Me Super

Me Super .

18/06/2025

ဘယ်လိုခရီးလမ်းမျိုးကိုပဲ ရောက်ရောက်၊ ကိုယ့်ရဲ့လမ်းကြောင်းကို ကိုယ်တိုင်ဖန်တီးမယ် ❤️❤️

Amazon မှာ အလုပ်လုပ်ရင် အခြေခံလစာ တနာရီ ၁၆ဒေါ်လာနဲ့စတယ်။ video ထဲက အမျိုးသမီးလေးရဲ့အလုပ်က amazon packer ပေါ့နော်။ တရက် ၁...
04/03/2024

Amazon မှာ အလုပ်လုပ်ရင် အခြေခံလစာ တနာရီ ၁၆ဒေါ်လာနဲ့စတယ်။ video ထဲက အမျိုးသမီးလေးရဲ့အလုပ်က amazon packer ပေါ့နော်။ တရက် ၁၀ နာရီနဲ့ ၄ရက်လုပ်ရတယ်။ မနက် ၇ နာရီအလုပ်သွားရင် ညနေ ၆နာရီလောက် အိမ်ပြန်လာလို့ရတယ်။ ၁၅ မိနစ် break ၂ခါနဲ့ မိနစ် ၃၀ break တခါပေးတယ်။ ကျန်တဲ့အချိန်ကတော့ မတ်တတ်ရပ်နေရတာများတယ်။ packing နေရာတွေက အေးရင် လဲအရမ်းအေးပြီး ပူရင်လဲအရမ်းပူတာမို့ တရက် ၉နာရီလောက် non stop အဲ့အပူချိန်တွေထဲမှာ အလုပ်လုပ်ရတာ ထင်သလောက်မလွယ်ပါဘူး။ အထူးသဖြင့် မြန်မာပြည်မှာ အခြေခံ အလုပ်သိပ်မလုပ်ခဲ့ရတဲ့ သူတွေအတွက်ပေါ့။instragram, facebook ထဲမှာ နေရာလှလှလေးတွေ style မိုက်မိုက်လေးတွေနဲ့ လှတပတ lifestyle က အပြင်ဘ၀နဲ့ ထပ်တူတော့ကျမနေဘူးပေါ့။

၁၆ ကျပ်နဲ့ရတဲ့သူက tax တွေ ဘာညာကွိကဖြတ်ပြီးရင် တပတ်ကို ၅၅၀ $ ကျန်တယ်။ တလ ၂၂၀၀ လောက်ရတယ်။ မြန်မာငွေနဲ့ဆို အများကြီး ပေမဲ့ us မှာ ၂၂၀၀ က အိမ်ငှားခ သို့ အိမ်ပိုင်ရင် အိမ်ခ လောက်နဲ့တင် ၁၀၀၀ လောက် ကုန်သွားပြီး ၀ယ်ထားတဲ့ ကားနဲ ကား insuranceနဲ့ gas ဖိုးပေါင်းရင် ၄၀၀ လောက်ကုန်သွားတယ်။ နောက်ဆုံးလက်ထဲကျန်တာ ၈၀၀ လောက်ပေါ့။ စားဖို့ရယ်၊ ၀တ်ဖို့ရယ်၊ လှူတမ်းဖို့ရယ် အကုန်လုံး အဲ့ ၈၀၀ နဲ့ရအောင်သုံးပေါ့။နေတဲ့ စတိတ်ရယ်၊ အချိန်ပို လုပ်နိုင်မလုပ်နိုင်ရယ်၊နေထိုင်မှု စတိုင်ရယ်မူတည်ပြီး ပိုက်ဆံလက်ကျန်အနဲအများကွာလိမ့်မယ်။ အကွာဟ အကြီးစားကြီးတော့မဟုတ်ဘူးပေါ့။ ၁၀၀၀ ကျော်လောက်ပိုစုနိုင်သလို့ တပြားမှမကျန်တာလဲဖြစ်နိုင်တယ်။

ပိုက်ဆံစုချင်ရင် ၃လမ်းပဲရှိတယ်။ (၁) အခန်းစုနေ၊ roommate ရှာပေါ့။ (၂) အိမ်ထောင်ပြုပြီး နှစ်ယောက်၀င်ငွေနဲ့ ချိုးခြံချွေတာပေါ့။ (၃) skills တခုကို ရအောင်လုပ်ပြီး အခြေခံအလုပ်ကထွက်နိုင်အောင်လုပ်ပေါ့။

အမေရိကန် lifestyle က ထင်သလောက်မလွယ်သလို ကြိုးစားတဲ့သူအတွက်လဲ ဘ၀တဆစ်ချိုးပြောင်းလဲသွားနိုင်တဲ့ တိုင်းပြည်ပါ။ သေချာတာတစ်ခုက အမေရိကန်မှာနေတဲ့သူတိုင်းပိုက်ဆံမရှိပါ။

မေတ္တာဖြင့်
hope( a blessed girl)

