29/08/2026
#မိုးသည်းထန်စွာ_ရွာသွန်းမှုနှင့်အတူ_တနင်္သာရီ_မြစ်ရေမှာ အန္တရာယ်ရေအမှတ်နီးပါး ရောက်ရှိလာ
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေအမှတ်နီးပါး ရောက်ရှိလာပြီး နေအိမ်များထဲသို့ ရေဝင်ရောက် နေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီ မြစ်ရေမှာ ဩဂုတ် ၂၉ ရက် နေ့လယ် ၁ နာရီတိုင်းထွာချက်အရ သာမန် ရေမျက်နှာပြင်အထက် ၂၃ ပေသို့ရောက်ရှိလာကြောင်းသိရသည်။
တနင်္သာရီ မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁၇ ပေ) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၂၄ ပေ) ဖြစ်ကြောင်း သိရသည်။
■ ဓာတ်ပုံ- တနင်္သာရီ မြို့ ကြက်ခြေနီတပ်ဖွဲ့
#တနင်္သာရီမြစ်ရေ #မိုးသည်းထန်စွာရွာသွန်းမှု