ်မြို့ရှိတယ်.. မြို့ဟောင်းလို့ အမည်တွင်ခဲ့တဲ့ သူဟာဘယ်လောက် အထိ ပုန်းကွယ်နေခဲ့ သလဲဆိုရင် မြို့အနေအထားကိုက မြေညီ မြေပြန့်မဟုတ်ပဲ.. တောင်ကုန်း တောင်ပူစာလေးတွေ ၀ိုင်းနေတဲ့ မင်းနေပြည်တော်ကြီးဖြစ်ခဲ့တယ်.. ဝေသာလီခေတ်၊ ဓည၀တီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဆိုပြီး ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့. ရှေးရခိုင်မင်းတို့ရဲ့ ခမ်းနားတဲ့ထီးနန်းတည်ဆောက်ပုံတွေ စနစ်ကျတဲ့မြို့ပြတည်ဆောက်ပုံတွေကို တအံ့တသြ လေ့လာခွင့်ရခဲ့တဲ့ သမိုင်းဝင်အမွေအနှစ်တွေ ထုံမွန်းထားတဲ့မြို့ ….ရှေးကျမယ်လို့ထင်ထားခဲ့ပြီးသားဖြစ်ပေမယ့် တကယ်တမ်းရောက်သွားချိန်မှာ ထင်ထားတာထက်ပိုပြီး ဟိုး ရခိုင် အစ ဓည၀တီ ခေတ်ကြီးထဲ ပြန်ရောက်သွားလို ခံစားမူတွေအများကြီးပေးတယ်.. ရခိုင်လူမျိုးတစ်ယောက်တဲ့ ဂုဏ်ယူစွာရှင်းပြခဲ့သမျှတွေကို လွတ်သွားမှာ စိုးပြီး သိချင်ခဲ့သမျှတွေ တစ်တွတ်တွတ်မေးရင်း ရခိုင်သမိုင်းနဲ့ မြောက်ဦး အကြောင်းကို မျက်လုံးထဲ တစ်ရေးရေးပုံဖော်နေရတာကို က ကိုယ်တွေရဲ့ မြောက်ဦးခရီးစဉ်က ပြည့်စုံလှနေပါပြီ..
မြောက်ဦးဆိုတာ…
မြောက်ဦးခေတ်မှာတင် ကို ပထမ မြောက်ဦး ၊ ဒုတိယ မြောက်ဦး ၊ တတိယ မြောက်ဦးဆိုပြီး ရှိတယ်… မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့တဲ့ မင်းက မင်းစောမွန်ဖြစ်ပြီး နောက်ဆုံး ဘုရင်က မဟာသမက ရာဇာ မင်းဖြစ်တယ်… ရခိုင်တို့ ရဲ့ နောက်ဆုံး ဘုရင်ပေါ့….. မြောက်ဦးခေတ် ဆိုရင် နှစ်ပေါင်း ၃၅၄ နှစ် တောင်ရှိခဲ့ ပြီး မြောက်ဦးမှာ ယခုတိုင်တွေ့ မြင်နေရတဲ့ ဘုရားစေတီ ပုထိုးတွေကမြောက်ဦးခေတ်ရဲ့  လက်ရာတွေပေါ့… ရခိုင်လူမျိုးတွေဟာ… တိဗက်-မြန်မာ အနွယ်ဝင်တွေ ဖြစ်ပြီး အိန္ဒိယဘက်ကနေ ရခိုင်ပြည်သို့ ရောက်ရှိလာတယ်လို့ ယူဆကြရတယ်.. မြောက်ဦး (ခေါ်) မြို့ဟောင်းမှာဆို ဝေသာလီ စင်္ဒြ မင်းဆက်က ၄ ရာစုတည်းက အုပ်စိုးခဲ့ကြတာပေါ့.. သက္ကရာဇ် ၁၄၃၁ မှာ ရခိုင်ဘုရင် မင်းစောမွန်က ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်) ရဲ့ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်ရဲ့  အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာတယ်….. အဲမြို့ တော်မှာဆို ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့တာတွေ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်တွေ ကအစ ကူးသန်းရောင်းဝယ်နေကြပြီ… အဲအချိန်ထဲက ကုန်သွယ်မှုမှာ သိပ်ကို အောင်မြင်ခဲ့တယ့် နိုင်ငံတစ်နိုင်ဆိုတာ ငြင်းမရခဲ့ဘူး… မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်မှာ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ် တစ်ဝက်ထိရော..အခု လက်ရှိ ရခိုင်ပြည်နယ် နဲ့ မြန်မာပြည်အောက်ပိုင်းအထိကို အာဏာသက်ရောက်ခဲ့ပြီး အဲခေတ်တွေမှာဆို ရခိုင်ဘုရင်တွေက ရခိုင်စကားလုံးတွေ ၊ အာရဗီစကားလုံးတွေနဲ့ ဘင်္ဂါလီ စကားလုံးတွေ ပါဝင်တဲ့  ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့တာကို ကြည့်တာနဲ့ တင် ဘယ်လောက်ထိ အင်အားကြီးခဲ့လဲဆိုတာ သိပ်သိသာတယ်…..
မင်းစောမွန်ကနေစပြီး မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ပြီး မင်းခေါင်ရာဇာ လက်ထက်အထိ သိပ်ကို အောင်မြင်ခဲ့တာပေါ့.. မင်းခေါင်ရာဇာရဲ့  သားတော် သံတွဲစားမင်းပါကြီးက ၈၉၃ ခုနှစ်တွင် နန်းတက်ပြီး ၊ မြောက်ဦးမြို့တော်ကို ထပ်ပြီး အကြီးအကျယ်ကို တည်ဆောက်တာ… အဲချိန်မှာ အရမ်းကို အောင်မြင်နေတဲ့ အချိန်ဆိုတော့ မြန်မာတွေ ၊ မွန်တွေက မျက်စိကျနေလေရဲ့ ….မင်းပါကြီးကနေစပြိး မင်းပေါင်း ၉ ဆက်၊ ထပ်ပြီး အုပ်ချုပ်နေပြီး မင်းစနေ က ထီးနန်းထပ်ရပြန်တယ်… မင်းစနေ ကွယ်လွန်တဲ့ အခါကျမှ မင်းပါကြီးရဲ့ မြစ်ဖြစ်တဲ့ နရပတိမင်းကနေ မင်းပေါင်း ၂၈ ဆက်လက် အုပ်ချုပ်နေတာကို လေ့လာမိရသလောက် သိပ်ကို အင်းအားကြီးခဲ့ မှန်း အရမ်းကို သိသာလွန်းတယ်…. ၁၁၄၆ ခုနှစ် မြန်မာမင်း ဘိုးတော်ဘုရားက က မြောက်ဦးကို သိမ်းခဲ့ပြီး ရခိုင် မင်းဆက်ပြီးခဲ့တယ်ပေါ့…
မြောက်ဦးအပေါ်ကိုယ့်အမြင် ..
မြန်မာပြည်မှာ ပုဂံပြည်ကြီးလို ဂုဏ်ယူစရာ နောက်ထပ်တစ်နေရာရှိနေတာကို က အတော်ကို ကျေနပ်စရာကောင်းနေပါပြီ.. ပုဂံဟာ သူ့ရဲ့ နံရံဆေးရေးတွေ ကြောင့်ဂုဏ်ယူရသလို မြောက်ဦးဟာလဲ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ကျောက်ဆစ်လက်ရာတွေ ကြောင့် သိပ်ကိုစိတ်ဝင်စားဝရာကောင်းလှတယ်..ကမ္ဘာ့အံဖွယ်ထဲမှာ ပါဝင်နေတဲ့ ကမ္ဘောဒီးယားက အန်းကာဝပ် နဲ့ ကောင်းကောင်းကို ယှဉ်နိုင်တဲ့ ကျောက်ဆစ်လက်ရာတွေ နဲ့ ကျောက်တုံးတွေ ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ လက်ရာတွေက တကယ့်ကို အံမခန်းပဲ.. ရေကန်များ၊ ချောင်း၊ မြောင်းများဖြင့် သုံးရေ ဖြန့်ဝေပုံ၊ ရေအားလုံး ကာကွယ်ရေး စနစ် တည်ဆောက် ထားပုံ ကလည်း အတော်လေးထူးခြားတယ်.. ရေညှိတက်နေတဲ့ ဘုရားဆင်းထုတော်တွေနဲ့ ညိုမှောင်မှောင်ဖြစ်နေတဲ့ ဘုရားတွေ..ကျောက်ထီးတွေ နဲ့ တည်ထားတဲ့စေတီတွေကို က တခြားပြည်တွင်းက စေတီပုထိုးတွေ နဲ့ အတော်လေး ကွဲလွဲတယ်.. ထုံးဖြူဖြူ ..ရွှေရောင်ဝင်းဝင်း စေတီတွေ မြင်နေကျဖြစ်တဲ့ ကိုယ်တွေလို လူမျိုးတွေအတွက် က တော့ မြောက်ဦးဟာ ရှေးခေတ်ရာဇ၀င်တွေ ရောက်သွားသလိုပါပဲ..သူ့ဓါတ်ပုံတွေ မြင်လိုက်ထဲက ဒါဟာ မြောက်ဦးက စေတီတွေဆိုတာကို တန်းသိနိုင်တယ်.. ပုဂံသွားတာထက် ပိုခက်ခဲ ပိုကုန်ကျပေမယ့် ကိုယ်သိချင်တဲ့ သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသလို တန်ဖိုးရှိတယ်.. ပုဂံထက် နောက်ကျပေမယ့် ပိုပိုရှေးကျနေသလို ခံစားရတာကတော့ လူတွေလာရောက်လည်ပတ်မူ နည်းသေးသလို..ရခိုင်လူမျိုးတို့ရဲ့ ပကတိ အတိုင်း ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမူအမွေအနှစ်တွေကြောင့်လဲဖြစ်မယ်.. ရောက်သွားရင်ကုန်ကျစရိတ်တွေရော ပေးရတဲ့ အချိန်တွေရောအတွက် နည်းနည်းမှ နှမြောမိမှာ မဟုတ်ပဲ မြောက်ဦးတင်မက ရခိုင် သမိုင်းကြောင်းတွေကိုပါ စိတ်ဝင်တစားလေ့လာခဲ့ရတာကို က ပိုမိုတဲ့ အကျိုးအမြတ်တစ်ခုပဲ.. တစ်ခြား မြန်မာနိုင်ငံတွင်းက နေရာဒေသတွေထက် မြောက်ဦးကိုရောက်ရင် သမိုင်းကြောင်း ဟာပိုလို့ကို စိတ်ဝင်တစားနားထောင်လို့ကောင်းနေပါလိမ့်မယ်..ဒါကိုက သူ့ရဲ့အားသာချက်တစ်ခုပါပဲ..
