Northern Eden travel & tour

Northern Eden travel & tour ထိန်ချုံး၊ပန်ဝါ၊မြစ်ကြီးနား၊ပူတာအိုခရီးစဉ်အထူးသီး သန့်၀န်ဆောင်မှု

❤️
18/01/2021

❤️

ပူတာအို သွားကြဖို့ အဆင်သင့် ဖြစ်ပြီလားဗျို့အခုကတည်းက နေ သွားချင်တဲ့ ရက် ကိုကြိုတင်တွေးထားပါနော်😘
02/01/2021

ပူတာအို သွားကြဖို့ အဆင်သင့် ဖြစ်ပြီလားဗျို့
အခုကတည်းက နေ သွားချင်တဲ့ ရက် ကိုကြိုတင်တွေးထားပါနော်😘

အားလုံး ဘဲ ဂရုစိုက် ရအောင်ပါနော်
29/12/2020

အားလုံး ဘဲ ဂရုစိုက် ရအောင်ပါနော်

23/10/2020

ကချင်လူမျိုး တွေ ရဲ့ တောင်ယာ ဆိုတာ 😊

မြေရှင်း ပြီး ထွက်လာတဲ့ သစ်ပင်ခြောက် တွေကို
မီးရှို့ ရပါတယ်
မီးတစ်ခါရှို့ ပြီးတိုင်း မိုးလေး နဲနဲ ကျလိုက်တာနဲ့ ကချင် ဟင်းခတ်အမွှေး အကြိုင် အမျိုး မျိုးနဲ့ ဒေသထွက် အသီးအနှံ ကတော့ အပြိုင် အဆိုင်ကို ပေါက်လာကြ တာပါဘဲ😊

တောင်ယာသခွား၊‌ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ မှို ၊မျှစ်၊ ပိန်းဥ၊ ငြုပ်သီးစိမ်း၊ပဲသီး၊ပန်းဥ၊ဟင်းပြင်း ရွက် နဲ့ကန်စင်း ရွက်တွေ ဆိုတာ ပေါမှပေါ 😊

တခြားတနိုင်တစ်ပိုင် စိုက်ထား တဲ့ အသီးအနှံ ရယ်
တစ်နိုင် မွေးထားတဲ့ ဆိတ်၊ဝက်၊ကြက်၊ဘဲ၊ငန်း တွေ နဲ့ တောင်ယာလေးမှာ နေပြီး ကိုယ်တိုင်ချက် တဲ့ ရိုးရာ ဆန် အရက် လေးနဲ့ စိမ်ထားတဲ့

နာနတ်သီး အရက်၊ ချဉ်ဇော်ကားသီး အရက်၊ ခေါင်ရည်လေး တွေကို ထမင်း မစား ခင်လေး တစ်ကျိုက် လောက်မော့ ပြီး မီးဖိုဘေး မှာဘဲ မီးလှုံ ရင်း ထမင်း စား ရတဲ့ ဆောင်ရာသီလေး လဲ တစ်ခေါက် ပြန် ရောက်လာပါပြီ 😊

ကချင်တောင်ယာ ရဲ့ အငွေ့ အသက် ကို အပြည့် အဝ ခံစား ကြည့် ဖို့ ကိုလဲ covid ကာလ အလွန် ကချင်ပြည်နယ် ကို လာလည် ဖို့ ဖိတ် ခေါ် ပါရစေနော် ❤️

ဒီ vedio ဖိုင်လေးထဲ မှာ တောင်ယာ အဝင်လမ်း၊မြစ်ကြီးနား မြို့ကနေတောင်ယာ သွားတဲ့လမ်း၊ တောင်ယာထွက်ပစ္စည်းရောင်း တဲ့ ဈေးတန်းလေး နဲ့ တောင်ယာ တဲ ပုံလေးတွေ နောက်ဆုံး မှာ ထည့်ထား ပါတယ် 😊

22/10/2020

မြစ်ကြီးနားမြို့မှ သည် ပူတာအိုသို့ ကားလမ်း‌အတိုင်းသွားမယ် ဆိုရင်တော့ ဘာလည်စရာ ရှိလဲဆိုရင် ပြောရရင်တော့ ဘားမှမရှိပါ

😎 ဒါပေမယ့်
လမ်းတစ်လျှောက်~~~

🤩လျှိုမြှောင် တွေ

🤩တောင်ယာစပါးခင်းကြီးတွေ

🤩တောင်နံရံကြားကနေ စိမ့်ထွက်နေတဲ့ စမ်းရေလေးတွေ
ချောက်ကမ်းပါးနဲ့ တောင်နံရံ ကြားမှာ ရှိတဲ့ ကားလမ်းလေးတွေ