Credit

ကိုယ်ခေါ် ချင် တဲ့ Refugee ကို ခေါ် လို့ ရပြီ ဖြစ်တဲ့ Welcome Corp ရဲ့ ဒုတိယ Phase စနေ ပါပြီ။Welcome Corp ဆိုတဲ့ Refugee...
27/02/2024

ကိုယ်ခေါ် ချင် တဲ့ Refugee ကို ခေါ် လို့ ရပြီ ဖြစ်တဲ့ Welcome Corp ရဲ့ ဒုတိယ Phase စနေ ပါပြီ။

Welcome Corp ဆိုတဲ့ Refugee တွေကို US နိုင်ငံသားတွေနဲ့ Green Card Holder တွေ Sponsor ပေးခေါ် တဲ့ Program ကို မနှစ် ကစခဲ့တာပါ။

Phase 1 မှာတော့ သူတို့ သတ်မှတ်ထားတဲ့ Refugee တွေကို ခေါ်် ခွင့် ပေးခဲ့ ပေမယ့် အခု Phase 2 မှာ ကိုယ် ခေါ် ချင်တဲ့ Refugee ကို တိုက်ရိုက် ခေါ် ခွင့် ပေး လိုက်ပါပြီ။

UNHCR ကတ် ကို September 2023 အရှေ့ ထဲက ရထားတဲ့ Refugee တွေ ဆို ခေါ် ခွင့် ရှိတယ် လို့ ‌ပြောပါတယ်။
Green Card or Citizen ၅ ယောက် ဖွဲ့ ထားတဲ့ Group တစ်ခု က Refugee Family တစ်စု (အများဆုံး ၁၀ ယောက်) ကို စပွန်ဆာ ပေးပြီး ခေါ် ခွင့် ရှိ မှာ ဖြစ်ပါတယ်။

Short Notes :
- UNHCR ကတ်ရထားပြီးသူ များကို သာ ခေါ်ခွင့် ရှိမည်။ (September 2023 အရှေ့)
- မြန်မာ နိုင်ငံ ပြင်ပ မှာ ရှိနေသူ ကို သာ ခေါ်လို့ ရမည်။
- Citizen or Green Card Holder ၅ ယောက် နှင့် အထက် တစ်ဖွဲ့ လုပ်ရမည်။ (တစ်ယောက် က ဉီးဆောင် လုပ်ရမည်)
- ကိုယ် Sponsor ပေးတဲ့ Group ရောက်လာပြီး ၃ လ နေရင် နောက်တစ်ဖွဲ့ ထပ် Sponsor ပေးလို့ ရမည်။
- Sponsor Group အနေနဲ့ Refugee တစ်ယောက်အတွက် $ 3,880 ‌ရှိကြောင်း ပြပေးရမည်။
- Sponsor Group ထဲက တစ်ယောက်က Online သင်တန်းတိုလေး တစ်ခု တက်ရမည်။

ကျွန်တော် တို့ အဖွဲ့ တော့ ပထမ တစ်သုတ် ခေါ်် ဖို့လုပ် နေပါတယ်။ Sponsor ပေးပြီး ခေါ် ချင် တယ်၊ ဘယ်လို လုပ်ရမှန်း မသိဘူး ဆိုရင် ကျွန်တော် ကူလုပ်ပေး ပါမယ်။ ဆက်သွယ် လိုက်ပါ။

Ctedit to Share by Dr PK

လူလိမ်တွေ သတိထားကြပါ။
06/01/2023

လူလိမ်တွေ သတိထားကြပါ။

03/01/2023

အမေရိကန် သံရုံးအဖွင့်နေ့ 3 ရက်နေ့ January
2023 Visa ရရှိမူ အခြေအနေ

✅ Student visa နဲ့ Visit visa ရသူ
အရမ်းများတယ်

✅ Rejected ခံရသူ ထင်ထားတာထက် ပိုပြီး
နည်းပါတယ်

အပြုံးပန်းကိုယ်စီနဲ့ သံရုံးထဲက ထွက်လာသူများတယ်

မေးကြည့်ရသလောက် ‌အ‌ယောက် ၄၀ ကျော်လုံး
Bank statement ယူမကြည့်ပါ
ပိုင်ဆိုင်မူ ဘာမှယူမကြည့် ပါလို့ ‌သိရပါတယ်

တစ်ဦးချင်းစီမေးထားသ‌လောက် information ဆက်တိုက်တင်ပေးမည်

min min myat ကိုယ်တိုင်သံရုံးရှေ့မှာ စုံစမ်းသည်
နောက်ရက်တွေလည်း ကြုံသလိုစုံစမ်းပြီးတင်ပေးပါမည်
၅ ရက်နေ့အတွက် ထပ်လာမည်

