BAGAN Mini Taxi

BAGAN Mini Taxi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BAGAN Mini Taxi, Tour guide, Nyaung-u.

02/09/2020

ငုတ်တုတ်မေ့

25/04/2020

Aww ဘာမှမရှိ ဧည့်သည်မရှိ
Bagan

28/02/2020
21/11/2019

.Mini TAXI
ပုဂံလာရင် Messenger (or) Phone ဆက်သွယ်လိုက်ပါ
အားလုံး အဆင်ပြေစေရမယ်

စွယ်တော်လေးဆူကို ဆွမ်းကပ်အချိန်မှီ ပို့ပေးနိုင်ပာတယ်

ပြည့်ငါးပြည့် အဓိဌာန်ပြု ဖူးမလား လိုက်ပို့ပေးမယ်

ပုပ္ပါး Tripလားသွားမယ်😃🚕

ပုဂံမှ စလေ(ရုပ်စုံကျောင်း)သွားဦးမလား

ရှေးဟောင်းဇုံထဲ ဘုရားလည်ဖူးမလား လေ့လာမလား okတယ်နော်

ရှုခင်းတွေ လွတ်လပ်စွာခံစားကြမယ်

ဘုရားသမိုင်း သိသလောက်ရှင်းပြမယ် 😉

မေးသမျှလဲ ဖြေနိုင်သလောက်ဖြေမယ် 😅😅

ညနက်မှရောက်လို့ ကားဝင်းမှာယောင်လည်လည်မဖြစ်ရအောင်

ဖုန်းကြိုဆက်ထားလိုက် လာကြိုမယ် 😁😁🚕🚕🚕🚕🚕🚕
ဟိုနား ဒီနားလား ခေါက်တိုလဲရတယ် ဈေးသက်သာစေရမယ် ဖုန်းလေးသာဆက်

https://www.facebook.com/BAGAN-Mini-Taxi-193590168110189/
Bagan MiniTaxi
Hotline
09402635400
Share ပေးခြင်းဖြင့်ကူညီပါ

Tour guide

02/10/2019

Car leasing service · Nyaung-U

ပထမ ပုဂံ စတင်တည်ထောင်ရာ (ရွာ ၁၉ ရွာ)၁. ညောင်ဦး၂. တောင်ပ၃. မြေခဲတွင်း၎. စဥ့်ကူ(အုန်းများ)၅. ယုန်လွှတ်ကျွန်း၆. ထူတည်၇. တဆေ...
22/07/2019

ပထမ ပုဂံ စတင်တည်ထောင်ရာ (ရွာ ၁၉ ရွာ)

၁. ညောင်ဦး

၂. တောင်ပ

၃. မြေခဲတွင်း

၎. စဥ့်ကူ(အုန်းများ)

၅. ယုန်လွှတ်ကျွန်း

၆. ထူတည်

၇. တဆောင်ကွန်း

၈. ရွာမုံး

၉. ကြင်လို

၁၀. ကုက္ကိုလ်

၁၁. နဂါးစိုး

၁၂. နဂါးကျစ်

၁၃. ကျောက်စကား

၁၄. အနုရာဓ

၁၅. ရွာစိုက်

၁၆. မကျည်းကျီ

၁၇. ညောင်ဝန်း

၁၈. အုတ်ထဲသိမ်

၁၉. သရက်ရ ။

ပုဂံမင်းဆက်များနှင့် ရွာကြီး ၁၉ရွာ

ပုဂံကို အစဉ်အလာမှတ်တမ်းများအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ယုန်လွှတ်ကျွန်းအရပ်၌ စတင်တည်ထောင်ခဲ့သည်။ စတင်တည်ထောင်သူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ကျေးရွာ(၁၉)ရွာအား စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၄င်း (၁၉)ရွာအနက် ညောင်ဦးရွာဆိုလျှင် ယနေ့တိုင် မူလအမည်ဖြင့် ရှိနေဆဲဖြစ်သည်။ ရာဇ၀ံသဇာလိနီကျမ်းအရဆိုလျှင် ယုန်လွှတ်ကျွန်းရပ်မှာ ဧရာဝတီမြစ်မှ (၆)မိုင်အကွာ တုရင်တောင်၏အရှေ့ဘက်တစ်မိုင်အကွာ နေရာဖြစ်သည်ဟု ဆိုပါသည်။ သမုဒ္ဒရာဇ်မင်းဆက်တွင် -
(၁) သမုဒ္ဒရာဇ် (107-152)
(၂) ရသေ့ကြောင် (152-167)
(၃) ပျူစောထီး (167-242)
(၄) ထီးမင်းယဉ် (242-299)
(၅) ယဉ်မင်းပိုက် (299-234)
(၆) ပိုက်သေဉ်လည် (324-344)
(၇) သေဉ်လည်ကြောင် (344-387)
တို့ ထီးနန်းစိုးစံခဲ့ကြသည်။ ထိုသေဉ်လည်ကြောင်းမင်းလက်ထက်တွင် မှစ၍ နတ်ကိုးကွယ်မှုစတင်ခဲ့သည်ဟု မှတ်သားရဖူးပါသည်။ ဒုတိယပုဂံအဖြစ် သီရိပစ္စယာမြို့ကို ကျောက်စကားရပ်၌ တည်ထောင်ပြန်၏။ ယင်းနေရာမှာ ယခုပုဂံမြို့သစ်၏ တောင်ဘက်ရေအိုးစင်ချောင်း၏ မြောက်ဘက်ကမ်းနေရာ ဖြစ်သည်ဟု ဆိုပါသည်။