🤩တောင်စွယ်တောင်တန်း တွေ

🤩ဆွမ်ပရာဘွမ်မြို့ လေးမှာ လမ်းတစ်ထောက်နား တဲ့အချိန် ဆွမ်ပရာဘွမ် မြို့ ရဲ့ ပင်လယ် ရေမျက်နှာ ပြင်မှအမြင့် ပေ (၄၉၀၀)ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရဲ့ ရှေ့မှာ ရှိနေတဲ့ မြို့ရဲ့ တစ်ခုတည်းသော မြေပြန့် မျက်ခင်း ပြင် စိမ်း ကြီး ကနေ လှမ်း ကြည့် လိုက်ရင်မြင်ရမယ့် တောင်တန်း ကြီးတွေ

🤩ပူတာအို မြို့ထဲ ဝင်ခါနီးမှာ တွေ့ရတဲ့ လွင်ပြင် ခင်းစိမ်းစိမ်းနဲ့

🤩ဆွမ်ပရာဘွမ်က နေ ပူတာအိုသွားတဲ့ ကားလမ်း ဘေးတစ်ဖက်တစ်ချက် ကနေ အုံ့ ဆိုင်းနေတဲ့သစ်တော စိမ်းစမ်းနဲ့

🤩လမ်းရဲ့ တောင်နံရံ မျက်နှာပြင်မှာ ပေါက်နေတဲ့ နာမည်မသိတဲ့ အရွက် လှလှလေးတွေ ကစိုက်ယူထားသလို စီစီ ရီရီ လှချင်တိုင်း လှနေ တဲ့ စိုပြေ စိမ်းလန်း နေတဲ့ မြင်ကွင်း တွေ

🤩မှင်သက်သွားရ လောက်အောင်လှ တဲ့ ကိုယ်စီးနေတဲ့ ကားလမ်းအောက်ကို ရောက်နေတဲ့ တိမ်ဆိုင် တိမ်လိပ် ကြီးတွေ (အိပ်ယာစောစော ထတဲ့လူတွေဘဲ တွေ့နိုင်တာပါ😁)

🤩လှမ်းကြည့် လိုက်တာနဲ့ ငေးပြီး တွေဝေသွားရလောက်အောင် လှတဲ့ သစ်ပင် တန်းတွေ ကြားထဲမှာ ယှက်နွယ်ပြီး
အတန်းလိုက် အတန်းလိုက် ရွေ့နေတဲ့ တိမ် တန်း ရှည် ကြီး တွေ

က ဓာတ်ပုံ ရိုက်ယူလို့ မရတဲ့ ရင်ထဲမှာ ဘယ်အချိန် ပြန်တွေးတွေး ပျော် စရာ ကောင်း နေတဲ့ မြင်ကွင်း ရှု ခင်းတွေကို ကြည့် ချင်တယ် ၊ 😊

ပူတာအို မြို့လေး ရဲ့ ချစ်စရာ ကောင်းတဲ့ တိုင်းရင်းသား တွေရဲ့ အပြုံး တွေရယ်လှမ်းငေး ကြည့်ရ ယုံ နဲ့တင် အရာအား လုံးကို မေ့ပစ်လို့ ရလောက် အောင်လှ တဲ့ ရေခဲတောင်တန်း ကြီးနဲ့ စိတ်အေးချမ်းတည်ငြိမ်မှုကို ပေးနိုင်တဲ့ နတ်ကျွန်း အလှကို ခံစား ပြီး😊

ကြိုးတံတားကြီး ရဲ့ အပေါ်ကနေ ကြည့်ရင် တောင် ငါးတွေ ရေထဲမှာ ကူးလူး လျောက်သွား နေတာကို မြင်နိုင် လောက်အောင်ကြည် တဲ့ ရေ ချောင်းတွေ ပေါတဲ့ မြို့ကလေး ပူတာအိုကိုရောက်ဖူး ချင်တယ်ဆိုရင်တော့😊

ဆိုရင်တော့ covid 19ရောဂါကြီး မရှိတော့တဲ့ အချိန် ကချင် ပြည်ကိုလာလည်ဖို့ ဖိတ်ခေါ် ပါရစေ 😊။

21/08/2020
3.8.2020  #မြစ်ကြီးနား #အောင်မြင်သာဝါးရုံတော #ရေကြည်ချောင်း ညနေဆည်းဆာ ❤️မြစ်ကြီးနားမှကြိုမယ်❣️
03/08/2020

3.8.2020

#မြစ်ကြီးနား
#အောင်မြင်သာဝါးရုံတော
#ရေကြည်ချောင်း
ညနေဆည်းဆာ ❤️
မြစ်ကြီးနားမှကြိုမယ်❣️

25/07/2020

#ကချင်ပြည်နယ် #မြစ်ကြီးနား မြို့
#ဝါရှောင်ဆည် #ကြိုးတံတား အပန်းဖြေစခန်း
ရေတွေက ဘယ်လိုတောင်ကြည် ပြီး ဘယ်လောက်ထိ စိတ်ချမ်း မြေ့စရာကောင်းလဲ ဆိုတော့ 👇👇❣️

Address

Myothitgyi Quarter
Myitkyina
1017

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943130301

Website

Alerts

Be the first to know and let us send you an email when Northern Eden travel & tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Northern Eden travel & tour:

Shortcuts

Share