ကိုလင်း USA ရေးသားသည်။

Credit

24/12/2022

ပတ်စ်ပိုစ့် လုပ်ချင်သူတွေ သိထားစေချင်လို့ပါ
~~~~~~~~~~~~~~~~

၁။ မြဝတီ ပတ်စ်ပိုစ့်ရုံးမှာ ဒီနေ့ (23-12-2022) နေ့ကစပြီး နယ်ကျော်လုံးဝ မလုပ်ပေးတော့ပါ။

ဒါကြောင့် မြဝတီမှာ ပတ်စ်ပိုစ့်ရမယ် ဆိုတဲ့ post တွေကိုလုံးဝ မယုံကြည်ကြဖို့ အလေးအနက် သတိပေး ပါတယ်။

မြ၀တီတက် ပတ်စပို့ လုပ်ဖို့ သွားရတာက ဝေးပြီး စားရိတ်က များပါတယ်။

၂။ အခြားသော ပတ်စ်ပိုစ့် ရုံးတွေမှာလဲ နယ်ကျော် လုပ်လို့ရမှာ မဟုတ်တာ သေချာသလောက်ဖြစ်ပါတယ်။

အလိမ်မခံရစေဖို့ ကြိုသတိပေးလိုက်ပါတယ်။

Passport လျှောက်ခြင်း မှတ်တမ်း6 Dec, 2022 နေ့ဖြစ်သည်စာရှည်ပါမယ်။ အသေးစိတ်ပါမယ်။🔷 ဘာတွေယူသွားရမလဲ၁။ မှတ်ပုံတင် (မူရင်း + ...
07/12/2022

Passport လျှောက်ခြင်း မှတ်တမ်း
6 Dec, 2022 နေ့ဖြစ်သည်

စာရှည်ပါမယ်။ အသေးစိတ်ပါမယ်။

🔷 ဘာတွေယူသွားရမလဲ
၁။ မှတ်ပုံတင် (မူရင်း + မိတ္တူ ၂စုံ)
၂။ အိမ်ထောင်စုစာရင်း/ပုံစံ-၆၆ (မူရင်း + မိတ္တူ ၂စုံ)
၃။ ဘောပင်
၄။ QR Print (၃စုံ)
အထက်ပါပစ္စည်းများကို (Clear Bag) အကြည်အိတ်နဲ့ ထည့်ပါ။
၅။ ဘဏ်သွင်းငွေ (၂၅,၀၀၀/-) + ဗိုက်ဖြည့်ငွေ
၆။ ဖုန်း
၇။ ပိုက်ဆံအိတ်

🔷 ဘာတွေ မယူသွားရဘူးလဲ
၁။ အထက်ပါ ပစ္စည်းတွေကလွဲပြီး ဘာမှ ယူလို့မရပါဘူး။ အိတ်သေးသေးလေးကအစ ယူမရပါ။ အပြင်မှာ အပ်ခဲ့လို့ရပါတယ်။ ကျွန်တော်ကတော့ စိတ်မချပါ။ ဒါကြောင့် အိမ်ကထွက်ကတည်းက အထက်ပါပစ္စည်းတွေနဲ့ပဲ ရှင်းရှင်းလင်းလင်းထွက်လာတာ ကောင်းပါတယ်။
၂။ အိတ်မပြောနဲ့ ခေါင်းဆောင်းတဲ့ လျှာထိုးဦးထုတ်တောင် အပြင်မှာထားခဲ့ရပါတယ်။

🔷 ဘယ်လို ဝတ်ဆင်သွားရမလဲ
၁။ ပေါ့ပေါ့ပါးပါးနဲ့ အေးတာဝတ်ဆင်ပါ၊ ဆိုက်မပိပါနဲ့ ပတ်စပို့စ်ဖူးစာဖြစ်မလာနိုင်သလို လူအမြင်ကပ်ပါတယ်။
၂။ Shoes မစီးသင့်ပါ။ ကြာတော့ ပူတယ်။
၃။ ထီးနဲ့ လက်ရှည်အပေါ်ထည်တွေ ထပ်ဖို့မလိုပါ။ နေပူတာခဏပါ။

🔷 ဘယ်လိုပြုမူနေထိုင်ရမလဲ
၁။ ကိုယ်တန်းစီနေတဲ့ ရှေလူ၊ နောက်လူတွေကို မိတ်ဖွဲ့ထားပါ။ အပြန်အလှန်အကူအညီလိုလာပါလိမ့်မယ်။ စ,နောက်ရင်းလည်း ပျင်းစရာလည်း မကောင်းတော့ပါဘူး။
၂။ ရုပ်တည်ကြီးနဲ့ မနေပါနဲ့၊ ဆရာကြီးအထာနဲ့ မနေပါနဲ့။ ကြုံတဲ့သူနဲ့ အဆင်ပြေအောင် ပေါင်းပြီး မိတ်ဖွဲ့နိုင်ရပါမယ်။

🔸 ကြားဖြတ်ပြောဦးမယ်
ဝင်ခွင့်ပြုတဲ့အခါ မိန်းကလေးအားလုံးနီးပါးက ဦးစားပေးခံရပါတယ်။ ဘဲကြီးတွေက လွှတ်ပေးနေပါတယ်။ သူတို့က စောစောဝင်ရပြီး ယောက်ျားလေးတွေက အကြာကြီးစောင့်ပေးရပါတော့တယ်။ သူတို့က စောစောဝင်ရလို့ စောစောပြီးကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေ စောစောစလစ်ရကြတာ သူတို့အရမ်းတော်လို့မဟုတ်သလို ကျွန်တော်တို့ညံ့လို့လည်း မဟုတ်ပါဘူး။ နင်တို့ကို ဦးစားပေးနေရလို့ပါ။