ပုဂံနန်းတော်ရာဟောင်းဟု ပြောကြပါသည်။ မည်သည့်လက်ထက်က နန်းတော်လို့တော့ အတိအကျမသိပါ။
သေဉ်လည်ကြောင်းမင်းမှစ၍ -
(၇) သေဉ်လည်ကြောင် (344-387)
(၈) ကြောင် ဒူရစ် (387-412)
(၉) သည်းထန် (412-439)
(၁၀) သူရဲ (439-494)
(၁၁) သာရမွန်ဖျား (494-516)
(၁၂) သိုက်တိုင် (516-523)

သိုက်တိုင်မင်းလက်ထက် ခရစ်နှစ် 516 ခုနှစ်တွင် တတိယပုံဂကို တည်ထောင်ပြန်၏။ တမ္ပ၀တီဟု အမည်မှည့်ခေါ်ထားသည့် တတိယပုဂံမှာ ရွာစိုက်ရွာဟောင်း နေရာ၌ တည်ခဲ့ခြင်းဖြစ်သည်။ ပုဂံခေတ်နှောင်းပိုင်း ကာလတွင် မိဖုရားကြီးဖွားစော နေထိုင်ခဲ့ဖူးသည်ကို အကြောင်းပြု၍ ဖွားစောရွာ ဟု ခေါ်ဆိုကြသည်။

တမ္ပ၀တီတွင် -
(၁၂) သိုက်တိုင်မင်း (516-523)
(၁၃) သေဉ်လည်ကြောင်ငယ် (523-532)
(၁၄) သေဉ်လည်ပိုက် (532-547)
(၁၅) ခန်းလောင်း (547-557)
(၁၆) ခန်းလတ် (557-569)
(၁၇) ထွန်တိုက် (569-582)
(၁၈) ထွန်ပစ် (582-598)
(၁၉) ထွန်ချစ် (598-613)
(၂၀) ပုပ္ပါးစောရဟန်း (613-640)
(၂၁) ရွှေအုန်းသီး (640-652)
(၂၂) ပိတ်သုံ (652-660)
(၂၃) ပိတ်တောင်း (660-700)
(၂၄) မင်းခွေး (700-716)
(၂၅) မြင်းကျွေး (716-726)
(၂၆) သိင်္ဃ (726-734)
(၂၇) သိန်းခွန် (734-744)
(၂၈) ရွှေလောင်း (744-753)
(၂၉) ထွန်ထွင်း (753-762)
(၃၀) ရွှေမှောက် (762-785)
(၃၁) ထွန်လွှတ် (785-802)
(၃၂) စောခင်နှစ် (802-829)
(၃၃) ခဲလူး (829-846)
ပုဂံမင်းဆက်၏ (၃၄)ဆက်မြောက်ဘုရင် ပျဉ်ပြားမင်းလက်ထက် ခရစ် 849နှစ်တွင် လက်ရှိပုဂံ နေရာဖြစ်သော စတုတ္ထမြောက်ပုဂံကို တည်ထောင်ပါသည်။ ပုဂံကိုတည်ထောင်စဉ်က ရဟန်းပညာရှိလေးပါးနှင့် လူပညာရှိ လေးဦးတို့ပါဝင်ခဲ့ကြသည်ဟု မှတ်တမ်းများက ဆိုပါသည်။ သို့သော် ဗုဒ္ဓသာသနာတော်သည် (၄၂)ဆက်မြောက်မင်းဖြစ်သောအနော်ရထာမင်း လက်ထက်မှသာ ပုဂံရောက်သည်ဟုလည်း သမိုင်းတွင်ရှိသည်။

