07/12/2019
ဝန်ကြီးများရုံး နှစ် ၁၃၀ ပြည့်ပွဲတော်ကျင်းပမည်
ဝန်ကြီးများရုံး နှစ် ၁၃၀ ပြည့်ပွဲတော်ကို လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ကျင်းပပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။
အဲ့ဒီပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲ စျေးရောင်းပွဲနဲ့ ပန်းချီပြပွဲတွေ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ပန်းချီပြပွဲ ပါဝင်ပြသတဲ့ Asia Art Connect ရဲ့ Co-Founder & CEO မသဇင်နီက " ဒီပွဲမှာ ရေဆေးပန်းချီကားလေးတွေ ပါဝင်ပြသသွားဖို့ရှိပါတယ်။ စျေးနှုန်းသင့်တင့်ပြီး လက်ရာကောင်းတဲ့ ရေဆေး ပန်ချီကားလေးတွေ အဓိကထား ပြသသွားဖို့အတွက် ပြင်ဆင်နေပါတယ်။" လို့ ပြောပါတယ်။
ဝန်ကြီးများရုံးကို နေ့စဥ်လူဦးရေ ထောင်ဂဏန်း ဝင်ရောက်နေပြီး အစိုးရရုံးပိတ်ရက်များတွင် ပိုမိုလာရောက်ကြကြောင်း သိရပါတယ်။
ပြီးခ့ဲတဲ့ မြန်မာ့ဂုဏ်ပွဲတော်တုန်းက လူဦးရေ သိန်းဂဏန်းအထိ လာရောက်ခဲ့ပါတယ်။