🔷 အိမ်သာ (Toilet) ဘယ်မှာလဲ
၁။ ရန်ကင်းပန်းခြံမှာ အခပေး Toilet ရှိပါတယ်။ ကိုယ့်ရှေ့နောက် မိတ်ဖွဲ့ပြီးပြီ စိတ်ချရပြီဆိုရင် သွားလို့ရပါတယ်။ (အဲ့အချိန်မှာ ဘယ်မှမသွားတာ ပိုကောင်းပါတယ်)
၂။ ရေသောက်တဲ့အခါ အဆာပြေရုံ၊ အာစွတ်ရုံသာသောက်ပါ၊ အရည်မှန်သမျှ ခဏရှောင်ပါ။ အံကြိတ်ပြီး ဒုက္ခခံနေရနိုင်ပါတယ်။ အိမ်မှာထဲက အပေါ့/အလေး ရှင်းခဲ့ပါ။
၂။ ရုံးထဲရောက်တဲ့အခါ ဓာတ်ပုံခန်းကောင်တာ 25, 26 နဲ့ မျက်နှာချင်းဆိုင်မှာ Toilet ရှိပါတယ်။

🔷 ဦးစားပေးခံရသူများ
၁။ အသက် (၆၀+) များ
၂။ ကလေးပါသူများ (မျက်မြင် ၁၂နှစ်အောက်)
၃။ မိန်းကလေးများ (အများစု)

🔷 ကျွန်တော့်အတွေ့အကြုံများ
မနက်(၆:၀၀) ပန်းခြံဘက်ခြမ်းရောက်ပါတယ်။ နောက်ကျတယ်ထင်ရပေမယ့် နောက်မကျခဲ့ပါဘူး။ကြိုရောက်နေသူတွေက တိတိကျကျတန်းစီထားတာမျိုးမဟုတ်ပဲ ထိုင်နေကြပါတယ်။

ရှေ့ဆုံးထားမှာ ယောင်လည်လည်နေပါ။ ပြေးပြီး တန်းစီကြပြီဆိုရင် ဝင်တိုးလိုက်ပါ။ ဒါကြောင့် မျက်စိလျင်လျင် နားရွှင်ရွှင်ထားပါ။ (ဂိမ်းဆော့၊ ဖုန်းကြည့်တာကို 6:00am နောက်ပိုင်း ရပ်‌သင့်ပါပြီ)

ညာဘက် (ကျား)
ဘယ်ဘက် (မ) တန်းစီရပါတယ်။ ကျားနဲ့ မ ရဲ့ အလယ်မှာ သူများတန်းစီလည်း အစီသင့်ပါဘူး။ နောက်ဆုံးပြန်ရောက်သွားနိုင်ပါတယ်။

6:00am ရောက်တာ နောက်မကျခဲ့ဘူးဆိုတာက ကိုယ်တန်းစီတော့ ကိုယ့်ရှေ့ကလူက 7:30am မှ ရောက်သတဲ့။ ကိုယ့်နောက်က လူက 3:00am ရောက်သတဲ့။

ဒီလိုနဲ့ ရှေ့ရောက်လာတဲ့အခါ လည်ဆွဲတွေ ရပါမယ်။ ဒီလိုနဲ့ဖြတ်သန်းရင်း Passport ရုံးပေါက်ဝ ရောက်ခဲ့သည်ပေါ့

(ဒီအဆင့်ကို မျက်စိဖွင့် နားစွင့်ထားပြီး အဆင်ပြေသလိုလှုပ်ရှားပါ)

🔷 Passport ရုံးပေါက်ဝသို့ရောက်ရှိ
၁။ မှတ်ပုံတင်မူရင်း + QR တစ်ရွက် ထုတ်ထားပါ။ Mask ချွတ်ပါ။ QR ဖတ်၊ စစ်ဆေးပြီး ရုံးအတွင်းထဲရောက်သွားသည်ပေါ့

🔷 Passport ရုံးအတွင်းသို့ ရောက်ရှိ
ကျွန်တော် 11:30am မှာ ဒီရောက်ပါတယ်။ ဒါကြောင့် အပြင်မှာ (၅)နာရီကြာတန်စီခဲ့ရပါတယ်။
၁။ လ.ဝ.က ကို ဖြတ်ရမယ့် အဆင့်ဖြစ်ပါတယ်။
၂။ ကောင်တာ (1 မှ 11 အထိ) ရှိပါတယ်။ ဘယ်ကောင်တာက ဘယ်လိုလူတွေတန်းစီတယ်ဆို သေချာမသိခဲ့လို့ မပြောတော့ပါ။ ကျွန်တော် Passport အသစ်လုပ်သူကတော့ ကောင်တာ (၄)မှာ စီခဲ့ပါတယ်။ ဒီလိုနဲ့ ထိုင်လိုက်၊ ထလိုက်နဲ့ ရှေ့တိုးရင် ကောင်တာရှေ့ရောက်ခဲ့သည်ပေါ့