ဘယ်အချိန်တွေ သွားလည်သင့်သလဲ..
ဆောင်းရာသီကတော့ ရာသီသတု အလွန်ကိုသာယာလို့ သွားလည်သင့်ဆုံးပါပဲ.. ကိုယ်တွေကတော့ မိုးအကုန် ဆောင်းအကူးကာလလေးမှာသွားခဲ့တာပါ.. ရေညှိတွေ နဲ့ ဆင်းထုတော်တွေဟာ စေတီတွေ ကြားထဲသွားရတာဟာ တောနက်ကြီးထဲကပျောက်ဆုံးနေတဲ့ ခေတ်ကြီးတစ်ခုကိုရောက်သွားသလိုပါပဲ..ွ လမ်းတစ်ဖက်တစ်ချက်ဆီက စပါးခင်းစိမ်းစိမ်းတွေကို မြင်ရတာလဲ အလွန်ကို မျက်စိပသာဒဖြစ်လှပါတယ်.. အခုကဆောင်းဝင်နေပြီမို့ ဖေဖော်ရီလကုန်အထိကို သွားလည်လို့ကောင်းပါတယ်..
မြောက်ဦးသို့
မြောက်ဦးဆိုတာ ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေကနေ ကားနဲ့ သုံးနာရီလောက်ထပ်စီးရတဲ့ နေရာမှာ တည်ရှိပါတယ်.. ရန်ကုန်ကနေ စစ်တွေ.ကို လေယာဉ်. စစ်တွေကနေ မြောက်ဦး ကိုကားနဲ့ သွားကြတာများပါတယ်.. ရန်ကုန်ကနေ မြောက်ဦး အထိကားနဲ့ သွားနိုင်ပေမယ့် ရခိုင်ရိုးမကိုဖြစ်ပြီး ကြာချိန်က ၂၇ နာ၇ီဆိုတာကြီးကြောင့်လဲ မြောက်ဦးဟာ အမေ့ခံရတနာအဖြစ်တည်၇ှိနေတာပါ.. ကိုယ်တွေ ၄ ယောက်သွားတာ လမ်းသိချင်တာ နဲံ့ ၂ ယောက်က ကားနဲ့ ကျန် ၂ ယောက်က လေယာဉ်နဲ့ သွားခဲ့ကြတယ်..
ကားနဲ့ ..
ရခိုင် ရိုးမ တက်ရင် အနည်းငယ် မူးတက်လို့  အမူးပျောက်ဆေး ဘာညာ တော့ ကြိုယူသွားတာကောင်းတယ်… ကားခက တစ်ကြောင်းကို ၂၃၀၀၀ ၀န်းကျင် ရှိပြီး ရန်ကုန်နေ မနက် ၈ နာရီထွက်ရင် မြောက်ဦး ကို နောက်မနက် ၁၀ နာရီလောက်ရောက်တယ်…. ကားတွေက ကြံတိုင်းအောင် ၊ ရွှေမန်းရတနာ ၊ အကယ်ဒမီ ၊ မိုးကောင်းကင် နဲ့ တိုးရတနာ ကားတွေ ရှိတယ်…။ မိုးကောင်းကင် ရယ် ရွှေမန်းရတနာ ရယ်က ကားကောင်းတယ်.. ကုန် လဲလုံးဝမတင်ဘူး… တော်တော်အဆင်ပြေတယ် ပြောရမယ်ပေါ့…. တိုးရတနာ လိုင်းကို တော့ လုံးဝ recommend မပေးပါဘူး.. ကုန်တင်တာတွေများတာကြောင့် လူ အရမ်း ပင်ပန်းတယ်…. ခရီးစမထွက်ခင်တည်း တင်လိုက်တဲ့ ကုန်ဆိုတာ ခြေထောက်အောက်ပါမကျန် ၊ လူသွားလမ်းပါမကျန်..၊ နောက်ခုံတွေမှာပါအပြည့်… အဲတော့ အနံ့ အသက်တွေ နဲ့ တော်ရုံမမူးတက်တဲ့ သူတောင် တော်တော်ဆိုးပါတယ်… တစ်ခုရှိတာက မြောက်ဦးက ခရီးလမ်းကြောင်းရှည်တာကြောင့် ကားရွေးမှားလိုက်တာနဲ့ အချိန်တွေ အရမ်းကို ကြာတက်ပါတယ်..ရိုးမ ဖြတ်ပြီး တစ်ညလုံးမောင်းပြီးတာနဲ့ ရာမောင် တံတားဆိုတာ ရှိတယ်… အဲတံတားက ကားကြီးတွေ ပေးမဖြတ်တာကြောင့် ဇက် နဲ့ ဖြတ်ရတယ်… အဲမှာ ကားတွေ တန်းစီးတာ များရင် အချိန်ကြာတက်သေးတယ.. ရာမောင် တံတားဖြတ်ပြီး ၂ နာရီလောက် ဆက်မောင်းရင် မြောက်ဦးရောက်ပါပြီ.. ကားနဲ့ သွားတာ ဘာတစ်ခုကောင်းလဲဆိုတော့ လမ်းမှာမြင်ရတဲ့ ရှူခင်းတွေက သိပ်ကို လှလွန်းတာရယ်…. ၊ ရခိုင်ရိုးမ ကို ဖြတ်တဲ့ အချိန် သိပ်လှတဲ့ မြင်ကွင်းတွေရယ်ကြောင့် ပင်ပန်းတယ်ဆိုတာ ဘယ်ဆီနေမှန်း မသိဘူးရယ်…။ စရိတ်က လဲ အများကြီးသက်သာသေးတယ်..။ တစ်ခုရှိတာက လမ်းမှာ ရပ်ပေးတဲ့ ထမင်းဆိုင်တွေက စားလို့ လုံးဝအဆင်ပြေဘူးရယ်…။ တော်ရုံ မစားတက်တဲ့ လူဆို မုန့်တွေ ဆောင်သွားတာ အကောင်းဆုံးပါ…။
လေယာဉ်..
ပိုက်ဆံပိုကုန်ပေမယ့် လေယာဉ်နဲ့ပဲသွားပါလို့ အကြံပေးပါရစေ.. Mann Yadanar Pon နဲ့ MNA Air တို့စစ်တွေကို နေ့စဉ်ပြေးဆွဲပါတယ်..့  တကြောင်းကို ၈ သောင်းပတ်ခြာလည်လောက်ပဲ၇ှိပါတယ်.. အသွားကို မနက်စော တဲ့ လေယာဉ်ယူပြီး အပြန်ကိုတော့ နောက်အကျဆုံး လေယာဉ်ကိုဝယ်ပါ.. စစ်တွေလေဆိပ်ရောက်တာနဲ့ မြောက်ဦးကို ထွက်မယ့် ကားဂိတ်လို့ပြောပြီင်္း ကားငှား ပို့ခိုင်းလို့ရပါတယ်..မြောက်ဦးအထိ စင်းလုံးငှားလို့ရပေမယ့် 1 သိန်းခွဲလောက် ၇ှိနိုင်လို့ ဈေးကြီးပါတယ်.. လိုင်းကားလဲအတော်အဆင်ပြေပါတယ်.. လေဆိပ်နဲ့ ကားဂိတ် ကလဲ 10 မိနစ်လောက်သာမောင်းရပြီး မြောက်ဦးထွက်တဲ့ လိုင်းကားတွေက HI Ace လေးတွေပါ.. လူပြည့်တာနဲ့ ထွက်ပြီး တစ်ယောက်ကို ၅ ထောင်ပဲပေးရပါတယ်.. ကိုယ်တွေကတော့ ကျယ်ကျယ်ထိုင်ချင်လို့ ၂ ယောက်စာလောက်ကို ၀ယ်ထိုင်လိုက်တယ်.. လိုင်းကားဆိုတော့ ၃ နာရီခွဲလောက်စီးရပါတယ်.. မြောက်ဦးမှာ ဟိုတယ်ရှေ့အထိကားရပ်ပေးပါတယ်..
