မြိတ်သတင်းနှင့်ဓာတ်ပုံ

  • Home
  • Myanmar
  • Myeik
  • မြိတ်သတင်းနှင့်ဓာတ်ပုံ

မြိတ်သတင်းနှင့်ဓာတ်ပုံ မြိတ်ဒေသ၏ သတင်းဓာတ်ပုံများနှင့် မြန်မာနိုင်ငံ၏ ထူးခြားဖြစ်စဉ်များ

18/12/2024

အေးသာယာရွာတွင် ကားအစီးရေ (၁၀၀)ခန့်ပိတ်မိနေ
(၁၈-၁၂-၂၄)
ယနေ့ နံနက်ပိုင်းမှစ၍ ကော့သောင်း ဘုတ်ပြင်း မှ မြိတ်သို့ တက်မည့်ကားများ တနင်္သာရီမြို့နယ်
အေးသာယာရွာတွင် ပိတ်မိနေလျှက်ရှိကြပါတယ်။
မြိတ်မှ ဘုတ်ပြင်း ကော့သောင်းသို့ ဆင်းမည့်ကားများ အဆင်းရ၍ အတက်မရကြောင်းသိရပါသည်။
"တားပလပ် KNU PDF ဂိတ်တိုက်ခိုက်ခံရသဖြင့်
လုံခြုံရေးအရ အေးသာယာဂိတ်တွင် ပိတ်ထားကြောင်း" သိရပါသည်။

ဘိတ်သူ ဘိတ်သားအများအား ဖိတ်ကြားပါသည်။ လက်တို့ပေးကြစေလိုပါသည်။
18/12/2024

ဘိတ်သူ ဘိတ်သားအများအား ဖိတ်ကြားပါသည်။ လက်တို့ပေးကြစေလိုပါသည်။

မြိတ်မြို့ မြို့သစ်ရပ်  အ.ထ.က(၇ )  မြို့သစ်​ကျောင်း​ရှေ့  လူ​နေအိမ်  (၅) အိမ်ခန့် မီး​လောင်မှုဖြစ်ပွား။17.12.2024နံက် = ...
17/12/2024

မြိတ်မြို့ မြို့သစ်ရပ် အ.ထ.က(၇ ) မြို့သစ်​ကျောင်း​ရှေ့ လူ​နေအိမ် (၅) အိမ်ခန့် မီး​လောင်မှုဖြစ်ပွား။

17.12.2024
နံက် = ၈ နာရီခန့် အချိန်

#​မောင်ကဝိ

တံတားချဉ်းကပ်လမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မှန်လုံယာ...
27/11/2024

တံတားချဉ်းကပ်လမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မှန်လုံယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရ

မွန်ပြည်နယ် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမပေါ်ရှိ ချဉ်းကပ်လမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ယနေ့နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်ကာ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မှန်လုံယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၂ ရက်နေ့နံနက်အစောပိုင်းအချိန်က အဆိုပါ ကိုးမိုင်တံတား ရေးမြို့ဘက် ချဉ်းကပ်လမ်းမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတားချဉ်းကပ်လမ်းပေါက်သွားသည့်အပြင် တံတားယက်မတန်းများနှင့် တံတားယက်မချုပ်တန်းများတွင် အက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

■Photo: CJ

ရေး - ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတားအား မိုင်းခွဲဖျက်ဆီး …………………………………………နေပြည်တော်၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ်၊ ရေးမြိ...
22/11/2024

ရေး - ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတားအား မိုင်းခွဲဖျက်ဆီး
…………………………………………
နေပြည်တော်၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတားကို ယနေ့ နိုဝင်ဘာလ (၂၂)ရက် နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နှင့် မလွဲတောင်ကြားရှိ ကိုးမိုင်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ကိုးမိုင်တံတားတွင် တံတားလမ်းသားများ ပျက်စီးသွားသဖြင့် မော်တော်ယာဉ်သွားလာမှုကို ခေတ္တပိတ်ထားကြောင်းနှင့် မလွဲတောင်ဂိတ်မှ အဆင်းကားများကို ခွင့်ပြုနေပြီး အတက်ကားများကို ဆင်းခွင့်မပေးသေးဘဲခေတ္တပိတ်ထားကြောင်း သိရသည်။