🔷 လဝက ကောင်တာရှေ့ရောက်ရှိ
🔴 (အထူးသတိပြုရန်)
၁။ မှတ်ပုံတင် (မူရင်း + မိတ္တူ ၂စုံ)
၂။ အိမ်ထောင်စုစာရင်း/ပုံစံ-၆၆ (မူရင်း + မိတ္တူ ၂စုံ)
၃။ QR (၁)ရွက် ထုတ်ထားပါ။ ကောင်တာတင်ပါ။
🔴 အထူးသတိပြုရန် (၁) ကျွန်တော်တို့ရဲ့ QR တွေမှာ အမှားအယွင်းအနည်းငယ်ရှိတတ်ကြပါတယ်။ ဥပမာ- နာမည်၊ မှတ်ပုံတင် လွဲနေတာတွေပါ။ လွဲနေတာတွေကို လဝက ကောင်တာမှာ ဒီနေရာမှာ ဒီလိုလွဲဖြည့်မိသွားပါကြောင်း အကြောင်းပြချင်လေးပေးပြီး ပြောပါ။ ဖုန်းက ကြောင်နေလို့ ဘာညာ။ နမို့ဆို Final ရောက်မှ ပြန်ပြေးလာရတတ်ပါတယ်။
🔴 အထူးသတိပြုရန် (၂) သူတို့ဆီက စာအရွက်တွေပြန်ပေးပါလိမ့်မယ်။ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုစာရင်းမှာ တံဆိပ်တုံးနဲ့ လက်မှတ်ပါရပါမယ်။ စစ်ဆေးပါ။ မပါရင် Final ရောက်မှ ပြန်လှည့်ရပါမယ်။ ဒီလိုနဲ့ အထဲဝင်ပြီး ညာဘက်မှာ "ဘဏ်" လို့ စာကပ်ထားတဲ့ ဘဏ်ကို ရောက်ရှိသွားပေါ့

🔷 ငွေသွင်းရန် ဘဏ်သို့ ရောက်ရှိ
ကျွန်တော်ဘဏ်ကို 2:30pm မှာ ငွေသွင်းပါတယ်။ ဒါကြောင့် လဝက မှာတန်းစီခဲ့တာ (၃)နာရီကြာခဲ့ပါတယ်။
🔸ဘဏ်က 3:00pm မှပိတ်တယ်ပြောပါတယ်။
ဘဏ်က ညာဘက်မှာ "ဘဏ်" လို့စာကပ်ထားတာ ဘဏ်ပါ။ အအေးနဲ့ ရေရောင်းတဲ့ဘက်ကဝင်ပါ။ 25,000/- နဲ့ လဝက စလစ်စာရွက်ကို ဘဏ်ကောင်တာပြပြီး ပေးခဲ့ပါ။ ဘဏ်ဝန်ထမ်းက ယူသွားရင် လူနာမည်တွေခေါ်နေတဲ့ရှေ့ကို သွားပါ။ မတိုးပါနဲ့ ကိုယ့်နာမည်နားစွန့်ပြီး စလစ်စာရွက်ယူပါ။ ထို့နောက် နောက်ဆုံးအဆင့် ဓာတ်ပုံခန်းသို့

🔷 ဓာတ်ပုံခန်းသို့ တန်းစီခြင်း
🔴 အထူးသတိပြုရန်
၁။ ကောင်တာ လွဲပြီး တန်းစီမိတတ်ပါတယ်။ စာဖတ်ပါ။ ကောင်တာ 24, 25 တွေက M.O.U ကောင်တာတွေပါ။ MOU မဟုတ်ရင် တန်းမစီရပါ။ အကြံပြုရရင် ကောင်တာ 23 ကို စီပါ။
၂။ နေရာရသွားပြီဆိုရင် အပေါ်မှာပြောခဲ့သလို ဓာတ်ပုံခန်းကောင်တာ 25, 26 နဲ့ မျက်နှာချင်းဆိုင်မှာ Toilet ရှိတာမို့ ဘဏ်နားက ရေသွားဝယ်ပြီး အဝ သောက်၊ အဝ ပေါက်ပစ်ပါ။
၃။ ဗိုက်ဆာရင် အဲ့အိမ်သာတွေနားမှာ မေးကြည့်ပါ။ လက်ဖက်ထမင်း (၁,၅၀၀/-) ရှိပါတယ်။ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒီလိုနဲ့ အတော်ကြာကြာစောင့်ပြီး ကိုယ့်အလှည့်ကျပါပြီ။ အဆင်ပြေပြေချောချောမွှေ့မွှေ့ကျော်ဖြတ်နိုင်ရင် စလစ်ရပါပြီ။ စလစ်စာရွက်ကို (၃)ခါ သေချာစစ်ပါ။

ကျွန်တော် 7:30pm မှာ စလစ်ရခဲ့ပါတယ်။ ဒါကြောင့် ဓာတ်ပုံကောင်တာကို တန်းစီတာ (၄:၃၀)နာရီကြာခဲ့ပြန်ပါတယ်။

🔷 အိမ်ပြန်ခရီး
Taxi တွေက ရသလောက်ရိတ်ပါတယ်။ 7,000 တန်ခရီးကို 17,000 နဲ့ ရိတ်ပါတယ်။ ဆရာစံလမ်းမပေါ်က ငှားတော့ 7,000 ကို ဈေးမဆစ်ရပဲ ရခဲ့ပါတယ်။

