WAI HIN HTET Travel & Tours

WAI HIN HTET Travel & Tours လေယာဉ်လက်မှတ်များကိုယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူနိုင်ပါတယ်ရှင့်။

𝟑𝟑 𝐘𝐞𝐚𝐫𝐬 𝐨𝐟 𝐌𝐀𝐈, 𝐌𝐨𝐫𝐞 𝐑𝐞𝐰𝐚𝐫𝐝𝐬 𝐟𝐨𝐫 𝐘𝐨𝐮! 🎉✈️MAI (Myanmar Airways International)ရဲ့ 33 နှစ်ပြည့် နှစ်ပတ်လည် Anniversary Pro...
14/08/2026

𝟑𝟑 𝐘𝐞𝐚𝐫𝐬 𝐨𝐟 𝐌𝐀𝐈, 𝐌𝐨𝐫𝐞 𝐑𝐞𝐰𝐚𝐫𝐝𝐬 𝐟𝐨𝐫 𝐘𝐨𝐮! 🎉✈️

MAI (Myanmar Airways International)ရဲ့ 33 နှစ်ပြည့် နှစ်ပတ်လည် Anniversary Promotion ကြီး လာပါပြီ !!! 😍✈️

🗓️(14-8-2026)ယနေ့မှ့ စတင်ပြီး (30-9-2026) အတွင်း ပြည်ပ ဘယ်နိုင်ငံပဲ သွားသွား MAI နဲ့ ခရီးသွားဖို့ စီစဉ်ပြီး လျော့စျေး 33,000mmk ကို ယူလိုက်ကြရအောင်နော် 🥰

🗓️(14-8-2026) ကနေ (31-8-2026) အတွင်း ဖြတ်ထားတဲ့ ခရီးသွားလက်မှတ်လေးတွေပဲ ဒီ promotion မှာ အကျုံးဝင်တာမို့ ပြည်ပခရီးထွက်ဖို့ စီစဉ်နေပြီလား ? ခရီးသွားဖို့ တွေးနေပြီလား ?
အမြန်လေးသာ ဝေဟင်ထက် နဲ့အတူ ခရီးစဉ်လေးတွေအကြောင်း လာစုံစမ်းလိုက်တော့နော် ☎️✈️

✈️နိုင်ငံခြားသွားဖို့ ခရီးစဉ်လေးတွေနဲ့ ပတ်သတ်ပြီး လေယာဉ်လက်မှတ်လေးတွေ စုံစမ်းလိုပါက

🏡 63လမ်း၊33(B) ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
☎️09 400 010 673( Wai Hin Htet1)
☎️09 446 742 947(Wai Hin Htet3)
☎️09 791 044 508(phone only)
☎️09 440 003 097(Wai Hin Htet2)

🏡 အမှတ် (268/B)၊ နောတင်းစတား ဂေါက်ကွင်းလမ်း၊ မြို့သစ်ကြီးရပ်ကွက် ၊မြစ်ကြီးနားမြို့
☎️09 448 098 979(wai hin htet myitkyina)

ကိုသာ ဆက်သွယ်လိုက်ပါနော် ✈️☎️

𝐁𝐨𝐨𝐤 𝐘𝐨𝐮𝐫 𝐅𝐥𝐢𝐠𝐡𝐭 & 𝐖𝐢𝐧 𝐌𝐨𝐫𝐞:
◽️ Round-trip tickets to Bangkok, Hanoi & Penang
◽️ Exclusive gifts from MAI
◽️ MAI Travel eSIM & KBZMS Travel Insurance Package

📅 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐏𝐞𝐫𝐢𝐨𝐝: 𝟏𝟒 - 𝟑𝟏 𝐀𝐮𝐠 𝟐𝟎𝟐𝟔
🧳 𝐓𝐫𝐚𝐯𝐞𝐥 𝐏𝐞𝐫𝐢𝐨𝐝: 𝐔𝐧𝐭𝐢𝐥 𝟑𝟎 𝐒𝐞𝐩 𝟐𝟎𝟐𝟔