ယနေ့ စတုဒိသာအလှူ17.11.2024 (တနင်္ဂနွေနေ့) ညနေ (၅)နာရီခန့်တွင် Top Stars Fitness Gym မိသားစုက 💐💐💐ကိုက်ကြေးကိုက်💐💐💐 စတုဒိသ...
17/11/2024

ယနေ့ စတုဒိသာအလှူ
17.11.2024 (တနင်္ဂနွေနေ့) ညနေ (၅)နာရီခန့်တွင် Top Stars Fitness Gym မိသားစုက
💐💐💐ကိုက်ကြေးကိုက်💐💐💐 စတုဒိသာ လှူဒါန်းပါမည်ခင်ဗျား🥰🥰

🙏လာရောက်သုံးဆောင်ရန် ဖိတ်ကြားပါတယ်ခင်ဗျား🙏

နေရာ 🚨🚨Top Stars Fitness Gym ၊မြနန္ဒာလမ်း၊
မြို့သစ်(၃)၊ မြိတ်။

မရမ်းချောင်းရွာမြိတ်ကျွန်းစု
13/11/2024

မရမ်းချောင်းရွာ
မြိတ်ကျွန်းစု

မြိတ် ရန်ကုန် လေယာဉ်လက်မှတ် ၄ သိန်း ၇ သောင်းကျော်လာပြီ
13/11/2024

မြိတ် ရန်ကုန် လေယာဉ်လက်မှတ် ၄ သိန်း ၇ သောင်းကျော်လာပြီ

မော်ခေါင်းတုန်းရွာကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး🌴🌴🌴
08/11/2024

မော်ခေါင်းတုန်းရွာ
ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး🌴🌴🌴

သကန်တောင်ပုဆရာတော်ကြီးဘဒ္ဒန္တဇဝနမဟာထေရ်၏ ဈာပန၅-၁၁-၂၀၂၄
05/11/2024

သကန်တောင်ပုဆရာတော်ကြီး
ဘဒ္ဒန္တဇဝနမဟာထေရ်၏ ဈာပန
၅-၁၁-၂၀၂၄

ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားပြီး ရှစ်ဦးပျောက်ဆုံးနေ၊ ရှာဖွေရေးလုပ်ငန်းများ ရပ်တ...
23/10/2024

ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားပြီး ရှစ်ဦးပျောက်ဆုံးနေ၊ ရှာဖွေရေးလုပ်ငန်းများ ရပ်တန့်ထားရ

ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ် မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားကာ ရှစ်ဦးပျောက်ဆုံးနေပြီး ရှာဖွေရေးလုပ်ငန်း များကို ရပ်တန့်ထားရကြောင်း မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ သိရသည်။

“နှစ်ရက်ကို ၁၇ လောင်းတွေ့ထားတယ်။ အခုတော့ ရှာဖွေမှုတွေကို ရပ်ထားရတယ်။ မုန်တိုင်းရှိနေတော့ ရှာဖို့လည်း မလွယ်တော့ မနေ့က ညနေပိုင်းကတည်းက ရပ်ထားတယ်။ ပျောက်တာကတော့ စာရင်းအရဆို ရှစ် ယောက်တော့ရှိတယ်။ ဒါကစာရင်းအရပေါ့။ လုံးဝကို ရှာမတွေ့တာ” ဟု ချစ်ကြည်ရေး ပရ ဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် စက်လှေကိုလည်း ရှာဖွေမတွေ့ရှိသေးကြောင်း၊ ယင်းစက်လှေကို ရှာဖွေတွေ့ရှိမှသာ ပျောက်ဆုံးနေသူများ၏ အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောကြားသည်။

“ လှေကိုတော့ အခုထိရှာလို့မရသေးသ လို တွေ့လည်း မတွေ့သေးဘူး” ဟု ချစ်ကြည် ရေး ပရဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Eleven