မြောက်ဦး ရောက်ရင် တည်းဖို့ 
မြောက်ဦးမှာ ဟိုတယ် များများစားစားတော့ မရှိဘူးရယ်…… နာမည်ကြီးပီး ဈေးကြီးတဲ့ Mrauk U princess Resort ရယ်.. အရင်က အစိုးရဟိုတယ် , Mrauk U Hotel ရယ်.. နောက် Shwe Thazin Hotel ရယ်ရှိတယ်…. Mrauk U princess မှာ ၂ ယောက်ခန်းကို 1သိန်းပါ.. .Mrauk U hotel မှာ အခန်းတွေက အစားစား ရှိတယ်…. ၆သောင်းကနေပြီးတော့ ၁ သိန်းထိ ရှိတယ်. ကိုယ်တွေတည်းခဲ့ပြီး ကိုယ် recommended ပေးတာက Shwe Thazin Hotel (09265923233 ) ပါ.. အခန်းကောင်းတွေ ရှိသလို Budget တည်းလို့ရတဲ့ အခန်းတွေလဲ၇ှိပါတယ်.. တော်တော်ကို အဆင်ပြေပြီး မနက်စာbuffet breakfast ကလဲ ကိုယ့်အကြိုက် Local အပြင် တခြား အစုံအလင်ရယ်…နေရာကလဲ ၇ှစ်သောင်းတို့ ..အံတော်သိမ်တို့ကို လမ်းလျှောက်သွားလို့ရလို့ ကွက်တိပါပဲ..ဈေးတွေက် bungalow type နဲ့ အခန်းကျယ်တွေက ၅ သောင်းဖြစ်ပြီး .. Budget ခန်းတွေက တော့ ၂ သောင်းခွဲပါ.. ဒီအခန်းလေးတွေလဲ တော်တော် အဆင်ပြေတယ်… ဈေးသက်သာပြီး budget တည်းချင်တဲ့ သူတွေ အတွက်က Happy Garden Guesthouse (09772662102, 09421733660 )ရှိတယ်…။ဒီ guesthouse က ကံလှကန် နံဘေးမှာရှိပြီး roome type လေးတွေက bunglow type ၇ှိတယ်.. အခန်းဈေးနှုန်းတွေကလဲ 2 သောင်းပါ..
မြောက်ဦးမှာလည်မယ်ဆို …..
မြောက်ဦးမြို့လေးဟာထင်ထားတာထက်ပိုပြီးတော့ ကျဉ်းပါတယ်.. တောင်ကုန်းလေးတွေ ၀ိုင်းနေလို့ တခါတခါ ဘုရားတွေက ပျောက်နေတတတ်တယ်.. ကား မဟုတ်ရင် တုတ်တုတ်လေးတွေကို တစ်နေကုန်ငှားထားရမယ်…..တစ်နေကုန်ကို 3 သောင်းခွဲလောက်ပေးရပြီး လေးယောက်စီးလို့ရလို့ အဆင်ပြေတယ်.. ဒါမှမဟုတ်ပဲ ကိုယ်တွေကလူငယ်ကြီးပဲဖြစ်လို့ activity လေးတစ်ခုလုပ်ချင်တယ်ဆိုရင်တော့ mountain စက်ဘီးလေးတွေနဲ့ လည်လို့ ရတယ်… ဘုရားတွေကြားထဲ စက်ဘီးလေးစီးရတဲ့ ခံစားချက်က တစ်မျိုးလေးရယ်…. mountain စက်ဘီးဆိုတော့ လူလဲ အရမ်းမပင်ပန်းဘူးလေ…. စရိတ်ကလဲ အရမ်းသက်သာသေးတယ်…..တစ်နေကုန်မှ စက်ဘီးတစ်စီးကို ၁ သောင်းပဲပေးရတယ်… guide ပါခေါ်မယ်ဆိုရင်တော့ guide အတွက် ၅၀၀၀ ပိုပေးလိုက်ရင်ရင်ပြီ..
အဲမှာတစ်ခုပြောချင်တာက မြောက်ဦးမှာ လည်မယ်ဆို Guide နဲ့ သွားတာအကောင်းဆုံးပါ…..ဘုရားသမိုင်းတွေအကြောင်းတွေပြောပြတာ သိပ်နားထောင်လို့ ကောင်းပြီး စိတ်ဝင်စားဖို့ လဲအရမ်းကောင်းတယ်……ဗဟုသုတလဲ အရမ်းရတာ…..
ကားနဲ့ လည်မယ်ဆိုရင်တော့ ကားခက အံစားတုံးကားလောက်ဆို ၉သောင်း ၊ ၅ ယောက်စီး ကားသေးဆို ၆သောင်း ပေးရတယ်… ဒါကတစ်နေကုန်ပေါ့… ကိုယ်သွားချင်တဲ့ နေရာအကုန်ပို့ ပေးတယ်….. guide ပါ ခေါ်မယ်ဆို ၃ သောင်း ထပ်ပေးရတယ်…( သူကတော့ သေချာလေးကို ရှင်းပြတဲ့ ဂိုက်ပေါ့ ). ကား ၊ တုတ်တုတ် ဒါမှမဟုတ် စက်ဘီး ငှားမယ် ၊ guide ငှားမယ်ဆို ကြိုပြီးပြောထားမှအဆင်ပြမှာ… 09450048813 ကို ဖုန်းဆက်ပြီးစီစဉ်ခိုင်းလို့ ရတယ်…။ မသွားခင်ကြိုပြီး book လုပ်ထားတာအကောင်းဆုံးပါ…..
ဘယ်တွေလည်ကြမလဲ …..
မြောက်ဦးမှာအနည်းဆုံး 3 ရက်လောက်လည်မှ အဆင်ပြေပြေ သက်တောင့်သက်သာနဲ့လည်နိုင်မှာပါ.. ကားနဲ့သွားမယ့်လူဆိုရင်မြောက်ဦးကို မနက်အစောကြီး ရောက်ပြီး နေ့လည်ဘက်ကစလည်နိုင်ပြီး..လေယာဉ်နဲ့သွားမယ့်သူတွေကတော့ ညနေလောက်မှ ရောက်မှာမို့ နေ၀င်ချိန်ပဲကြည့်လို့ရမှာပါ..
Day 1 ညနေခင်း လောက်မှရောက်မှာဆိုတော့ ညနေစောင်းလေး ခဏလောက်ပဲ လည်လို့ ရမယ်… အဲတော့… ညနေမှာ ရတနာပုံ ဘုရားအနောက်ဘက်က ရွာလေးအနီးမှာရှိတဲ့ Discovery တောင်မှာ sunset သွားလို့ရပါတယ်... Shwe Thazin Hotel မှာ တည်းမယ်ဆို အဲနားတင်ဆိုတော့ လမ်းလျှောက်သွားရင်ကို ရတယ်…။ လမ်းမလျှောက်ချင်ဘူးဆိုလည်း ဟိုတယ်မှာ စက်ဘီးငှားသွားလို့ ရတယ်…
Day 2 မနက်အစောကြီးထပြီး main လမ်းမကြီးဘေးမှာတင်ရှိပြီး န၀ရတ်ဟိုတယ် နားလေးတင်ရှိတဲ့ ဦးမြ၀ါတောင်မှာ Sunrise ကြည့်ရင်သိပ်ကိုလှတာ……မျက်စိတစ်ဆုံးရှုခင်းကြီးနဲ့ ဟိုးအဝေးက ရှေးဟောင်းဘုရားတွေကို မြင်နေရတဲ့ မြင်ကွင်းက သိပ်လှလွန်းအားကြီးတယ်…..မြောက်ဦးရဲ့နေထွက်ချိန်ဟာ အရမ်းကိုလှပြီး လွမ်းမောဖွယ်ကောင်းလှတယ်..နေထွက်လာပြီဆိုတာနဲ့ ကိုးသောင်း ဘုရားကို အရင်ဆုံးသွားလည်မယ်….. မနက်စောစော ကိုးသောင်းပုထိုးတော်ကြီးကို သွားရတာ သိပ်သာယာတာ…လူလဲမရှိသေးပဲတတ်ဆိတ်နေရောပဲ..သူကတော့ မြို့ပြင်မှာ မို့ 15 မိနစ်လောကဲမောင်းရတယ်. ကိုးသောင်းဘုရားရဲ့ ဝင်းထဲကို ၀င်ထဲကိုက စေတီတွေအများကြီးကို ဟိုးအဝေးကြီးက မြင်နေရပြီ ..ရင်ပြင်ကြီးအောက်ဆင်းလိုက်တာနဲ့ လိုဏ်ဂူတွေအထပ်ထပ်နဲ့ လိုဏ်ဂူနံရံတွေမှာ ရေညှိစိမ်းတွေ တက်နေတာက ပိုပြီးတော့ကို ဆွဲဆောင်နေတာ….. မြောက်ဦးခေတ်က လက်ရာတွေက တကယ့်ကို အံ့မခန်းဆိုတာကိုပါ တွေ့ နိုင်သေးတယ်.. မိုးတွင်း နဲ့ မိုးတွင်းကုန်ခါစ အချိန်မှာဆို ရေညှိစိမ်းတွေက စိမ်းစိုပြီး ပိုပြီး သပ္ပယ်ပါတယ်.. ပြီးရင်တော့ ဟိုတယ်ပြန်ပြီး မနက်စာစား..ခနနားပြီးရင်တစ်နေကုန်လည်လို့ရပြီ..
စပြီး မာန် ငါးပါး သွားဖူးလို့ရတယ်..ဇိနမာရ်အောင် ဘုရားဆို တောင်ကုန်းလေးပေါ်မှာ တည်ထားတာဖြစ်ပြီး တရုတ်စကားပင်ကြီးတွေ တန်းစီနေတာ သိပ်ကိုလှတာ…. ဘုရားရှေ့ က တောင်ကုန်းလေးပေါ်မှာပဲ စေတီလေးတစ်ခုရှိသေးတယ်… အဲစေတီပေါ်ကမြင်ရတဲ့ မြင်ကွင်းကသိပ်လှတာ… စေတီနောက်ဘက်လှမ်းကြည့်လိုက်ရင် အုန်းတောကြီးက မျက်စိတစ်ဆုံး… တောင်ကုန်းလေးပေါ်မှာထိုင်ပြီး မျက်စိတစ်ဆုံး အုန်းတောကြီးကိုကြည့် လေလေးကတစ်ဖြူးဖြူးနဲ့ အရမ်းကို လှလွန်းအားကြီးတယ်… ပြီးရင် ရှေးဟောင်း စန္ဒမုနိဘုရားကြီးနဲ့ ကျောင်းတိုက်ကို သွားမယ်..