မြစ်ကြီးနား မှာ နေမလား  ပူတာအို မှာ နေမလားဆို ပူတာအိုပဲ သွားနေတော့မယ် 💁🏻‍♀️😍ပူတာအို ကနေ ရန်ကုန် ကိုလဲ သွားလို့ရမယ်ပူတာအိ...
29/07/2026

မြစ်ကြီးနား မှာ နေမလား ပူတာအို မှာ နေမလားဆို ပူတာအိုပဲ သွားနေတော့မယ် 💁🏻‍♀️😍

ပူတာအို ကနေ ရန်ကုန် ကိုလဲ သွားလို့ရမယ်
ပူတာအို ကနေ မန္တလေး ကိုလဲ သွားလို့ရမယ် ဆိုရင် စိတ်ဝင်စားကြလား…..? ဒါမှ့မဟုတ် …🤔

ရန်ကုန် ကနေ ပူတာအို ကိုပဲသွားမလား
မန္တလေး ကနေ ပူတာအို ကိုပဲသွားမလား ….? 🤭

လွယ်လွယ်ကူကူ လက်မှတ်ဖြတ်လို့ရနေတော့ ပူတာအို မှာ နေချင်တာလဲ မထူးဆန်းတော့ပါဘူးလေ 😇😇

အပတ်စဉ် အင်္ဂါနေ့တိုင်း

ပူတာအို ကနေ ရန်ကုန်
ရန်ကုန် ကနေ ပူတာအို
စျေးနှုန်း-1,176,000mmk မှ့ စ၍

ပူတာအို ကနေ မန္တလေး
မန္တလေး ကနေ ပူတာအို
စျေးနှုန်း-776,000mmk မှ့စ၍

ပူတာအို ကနေပဲ ဖြစ်ဖြစ်
ပူတာအို ကိုပဲ ဖြစ်ဖြစ် အလည်သွားဖို့ ခရီးထွက်ဖို့ မိသားစုတွေနဲ့ တွေ့ဖို့ ရှိနေတယ်ဆို ဝေဟင်ထက်နဲ့အတူ လုံခြံုစိတ်ချရတဲ့ ခရီးစဉ်တွေ ဖန်တီးလိုက်ပါရှင်

✈️ပူတာအို ခရီးစဉ်လေးတွေနဲ့ ပတ်သတ်ပြီး လေယာဉ်လက်မှတ်လေးတွေ စုံစမ်းလိုပါက

Address
🏡 အမှတ် (268/B)၊ နောတင်းစတား ဂေါက်ကွင်းလမ်း၊ မြို့သစ်ကြီးရပ်ကွက် ၊မြစ်ကြီးနားမြို့
☎️09 448 098 979(WAI HIN HTET MYITKYINA)

🏡 63လမ်း၊33(B) ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
☎️09 400 010 673( Wai Hin Htet1)
☎️09 446 742 947(Wai Hin Htet3)
☎️09 791 044 508(phone only)
☎️09 440 003 097(Wai Hin Htet2)

ကိုသာ ဆက်သွယ်လိုက်ပါနော် ✈️☎️

🙏 ဝါဆိုလပြည့်နေ့ အခါသမယ 🙏မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ဝါဆိုလပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသည့် နေ့ထူးနေ့မ...
29/07/2026

🙏 ဝါဆိုလပြည့်နေ့ အခါသမယ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ဝါဆိုလပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
‎ဤနေ့သည် ဘုရားအလောင်းတော် သန္ဓေတည်တော်မူသောနေ့၊ မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့သောနေ့၊ တရားရတနာနှင့် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ ဖြစ်သည့်အပြင် သံဃာတော်များ ဝါတွင်းကာလ စတင်ဝင်ရောက်တော်မူသော နေ့ထူးနေ့မြတ် လည်း ဖြစ်ပါသည်။