ယနေ့ကျောက်ကာလှေမြုပ်မှုမှပြန်လည်တွေ့ရှိသော ရုပ်အလောင်းများ၁၊မောင်အောင်ဇွဲပြည့်အသက်(၆)နှစ်၂၊မမေသဇင်ဖူး အသက်(၁၆)နှစ်၃၊မသူသ...
22/10/2024

ယနေ့ကျောက်ကာလှေမြုပ်မှုမှပြန်လည်တွေ့ရှိသော ရုပ်အလောင်းများ
၁၊မောင်အောင်ဇွဲပြည့်အသက်(၆)နှစ်
၂၊မမေသဇင်ဖူး အသက်(၁၆)နှစ်
၃၊မသူသူစံ အသက်(၇)နှစ်
၄၊မောင်ကွန်းဆက်အောင် အသက်(၁၀)နှစ်
၅၊မဇူလိုင်လင်း အသက်(၁၆)နှစ်
G10ကန်စွန်းအင်း
၆၊မောင်စွဲမက်အောင် အသက်(၁၃)နှစ်မြစ်ငယ်
၇၊မမွှေးရတီမောင် အသက်(၄)နှစ်၊ကော့ဒွေး
၈၊မောင်ဘုန်းကိုကို အသက်(၅)နှစ်ကျောက်ကာ
Myeik Ambulance Group

22-10-2024

ပုလောမြို့နယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏ အလောင်းများထပ်မံတွေ့ရှိပုလောမြို့နယ် ...
22/10/2024

ပုလောမြို့နယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏ အလောင်းများထပ်မံတွေ့ရှိ

ပုလောမြို့နယ် ကျောက္ကာရွာစက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းထံမှ သိရသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီတွင် အလောင်းများကို ထပ်မံဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအသင်းထံမှ သိရသည်။ တွေ့ရှိရသည့်အလောင်းများမှာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းများဖြစ်သည်။

" ဒီမနက် ထပ်တွေ့တာပေါ့။ မနေ့က ရှစ်ယောက်နဲ့ဆို ၁၁ ယောက်ရှိပြီ။ ကျွန်တော်တို့ ရထားတဲ့စာရင်းအရဆို ၁၇ ယောက် ပျောက်နေသေးတယ်။ အခု သုံးယောက်ထပ်တွေ့တော့ ၁၄ ယောက်ကျန်နေတယ်။ အခုထပ်ရှာနေတယ်" ဟုမြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven
ချစ်ကြည်ရေး

■ ကျောက်ကာ စက်လှေမှောက်မှုနှင့် ပတ်သက်ပြီး ဒေသခံပရဟိတအသင်းအချို့နှင့် တွေ့ဆုံမေးမြန်းခြင်းတနင်္သာရီတိုင်းဒေသကြီး မြိတ်ခရ...
21/10/2024

■ ကျောက်ကာ စက်လှေမှောက်မှုနှင့် ပတ်သက်ပြီး ဒေသခံပရဟိတအသင်းအချို့နှင့် တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသည့် စက်လှေတစ်စင်းမှာ အောက်တိုဘာ ၂၀ ရက်ညပိုင်းက ကျောက္ကာရွာမှ မြိတ်မြို့သို့ ထွက်ခွာစဉ် တိမ်းမှောက်ခဲ့သည်။

အဆိုပါစက်လှေတွင် ကျောင်းတက်မည့် ကျောင်းသားကျောင်းသူများအပါအဝင် လူ ၈၀ ကျော်ပါဝင်ခဲ့ပြီး ၆၀ ကျော်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီအထိ အမျိုးသမီး အလောင်း ခုနစ်လောင်းနှင့် သုံးလအရွယ် ကလေးငယ်တစ်ဦး၏ အလောင်း စုစုပေါင်း ရှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ကျန်ရှိသူများမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြိတ်မြို့ရှိ ပရဟိတအသင်းအချို့မှ တာဝန်ရှိသူအချို့ကို မေးမြန်းထားချက်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