ညနေပိုင်းကိုတော့ သျှစ်သောင်းဘုရား ၊ အံတော်သိမ်ဘုရား ၊ ရတနာပုံစေတီတော် ၊ ထုက္ကန့် သိမ် အဲဘုရားတွေ အကုန် လည်လို့ ရတယ်….။ အဲပတ်ဝန်းကျင်နားလေးတင် ဘုရားတွေက ပတ်ပတ်လည်ရှိနေတော့ အဲနားရောက်ရင် မြောက်ဦးခေတ်ကြီးထဲ ပြန်ရောက်သွားသလို ခံစားမိစေတယ်…. သျှစ်သောင်းဘုရားဆို မြောက်ဦးမှတင်မဟုတ်ပဲ ကမ္ဘာမှာပါ အရမ်းကျော်ကြားတဲ့ ပုထိုးတော်ကြီးပေါ့…..သျှစ်သောင်း ပုထိုးတော်ကြီးရဲ့ ဂူပေါက်ကနေ လှမ်းမြင်နေရတဲ့ ဘုရားတွေနဲ့ ရှုခင်းက ထိုင်မငေးပဲကို မနေနိုင်ဘူးရယ်….။ ပြီးရင် အဲနားက ထုက္ကန့် သိမ် နဲ့ အံတော်သိမ် ဘုရားကြီးတွေရဲ့ ဗိသုကာလက်ရာတွေနဲ့  ကျောက်ဆစ်လက်ရာတွေက အံ့သြဖို့ ကောင်းလောက်အောင် ခမ်းနားလွန်းတယ်….. အထဲက လိုဏ်ခေါင်း နဲ့ လိုဏ်ခေါင်း နံရံတွေမှာ ထွင်းထားတဲ့ ကျောက်ဆစ်ဗိသုကလက်ရာတွေကလဲ ပြောင်မြောက်လွန်းတယ်….
ရတနာပုံစေတီ နောက်က ရတနာပုံတောင်မှာ ညနေ sunset ကို ကြည့်ကြမယ်….။ ရတနာပုံစေတီကြားထဲကနေ စေတီတွေကို ဖြတ်ပြီး ထိုးထွက်လာတဲ့ ရောင်ခြည်ပြေးလေးက စေတီတွေကြားမှာ အရမ်းကို ပနာသင့်နေတာ….
မြောက်ဦးဟိုတယ် ရဲ့ နောက်ကျောဘက်က ဟာရီတောင်မှာ sunset ကြည့်ချင်ကြည့်လို့ ရတယ်....
Day 3 ကားနဲ့ ပြန်မယ့်သူတွေအတွက်ကတော့ ဒီနေ့ မြောက်ဦးကနေ ဝေးတဲ့နေရာတွေကို သွားဖို့ ကားငှားထားဖို့လိုပြီး လေယာဉ်နဲ့ ပြန်မယ့်သူတွေ အတွက်ကတော့ စစ်တွေသွားရင်းလမ်းမှာ ၀င်လည်သွားလို့ရတယ်.. ကျောက်တော်တောင်.. ဝေသာလီနဲ့ မဟာမုနီစေတီတော်ကြီးစတာတွေကို သွားလည်လို့ရတယ်.. ကားကို ကျောက်တော်အထိလည်ဖို့ငှားပြီး အဲ့ဒီကနေမှ လိုင်းကားစီးပြီးစစ်တွေကို ပြန်လို့ရပါတယ်.. ကျောက်တော်တောင်ကနေ ကစ္စပနဒီမြစ်ကြီးကို လှမ်းမြင်ရတယ်.. လမ်းမှာတော့ မျောက်တွေ အများကြီးရယ်. စစ်တွေအထိတစ်ခါတည်းငှားရင် 1 သိန်းခွဲကျော်လောက်ကျမှာ ဖြစ်လို့ ကျောက်တော်အထိပဲလည်ချင်တာတွေလည်.. လမ်းမှာ ကြာကန်တွေ..ကစ္စပနဒီမြစ်ကြီး နဲ့ ဓါတ်ပုံရိုက်ချင်သူတွေ အတွက် တ၀က်လောက်ကို ကားငှားသွားတာ အဆင်ပြေဆုံးပဲ.. ကားဂိတ်အထိလဲ လိုက်ပို့ပေးလို့ နောက်ထပ် ၂ နာရီခွဲလောက်ပဲ လိုင်းကားထပ်စီးရမှာပါ.. မြောက်ဦးကနေ ကားနဲ့ ပြန်မယ့်သူတွေ အတွက်ကတော့ အဲ့ဒီနေရာတွေသွားလည်ဖို့ ကားငှားရပြီး တစ်နာရီလောက် သွားရပါမယ်.. ကားခက
နောက်ထပ် အချိန်တွေ၇ှိသေးတယ်ဆိုရင်တော့ မျက်နှာမှာ ပရဲ ထိုးထားတဲ့ ချင်းအမျိုးသမီးကြီးတွေရှိတဲ့.. ချင်းရွာကို သွားလည်လို့ ရတယ်…. ဒါတွေမကသေးဘူး တခြား activity တစ်ခုလုပ်ချင်သေးတယ်ဆို မြောက်ဦးမြို့ လေးနဲ့ ဘုရားတွေ ကြားတဲ့ စက်ဘီးလေးစီးရင် လည်ကြမယ်… ဒါကလဲ တကယ့်အကြုံတစ်ခု အရမ်းမိုက်တာ… စက်ဘီး tour သွားချင်တယ်ဆို Mrauk U Bike Adventure (09450048813) ဆိုတဲ့ Page က တော်တော် အဆင်ပြေတယ်…။
မြောက်ဦး ရဲ့ စားသောက်ဆိုင်တွေ..
မြောက်ဦးမြို့လေးဟာ အတော်လေး သေးပြီး ရွေးချယ်စရာဆိုင်ကောင်းကောင်းတွေ သိပ်မရှိလှပါဘူး.. သို့ပေမယ့် ရခိုင်စာတွေ နဲ့ ရခိုင်မုန့်တီနဲ့တင် ကိုယ့်အတွက်က အတော်ကို လုံလောက်ပါတယ်.. ရခိုင်ငရုတ်သီးထောင်းကို နှတ်ခမ်းပူတဲ့ အထိစားပြီး ဆီနည်းနည်းနဲ့ ချက်ထားတဲ့ ရခိုင်ဟင်းတွေ .. ပြည်ပကြီးမှာ သိပ်စားလေ့မရှိတဲ့ အမျိုးစုံအောင် ချပေးတဲ့ ရခိုင်ဟင်းတွေနဲ့ကို ထမင်း သုံးပန်ကန်လောက် အသာလေးပါပဲံ.. စားလို့ကောင်းတဲ့ ရခိုင် ထမင်းဆိုင် နှစ်ဆိုင် ၇ှိပြီး ကောင်းသန့် နဲ့ ငွေတောင်လို့ခေါ်ပါတယ်.. ဈေးလဲပေါပါတယ်.. အ၀စား ၃ ထောင်လောက်ပါပဲ.. တရုတ်ဆိုင်လို နိုင်ငံခြားသားတွေ အစားများတဲ့ ဆိုင်ကတော့ မိုးချယ်၇ီပါ.. ဆီချက်တို့ ခေါက်ဆွကြော်တို့ ပေါ့ပေါ့ပါးပါး စားချင်ရင်တော့ For You ဆိုတဲ့ ဆိုင်လေး၇ှိပါတယ်.. သူ့ရဲ့ ဆီချက်က ပြည်ပကြီးက နဲ့တော့ အတော်လေးကွဲပါတယ်..
ကုန်ကျစရိတ်
မြောက်ဦးဟာ လမ်းပန်းဆက်သွယ်ရေးအရ ကုန်ကျစရိတ်များတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ရောက်သွားပြီးရင် နောင်တမရစေရပါဘူးလို့ အာမခံပါတယ်.. ကားနဲ့ သွားမယ်ဆိုရင်တော့ တစ်ယောက်ကို ၁ သိန်း ၈ သောင်း ပတ်ခြာလည်လောက် ကုန်ကျနိုင်ပြီး အချိန်တော့ အလွန်ပေးရမှာပါ.. 6 ရက်လောက်ကုန်ပါမယ်.. လေယာသ်နဲ့ဆိုရင်တော့ 3 သိန်းကျော်လောက် ကုန်နိုင်ပြီး 4 ရက်လောက်နဲ့ သက်တောင့်သက်သာ သွားနိုင်မှာပါ..