‌အိမ်ပြန်ရောက်ခဲ့တယ်ပေါ့
တစ်ယောက်ထဲ အေးဆေး ဖြတ်သန်းနိုင်ခဲ့ပါတယ်။

စုစုပေါင်းကုန်ကျစရိတ် - ဘဏ်သွင်းငွေ ၂၅,၀၀၀/-

Credit

ပြည်ပ ထွက်တော့မယ် ဆိုရင် အရင်ဆုံး လိုအပ်တာ နိုင်ငံကူးလက်မှတ် (သို့) Passport ပါ။အဲ့ဒီ Passport ရဖို့က မြန်မာတွေ အတွက် လွ...
29/11/2022

ပြည်ပ ထွက်တော့မယ် ဆိုရင် အရင်ဆုံး လိုအပ်တာ နိုင်ငံကူးလက်မှတ် (သို့) Passport ပါ။

အဲ့ဒီ Passport ရဖို့က မြန်မာတွေ အတွက် လွယ်မယောင်နဲ့ ခက်ခဲ တတ်ပါတယ်။

ရန်ကုန်မှာဆိုရင်...

🔥လူတိုးခံရမယ်၊
🔥 ထမင်းငတ်မယ်၊
​🔥 ရေငတ်မယ်၊
🔥 အပြော အဆိုခံရမယ်၊
🔥 ပူလွန်းလို့၊ အသက်ရှူ မ၀လို့ မူးမေ့ လဲကျသူတွေလည်းရှိမယ်။
🔥 မနက် (၅) နာရီက လာလုပ်ပေမယ့်တစ်ရက်နဲ့ မပြီးလို့ နောက်ရက် ထပ်လာရမယ်...
🔥 အချိန်တွေ အများကြီး ကုန်မယ်။

ပြောရမယ်ဆိုရင် သာမန်သူတွေ အတွက်တော့ မဟာ ဒုက္ခဆင်းရဲတွင်း တစ်ခုပါပဲ။

ပတ်စ်ပို့ လုပ်မယ်ဆိုရင် ပထမဆုံး လိုအပ်တာက QR Code ခေါ် ပါတ်စ်ပို့ ရုံး အဝင်လက်မှတ်ပါ။

Online Booking လို့လည်း ခေါ်ပါတယ်။ https://www.passport.gov.mm/ ဒီ ဝဘ်ဆိုဒ်ကနေ ရုံးဖွင့်ရက် မနက် ၉ နာရီကစ တင်ရပါတယ်။

တင်ကား တင်၏ မရပါဘူး။ အခု ဒီစာ ရေးတဲ့ရက် ၂၉.၁၁.၂၀၂၂ နေ့ က တင်မယ် ဆိုရင် ဖေဖေါ်ဝါရီလကုန် လောက် အထိ ပြည့်နေပြီး ဖြစ်ပါတယ်။
( မပြည့်လည်း တင်မရ ကြတာများပါတယ်)

အဲ့ဒီမှာ QR တင်ပေးတဲ့ ဆားဗစ် ဆိုတာတွေ ပေါ်လာပါတယ်။ Facebook မှာ Passport Group တွေကတဆင့် တင်ပေးကြပါတယ်။

၁၅,၀၀၀ ကနေ ၁၀၀,၀၀၀ လောက် အထိ အမျိုးမျိုး ယူကြပါတယ်။

၁၀ ရက်အတွင်း ရမယ် ဘာညာ ဆိုတာတွေ ကြေငြာပါတယ်။ ရတဲ့သူလည်း ရပါတယ်။ အလိမ် ခံရသူကလည်း အလိမ်ခံရပါတယ်။

booking တင်တဲ့ ၀ဘက်ဆိုဒ်မှာ View Info ဆိုတာရှိပါတယ်။ အဲ့ဒီမှာ အမည်၊ မှတ်ပုံတင်၊ အဖ အမည် ရိုက်ပြီး Search လုပ်လို့ ကိုယ့်နာမည် နဲ့ မှတ်ပုံတင် Booking ရက်စွဲ ကျလာရင်တော့ QR ရတာ သေချာပါတယ်။ (အဲ့ဒီမှာ ပေါ်မှ ငွေပေးမယ် ဆိုရင်တော့ အလိမ်မခံရဖို့ များပါတယ်။)

အဲ့ဒီ QR က ပေးတဲ့ ရက်အတိုင်း ဘယ်အချိန်ရရ မနက် ၅ နာရီလောက်မှ ရန်ကုန် ပါတ်စပို့ရုံး အရောက်သွား တန်းစီတာက စလုပ်ရပါတယ်။

အဲ့ဒီကို မသွားချင်

- မှတ်ပုံတင် ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- အိမ်ထောင်စုဇယား ပုံစံ ၆၆ ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- QR Code ကို ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- ငွေ ၆၀၀၀၀ လောက် ထည့်သွားပါ။
