Royal Sky Travel & Tours

Royal Sky Travel & Tours ကျွန်တော်တို့မှ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုကိုဖန်တီးပေးပါရစေ

🙏BAGAN🙏
24/01/2022

🙏BAGAN🙏

🏫Office 🏫
22/01/2022

🏫Office 🏫

🙏ကျိုက်ထီးရိုး သို့🙏
22/01/2022

🙏ကျိုက်ထီးရိုး သို့🙏

🙏Coming Soon🙏
20/01/2022

🙏Coming Soon🙏

😂နေပါအုံး စကားလေးဆုံးအောင်းပြောပါရစေအုံး စိတ်ချည်ပဲ😂
13/11/2020

😂နေပါအုံး စကားလေးဆုံးအောင်းပြောပါရစေအုံး စိတ်ချည်ပဲ😂

🤵၀န်ထမ်းအလိုရှိသည်။🤵💁Royal Sky Travel & Tours နှင့်အတူလက်တွဲလုပ်ကိုင်ရန်၀န်ထမ်း အလိုရှိသည်။🤵Tour Leader  (ကျား ၂ ဦး)🤵 (ပ...
19/08/2020

🤵၀န်ထမ်းအလိုရှိသည်။🤵
💁Royal Sky Travel & Tours နှင့်အတူလက်တွဲလုပ်ကိုင်ရန်၀န်ထမ်း အလိုရှိသည်။

🤵Tour Leader (ကျား ၂ ဦး)🤵
(ပြည်တွင်းအတွက်သာ)

💁လိုအပ်‌သောအရည်အချင်းများ💁
=========================
👩‍🎓အခြေခံပညာအထက်တန်းဆင့်ပြီးဆုံးထားသူများ
👩‍🎓အဝေးသင်တက်ရောက်နေသူများ/ဘွဲ့ရရှိထားသူများ
🏃ခရီးသွားဝါသနာပါသူများ
🏃ကျန်းမာရေးအထူးကောင်းမွန်သူများ
🚶အသက် ၁၈နှစ်မှ၂၅နှစ်အတွင်းရှိသူများ
🤵အိမ်ထောင်မရှိသူလူလွတ်ဖြစ်ရမည်။
🎟️စာရင်းများအားအတိအကျတင်ပြနိုင်သူများ
🎤လေ့လာသင်ယူလိုစိတ်ရှိသူများ
👩‍🏫သမိုင်းကြောင်းများအား တစ်ဖက်လူနားလည်အောင် ရှင်းပြနိုင်သူများ
🧑ရုပ်ရည်အသင့်အတင့်ရှိရမည်။
👫အဖွဲ့အစည်းနှင့်အတူလက်တွဲလုပ်ကိုင်နိုင်သူများ
🖥️Computer/ internet /email အသုံးပြုတတ်သူများ
🕴️အတွေ့အကြုံရှိသောသူများပိုဦးစားပေးမည်။(အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်သည်။)

💵 လစာ+ဘောနပ်+ဂိုက်ကြေး💵

(မှတ်ချက် ။ ။လျှောက်ထားသူများသည် ၁၀-၉-၂၀၂၀ ရက်နေ့နောက်ဆုံးထားလျှောက်ထားပြီး လိုအပ်သောစာရွက်စာတန်းများနှင့်အတူ လူကိုယ်တိုင်လာရောက်လျှောက်ထားရမည်။အင်တာဗျုးမည့်နေ့အားလာလျှောက်ထားသည့်နေ့၌တစ်ခါတည်းဗျူးမည်ဖြစ်သည်။)

💁လျှောက်ထားရန်
🖌️အမှတ် ၇၇ အောင်သိဒ္ဓိလမ်းမကြီး ၃ရပ်ကွက် မရမ်းကုန်းမြို့နယ်
🖌️ရန်ကုန်မြို့။ ဖုန်း။ ၀၉၂၅၄၃၃၀၆၆၂ / ၀၉ ၈၉၄၈ ၅၅၅၅၁ / ၂ သို့ လာရောက်လျှောက်ထားနိုင်သည်။

💁ကရင်ပြည်နယ် တောင်ဝိုင်းတောင်-ချစ်သူမြိုင်ပန်းခြံ -ကျောက်ကလပ်-ကော့ဂွန်းဂူ-ရသေ့်ပျံဂူ-ဘုရင့်ညီနောင်ဂူ နေ့ချင်းပြန်ခရီးစဉ်...
16/08/2020