‎ဤမင်္ဂလာရှိသော ဝါဆိုလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်၍ မေတ္တာ၊ ကရုဏာတရားများပွားများပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း WAI HIN HTET မှဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

သူငယ်ချင်းတွေ ဆုံပြီဆို ဗီယက်နမ် သွားဖို့ အမြဲတမ်း အစီအစဉ်ဆွဲကြတယ် 🤔🤭မြန်မာနိုင်ငံက သာမန် Passport ကိုင်ဆောင်ထားရုံနဲ့တင...
26/07/2026

သူငယ်ချင်းတွေ ဆုံပြီဆို ဗီယက်နမ် သွားဖို့ အမြဲတမ်း အစီအစဉ်ဆွဲကြတယ် 🤔🤭

မြန်မာနိုင်ငံက သာမန် Passport ကိုင်ဆောင်ထားရုံနဲ့တင်Visa မလိုဘဲ (၁၄)ရက်ထိ သွားရောက် လည်ပတ်နိုင်လို့ ပြည်တွင်းမှာ လည်ရတာ ပျင်းလာပြီဆို ဗီယက်နမ် ကို သွားလည် ဖို့ အစီအစဉ် ဆွဲသင့်နေပြီနော် 😍✈️

ရန်ကုန် ကနေ ဗီယက်နမ် ကို MAI က တိုက်ရိုက်ပျံသန်းပြေးဆွဲနေလို့ အချိန်ကုန်သက်သာပြီး အခုထဲက ခရီးစဉ်တွေ ကြိုတင်စီစဉ်မယ်ဆို အသွားအပြန် 10 သိန်းကျော်ဝန်းကျင် ကနေ စပြီး စီစဉ်လို့ ရနေပြီနော် 💁🏻‍♀️

Hanoi ,Ho Chi Minh City,Da Nang, Nha Trang ,Phu Quoc စတဲ့ လှပတဲ့ မြို့တော်တွေကို အလွယ်တကူ သွားရောက် လည်ပတ်နိုင်တာမို့ အစီအစဉ်ရှိရင်တော့ လက်မလွတ်သင့်တဲ့ ခရီးစဉ်တစ်ခုပါပဲရှင် ✈️❤️

🍜အရသာရှိတဲ့ ဗီယက်နမ် အစားအစာတွေ မြည်းစမ်းဖို့
🏝️ လှပပြီး အပန်းဖြေဖို့ အဆင်ပြေတဲ့ ကမ်းခြေတွေ
🏙️ ခေတ်မီမြို့ပြတွေနဲ့ မြို့ရဲ့အလှအပတွေ
☕️ ဗီယက်နမ် ရောက်ရင် မဖြစ်မနေ သွားရောက်ခံစားရမဲ့ ကော်ဖီဆိုင်လေးတွေကို
ဒီ ခရီးတစ်ခုထဲ အကုန် ခံစားနိုင်လို့ စိတ်ကျေနပ်ရတဲ့ ခရီးလေးတစ်ခုဖြစ်မှာ ကျိန်းသေပါပဲရှင်

✈️ဗီယက်နမ် ခရီးစဉ်လေးတွေ ပတ်သတ်ပြီး လေယာဉ်လက်မှတ်လေးတွေ စုံစမ်းလိုပါက

📍Address

🏡 63လမ်း၊33(B) ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
☎️09 400 010 673( Wai Hin Htet1)
☎️09 446 742 947(Wai Hin Htet3)
☎️09 791 044 508(phone only)
☎️09 440 003 097(Wai Hin Htet2)

🏡 အမှတ် (268/B)၊ နောတင်းစတား ဂေါက်ကွင်းလမ်း၊ မြို့သစ်ကြီးရပ်ကွက် ၊မြစ်ကြီးနားမြို့
☎️09 448 098 979(wai hin htet myitkyina)