( တစ်ခါတလေ ၂၅,၀၀၀ ကျပ် လောက်ပဲ ကုန်ပြီး တစ်ခါတလေ ၃၉,၀၀၀ လောက် ကုန်ပါတယ်။ ပွဲစား အပ်ရင် အတိုင်း မသ်ိပါ။)

ဖြစ်နိုင်ရင် အပင်ပန်း ခံလိုက်ပါ၊
ပွဲစား မယုံပါနဲ့။

မသိရင် ဘေးကလူတွေနဲ့ ဝန်ထမ်းတွေကို မေးပါ။

အော်လွှတ်၊ ဟောက်လွှတ်ရင်လည်း သည်းခံကြပါ။

အောင်မြင် အဆင်ပြေကြပါစေ။

အမေရိက ဗီဇာ လျှောက်ဖို့ ဘာတွေ လိုအပ်သလဲ။******** #အမေရိက ဗီဇာအတွက် Bank statement လည်း မလိုပါ။ ပိုင်ဆိုင်မှု အထောက်အထားတ...
29/11/2022

အမေရိက ဗီဇာ လျှောက်ဖို့ ဘာတွေ လိုအပ်သလဲ။
********

#အမေရိက ဗီဇာအတွက် Bank statement လည်း မလိုပါ။

ပိုင်ဆိုင်မှု အထောက်အထားတွေလည်း မလိုပါ။

နောက်ဆုံး အိမ်ထောင်စု မှတ်ပုံတင်လည်း မကြည့်ပါ။

(ပြလည်း ယုံကြည်မှု မရှိပါ။)

ဘာတွေလိုသလဲ ဆိုရင်

၁) Facebook Accounts or Social Media ကို ကြည့်ပြီး Background Check လုပ်တာမို့ သေချာ ပြင်ဆင်ထားဖို့ လိုပါတယ်။

၂) ခရီးသွားမယ့် အကြောင်းအရာ ခိုင်မာဖို့ လိုပါတယ်။

၃) ခရီးသွားခဲ့ဖူးတဲ့ နိုင်ငံတွေကို ပတ်စ်ပို့ပေါ်မှာ ကြည့်ပါတယ်။ နိုင်ငံကြီးတွေ သွားဖူးထားရင် ပိုကောင်းပါတယ်။

၄) အလည်အပါတ် ဗီဇာ လျှောက်တဲ့သူက ပြန်လာမှာ သေချာရဲ့လား ဆိုတာ လေ့လာပါတယ်။

၅) ကိုယ်က ဘာလုပ်ငန်းတွေလုပ်ပြီး ဘယ်လို ဝင်ငွေရှိသလဲ၊ အမေရိကားမှာ အမျိုးတွေရှိသလား ဆိုတာလေ့လာပါတယ်။

၆။ ဗီဇာလျှောက်သူ အခြေအနေကို အကဲခတ် ပါတယ်။

သူတို့ လေ့လာတာက ဒါလေးပါပဲ။

လူကြီးမင်းမှာ အိမ်ဘယ်လောက်ကြီး ပိုင်ပိုင်၊ ဘဏ်ထဲမှာ ငွေဘယ်လောက် ရှိတယ် ပြောပြော သူတို့ စိတ်မဝင်စား ပါဘူး။

US အလည် ဗီဇာ လျှောက်လိုသူတွေ အနေနဲ့ ဒါလေးတွေကို သေချာ ပြင်ဆင်ထားရင်တော့ ဗီဇာရကြမှာ ဖြစ်ပါတယ်။

အောင်မြင်ကြပါစေ။

29/11/2022

လက်ရှိ အချိန်အထိ ကျနော်တို့ အနေနဲ့ Visa Services တွေ လုပ်ဆောင်တာကို ခေတ္တရပ်ဆိုင်း ထားခဲ့ပါတယ်။

မကြာခင် ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှ ဆက်သွယ်ရမယ့် ရုံးလိပ်စာ နဲ့ ဖုန်း နံပါတ်တွေ ကြေငြာ ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

အမေရိကားမှ စစ်သားစုဆောင်းရေး+++++++++++ကျွန်တော့်သားကြီး High school Junior ပဲရှိသေးတယ် စစ်တပ်အမှုထမ်းဖို့ ကမ်းလှမ်းနေပါ...
23/11/2022

အမေရိကားမှ စစ်သားစုဆောင်းရေး
+++++++++++
ကျွန်တော့်သားကြီး High school Junior ပဲရှိသေးတယ် စစ်တပ်အမှုထမ်းဖို့ ကမ်းလှမ်းနေပါပြီ။