💁ကရင်ပြည်နယ် တောင်ဝိုင်းတောင်-ချစ်သူမြိုင်ပန်းခြံ -ကျောက်ကလပ်-ကော့ဂွန်းဂူ-ရသေ့်ပျံဂူ-ဘုရင့်ညီနောင်ဂူ နေ့ချင်းပြန်ခရီးစဉ်💁

💵တစ်ဦးလျှင် = (၃၉၀၀၀) ကျပ်💵

🚙ထွက်ခွါမည့်ရက်🚙
-----------------------------------
👉 ၂၉-၈-၂၀၂၀
👉 ၅-၉-၂၀၂၀
👉 ၁၂-၉-၂၀၂၀
👉 ၁၉-၉-၂၀၂၀
👉 ၂၆-၉-၂၀၂၀ အပတ်စဉ် စနေ့နေ့ည ၉နာရီ

🚌သွားရောက်လည်ပတ်မည့်နေရာများ🚌
----------------------------------------------------------------
⛰️တောင်ဝိုင်းတောင်⛰️
🎄ချစ်သူမြိုင်ပန်းခြံ🎄
🙏ကျောက်ကလပ်စေတီ🙏
🌊လွန်းညရေပြာအိုင်🌊
🏖️ကန်သာယာပန်းခြံ🏖️
💁ကော့ဂွန်းဂူ
💁ရသေ့ပျံဂူ
💁ဘုရင့်ညီနောင်ဂူ
💁ရေပူစမ်း

🤵ပါဝင်သောဝန်ဆောင်မှုများ🤵
--------------------------------------------------------
🚌အဆင့်မြင့် Air Con Bus 33/45 ယောက်စီး🚌
🤵ဝန်ဆောင်မှုပေးမည့် Tour Leader🤵
📷အလှဆုံးဓာတ်ပုံရိုက်ပေးမည့် ကင်မရာမန်း📷
🍛မနက်စာ/နေ့လည်စာ🍛
🥤အဆာပြေမှုန့်နှင့်အအေး🥪
🍶ရေသန့် စနိုးတာဝါ🍶
🎈သွားတိုက်ဆေး/သွားတိုက်တံ
💊အိမ်သုံးဆေးဝါးများ💉

💁လက်မှတ်များကို Online မှဖြစ်စေ Phone ဖြစ်စေ မှာယူနိုင်ပြီအိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

💁ကုမ္မဏီများ မိသားစုများ အသင်းအဖွဲ့များနှင့် သီးသန့်သွားရောက်လိုသူများအတွက်လည်း အထူးသင့်လျော်သောစျေးနှုန်းဖြစ် စိတ်တိုင်းကျစီစဉ်ဆောင်ရွက်ပေးပါသည်။

💁အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
လိပ်စာ။ ။ အမှတ် ၇၇-၄လွှာ-အောင်သိဒ္ဓိလမ်းမကြီး မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့

☎️ ဖုန်း ။ 09254330662/09894855551/09894855552 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🕴️🕴️🕴️(၇၃)ကြိမ်မြောက် အာဇာနည်နေ့အား လေးစားဂုဏ်ပြုအပ်ပါသည်။🕴️🕴️🕴️
19/07/2020

🕴️🕴️🕴️(၇၃)ကြိမ်မြောက် အာဇာနည်နေ့အား လေးစားဂုဏ်ပြုအပ်ပါသည်။🕴️🕴️🕴️

COVID-19 လူနာအမှတ် C-311 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်=================================(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရ...
06/07/2020

COVID-19 လူနာအမှတ် C-311 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
=================================
(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့

COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားသည် လွန်ခဲ့သော (၆) လခန့်မှစ၍ လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ပြီး (၂၄-၆-၂၀၂၀) ရက်နေ့တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဂိတ်သို့ အခြားသူ (၁၈၆)ဦးနှင့်အတူ ပြန်လည်လက်ခံရေး အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပါသည်။

၎င်းသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ (၂၅-၆-၂၀၂၀) ည (၇:၃၀) နာရီ အချိန်တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ယင်းနေ့ည (၁၀:၃၀)နာရီ အချိန်တွင် ထွက်ခွာခဲ့ပါ သည်။