သရပါတံခါး

စတုတ္ထမြောက်ပုဂံတွင် ထီးနန်းစိုးစံခဲ့ကြသူများမှာ-
(၃၄) ပျဉ်ပြားမင်း (846-876)
(၃၅) တန်နက် (876-894)
(၃၆) စလေမင်းခွေး (894-924)
(၃၇) သိန်းခို (924-946)
(၃၈) ညောင်ဦးစောရဟန်း (946-991)
(၃၉) ကျောင်းဖြူ (991-1013)
(၄၀) ကျည်းစိုး (1013-1019)
(၄၁) စုက္ကတေး (1019-1044)
(၄၂) အနော်ရထာ (1044-1077)
(၄၃) စောလူးမင်း (1077-1084)
(၄၄) ကျန်စစ်သား (1084-1113)
(၄၅) အလောင်းစည်သူ (1113-1160)
(၄၆) နရသူ (1160-1165)
(၄၇) နရပတိစည်သူ (1165-1211)
(၄၈) နားတောင်းများ (1211-1231)
(၄၉) နရသိင်္ဃ ဥဇနာ (1231-1235)
(၅၀) ကျစွာ (1235-1249)
(၅၁) ဥဇနာ (1249-1256)
(၅၂) မင်းယဉ် (1256-1256)
(၅၃) နရသီဟပတေ့ (1256-1287)
(၅၄) ကျော်စွာ (1287-1298)
(၅၅) စောနစ် (1298-1325)
(၅၆) စောမွန်နစ် (1325-1368) ကျန်မင်း နှစ်ဆက်မှာ သမိုင်းမတွင်ခဲ့သော့ကြောင့် ဖော်ပြခြင်းမရှိခဲ့ပေ

စောမွန်နစ်မင်းသည် ပုဂံမင်းဆက်များ၏ နောက်ဆုံးဖြစ်သည်။ ပုဂံပျက်သုဉ်းပြီးနောက် ပင်းယမြို့တော်များပေါ်ပေါက်ကာ ပင်းယမင်းဆက်များပေါ်ပေါက်လာခဲ့ပါသည်။ ပု ၊ ပင်း၊ အင်း၊ တောင်၊ ညောင် ၊ ကုန်းဘောင် ဟု မြန်မာဘုရင်မင်းဆက်များအကြောင်းကို အတိုမှတ်ခဲ့ရဘူးပါသည်။
ပုဂံခေတ်
ပင်းယခေတ်
အင်းဝခေတ်
တောင်ငူခေတ်
ညောင်ရမ်းခေတ်
ကုန်းဘောင်ခေတ်
တို့ဖြစ်ပါသည်။

20/07/2019

.Mini TAXI
ပုဂံလာရင် Messenger (or) Phone ဆက်သွယ်လိုက်ပါ
အားလုံး အဆင်ပြေစေရမယ်

စွယ်တော်လေးဆူကို ဆွမ်းကပ်အချိန်မှီ ပို့ပေးနိုင်ပာတယ်

ပြည့်ငါးပြည့် အဓိဌာန်ပြု ဖူးမလား လိုက်ပို့ပေးမယ်

ပုပ္ပါး Tripလားသွားမယ်😃🚕

ပုဂံမှ စလေ(ရုပ်စုံကျောင်း)သွားဦးမလား

ရှေးဟောင်းဇုံထဲ ဘုရားလည်ဖူးမလား လေ့လာမလား okတယ်နော်

ရှုခင်းတွေ လွတ်လပ်စွာခံစားကြမယ်

ဘုရားသမိုင်း သိသလောက်ရှင်းပြမယ် 😉

မေးသမျှလဲ ဖြေနိုင်သလောက်ဖြေမယ် 😅😅

ညနက်မှရောက်လို့ ကားဝင်းမှာယောင်လည်လည်မဖြစ်ရအောင်

ဖုန်းကြိုဆက်ထားလိုက် လာကြိုမယ် 😁😁🚕🚕🚕🚕🚕🚕
ဟိုနား ဒီနားလား ခေါက်တိုလဲရတယ် ဈေးသက်သာစေရမယ် ဖုန်းလေးသာဆက်

https://www.facebook.com/BAGAN-Mini-Taxi-193590168110189/
Mini TAXI
ကိုခန့်
09450402621
Hotline
09402635400
Share ပေးခြင်းဖြင့်ကူညီပါ

Tour guide

Address

Nyaung-u

Telephone

09450402621

Website

Alerts

Be the first to know and let us send you an email when BAGAN Mini Taxi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category