■ ရွှေရောင်နေ့သစ်ပရဟိတအသင်းဥက္ကဌ ကိုအောင်သော်စံ

“လှေက ရွာကနေထွက်ပြီး ၁၅ မီနစ်ပဲ ကြာပါသေးတယ်၊ အိုဗာဝိတ်ဖြစ်နေတာရယ်၊ လေပြင်းတွေတိုက်၊ လျှပ်စီးလက်ပြီး ရာသီဥတုအနေထားတွေကြောင့် နစ်မြုပ်သွားတာလို့သိရတယ်၊ အခု ၉ တန်းကျောင်းသူနှင့် ၃ တန်းကျောင်းသူနှစ်ဦးပျောက်ဆုံးတဲ့ အထဲပါနေတယ်၊ လိုက်ရှာဖွေနေပါတယ်၊ ကုန်းလမ်းကနေကူညီ ဆောင်ရွက်ပေးဖို့ ပရဟိတ အသင်းတွေသွားဖို့ ကြိုးစားနေတယ်၊ ဒါပေမယ့် တိုက်ပွဲအနေထားကြောင့် ဘယ်လိုမှတိုးမပေါက်ဘူးဖြစ်နေတယ်၊ သေဆုံးတာက အမျိုးသမီးတွေချည်းဖြစ်နေတယ်၊ ၃ လအရွယ်ကလေးတစ်ဦးပါတယ်”

■ ချမ်းမြေ့နာရေးကူညီမှုအသင်းဥက္ကဌ ဦးအင်စွမ်

“ကျွန်တော်တို့အခု မြိတ်ပြန်ရောက်ပါတယ်၊ အလောင်း ၈ လောင်းရှာဖွေတွေ့ရှိထားတယ်၊ လှေမှာကခရီးသည် ၈၅ ဦးလိုက်ပါသွားတယ်လို့ သိရတယ်၊ အခု ၆၀ ကျော် အသက်ရှင်ပြန်တွေ့ထားတယ်၊ ၁၀ ကျော်ပျောက်နေတဲ့အနေထားပါ၊ ဒေသခံတွေပဲအဓိကရှာဖွေကယ်ဆယ်ပေးနေကြတယ်”
Eleven

ကျောက်ကာ မြိတ်  စက်လှေတိမ်းမှောက်ပြီး လူအများအပြားပျောက်ဆုံးနေ~~~ ■ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရ...
21/10/2024

