Chill & Stay

Chill & Stay best website to find your perfect trips.

  https://maps.app.goo.gl/XDb66nvBxQiuL5cHA?g_st=icဒါလေးက bkk ရောက်နေတုန်း weekend မှာသွားဖြစ်ခဲ့တာလေး review ပြောပြပေးခ...
29/04/2024



https://maps.app.goo.gl/XDb66nvBxQiuL5cHA?g_st=ic

ဒါလေးက bkk ရောက်နေတုန်း weekend မှာသွားဖြစ်ခဲ့တာလေး review ပြောပြပေးချင်လို့ပါ
သွားဖြစ်တာတော့ fb ကပဲတွေ့လို့ပါ😁

Bkk weather နဲ့ အဝေးကြီးတွေဆို ဂျင်းအမြဲမိပြီးပြန်လာရလို့ ဒါလေးကတော့ မဂျင်းပဲတကယ် ခဏတဖြုတ် စိတ်အပန်းပြေမယ့်နေရာလေးမို့ ပြန် sharing လုပ်ပေးတာပါ 🤗

သွားခဲ့တာလည်း အစိမ်းလိုင်းရထား kheha ဘက်ကိုဂိတ်ဆုံးစီး ပြီးတော့ grab ခေါ်ပြီး သွားခဲ့တာပါ bolt က ခေါ်ရခက်ပါတယ် အဲ့နားက တန်းစီနေတဲ့ taxi တွေကလည်း ဘာလ်ို့လည်းမသိ အဲ့ဘက်မလိုက်ပါဘူးဆိုတာနဲ့ နောက်ဆုံး grab နဲ့ အဆင်ပြေသွားပါတယ် BTS ကနေသိပ်မသွားရဘူးရယ် grab တောင် ဘတ် ၉၀လောက်ပဲကျပါတယ်

Bus တွလည်းရှိပေမယ့် ၁ယောက် ၂၀ ဆိုလို့ မစီးခဲ့ပါဘူး ၄ ယောက်သွားတာမို့ taxi ကပိုတန်သွားလို့ပါ 😁

Admin တို့အုပ်စုကတော့ ရောက်ရောက်ချင်း iced coffee သောက်ပါတယ် စျေးတွေက 95 to 105 ပါ အရသာကတော့ ပေးရတဲ့စျေးနဲ့ဆိုမကောင်းပါဘူး 🥲
Just my opinion ပါ 😶
ပြီးတာနဲ့ဘုမသိဘမသိနဲ့ sunset လွတ်မှာစိုးလို့ ဓာတ်ပုံတွေလိိုက်ရိုက်ပါတယ် 🥲
အဲ့ဆိုင်မှာ dinner စားမယ်ဆို တန်းစီပြီး နံပါတ်ယူထားရမှန်းမသိလို့ပါ 🥲
Sunday လည်းဖြစ်တော့တကယ် ဗိုက်ဆာလို့စားမယ်အလုပ်မှာတန်းစီနေတဲ့လူကတော်တော်များနေပါပြီ
အဲ့လိုနဲ့ အဲ့ကမ်းနားတလျောက်ရှာရင်း လူရှင်းတဲ့ဆိုင်လေးပဲစားပြီးပြန်ခဲ့ပါတယ်😁
ပါဆယ်ဝယ်ပြီး အဲ့ကမ်းနားကထိုင်လို့ရတဲ့ခုံတန်းလျားမှာ chill မယ်ဆိုလည်းသတိထားပါနော် ပင်လယ်ဝဆိုတော့ လေအရမ်းတိုက်ပြီး လှိုင်းရိုက်ရင်ရေချိုးပြီးသားဖြစ်သွားပါလိမ့်မယ်🥲
Admin တို့လည်းပုံရိုက်ရင်းမျက်နှာသစ်ခဲ့ရလို့ပါ🤣

အစားအသောက်တွေကတော့ သူ့စျေးနဲ့သူ့ viewနဲ့အဆင်ပြေခဲ့ပါတယ် အရသာလည်းကောင်းပါတယ်😋

Overall အရဆိုရင်တော့ bkkမှာ shopping ကြီးပဲထွက်နေရလို့ ရိုးအီနေရင် ဒါမှမဟုတ် adminလို ဘတ်စျေးကြည့်ပြီး အိမ်တွင်းအောင်းနေရတာစိတ်ညစ်လာရင် သွားလည်ကြည့်ပါလို့ 😁

တချို့Photos လေးတွေက သူ့ page ကပဲယူသုံးထားပါတယ် post မတင်တာကြာတော့ရှုခင်းသီးသန့်ရိုက်ဖို့မေ့ခဲ့လို့ပါ 🥲

အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ🚢🤍


🌊

Address

Myaungmya

Alerts

Be the first to know and let us send you an email when Chill & Stay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chill & Stay:

Share

Category