ကိုသာ ဆက်သွယ်လိုက်ပါနော် ✈️☎️

သင်တို့ရော ဗီယက်နမ် ရောက်ခဲ့ပြီးပြီလား ..?
ဗီယက်နမ် ရဲ့ လှပတဲ့ မြို့ပြအလှနဲ့ အတူ အရသာရှိတဲ့ အစားအသောက်တွေအကြောင်းနဲ့ မမေ့နိုင် ဖြစ်ခဲ့ရတဲ့ ကမ်းခြေ အမှတ်တစ်ရလေးတွေကို သိချင်ရင်တော့ အက်မင်ကိုယ်တိုင် သွားရောက် လည်ပတ်ခဲ့တဲ့ အကြောင်းကို ပုံလေးတွေနဲ့ တစ်ကွ ပြောပြပေးထားလို့ ပုံတစ်ပုံချင်းစီတော့ ဝင်ကြည့်ဖို့ လိုမယ်နော် 😉😉

ပြင်ဦးလွင် နဲ့အတူ အတွေ့အကြုံအသစ်တွေ ဖန်တီးဖို့ စဉ်းစားနေရင် ဝေဟင်ထက် ကို သတိတရနဲ့ ဆက်သွယ်လိုက်ပါနော် 🌱✈️မေမြို့ ၊ပြင်ဦးလ...
23/07/2026

ပြင်ဦးလွင် နဲ့အတူ အတွေ့အကြုံအသစ်တွေ ဖန်တီးဖို့ စဉ်းစားနေရင် ဝေဟင်ထက် ကို သတိတရနဲ့ ဆက်သွယ်လိုက်ပါနော် 🌱✈️

မေမြို့ ၊ပြင်ဦးလွင်၊တောင်လှေကားမြို့တော်၊ချယ်ရီမြေ ၊ပန်းမြို့တော် ဆိုပြီး နာမည် ငါးမျိုးနဲ့ ထင်ထင်ရှားရှား ရှိပြီး ခရီးသွားမိတ်ဆွေတို့ အပန်းဖြေဖို့ အမြဲတမ်းရွေးချယ်ဖြစ်ကြတဲ့ မြို့တော်လေးပါနော် ။ ကဗျာဆန် ပြီး နူးညံ့တဲ့ နာမည်နဲ့အတူ နွေရာသီမှာတောင် အေးချမ်းလွန်းလှတဲ့ ရာသီဉတုကြောင့် အပူရှောင်ဖို့ အပန်းဖြေတဲ့မြို့တော်လေးလို့လဲ ထင်ရှားပါတယ်နော် 🤔❤️

ပြင်ဦးလွင် မြို့ကို ခရီးသွားမိတ်ဆွေတို့ နေထိုင်ရာ မြို့ကနေ အချိန်ကုန် လူပင်ပန်းသက်သာပြီး သက်တောင့်သက်တာ ခရီးစဉ်လေးနဲ့အတူ စီစဉ်ပြီး သွားဖို့ လေယာဉ်တွေ တိုက်ရိုက် ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🥰🥰

ပြင်ဦးလွင် မြို့လို့ဆိုလိုက်တာနဲ့ တောင်စောင်း တောင်းခါးပန်း တွေမှာ ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ် စတဲ့ စိုက်ပျိုးရေးခြံအကျယ်ကြီးတွေနဲ့ အင်္ဂလိပ်တွေ စိုက်ပျိုးခဲ့တဲ့ ယူကလစ်ပင်၊ထင်းရှူးပင်၊ဝက်သစ်ချပင် တို့ကို လမ်းတစ်လျောက်မြင်ရတာ အမှန်တကယ်ပဲ နှစ်သက်စရာ ကောင်းလှပြီး အမျိုးသမီးတိုင်း သဘောကျတဲ့ မေမြို့၊ဒေလီယာ၊ဂန္ဓမာ တွေနဲ့ ပန်းရောင်စုံ တွေနဲ့ ပြည့်စုံတဲ့ မြို့လေးလို့ လူသိများကြပါတယ်ရှင် 🪻🌷🌺🌻