ရခိုင်ပြည်ဆိုတာ သမိုင်းကြောင်းကြီးခဲ့တဲ့ ပြည်ကြီးဖြစ်ခဲ့ပြီး ကမ်းခြေတွေ..ရိုးမတွေ.. နာမည်ကျော်တဲ့ ဒေသအစားအစာတွေနဲ့ ယဉ်ကျေးမူတွေ.. ဘာသာတရားကိုင်းရိုင်းမူတွေ နဲ့ ပြည့်နေတဲ့ ကိုယ်တွေရဲ့ သွေးချင်း ပြည်နယ်တစ်ခုပါ.. အနောက်ဘက်က လူမျိုးခြားတွေရဲ့ ခြိမ်းခြောက်မူတွေကို ကြံကြံခံရင်း ဒီနေ့ထက်ထိကို ယဉ်ကျေးမူနဲ့ ဘာသာတရားကို ထိန်းသိမ်းထားတာ မြောက်ဦးရောက်ရင် မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်.. မဟာမုနိကို ရောက်တဲ့နေ့က ဥပုဒ်နေ့တဲ့ တိုက်ဆိုင်လို့ ဘုရားမှာ ယောဂီဝတ်တွေ နဲ့ ဥပုဒ်စောင့်တရားနာကြတဲ့ ရခိုင်လူမျိုး လူကြီးလူရွယ် အများကြီးကို တွေ့ရတာ ကိုယ်တော်တော်လေး အံသြမိတယ်.. တစ်နေကုန် ဘုရားမှာပဲနေပြီး ဥပုဒ်စောင့်ကြမယ့် လူအုပ်ကြီး ရဲ့ ဘာသာတရား ကိုင်းရိုင်းမူကို ကြည့်ပြီး ကြည်နူးမိတယ်.. မြန်မာလို ပြောနေသလို ထင်ရပေမယ့် ကိုယ်တစ်လုံးမှ နားမလည်တာကို စိတ်၇ှည်၇ှည်နဲ့ အထပ်ထပ်အခါခါ ပြောပြပေးတဲ့ ချစ်စရာရခိုင်လူမျိုးတွေ.. လူမျိုးခြားတွေရဲ့ ရန်ကြောင့် တစ်ခါတစ်လေအခုမှ စတွေ့တဲ့လူကို မယုံကြည်သလို အကြည့်တွေနဲ့ ကြည့်တတ်ပေမယ့် ခင်သွားပြီဆိုရင် ပိုက်ဆံတောင်မယူတော့ ပဲ အမျိုးတွေလာသလို အပိုဆောင်းလိုက်ပို့ပေးတတ်တဲ့ သုံးဘီးသမားတွေ.. နဲ့ ဒေသခံတွေ.. ရခိုင်အစားအစာတွေ.. စိတ်ဝင်စားစရာပြည့်နေတဲ့ သမိုင်းကြောင်းတွေ.. မြစ်ချောင်းအင်းအိုင်တွေ အများကြီးနဲ့ စပါးခင်းတွေ..၁၄ ရာစုထဲကကျန်၇ှိနေတဲ့ ကျောက်ဆစ်လက်ရာတွေနဲ့ ကွဲပြားခြားနားနေတဲ့ စေတီပုထိုးတွေကို ဖူးမျှော်လေ့လာခွင့်ရတာနဲ့တင်မြောက်ဦးကို လာရတာ တကယ်ကိုတန်နေပါပြီ..
မြောက်ဦးမသွားခင်က ဂျပန် မီဒီယာ တစ်ခုကို မြန်မာပြည်လာဖို့ ဖိတ်ချင်လို့ ဂျပန်တစ်ယောက်နဲ့ စကားပြောမိတော့ ဒီနှစ်ထဲ ဂျပန်တွေက ပြည်ပ ခရီးစဉ်တွေ သိပ်သွားမှာ မဟုတ်ပါဘူးတဲ့ ..ဘာလို့လဲဆိုတော့ ဂျပန်မှာ ဒီနှစ် သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မုန်တိုင်းတွေ ငလျင်တွေလူပ်လို့ ဒေသတော်တော်များများ ထိခိုက်မူ၇ှိနေတယ်တဲ့ ..အဲ့ဒီတော့ သူတို့လူမျိုးတွေက အဲဒီ ဒေသတွေကို ခရီးသွားရင်း သုံးခဲ့တဲ့ငွေတွေက သူတို့ဒေသ ရဲ့ စီးပွား ရေး နဲ့ သူတို့ ဆီလာလည်တဲ့ သူတွေများပါလားဆိုတဲ့ စိတ်ဓါတ် မြင့်တင်ရေးကိုပါ အထောက်အပံပေးလိုက်နိုင်ပါတယ်တဲ့ .. သူတို့အစိုးရကလဲ ဒီဒေသတွေကို သွားလည်ဖို့ကို လူံဆော်ထားပါတယ်တဲ့.. ကိုယ့်မယ် ကြားကြားချင်း ဘာပြန်ပြောရမှန်းကို မသိတော့ အောင်ကို အံသြပြီး ချီးကျူးမိတယ်..
ကိုယ်တွေကရော… ဟုတ်တယ် ..ကိုယ်တွေ လဲ သွားရမယ်.. သူတို့လို သဘာဝ ဘေးအန္တရယ်တောင် မဟုတ်ဘူး.. တိုင်းပြည်ကို အထင်မြင်အများကြီးလွဲမှားနေတဲ့ ဒီရခိုင်ပြည် ကိစ္စကို… .ဒီလို နိုင်ငံတကာက အထင်မြင်လွဲမှာနေချိန်မှာ ရခိုင်ဒေသကို ပိုလို့တောင်ခရီးသွားဖို့လိုပါသေးတယ်.. ဓါတ်ပုံတွေ ဝေေ၀ဆာဆာတင်ရင်း သူတို့ထင်နေသလို မျိုး မဟုတ်တဲ့ အကြောင်းတွေကို ရခိုင်ဒေသရဲ့ နာမည်ကျော်ဒေသတွေကို စိတ်အေးချမ်းသာစွာ ခ၇ီးသွားရင်း ပြသလို့ရပါတယ်.. ကိုယ်တွေ နဲ့ တသားထဲဖြစ်ကြောင်း ..လည်ပတ်စရာနေရာတွေ နဲ့ သိပ်လှပြီး ခမ်းနားတဲ့ သမိုင်းဝင်အမွေအနှစ်တွေ အများကြီး ရှိတဲ့ မြောက်ဦး ၇ှိတဲ့ ရခိုင်ပြည်ကြီးကို သွားလည်ကြရအောင်နော်..
မမမေဇွန်
https://m.facebook.com/story.php?story_fbid=2414392338588592&id=731173643577145
30/10/2018
Burma: The Way Back to Rakhine Kingdom (1)
This amazing Video uploaded to Youtube by thế thắng lê was reuploaded by Mrauk-U Archaeological Site
30/10/2018
Burma: The Way Back to Rakhine Kingdom (2)
This amazing Video uploaded to Youtube by thế thắng lê was reuploaded by Mrauk-U Archaeological Site
ရခိုင်အကြောင်း မြောက်ဦးသက်သေမြောက်ဦး( မြို့ဟောင်းမြို့)ဆိုတာ   ရခိုင်ပြည်ဆိုတာကို ငယ်ငယ်က ငပလီကမ်းခြေ၊ ရခိုင်မုန့်တီ၊ ...
30/10/2018
ရခိုင်အကြောင်း မြောက်ဦးသက်သေ
မြောက်ဦး( မြို့ဟောင်းမြို့)ဆိုတာ
ရခိုင်ပြည်ဆိုတာကို ငယ်ငယ်က ငပလီကမ်းခြေ၊ ရခိုင်မုန့်တီ၊ ရခိုင်ငှက်ပြောသီးနဲ့ ရင်းနှီးခဲ့ဘူးတယ်။ ဒီလောက်ပဲ။ မြန်မာနိုင်ငံရဲ့အနောက်ဖက် ကမ်းရိုးတန်းဒေသဖြစ်တယ်၊ မိုးလေဝသကြေငြာရင် "ဘင်္ဂလားပင်လယ်အော်တွင် အများဖြင့်သာယာမည်၊ ရခိုင်ကမ်းရိုးတန်းတလျောက် လှိုင်းအသင့်အတင့်ရှိမည် "ဆို ကိုယ့်မှာ စိတ်တွေချမ်းသာခဲ့ဘူးတယ်။ ရခိုင်ဆိုတာကို ကျနော် ( "ကျနော်တို့"လို့ သုံးရင်ကောင်းမလားဘဲ) ဒီလောက်ပဲ ရင်းနှီးခဲ့ဖူးတယ်။ ရခိုင်ပြည်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အနောက်ဖက်တံခါး၊ သူ့ခေတ်သူ့အခါက ယဉ်ကျေးမှုတွေ အကြီးအကျယ်ထွန်းကားခဲ့တယ်ဆိုတာ၊ အနုပညာလက်ရာတွေ အင်မတန်အသက်ဝင် ခမ်းနားခဲ့တယ်ဆိုတာ၊ သူတို့မင်း သူတို့နန်းနဲ့ သူတို့ကိုယ်ပိုင် သမိုင်းနဲ့ ဘုန်းတခိုးသြဇာကြီးခဲ့တယ်ဆိုတာ၊ အဲ့ဒိ ရွှေရောင်လွှမ်းခဲ့ ခေတ်ကို လက်ကျန်သမိုင်းဝင် အဆောက်အဦးတွေဆီက မျက်ဝါးထင်ထင် ခံစားသိမြင်နိုင်တယ်ဆိုတာ ကျွန်တော် ရခိုင်သားတို့ရဲ့နောက်ဆုံးခေတ် နန်းတည်ရာ မြောက်ဦးမြို့ မရောက်ခင်က လုံးဝ မသိခဲ့မိဘူး။
