Sharing by Myat

Sharing by Myat Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing by Myat, Travel Service, Naypyidaw.

📢မကြာခင်ကာလမှာဆိုရင် ဗုဒ္ဓဂယာကို သွားလို့အကောင်းဆုံး ခရီးသွားရာသီကို ရောက်လာတော့မှာပဲဖြစ်ပါတယ်နော် 🗓️🕛📢ဒါကြောင့်မို့ ဗုဒ...
01/09/2023

📢မကြာခင်ကာလမှာဆိုရင် ဗုဒ္ဓဂယာကို
သွားလို့အကောင်းဆုံး ခရီးသွားရာသီကို ရောက်လာတော့မှာပဲဖြစ်ပါတယ်နော် 🗓️🕛

📢ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်များအတွက် ခရီးလည်းသွားရင်း ဘုရားလည်းဖူးမယ်ဆို
မင်မင်တို့ကိုသာ သတိရလိုက်ပါနော် 🫶🫶

ခုတလော မင်မင်တို့ အလုပ်လေးတွေများနေတာနဲ့ ပို့စ်တင်တာလေးတွေ မလုပ်ဖြစ်တာပါရှင့် ☺☺☺ ဒီနေ့တော့ ဗုဒ္ဓဂါယာက စေတီတစ်ခုအကြောင်း...
30/08/2023

ခုတလော မင်မင်တို့ အလုပ်လေးတွေများနေတာနဲ့ ပို့စ်တင်တာလေးတွေ မလုပ်ဖြစ်တာပါရှင့် ☺☺☺
ဒီနေ့တော့ ဗုဒ္ဓဂါယာက စေတီတစ်ခုအကြောင်းလေး မျှဝေပေးချင်ပါတယ်နော်....

#မဟာဗောဓိစေတီတော်မြတ်ကြီး

📌စေတီတော်မြတ်ကြီးသည် ပေ ၁၇၀
မြင့်မားပြီး မြန်မာနိုင်ငံတွင် ဖူးတွေ့နေကျ ပုထိုးစေတီများနှင့်မတူ တမူထူး​ခြားလှပါတယ်
📌မူလကောင်းမှုရှင်ဖြစ်သည့်
အသောကမင်းကြီးက တည်ထားခဲ့တာဖြစ်ပြီး အကြိမ်ကြိမ်ဖျက်ဆီးခံ ခဲ့ရတယ့်အတွက်
အကြိမ်ကြိမ်ထပ်ဆင့်ပြုပြင်မွမ်းမံထားသည့်စေတီတဆူဖြစ်ပါတယ်
📌ပြန်လည်ပြုပြင်သူ တွေထဲမှာ
မင်းတုန်းမင်းကြီးလည်းပါဝင်ခဲ့ပါတယ်
📌စေတီတော်ကြီးသည် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော် ဖြစ်ပြီး
အိန္ဒိယကျောက်ဆင်ပညာရှင်တို့၏ လက်ရာဖြစ်တယ်လို့လည်း သိရပါတယ်ရှင်
📌‌စေတီတော်ကြီးရဲ့ အောက်ခြေမှာလေးထောင့်ဖြစ်ပြီး ၄၈ ပေရှိပါတယ်
အပေါ်ကိုတဖြည်းဖြည်းရှုးတက်သွားပြီး စေတီတော်၏နံရံမျက်နှာပြင်မှာ ခြူးပန်းခြူးနွယ်များ၊နံရံကပ်လိုက်မုတ်များဖြင့် လှပစွာတန်ဆာဆင်ထားပါတယ်
📌စေတီတော်ကြီး၏ ပထမအထပ်
ထောင့်လေးထောင့်မှာ စေတီလေဆူရှိပြီးတော့
📌စေတီကြီး၏ ထိပ်ဆုံးအပိုင်းမှာ
လည်ပင်းပုံအဝိုင်းဖြစ်ပါတယ်
📌အပေါ်ဆုံးမှာတော့ ထီးတော်ပုံလှပသောအချွန်အထွတ် ရှိပါတယ်။

ချစ်တို့ရေ မင်္ဂလာပါနော် 😍😍ဒါလေးကတော့ မင်မင်တို့ရဲ့ ခရီးသွားလုပ်ငန်းလေးရဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်လေးရယ်☎မင်မင်တို့...
30/08/2023

ချစ်တို့ရေ မင်္ဂလာပါနော် 😍😍
ဒါလေးကတော့ မင်မင်တို့ရဲ့ ခရီးသွားလုပ်ငန်းလေးရဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်လေးရယ်☎
မင်မင်တို့ဆီမှာ ရရှိနိုင်မယ့် service လေးတွေပါ🛒🛍

🙏ဝါဆိုလပြည့်နေ့ 🙏🙏ဓမ္မစကြာအခါတော်နေ့🙏ဗုဒ္ဓဘာသာဝင် သူတော်စင် သူမြတ်လောင်းတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သောမြန်မာသက္ကရာဇ...
01/08/2023

🙏ဝါဆိုလပြည့်နေ့ 🙏
🙏ဓမ္မစကြာအခါတော်နေ့🙏

ဗုဒ္ဓဘာသာဝင် သူတော်စင် သူမြတ်လောင်းတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သော
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၆၇ ခုနှစ် ဝါဆိုလပြည့် အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားများသာမက
ကမ္ဘာသူ၊ ကမ္ဘာသားများ အားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
ဘေးအန္တရာယ်ကင်းဝေးပြီး
လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်....
🙏🙏🙏

ချစ်တို့ရေ ရန်ကုန်- ဗုဒ္ဓဂါယာ ခရီးစဉ်လေးတွေစတော့မယ်နော်📢📢📢ခရီးစဉ်အမျိုးအစား (၃) မျိုးရှိပါမယ်နော်🙂  📌၄ ညအိပ် / ၅ ရက် ခရီ...
29/07/2023