ပြင်ဦးလွင်ကို ရောက်ပြီဆိုရင်လဲ အခု အက်မင်တို့ပြောပြထားတဲ့ အထင်ကရ နေရာလေးတွေ စုံအောင် သွားရောက်လည်ပတ်ဖို့ မမေ့ပါနဲ့နော် 🔔✔️

၁။ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဉယျာဉ်
၂။အမျိုးသားအထိမ်းအမှတ်ဥယျာဉ်
၃။ဓာတ်တော်ချိုင့် ရေတံခွန်
၄။ပိတ်ချင်းမြောင်လိုဏ်ဂူ(နန္ဒာမူလိုဏ်ဂူ)
၅။ဘီအီးဖော ရေတံခွန်(ပွဲကောက် ရေတံခွန်)
၆။မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
၇။နှီးဘုရား
၈။တိုင်းရင်းသားကျေးရွာ
၉။ရတနာပုံတယ်လီပို့
၁၀။ပြင်ဦးလွင် ငှက်ဘေးမဲ့တော
၁၁။ဟိုလိပ် စော်ဘွားတောင်
၁၂။ဘုရင်ခံအိမ်တော်
၁၃။ဒီဇင်ဘာခြံ
၁၄။ရေပြန်တောင် ရေတံခွန်
၁၅။ရွှေပြင်ဦးလွင် စပျစ်ခြံ
၁၆။ဘန့်ဘွေးကျင်း ရေတံခွန်
၁၇။သုံးထပ်ရေတံခွန်
၁၈။တရုတ်ဘုံကျောင်း
၁၉။ဂုတ်ထိပ်တံတား

ပြင်ဦးလွင်မြို့ကို လေယာဉ်နဲ့ တိုက်ရိုက်သွားလို့ရမဲ့ မြို့လေးတွေကို ပုံနှင့်တစ်ကွ ကြည့်ပေးပါရှင် 🤔🤔 ကိုယ်နေတဲ့ မြို့ကနေရော ပြင်ဦးလွင် ကို တိုက်ရိုက်သွားလို့ ရနေပြီလား ဖြေပေးခဲ့ကြအုံးနော်။ 😍😍

ဆက်သွယ်ရန် ✈️

Address
🏡 အမှတ် (268/B)၊ နောတင်းစတား ဂေါက်ကွင်းလမ်း၊ မြို့သစ်ကြီးရပ်ကွက် ၊မြစ်ကြီးနားမြို့
☎️09 448 098 979(wai hin htet myitkyina)

🏡 63လမ်း၊33(B) ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
☎️09 400 010 673( Wai Hin Htet1)
☎️09 446 742 947(Wai Hin Htet3)
☎️09 791 044 508(phone only)
☎️09 440 003 097(Wai Hin Htet2)

ကိုယ်ဝန်ဆောင် မေမေတို့ ခရီးသွားဖို့ စီစဉ်ကြပြီဆိုရင် သာမန်လူတွေထက် ၂ဆ ပိုပြီးစီစဉ်ကြရတော့ ကိုယ်ဝန်ဆောင်ကာလမှာ ခရီးသွားမယ...
20/07/2026

ကိုယ်ဝန်ဆောင် မေမေတို့ ခရီးသွားဖို့ စီစဉ်ကြပြီဆိုရင် သာမန်လူတွေထက် ၂ဆ ပိုပြီးစီစဉ်ကြရတော့ ကိုယ်ဝန်ဆောင်ကာလမှာ ခရီးသွားမယ်ဆို ကိုယ့်ရဲ့ အစီအစဉ်တွေ ဘယ်လောက်ထိ တိတိကျကျ ပြင်ဆင်ပြီး ခရီးသွားကြလဲ …??? 🤔✈️