ကျောက်ကာ မြိတ် စက်လှေတိမ်းမှောက်ပြီး လူအများအပြားပျောက်ဆုံးနေ
~~~
■ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာအနီးက ပင်လယ်ပြင်မှာ အောက်တိုဘာလ (၂၀) ရက်နေ့ညပိုင်းက ခရီးသည် ခုနစ်ဆယ်နီးပါး လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်တာကြောင့် ပင်လယ်ပြင်ထဲ လူအများအပြား ပျောက်ဆုံးနေပြီး လူရှစ်ဦးရဲ့ ရုပ်အလောင်းကိုပဲ ဆယ်ယူရရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

စက်လှေပေါ်မှာ ဒုက္ခသည်အပါအဝင် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပြန်လာကြတဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တခြားခရီးသည်တွေ ပါလာတာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ညတုန်းက ဆယ်ယူတာ သေတဲ့သူ ရှစ်ဦးပဲ တွေ့ရသေးတယ်။ ပျောက်တာတော့ အများကြီးပဲ။ ရှင်တဲ့သူတွေလည်းရှိတယ်။ စာရင်းက အတိအကျ မသိရသေးဘူး။ အခုအချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်”

စက်လှေဟာ မနေ့က ည ၉ နာရီခန့်က ကျောက္ကာရွာကနေ မြိတ်မြို့ကိုစတင်ထွက်ခွာစဉ် ကျောက္ကာရွာ အနီးမှာပဲ တိမ်းမှောက်ခဲ့တာလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ အပေါ်မှာတင်ထားတဲ့ ၀န်ကများတော့ ရေစီးက အရမ်းကြမ်းတော့ ကျောက္ကာကနေ အထွက်မှာ ချောင်း၀လေးရှိတယ်။ တောင်ကြား ပင်လယ်၀ပေါ့လေ။ အဲဒီမှာ ရေစီးကအရမ်းသန်တာ။ ရေစီးအရမ်းသန်တဲ့ အချိန်မှာ ရေစီးသန်တဲ့အနေအထားနဲ့ အလေးချိန်နဲ့ ဟန်ချက်ပျက်သွားတော့ တိမ်းမှောက် သွားတာ”

ပျောက်ဆုံးနေသူတွေကို ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တချို့က ဆက်လက်ရှာဖွေနေကြောင်းသိရပါသည်။

ယခုရက်ပိုင်း မြိတ် ပုလောလမ်းပိုင်း ကြဲရွာအနီး တိုက်ပွဲကြောင့် ခရီးသည်များ ဂျော်စင်(Speedboat)ဖြင့် သွားလာနေရကြောင်းသိရပါသည်။

_________

ပုလောမြို့နယ် ကျောက္ကာရွာအနီးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ညက စက်လှေတိမ်းမှောက်မှုတွင် သေဆုံးသူအချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/အရှင်သုန္ဒရ)

#ပုလော #စက်လှေတိမ်းမှောက် #ကျောက်ကာ
RFA

21/10/2024

မြိတ် ပုလော လမ်းပိုင်း ကြဲရွာအနီးတိုက်ပွဲကြောင့် ခရီးသည်ကားနှင့် ကုန်တင်ကားများ ရာနှင့်ချီပိတ်မိနေ

အောက်တိုဘာလ(၁၅)ရက်ကစပြီး ကြဲရွာအနီးတစ်ဝှိုက်တွက် တိုက်ပွဲပြင်းထန်မှုကြောင့် ပြည်ထောင်စုလမ်းမပေါ်ရှိ ယာဉ်များ ပိတ်ဆို့ခဲ့ရပါတယ်
လက်ရှိအခြေအနေတော့ မြိတ် ပုလောကို စပိဘုတ်ဖြင့် သွားလာနေကြပါတယ်။
ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်လျှက်ရှိနေပါတယ်။

18/10/2024

မြိတ် ရန်ကုန် လမ်းမကြီး
မြိတ် ပုလောလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုဖြစ်ပွားနေပါသည်
မြိတ် ပုလောသို့ ဂျော်စင်(Speedboat)ဖြင့် တစ်ဦးလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ပြေးဆွဲနေပါသည်။

ထားဝယ်တွင် ဆီဘော မီး လောင်ပေါက်ကွဲမှု မြိတ်ဒေသခံများပါဝင် သေဆုံးသူ (၈) ဦးအထိရှိပြီဟုဆို အောင်တိုဘာ ၁၅မီးလောင်ချိန် ၁၆ နာ...
15/10/2024

ထားဝယ်တွင် ဆီဘော မီး လောင်ပေါက်ကွဲမှု မြိတ်ဒေသခံများပါဝင် သေဆုံးသူ (၈) ဦးအထိရှိပြီဟုဆို

အောင်တိုဘာ ၁၅

မီးလောင်ချိန် ၁၆ နာရီကျော် ကြာမြင်ခဲ့သည့် ထားဝယ်မြို့ ဆီတင်သင်္ဘောမီးလောင်မှု ရှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေ

မီးလောင်မှုမှာ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ မီချီလီဆီသင်္ဘာမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုတွင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ထားဝယ်မီးသတ်တပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဆီသယ်သင်္ဘောမှတစ်ဆင့် အလျား (၂၄၀) ပေ၊ အနံ (၂၄) ပေ၊ အမြင့် (၉) ပေခန့်ရှိ B29 ဆီသိုလှောင်ကန်အတွင်းသို့ စက်သုံးဆီထည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ဆီသယ်သင်္ဘောပေါ်ရှိ ဒီဇယ်ဆီလီတာ ၅၀၀၀၀ နှင့် ဓာတ်ဆီလီတာ ၅၀၀၀၀ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

#ဆီဘောမီးလောင်

ဓာတ်ပုံ - crd

Address

Myeik

Website

Alerts

Be the first to know and let us send you an email when မြိတ်သတင်းနှင့်ဓာတ်ပုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share