ရခိုင်တွေက သွေးကြီးတယ် စိတ်ဆတ်တယ် ဆိုတာ ကြားဖူးနားဝရှိပေမယ့် ဘာကြောင့် သွေးကြီးကြသလဲဆိုတာ မြောက်ဦးဟာ အဖြေပဲ။ သိပ်ကို ကြီးကျယ်ခဲ့မယ့် မြို့ဖြစ်တယ်။ မြန်မာမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်ဟာ မန်းလေးမှာ နောက်ဆုံးစိုးစံခဲ့သလို ရခိုင်ဘုရင်တွေရဲ့ မင်းဆက်ဟာလည်း တတိယမြောက်ဦးခေတ် ( AD 1638- 1784) မှာ နောက်ဆုံးဖြစ်ခဲ့တယ်။ ကျနော် မှတ်သားရသလောက် ပထမဓညဝတီခေတ် (BC 3325- 1507) မှစ၍ ဒုတိယဓညဝတီခေတ်၊ တတိယဓညဝတီခေတ်၊ ဝေသာလီကျောက်လှေကားခေတ်( AD 327- 818) ၊လေးမြို့ခေတ်( AD 818- 1430) ထိ ၊( အလျင်းသင့်လို့ လေးမြို့ခေတ်ဆိုတာ ပဉ္စမြို့၊ ပထမပရိန်မြို့၊ ဒုတိယပရိန်မြို့ နဲ့ နောက်ဆုံး လောင်းကြက်မြို့မှာ အသီးသီး နန်းတည်ခဲ့လို့ လေးမြို့ခေတ်လို့ ခေါ်ပါသတဲ့) ၊ နောက်ဆုံးခေတ်မှာတော့ ပထမမြောက်ဦးခေတ်၊ ဒုတိယမြောက်ဦးခေတ်နဲ့ တတိယမြောက်ဦး က နောက်ဆုံးဖြစ်ပြီး စတင်၍ ပထမမြောက်ဦးတည်ထောင်သူမှာ မင်းစောမွန်ဖြစ်ပါတယ်။ မြောက်ဦးနောက်ဆုံးခေတ်ကနေ ယခုချိန်ထိတော့ ခေတ်အမျိုးမျိုး လောကဓံအမျိုးမျိုး လူအမျိုးမျိုးရဲ့ လက်ထဲမှာ တိုးတိုးတိတ်တိတ် ခမ်းနားနေသေးတဲ့ မြောက်ဦးပင်ဖြစ်သည်။
မြို့သို့အ၀င်
ြေ မာက်ဦးကို express ကားနဲ့ လာခဲ့တဲ့ ကျွန်တော်ဟာ စစဝင်ဝင်ချင်း သတိထားမိတာတစ်ခုရှိတယ်။ တောင်ကုန်းတွေ။ မြောက်ဦးမြို့ဟာ သိပ်မမြင့်လွန်းတဲ့ တောင်ကုန်းပတ်လည် ကြားမှာ ရှိနေတဲ့ မြို့ဖြစ်တယ်။ မြောက်ဦးဝင်ဝင်ချင်း ရင်ခုန်နှုန်းမြန်စေတဲ့ထဲမှာ တောင်ကုန်းစီစီရီရီအပြင် ဘေးတဖက်တချက်မှာ စီးဆင်းနေတဲ့ လေးမြို့မြစ်လည်း အပါအဝင်ဖြစ်သည်။ ကိုယ်ပိုင်ကားနှင့်သာ လာမိရင် လယ်ယာ စိုက်နေတဲ့ တောင်သူတွေနဲ့ စပါးခင်းနဲ့ လေးမြို့မြစ်နဲ့ ဟိုးဘက်က ရခိုင်ရိုးမ အနွယ်အပွားတွေနဲ့ မြောက်ဦးမြို့ထဲ တော်တော်နှင့်ရောက်မည် မထင်ပါ။
မြို့က ကျယ်မယ်ထင်ရပေမယ့် ကျဉ်းပါတယ်။ ဟိုဟိုဒီဒီ Tuktuk နဲ့ ၁၀မိနစ်သာသာဆို တခုနဲ့တခု ရောက်နေပြီ။မြို့ဝင်ဝင်ချင်း မြင်ရတဲ့ ရှေးဟောင်းဘုရားတွေနဲ့ ဟိုတယ် အများစုက မြို့ပြင်မှာဖြစ်ပြီး မြို့တွင်းကို သွားမယ်ဆို ထပ်ဝင်ရပါဦးမယ်။ နောက် သတိထားမိတာက ကန်တွေပါ။ မြောက်ဦးမှာ ရေကန်တွေ များများစားစားတွေ့ရပြီး အဲ့ ကန်ရေကို စားသောက်ဖို့ အထိ အသုံးပြုနေတာလည်းတွေရမှာ ဖြစ်ပါတယ်။ ထူးခြားတာက ရေခပ်တဲ့ အိုးတွေ။ ရေတကောင်းလိုလို အိန္ဒိယဆန်သလိုလို နဲ့ တမျိုးလေးဆန်းနေတယ်။ ညနေ မနက်ဖက် ဆို ရေတွင်းတွေ ရေကန်တွေမှာ ရေလာခပ်သူ မိန်းမကြီးငယ် တော်တော် များများကို တွေ့ရမှာ ဖြစ်ပါတယ်။
လက်ညှိုထိုးမလွဲ ဘုရားစေတီတွေ အားလုံးလိုလိုဟာ ကျောက်သားကို အခြေခံပြီး ထွင်းထုထားတဲ့ ဘုရားတွေများတယ်။ ပုဂံမှာ စာချိုးရှိသလို ရခိုင်တွေရဲ့ စာချိုးဖြစ်တဲ့ " သဇင်ပန်းခိုင် တမြိုင်မြိုင် " ရခိုင်ဘုရားပေါင်းဆိုတဲ့ နေရာဟာ မြောက်ဦးကို ရည်ညွှန်းတယ်ဆိုတာ ကိုယ်တိုင်မြင်မှပဲ သိရတော့တယ်။ နောက်ထပ်သတိထားမိသေးတဲ့ အရာက ဘုရားဝင်ပေါက်တွေ တန်ဆောင်းတွေတော်တော်များများမှာ နေရာယူထားတဲ့ ဘီလူးရုပ်တွေ။ အသက်ဝင်ချက်က သတိထားမိဆုံး ဘီလူးရုပ်ဆို ရှစ်သောင်းပုထိုးတော်ကြီး အတွင်းက ဘုရားဝင်ပေါက် အောက်နားမှာ ခပ်သေးသေးထုထားတဲ့ ဘီလူးရုပ်ပါ။ သေချာကို စေ့စေ့ မကြည့်ရဲဘူး။ ဘီလူးရုပ်တွေရဲ့ အခန်းကဏ္ဍ ဟာလည်း ထည့်မတွက်လို့ မရတဲ့ မြောက်ဦးပင်ဖြစ်သည်။
နေဝင်နေထွက်ချိန်တွေရဲ့ အကြောင်း
မြောက်ဦးရောက်ရင် တခုတ်တရသွားကြည့်ရမယ့်ထဲမှာ နေဝင် နေထွက်ချိန်တွေလည်းပါတယ်။ မိုးတွင်းမှာ ကိုယ်တိုင်မမြင်ခဲ့ရတော့ မသိပေမယ့် ခုလို ဆောင်းအဝင် မိုးနှောင်းကာလမှာကို တော်တော် ရင်သပ်ရှုမောဖွယ်ဖြစ်ပါတယ်။ နေဝင်နေထွက်ချိန်ဟာ နေရာအားလုံးကို လှပစေတာ မှန်ပေမယ့် မြောက်ဦးရဲ့ နေဝင်နေထွက်ချိန်ဟာ သူ့ကိုယ်ပိုင်ဟန်ရှိတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲ? ကျနော် ရှေ့မှာ ပြောထားခဲ့တဲ့ တောင်ကုန်းတွေကြောင့်ပါ။ တောင်ကုန်းအစီစီအရီရီကြားမှာ ဖြစ်နေတဲ့ မြို့ဖြစ်လို့ ယင်း တောင်ကုန်းတွေပေါ်က တက်ကြည့်ရတဲ့ မြင်ကွင်းတွေဟာ ပုဂံမှာ ဘုရားတွေပေါ်တက်ကြည့်ရတဲ့ ခမ်းနားတဲ့ နေဝင်နေထွက်ချိန်တွေကို စိန်ခေါ်နိုင်တဲ့ မြောက်ဦးပါ။ နောက်တခုက မြူပါ။ တောင်ကုန်းထူတဲ့ အတွက် မနက်ခင်းနဲ့ ညနေပိုင်းဆို မြူကျပါတယ်။ ဆောင်းတွင်း ပိုလို့ကျပါတယ်။ ကောင်းကင်က သဘာဝမြူအပြင် မနက်ခင်းဆို အိမ်တိုင်းအိမ်တိုင်းကနေ မီးမွှေးတဲ့ ထမင်းချက်တဲ့ သစ်ရွက်မီးရှို့တဲ့ မီးခိုးတွေနဲ့ပါဆိုတော့ ကျနော် ရေးပြဖို့လိုမလား?? အဲ့ဒိမြူနဲ့ အောက်က မီးခိုးနဲ့ တောင်ကုန်းအသီးသီးက စေတီ မဲမဲတွေဟာ မြောက်ဦိးနေဝင် နေထွက် ချိန်တွေရဲ့ အသက်ပင်ဖြစ်သည်။ နာမည်ကြီး Sunrise ကြေည့်နေရာတွေဆိုရင် ဦးမြဝါတောင် ( ရှစ်သောင်းဘုရား, မြောက်ဦးဟိုတယ်တို့နဲ့ တော်တော်ကိုနီးပါတယ်) ရွှေတောင်, တစ်ခွက်ဆရာတောင် ,ကျီအာတောင် တွေက နာမည်ကြီးနေရာတွေပါ။ Sunset ကတော့ ကမ္ဘာကျော် Discovery တောင်ကုန်း ( သူလည်း ရှစ်သောင်းနားမှာ ရယ်) နဲ့ ဂဌုန်တောင် ပါ။
လေးမြို့မြစ်