ကိုယ်ဝန်ဆောင် မေမေ တို့ လေယာဉ်စီးပြီး ခရီးသွားမယ်ဆိုရင် သက်တောင့်သက်သာလည်း ဖြစ်ရမယ် ဘေးကင်းကင်း လုံလုံခြုံခြုံနဲ့ လိုရာ ခရီးကိုလည်း ရောက်ဖို့ဆိုရင် ဒီအချက်လေးတွေ ပြင်ဆင်သွားဖို့ရယ် မဖြစ်မနေ လိုက်နာပေးဖို့လည်း လိုအပ်ပါတယ်နော် 😍✈️

💧ရေများများသောက်ရမယ်
(လေယာဉ်ပေါ်မှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်နိုင်တာမို့ ကာကွယ်ရန်ပါ)

👗အဝတ်အစား ပွပွ ဝတ်ရမယ်
(သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သက်တောင့်သက်သာ ရှိစေရန်ပါ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ မဖြစ်စေဘူးဆို မရွေးချယ်တာ အကောင်းဆုံးပါရှင်)

🦶ခြေထောက် လေ့ကျင့်ခန်း လုပ်ရမယ်
(ထိုင်ခုံမှာ ထိုင်ရင်း ခြေဖနှောင့်နဲ့ ခြေဖျားလေးတွေကို အထက်အောက် ပုံမှန်လှုပ်ရှားပေးဖို့ လိုပါတယ်ရှင်)

🛡️ ခါးပတ်ကို ခါးတွင် စနစ်တကျ ပတ်ပါ
(ထိုင်ခုံခါးပတ်ကို ဝမ်းဗိုက်အောက်နားတွင် ကပ်၍ ပတ်ထားပေးပါရန်)

🔔✈️ကိုယ်ဝန်ဆောင် မေမေတို့နဲ့ ပတ်သတ်ပြီး ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများရဲ့ စည်းကမ်းချက်လေးတွေကတော့

၁။ကိုယ်ဝန်သက်တမ်း ၂၈ပတ် အောက် နှင့် အထက် မိခင်လောင်း အနေဖြင့် ကုမ္မဏီဆရာဝန် (သို့မဟုတ်) လက်မှတ်ရဆရာဝန်တစ်ယောက်၏ (fit to Fly)ခရီးသွားလာနိုင်ကြောင်း ဆေးထောက်ခံစာပြရမယ် ✔️

၂။ကိုယ်ဝန် ၃၂ပတ်နှင့်အထက် မိခင်လောင်းလေးတွေကတော့ မန်းရတနာပုံ လေကြောင်းလိုင်းနှင့် ခရီးသွားဖို့ စီစဉ်ထားတယ်ဆိုရင်တော့ (မိခင်နှင့်ကလေး ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်စီးနင်း ခွင့် မပြုထားကြောင်း အသိပေးအပ်ပါတယ်ရှင်) ✔️

၃။ ကိုယ်ဝန် ၃၂ပတ်နှင့်အထက် ၃၅ပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်လေးများအတွက် MAI(Myanmar Airways International) နှင့် လိုက်ပါစီးနှင်းမည်ဆို ဆရာဝန်တစ်ဦး (သို့မဟုတ်) လက်မှတ်ရသူနာပြုတစ်ဦး အဖော်အဖြစ် လိုက်ပါနိုင်မှ့သာ စီးနှင်းခွင့်ပြုထားသည်)✔️

၄။ကိုယ်ဝန် ၃၆ပတ်နှင့်အထက် နောက်ပိုင်းမိခင်လောင်းများ အနေနှင့် ခရီးသွားလာခြင်းကို လေကြောင်းလိုင်းမှ့ လက်မခံ ၊ခွင့်မပြုတော့ပါ။✔️

