29/11/2025
🇲🇲 ✈️ Thai Airways နဲ့ ခရီးသွားမယ့်သူတွေ သတိပြုစရာ ခရီးဆောင်အိတ်အလေးချိန် ပေါ်လစီအသစ်!
Thai Airways အနေနဲ့ ခရီးသည်တွေရဲ့ ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်စေဖို့နဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေရဲ့ စံချိန်စံညွှန်းအတိုင်း ဖြစ်စေဖို့အတွက် Baggage Policy (အိတ်သယ်ဆောင်ခွင့်) ကို အပြောင်းအလဲလုပ်လိုက်ပါပြီ။
အရင်ကလို အလေးချိန် စုစုပေါင်းအပေါ်မူတည်ပြီး သယ်ခွင့်ပေးတဲ့ Weight Concept ကနေ အိတ်အရေအတွက်အပေါ် မူတည်တဲ့ Piece Concept ကို ပြောင်းလဲကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝယ်ထားတဲ့ Ticket Class အလိုက် အိတ်ဘယ်နှလုံးရမလဲ၊ တစ်လုံးကို ကီလိုဘယ်လောက်ရမလဲဆိုတာ သေချာကြည့်ပြီးမှ ထုပ်ပိုးကြဖို့ လိုလာပါပြီနော်။ 👇
📅 ဘယ်အချိန် စပြောင်းမှာလဲ?
* စတင်သက်ရောက်မည့်ရက်: ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ ဝယ်ယူ/ထုတ်ယူသော လက်မှတ်များအတွက်။
* ခရီးစဉ်ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မတ်လ (၀၂) ရက်နေ့နှင့် နောက်ပိုင်း ခရီးစဉ်များအတွက် အကျုံးဝင်ပါမယ်။
🧳 အိတ်အရေအတွက်နှင့် အလေးချိန် သတ်မှတ်ချက်များ
📍 ထိုင်းပြည်တွင်း ခရီးစဉ်များ (Domestic)
* Royal Silk Class: ၁ လုံး (၃၂ ကီလို)
* Economy Class (All types): ၁ လုံး (၂၃ ကီလို)
🌍 နိုင်ငံတကာ ခရီးစဉ်များ (International)
* Royal First Class: ၃ လုံး (တစ်လုံးလျှင် ၃၂ ကီလို)
* Royal Silk Class: ၂ လုံး (တစ်လုံးလျှင် ၃၂ ကီလို)
* Premium Economy Plus: ၂ လုံး (တစ်လုံးလျှင် ၃၂ ကီလို)
* Premium Economy Class: ၂ လုံး (တစ်လုံးလျှင် ၂၃ ကီလို)
Economy Class အတွက် အထူးသတိပြုရန် ⚠️
* Flex / Full Flex: ၂ လုံး ရပါမယ် (တစ်လုံးလျှင် ၂၃ ကီလို)
* Standard / Saver / Redeem: ၁ လုံး သာ ရပါမယ် (၂၃ ကီလို)
(မှတ်ချက် - ထိုင်ခုံမယူတဲ့ ကလေးငယ် (Infant) တွေအတွက် လူကြီး ခရီးသည် ရရှိတဲ့ အိတ်အမျိုးအစားအတိုင်း ၁ လုံး သယ်ဆောင်ခွင့်ရှိပါတယ်)
📏 အိတ်အရွယ်အစား
အိတ်တစ်လုံးရဲ့ (အလျား+အနံ+အမြင့်) စုစုပေါင်းဟာ 158 cm (62 inches) ထက် မကျော်ရပါဘူး။
ထိုင်းသွားမယ့် သူငယ်ချင်းတွေ၊ BKK ကနေတဆင့် ခရီးသွားမယ့် မိတ်ဆွေတွေကို ဒီ Post လေး Share ပေးပြီး သတိပေးလိုက်ကြဦးနော်! 🗣️
🇬🇧 ✈️ New Baggage Policy Alert for Thai Airways Travelers!
To enhance service and align with international standards, Thai Airways is changing its baggage policy.
They are transitioning from the Weight Concept (based on total weight) to the Piece Concept (based on the number of bags). This means you need to check how many pieces you are allowed based on your ticket class.
📅 Effective Dates
* Booking Date: Tickets issued on/after 25 November 2025.
* Travel Date: Travel commencing on/after 02 March 2026.
🧳 Allowance Summary
📍 Domestic (Thailand)
* Royal Silk: 1 Piece (32 kg)
* Economy: 1 Piece (23 kg)
🌍 International
* Royal First: 3 Pieces (32 kg each)
* Royal Silk: 2 Pieces (32 kg each)
* Premium Economy Plus: 2 Pieces (32 kg each)
* Premium Economy: 2 Pieces (23 kg each)
Economy Class (Important) ⚠️
* Flex / Full Flex: 2 Pieces (23 kg each)
* Standard / Saver / Redeem: 1 Piece (23 kg)
(Note: Infants without a seat get 1 piece matching the accompanying adult's allowance)
📏 Size Limit
Total linear dimension (L+W+H) must not exceed 158 cm (62 inches) per piece.
Share this with friends traveling to or via Bangkok.