မြောက်ဦးမှာ ဘုရားတွေအပြင် သပ်သပ်ကြီးထူးခြားနေတဲ့ Activities တစ်ခုရှိသေးတယ်။ အဲ့တာ ချင်းတောင်တွေကနေ မြစ်ဖျားခံ၊ ဘင်္ဂလားပင်လယ်ထဲ စီးဝင်သွားတဲ့ လေးမြိုးမြစ် တလျောက်ကို ဆန်တက်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းနယ်စပ်ကြားက ချင်းလူမျိုးတွေဆီ သွားလည်တဲ့ activities ပါ။ တောင်တန်းတွေဆီက မြစ်ဖျားခံတဲ့ လေးမြို့မြစ်ဟာ အကွေ့အကောက်များ တောင်တန်းများနှင့် အလွန် မျက်စိပသာဒရှိတဲ့ မြစ်ဖြစ်ပါတယ်။ မြစ်တလျောက် ဝါးဖောင်တွေနဲ့ သစ်မျော ဝါးမျောတဲ့လုပ်ငန်းတွေကို မနက်ခင်း လေးမြို့မြစ်တလျောက် ရေခိုးတွေကြားမှာ စိမ်းနေတဲ့ မြစ်ရေကြည်နဲ့ မြူတွေပါ ဆိုင်းနေတော့ .... အဲ့မြင်ကွင်းကို မြင်ချင်လို့ သွားတာပဲ .. မိုးပြီးကာစဖြစ်နေတဲ့ ရေနောက်နေတဲ့ အပြင် နေ့လည်ဖြစ်တော့ နေပူခံပြီး ပြန်လာခဲ့ရတယ်။ 😔 ဒေသခံ ပြောစကားအရ ဒီဇင်ဘာကနေ ဖေဖော်ဝါရီအထိ အလှဆုံးဖြစ်ပြီး အေပရယ်ထိ ရေကြည်နေသေးကြောင်းသိရတဲ့ အတွက် နောက်တခေါက်သွားဖို့တော့ အားတင်းထားပါရဲ့။ အဲ့ မြစ်ကြောင်းတစ်လျောက်ကြည့်ပြီး ချင်းရွာတွေရောက်ရင် ခုထိ ပရဲခေါ် face tattoo ထိုးထားတဲ့ ချင်းလူမျိုးတွေရွာရောက်မှာဖြစ်ပါတယ်။ ( သိထားတာလေးတစ်ခု ပြောရရင် ချင်းပြည်နယ် မင်းတပ်ကနေ မြောက်ဦးထိ trekking ရှိပြီး ခုလိုပဲ လေးမြို့မြစ်ကို ဖြတ်လာရတယ် ဆိုတာလေး လက်ဆောင် အသိပေးရပါဦးမယ်) ဆိုတော့ ဒီ ချင်းရွာ tour ကနေ လေးမြို့မြစ်အလှရယ် ချင်းအမျိုးသမီးညကီးတွေရဲ့ မြင်ရဖို့ ခဲယဉ်းသွားပြီဖြစ်တဲ့ ပရဲထိုးအလှကို မျက်မြင်ကိုယ်တွေ မြင်ရမှာ ဖြစ်ပါတယ်။ မိမိတို့တည်းတဲ့ ဟိုတယ်အသီးသီးကနေ စီစဉ်ခိုင်းပြီး သွားလို့ရပါတယ်နော်။ ကာလ ဒေသနဲ့ ချိန်ပြီး လေးမြို့မြစ် အလှကိုတော့ ကြည့်စေချင်ပါတယ်။
မသွားမဖြစ် လည်စရာပတ်စရာများ နှင့် နေစရာများ
လည်စရာမပြောခင် ဘာနဲ့ သွားမလဲ အရင်ပြောရလိမ့်မယ်။ ဖောဖောသီသီ ငှားလို့ရတာကတော့ သုံးဘီး Tuktuk တွေပါ။ တနေကုန် ၂၅၀၀၀ ကနေ ၃၀၀၀၀ ထိရှိပြီး လေးယောက် အများဆုံးစီးလို့ရတယ်။ အလွယ်တကူပဲ ငှားလို့ရတယ်။ နောက်တစ်ခုက စက်ဘီး။ မြောက်ဦး နဲ့ နဝရတ်ဟိုတယ် နေသူတွေအဖို့တော့ စက်ဘီးနဲ့ အနီးအနားသွားဖို့ ပိုလွယ်ပါတယ်။ သက်လုံကောင်းရင်တော့တမြို့လုံးနင်းပေါ့လေ။ စက်ဘီးနဲ့ သွားရတာလည်း မြောက်ဦးမယ် အရသာတစ်ခုပါ။ ငှားခလေး နည်းနည်ယ ဈေးကြီးတယ် ခံစားရတာက လွဲလို့။
နေစရာကိစ္စလည်းပြောရဦးမယ်။ ကျနော်နေခဲ့တဲ့နေရာတွေပဲ ပြေပါ့မယ်။ ပထမတရက်က မြောက်ဦး ဟိုတယ်။ နေရထိုင်ခင်းဆင်ပြေတယ် ဘန်ဂလိုtype ပဲ။ မန်နေဂျာကြီလည်း သဘောကောင်းတယ် သေချာ ကျကျနန ရှင်းပြတယ်။ အားသာချက်က သူက မြောက်ဦးနာမည်ကြီးနေရာတွေနဲ့ အကုန်နီးတယ်။ ကိုယ်ပိုင် sunset , sunrise တဲ့နေရာလေးရှိတယ်။ဈေးက ၂ ယောက်ခန်းကို ၅၀၀၀၀ ပါ။ သူရှေ့မှာ နဝရတ်ဟိုတယ်ရှိတယ်။ အစားအသောက် အဲ့မှာပိုကောင်းတယ် ပြောတယ်။ မြောက်ဦးဟိုတယ်ထက် သက်သာတယ် ပြောတယ်။ နောက်တစ်နေရာကတော့ မြောက်က်ဦး မင်းသမီး ဟိုတယ်။ hotel ထက် သူက resort ပါ။ resort ဆိုတဲ့ အတိုင်း resort မှာရမယ် facility အားလုံးရမယ်။ Breakfast လေး ပြင်ပေးတာ သဘောကျတဲ့ အပြင် breakfast စာတဲ့နေရာမှာ ခေတ်အဆက်ဆက် ဆင်ယဉ်ထုံးဖွဲ့မှုတွေ ပြသထားတယ် ။ မြောက်ဦးမင်းသမီးဆိုတဲ့ အတိုင်း အခန်းတိုင်းမှာ မြောက်ဦး မင်းသမီးနာမည်နဲ့ သူ့သမိုင်းလေးတွေ ရှိတယ်။ ရေကူးကန်လေး သဘောကျတဲ့ အပြင် လက်မှုလုပ်ငန်းတွေ Organic farm တွေ လေ့လာလို့ရတယ်။ အေးဆေးနားနားနေနေသမားတွေအတွက် ပိုကိုက်တယ် တန်မယ်လို့ ခံစားရတယ်။ တစ်ခုပဲ မြို့နဲ့ နဲနဲ လှမ်းတော့ သွားရလာရ နည်းနည်း ကသိတယ်။ ဒါပေမယ့် Tuk tuk တို့ ဘာတို့ ကြိုငှားထားလိုတော့ ရပါတယ်။
ကိုယ်ဘယ်လိုသွားရမလဲ ဘယ်မှာနေမလဲ အရင်ဆုံးဖြတ်ပြီးမှ နေဖို့ငှားဖို့သွားဖို့ အကြံပေးပါရစေ။ သွားလည်ဖို့တော့ ရှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကိုသိမ်ပုထိုးတော်ကြီး၊ အမ်တော်သိမ်နဲ့ Discovery Hill တို့က စုစုစီးစီးရှိပြီး တခုနဲ့တစ်ခုသွားဖို့ နီးတယ်။ မြောက်ဦးမှာ မာန်ငါးမာန်ဆိုတဲ့ မြောက်ဦးမြို့တည်တုန်းက အရံအတားဖြစ်အောင်း မြို့ကိုရံပြီး တည်ထားတဲ့ ဘုရား ၅ ဆူလည်းရှိသေးတယ်။ အဲ့ ငါးဆူပြည့်ရင် မြို့တပတ်ပြည့်တာနဲ့ တူတူပါပဲ။ ကိုးသောင်းပုထိုးတော်ကြီးကတော့ နည်းနည်းလှမ်းတယ်။ သူ့ကို စောစောသွားပြီး ဖူးဖို့ အကြံပြုပါတယ်။ နေမပူအောင်ပါ။ မြောက်ဦးနန်းတော်နေရာကိုလည်း သွားဖို့ တိုက်တွန်းပါရစေ။ သွားစရာတွေက များတော့ ကျွန်တော်တို့လည်း အစုံမရောက်ဖြစ်ခဲ့ဘူး။ မြောက်ဦးကို ကျနော့်အထင် ၃ ရက်လောက် လည်မှ နည်းနည်းစုံမယ်ထင်ပါ့။
ကားစီးမလား လေယာဉ်နဲ့လား
အပင်ပမ်းခံနိုင်ရင် ကားစီးပါ။ ပုံမှန် ၂၃/၂၄ နာရီစီးရပါမယ်။ အခုကတော့ တံတားပြန်ပြင်နေလို့ ဇတ်နဲ့ကူးရမယ် ဆို ဇတ်စောင့်တာနဲ့ ဘာနဲ့ ၂၆ နာရီလောက်ကြာပါတယ်။ ရန်ကုန်ကပါ။ မန်းလေးကနေလည်း ကားရှိတယ် သိရပါတယ်။ ၂+၁ ကားကတော့ မရှိသေးဘူးပြောတယ်။ ကျနော်တို့က VIP ဆို ၂+၁ ထင်လိုက်တာ သူတို့က VIP ဆိုတာAir con ဖွင့်တဲ့ ပုံမှန် ၂+၂ ကားတွေပါ။ ကားနဲ့သွားရင်ဒါလေး သတိချပ်ပါလို့။ မိုးကောင်းကင်က ကားကောင်းတယ်ပြောပါတယ်။ ကျွ့န်တော်တို့စီးဖြစ်တာကတော့ တိုးရတနာပါ။ ကားပုံမှန်ပါပဲ။ နေ့လည် aircon မအေးပါ။ ကုန်တင်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်တော့ ထားမလို့ဘဲ ဒါပေမယ့် ကုန်တင်တာ aircon မအေးတဲ့ ညနေပိုင်းကို ၁ နာရီကျော်လောက် ကားမထွက်ဘဲ သိပ်ပြီးတင်နေတာမြင်လို့ သိပ်ဘဝင်မကျခဲ့ပါ။ ညဘက်တော့ aircon အေးလာပေမယ့် မနက်ကတည်းဖွင့်ထားတဲ့ ရခိုင်သီချင်း Volome ကို မလျော့ဘဲ တညလုံးဖွင့်ထားတာတော့ သိပ်ကို အဆင်မပြေခဲ့ပါ။ ကားသမား အိပ်ပျော်သွားမှာစိုးလို့ထင်ပါရဲ့ ဟုဆိုကာ အတင်းကာရော အကောင်းမြင်ပေးခဲ့ မိပါသေးတယ်။ အဆငါမပြေတာလေးတွေများလို့ မနေနိုင်လို့ပြောလိုက်ရတာပါ။ ကောင်းစေချင်လို့ပါ။ မြောက်ဦးဟာ အထင်ကရနေရာကြီးဖြစ်နေပေမယ့် ကိုယ့် local တွေက အစ ဈေးကြီးလို့ ဝေးလို့ မလာကြပါ။ လေယာဉ်နဲ့လာရင် လွယ်ပေမယ့် လေယာဉ်ခနဲ့ လေဆိပ်ကနေ မြောက်ဦးလာခနဲ့က သာမန် ပြည်သူတယောက် အတွက် ခဲယဉ်းနိုင်ပါတယ်။အဲ့အချိန်မှာ ကားခကသက်သာလို့ ကားနဲ့ဒီလောက် အကြာကြီးစီးရတဲ့ ခရီးဟာ သက်တောင့်သက်တာ ဖြစ်ဖို့လိုပါတယ်။အကြားကြီးစီးရတဲ့အတွက် ပုံမှန်ထက် သက်တောင့်သက်သာမဖြစ်မှန်းသိပေမယ့် အခြားစိတ်အနှောက်ယှက်ဖြစ်စရာ ခုလို သီချင်းလိုတာထက် ပိုကျယ်တာတို့ကို ထပ်သည်းမခံချင်တော့ပါ။ တက်နိုင်ရင် ကားအုန်နာများ ကျပ်မတ်ပေးစေလိုပါတယ်။ ဖြစ်နိုင်ရင် VI2+1 ကားတွေ ပြေးဆွဲစေချင်မိပါတယ်။ ယခုကားခကတော့ ၂၃၀၀၀ ကျပ်ပါ။ လေယာဉ်ခက တော့ ၇၀၀၀၀ ပါ။ လေယာဉ်စီးမယ်ဆိုရင်တော့ စစ်တွေထိပဲရောက်မှာဖြစ်ပြီး မြောက်ဦးကို ကားနဲ့ သင်္ဘောနဲ့ တဆင့် သွားနိုင်ပါသေးတယ်။ သင်္ဘောက တစ်နေ့ ၂ ချိန်ထွက်တာမို့လို့ မလာခင် ကြိုမေးစေချင်ပါတယ်။ private ကားလည်းးငှားနိုင်ပေမယ့် ကားခက ဈေးကြီးလွန်းပါတယ်။ မြောက်ဦးကို လူမလာကြတဲ့ အကြောင်းရင်းတချက်မှာ လမ်းပမ်းဆက်သွယ်ရေးလည်း အပါဝင်မို့ သက်ဆိုင်ရာ အဖွှဲ့စည်းများအနေဖြင့် အဆင်ပြေနိုင်အောင် ညှိနှိုင်ဆောင်ရွက်ပေးဖို့ အကြံပြုလိုပါတယ်။
မြောက်ဦး ဘာလဲ ဘယ်လဲ
ကမ္ဘောဒီးယားဟာ အန်ကောဝပ်ဘုရားကျောင်းတစ်ခုနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် နှစ်စဉ်သိန်းချီဝင်နေချိန်မှာ မြန်မာနိုင်ငံရဲ့ အနောက်ဖက် ရခိုင်ဒေသက ရခိုင်တို့ရဲ့ နောက်ဆုံးနန်းတည်မြို့ဖြစ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ရာပေါင်းများစွာ အဆောက်အအုံပေါင်းများစွာနဲ့ မြောက်ဦးမြို့ဟာ နိုင်ငံခြားခရီးသွား တစ်နှစ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြား၊ ပြည်တွင်းခရီးသွားလေး ကြို့တို့ကျဲတဲနဲ့ တိတ်တဆိတ် ဆက်လက်ခမ်းနားဖို့ အားယူနေလေရဲ့။ ကမ္ဘာသိ ယူနက်စကို ဝင်ဖို့ကိုလည်း ဆေးသုတ်လိုက် အမိုးအုပ်လိုက်ကြားထဲက ကုန်းရုန်းထနေလေရဲ့။ အနောက်ဖက်က ဘာသာရေး လူမျိုးရေး ပြဿနာတွေကြားမှာ တမြို့ထဲ ကြံ့ကြံ့ခံ ငြိမ်းချမ်းစွာတည်ရှိနေလေရဲ့။ လေးမြို့မြစ်ရဲ့ ဘေးကပ်ရပ် တခါခါ မိုးများတတ်ပြီး တခါခါ ရေကြီးတတ်တဲ့ မြောက်ဦးဟာ နှာခါင်းဖော်ပြီး အသက်ရှုနေလေရဲ့။မနေ့တနေ့ကပဲ အကြောင်းမဲ့ ဘုရားအချို့ ဖျက်စီးခံရတဲ့ မြောက်ဦးဟာ ခင်ဗျားတို့ လာမှာကိုလဲ ပူရ၊ ခင်ဗျားတို့ မလာမှာကိုလဲ ပူရနဲ့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေလေရဲ့။
သေချာတာကတော့ ခင်ဗျားတို့ရခိုင်ပြည်ကြီးအကြောင်းသိချင်ရင် မြောက်ဦးလာခဲ့လို့ ဖိတ်ခေါ်ရင်း ကိုယ့်ထမင်းကိုယ်စား ရခိုင့်အကြောင်း ကြွားလိုက်ရပါတယ်။
#မြောက်ဦး
#သဇင်ပန်းခိုင်တစ်မြိုင်မြိုင်ရခိုင်ဘုရားပေါင်း
(ဖြည့်စွတ်ချက် )
မြောက်ဦးဟာ လူတန်းစားမရွေးသွားနိုင်ဖို့အတွက် အကန့်အသတ် ရှိနေပါသေးတယ်။ မြောက်ဦးကလုပါတာမဟုတ်ပေမဲ့ ခေတ်အခြေအနေ ပတ်ဝန်းကျင်နဲ့ လမ်းပန်းဆက်သွယ်ရေးက မြောက်ဦးကို ဈေးကြီးစေပါတယ်။ ဆိုတော့ အားလုံးပါဝင်လို့ရအောင် အကြံပေးရရင် အပင်ပန်းခံနိုင်တဲ့လူငယ်တွေအတွက် budget သွားဖို့ပိုပြီး သင့်တော်မယ် ထင်ပါတယ်။. ဆိုလိုချင်တာက လူငယ်၊ အကြမ်းခံနိုင်တယ်ဆို
- အသွားကိုကားစီးသွားပါ ။ flight ၁ကြောင်းစာ သက်သာလဲ မနည်းပါဘူ။း.နည်းနည်းတော့ ပင်ပန်းပါလိမ့်မယ် .။
- ၁ယောက်တည်းမသွားပါနဲ့။ အနည်းဆုံး ၃ယောက်ကနေ ၄ယောက် စုသွားပါ.။ TukTuk ၁စီးကို ၄ယောက်စီးလို့ရတဲ့အတွက် TukTuk ခသက်သာသလို အခန်းခလဲ share ပြီး နေနိုင်ပါလိမ့်မယ်။
- မြို့ထဲမှာ သွားစားပါ။ ဒါမှမဟုတ် မုန့်တီသောက်ပါ (ကိုယ့်ဗိုက်limit ကိုသိပြီးချိန်ဆသောက်ဖို့လို😝) . ဒါဆို စားစရိတ်နည်းနည်းချွေတာ နိုင်ပါလိမ့်မယ်.။
- အပြန်ကို boat နဲ့ (boat ခ ၃၀၀၀ထင်တယ်🤔) စစ်တွေသွား ( ကြာချိန် ၃နာရီ) . ပြီး Flight နဲ့ ( GMA ကပိုသက်သာ) ရန်ကုန်ပြန်လာ၊. boat မစီးချင်ရင်တော့ mini bus လိုင်းကားစောင့်ပြီးစီးလို့ရပါတယ် (အချိန်မမှန်တတ်လို့ စောစောထစီးပါ). အဲ့လိုမဟုတ်ရင် အပြန်ကိုလဲ Express နဲ့ပဲ ပြန်လာပါ။
-ဒါဆိုရင်တော့ စာရိတ် အတော်အသင့်ပဲကုန်ပြီး တစ်ယောက် ၁၂၀,၀၀၀ကျပ် ကနေ ၁၆၀,၀၀၀ကျပ် နဲ့ မြောက်ဦးကိုရောက်နိုင်ပါတယ်။
***ခင်ဗျာတို့ အမှိုက်မချဖို့တော့ ထူးပြီးတော့မတိုက်တွန်းချင်တော့ဘူး မြောက်ဦးမှာ ဘီလူးတွေရဲ့ ရာဇဝင်ကို သိချင်ရင် အမှိုက်ချကြည့်လိုက်ပေါ့ ... Ok ?
***အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအထူးပါ ခင်ဗျ
https://m.facebook.com/story.php?story_fbid=1871039532980768&id=1305196349565092
Address
Mrauk-Oo
Website
Alerts
Be the first to know and let us send you an email when မြောက်ဦးဘုရားဖူးလမ်းညွှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
Share
Category