စိတ်ဝင်စားရင် အမေရိကားမှာ စစ်မှုထမ်းဖို့ လျှောက်နိုင်ပါတယ်တဲ့။
စဝင်ဝင်ခြင်း bonus $20,000 အထိရနိုင်ပါတယ်။
Student Loan Repayment ကို $50,000 အထိရနိုင်ပြီး Medical and dental insurance လည်း ရပါမယ်။ 401k retirement account အတွက် 5% ထည့်ဝင်ပေးပါတယ်။ နောက်ပြီး 100% Free Tuition နှင့် bachelor's degree ကိုတက်နိုင်ပါတယ်။
စစ်တပ်ထဲက ထွက်ရင် အပြင်မှာ အလုပ်လုပ်ရာတွင် အဆင်ပြေစေဖို့အတွက် ၁၃၀ လောက်ရှိသော job training ကိုလည်း လစာရရှိပြီး သင်ယူနိုင်ပါမယ်။ ဥပမာ- Welding, heavy equipment operators, medical, information technology, engineering, and many more စသည်တို့ဖြစ်ပါတယ်။ ဒီ training က College ကို သွားဖို့အတွက် credits လည်းရပါလိမ့်မယ်။
နောက်ပြီး အိမ်ဝယ်မယ်ဆိုရင်လည်း benefit ကောင်းပြီး အပြင်မှာ အလုပ်လုပ်မယ်ဆိုရင်လည်း အကျိုးကျေးဇူးများပါမယ်။
စာသင်ရင်း စစ်မှုထမ်း နောက်ပိုင်း ရာထူးတိုးတွေဝင်ဖြေရင် တဆင့်ထက် တဆင့်မြင့်လာပါလိမ့်မယ်။
ရေတပ်နှင့် လေတပ်ကို ဝင်နိုင်ရင် ပိုကောင်းပါတယ်နော်။

လေ့လာကြည့်ကြပါ။
https://www.usa.gov/join-military

အမေရိကားမှာ ရေရှည် နေမယ်ဆိုရင် အခွင့်အလမ်းများသော အလုပ်တွေလုပ်ကိုင်စေချင်ပါတယ်။ တိုးတက်ဖို့ အတွက် စာသင်သင့်ရင် စာသင်ရပါလိမ့်မယ်။ စာသင်ဖို့ စာသင်လို့ရတဲ့ အလုပ်ဖြစ်ရပါမယ်။ စာသင်လို့မရပဲ ပိုက်ဆံပဲ ရနေမယ်ဆိုရင် သိပ်မကောင်းပါဘူး။ လမ်းပေါ်မှာ အချိန်ကုန်တဲ့ အလုပ်ကစာသင်ဖို့တော့ မလွယ်ပါဘူး။
ရေရှည်မှာ ကွာသွားပါလိမ့်မယ်။

ကားမောင်းမှာလား?
Sushi လိပ်မှာလာ?
Retail store မှာ အလုပ်လုပ်မှာလား?
စစ်တပ်ထဲဝင်မှာလား?
Plumbing sanitary လုပ်မှာလား?
ကားပြင်မှာလား?
Welding အလုပ်လုပ်မှာလား?

……..တိုးတက်ဖို့အတွက်…….
စာသင်ရင်း အလုပ်လုပ်နိုင်တာရွေးကြပါ။
အလုပ်လုပ်ရင်း စာသင်နိုင်တာရွေးကြပါ။

သန်းဌေး

11/21/2022

Credit

US visa မှာ ကိုယ့်ရဲ့ ဓာတ်ပုံအောက်မှာပါတဲ့ ကြယ်လေးတွေက ဗီဇာရရှိထားသူဟာ US အတွက်" RISK " ဘယ်လောက် ရှိတယ်ဆိုတာ ဆိုလိုတာပါ။...
23/11/2022

US visa မှာ ကိုယ့်ရဲ့ ဓာတ်ပုံအောက်မှာပါတဲ့ ကြယ်လေးတွေက ဗီဇာရရှိထားသူဟာ US အတွက်" RISK " ဘယ်လောက် ရှိတယ်ဆိုတာ ဆိုလိုတာပါ။

ကြယ်များလေ US ကို ဝင်တဲ့ အခါမှာ security check ပိုများလေဖြစ်ပါတယ်. ကြယ်နည်းလေ ကောင်းလေပါ.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Me Super posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share