ဘယ်အချိန်မှာ ကိုယ်ဝန်နဲ့ လေယာဉ်စီးလို့ ရသေး မရသေးလည်း သိသွားပြီ ကိုယ်ဝန်နဲ့ လေယာဉ် စီးဖြစ်ခဲ့ရင်လဲ လိုက်လုပ်ပေးရမဲ့ အချက်အလက်လေးတွေလဲ သိသွားပြီမို့ မေမေတို့အားလုံးလဲ ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဝေဟင်ထက် မှာ ခရီးသွားဖို့အကြောင်းလေးတွေ လာပြီး ဆွေးနွေးကြစို့နော် ☎️✈️

ဆက်သွယ်ရန် ဖုန်းနာပါတ်နှင့် Viber-
☎️09 400 010 673( Wai Hin Htet1)
☎️09 446 742 947(Wai Hin Htet3)
☎️09 791 044 508(phone only)
☎️09 440 003 097(Wai Hin Htet2)

Address 🔔
🏡 အမှတ် (268/B)၊ နောတင်းစတား ဂေါက်ကွင်းလမ်း၊ မြို့သစ်ကြီးရပ်ကွက် ၊မြစ်ကြီးနားမြို့
🏡 63လမ်း၊33(B) ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့

ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော န...
25/03/2026

ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၀၂၆ မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။

MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ အောက်ပါအတိုင်း
• Economy Class အတွက် 30KG အထိ
• Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ပါသည်။
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် MAI မှ operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်ရှင်။

၂၀၂၆၊ မတ်လ ၂၂ရက် မှ ၂၅ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သောခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့်
တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

ထို Travel Voucher ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ပါရှင်။ Travel Voucher ရယူရန်အောက်ဖော်ပြပါ Google Link အားဖြည့်ပေးရန်လိုအပ်ပါသည်။

ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးညွှတ်တောင်းပန်ပါကြောင်း နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် MAI မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။

ယခုကဲ့သို့သော ကာလအတွင်းတွင် ခရီးသွားပြည်သူတို့၏ စိတ်ရှည်နားလည်ပံ့ပိုးပေးမှုများ နှင့် MAI အား အစဉ်တစိုက်အားပေးမှုအတွက်အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။


24/03/2026

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါတော်မှီလေး 💦

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေး...
24/03/2026

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲

မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေးကင်းစိတ်ချစွာဖြင့် ခရီးစဉ်များ ပျံသန်းပို့ဆောင်ပေးနိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန် ကန့်သတ်ချက်များကို (၁-ဧပြီ-၂၀၂၆) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်-

🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
ပြည်ပခရီးစဉ်များ (International Flights)
• Business Class: 40 Kg (2 Pieces)
• Economy Class : 30 Kg (2 Pieces)
• Economy Class (Saver&Promo): 20 Kg (2 Pieces)
ပြည်တွင်းခရီးစဉ်များ (Domestic Flights)
• Business Class: 30 Kg (2 Pieces)
• Economy Class: 20 Kg (2 Pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
(ပြည်တွင်း / ပြည်ပ ခရီးစဉ်များအားလုံး)
• Business Class: Total 14Kg (2 Pieces)
• Economy Class: Total 7 Kg (1 Piece)

မှတ်ချက်
* Hand Carry Baggage Allowance အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏အလေးချိန်ပါဝင်ပြီးဖြစ်ပါသည်။
* သတ်မှတ်ထားသော kgထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်ပါသည်။

ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့အပြင် MNA အပေါ်ယုံကြည်စွာဖြင့် အစဉ်တစိုက်အားပေးလျက်ရှိသည့်အတွက် ခရီးသွားပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

မိမိတို့ ဝယ်ယူထားတဲ့ လက်မှတ်များနှင့် ပတ်သတ်ပြီး အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက ယခု ဖုန်းနာပါတ်များသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

✈️09 400 010 673
✈️09 446 742 947
✈️09 440 003 097
✈️09 791 044 508

Address

63/33B STREET-MANDALAY
Myitkyina

Alerts

Be the first to know and let us send you an email when WAI HIN HTET Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category