အဆိုပါ မော်တော်ယာဉ်သည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ပါသည်။

သို့သော် လူနာအမှတ် (C-311) သည် လမ်းခုလတ် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ မလိုက်ပါဘဲ ရန်ကုန်မြို့အနီး အမြန်လမ်းမှတစ်ဆင့် သုံးဘီးဆိုင်ကယ်ဖြင့် တိုက်ကြီးမြို့နယ်၊ အင်းလန်ဂိတ်သို့သွားရောက်ခဲ့ပြီး ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ချက်ချင်းအကြောင်းကြားခဲ့ပါသည်။ ၎င်းသည် အဆိုပါနေ့တွင်ပင် ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသောကားဖြင့် ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ ဧကရီဆောင်သို့သွားရောက်ခဲ့ပြီး ည (၈:၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိကာ Quarantine ဝင်ရောက်ခဲ့ပါသည်။

ထိုသူ (C-311) ထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၄-၇-၂၀၂၀) ရက်နေ့ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးဝါး ကုသမှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ ယနေ့နံနက်စစ်ဆေးချက်များအရ လူနာ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်ပါသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ လူနာနှင့် ကားတစ်စီးတည်း အနီးကပ် ထိတွေ့ခဲ့သည့် (၁၇) ဦးအား ဓာတ်ခွဲနမူနာရယူကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိသူ (၅)ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၁၂) ဦး ရှိပါသည်။ ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၂) ဦးအားလည်း သီးခြားထားရှိ၍ ဓာတ်ခွဲနမူနာရယူကာ (၅-၇-၂၀၂၀) ရက်နေ့ တွင် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီးဖြစ်ပါသည်။

ထိုသို့လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများကို သက်ဆိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးပညာပေး လုပ်ငန်းများအား လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး ပညာပေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် Quarantine ဝင်ရောက်ရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

PNA ( Admin )

🙏ယနေ့ကျရောက်သော်နိုင်ငံတော်အတိုင်ပင်ခံ‌ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့မှသည်နောင်နှစ်ပေါင်းမျာ...
19/06/2020

🙏ယနေ့ကျရောက်သော်နိုင်ငံတော်အတိုင်ပင်ခံ‌ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာသက်ရှည်ကျန်းမာပါစေကြောင်း ကျွန်တော်တို့ Royal Sky Travel & Tours မှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။🙏

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငါးရာကျပ်တန်ငွေစက္ကူထုတ်ဝေမည်Phyogyi ( Admin )Source - Myanmar Dig...
18/06/2020

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငါးရာကျပ်တန်ငွေစက္ကူထုတ်ဝေမည်

Phyogyi ( Admin )

Source - Myanmar Digital News

🙏မင်္ဂလာပါ 🙏💁Royal Sky Travel & Tours မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ💁👉 ဒီနေ့ဟာ ကျွန်တော်တို့ Royal Sky Travel ရဲ့ ၁နှ...
15/06/2020

🙏မင်္ဂလာပါ 🙏
💁Royal Sky Travel & Tours မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ💁
👉 ဒီနေ့ဟာ ကျွန်တော်တို့ Royal Sky Travel ရဲ့ ၁နှစ်ပြည့် 1Year Anniversary နေ့လေးပဲဖြစ်ပါတယ်ခင်ဗျာ
🙏၁ နှစ်ပြည့်ဆုတောင်းစကားအနေဖြင့် မြန်မာပြည်သူပြည်သားအပေါင်းယခုကျရောက်နေသော COVID -19 ကိုရိုနာ ဗိုင်းရစ် ကပ်ရောဂါဘေးကြီးမှအမြန်ဆုံးလွတ်ကင်းနိုင်ပြီးစီးပွားရေးများဒီရေအလားတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခင်ဗျာ။🙏

💁လုပ်ငန်းစတင်တည်ထောင်သည့်နေ့မှစ၍ယခုချိန်ထိယုံကြည်စွာအားပေးလာကြသောမိတ်ဟောင်းမိတ်သစ်များအားလုံးကိုလဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏
👉မကြာမီ ၂၀၂၀ /၂၀၂၁ ခရီးသွားရာသီပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Royal Sky Travel မှအကောင်းမွန်ဆုံးဝန်ဆောင်မှုများနှင့်စောင့်ကြိုလျှက်ရှိပါကြောင်းသတင်း‌ကောင်းပါးအပ်ပါသည်ခင်ဗျာ။🙏

Address

No(77) , 4 Floor , Aung Theikhti Road , Mayangon Township, Yangon
Myaungmya
11061

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959894855551

Website

Alerts

Be the first to know and let us send you an email when Royal Sky Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Sky Travel & Tours:

Share

Category