ချစ်တို့ရေ ရန်ကုန်- ဗုဒ္ဓဂါယာ ခရီးစဉ်လေးတွေစတော့မယ်နော်📢📢📢

ခရီးစဉ်အမျိုးအစား (၃) မျိုးရှိပါမယ်နော်🙂

📌၄ ညအိပ် / ၅ ရက် ခရီးစဥ်
📌၇ ညအိပ် / ၈ ရက်ခရီးစဉ်
📌၁၄ ညအိပ် / ၁၅ ရက်ခရီးစဉ် လေးတွေထဲက အဆင်ပြေပြီး ကြိုက်နှစ်သက်တာလေးကို ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ် 💯

🎯ခရီးစဉ်တွေ အကုန်လုံးအတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဆုံရပ်အဖြစ် သတ်မှတ် ထားပါတယ်...
🎯ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းဖြင့် အိန္ဒိယနိုင်ငံဂယာလေဆိပ်သို့ ရောက်ရှိပြီး တည်းခိုရာ နေရာသို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ် ၊ အဲ့နောက်မှာတော့ နေ့လည်စာ သုံးဆောင်နိုင်ရန်စီစဉ် ပေးထားပြီး၊ နေ့လည်စာ စာသုံးပြီးတာနဲ့ ခရီးစဉ် လည်ပတ်ခြင်းတွေကို စတင်မှာ​​ဖြစ် ပါတယ်ရှင်……….🤗

💥ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများအနေနဲ့တော့...

🎯 MAI/MNA လေကြောင်းလိုင်းဖြင့်အသွား-အပြန် လေယာဥ်လက်မှတ်။
🎯ငွေကျပ်သိန်း(၅၀)အကာအကွယ်ပေးသည့် ခရီးသွားအာမခံ ထားရှိခြင်း။
🎯3 Star နှင့် 4 Star အဆင့်ရှိ ဟိုတယ်များတွင် တည်းခိုစေပြီး ဘူဖေးလ်စနစ်ဖြင့် တည်ခင်းကျွေးမွေးခြင်း။
🎯နံနက်စာ၊နေ့လည်စာ၊ညစာ အပြင် လမ်းခရီးတွင် ကော်ဖီ၊အအေး၊ပေါင်မုန့်၊ကိတ်မုန့်၊ရာသီပေါ် သစ်သီးတို့ကို အလှည့်ကျ ဧည့်ခံခြင်း ဝန်ဆောင်မှု။
🎯ဘူမိဖသဘုရားကြီးနှင့် မဟာပရိနိဗ္ဗာနရုပ်ကလာဒ်တော်တို့အား ကပ်လှူရန် ရွှေကြာသင်္ကန်း(၂)စုံ။
🎯လမ်းခရီးတွင် ကျန်းမာရေးအတွက် အခြေခံဆေးဝါးများ ပါရှိခြင်း။
🎯ခရီးစဉ်တလျှောက်အမှတ်တရ ဗီဒီယိုမှတ်တမ်းတင်ပေးခြင်း။
🎯မှတ်တမ်းတင်ခွေများကို လက်ဆောင်ပေးခြင်း။
🎯ခရီးစဉ်တလျှောက်တွင် သမိုင်းကြောင်းရှင်းလင်းဟောကြားပေးမည့် Guide သံဃာတော်တစ်ပါးနှင့် မြန်မာပြည်မှဦးဆောင် Tour Leader တစ်ဦးပါခြင်း။
🎯ခရီးစဉ်တလျှောက်အသုံးပြုရန်အတွက် ခရီးဆောင်အိတ်ကြီး(၁)လုံး၊ အိတ်သေး(၁)လုံး၊ ဦးထုပ်၊ယောဂီတဘတ်၊ ဘုရားစာအုပ်၊ယောဂီ(ပုဆိုး၊ထမိန်)စသည့် အသုံးအဆောင်ပစ္စည်းများ မေတ္တာလက်ဆောင်ပေးခြင်း။
🎯ခရီးစဉ်တွင်ပါဝင်သည့် နေရာများအတွက် ဝင်ကြေးများ။
🎯ခရီးစဉ်တစ်လျှောက်လုံး အဆင့်မြင့်လေအိပ်ကားကြီးဖြင့် လည်ပတ်ရေးဝန်ဆောင်မှု။
🎯သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများအတွက် Wheel Chair အား ကားပေါ်တွင် အရံသင့်စီစဉ်ထားခြင်း။
🎯အိန္ဒိယနှင့် နီပေါပြည်ဝင်ခွင့် ဗီဇာ။

💥ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ-

🎯လေကြောင်းဌာနက သတ်မှတ်ပေးထားသော ကီလိုထက် ပိုမိုသယ်ဆောင်ခြင်း။
🎯ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များအားလုံးနှင့် ခရီးစဉ်တွင် မပါဝင်သည့် ဝန်ဆောင်မှုများအားလုံး။
🎯မိမိတို့သယ်ယူလာသော ဖုန်းနှင့်ကင်မရာတို့အတွက် အခွန်အခများ။

ခရီးစဥ်လေးတွေအတွက် အသေးစိတ်သိချင်တာရှိရင် မန့်ခဲ့ရုံနဲ့ မင်မင်တို့က ဆက်သွယ်ပေးပါမယ်နော်.....

အားလုံးပဲ မင်္ဂါလာပါရှင် မကြာခင်မှာ ခရီးစဉ်တွေစတင်တော့မယ်နော်.....
25/07/2023

အားလုံးပဲ မင်္ဂါလာပါရှင်
မကြာခင်မှာ ခရီးစဉ်တွေစတင်တော့မယ်နော်.....

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Sharing by Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category