TEA LEAF

TEA LEAF TZCCAGML💖

ပုံလေးတွေကြည့်မိနေရင်းနေခဲ့ဖူးတဲ့ ရွာလေး သတိရမိတယ် 😔
18/08/2026

ပုံလေးတွေကြည့်မိနေရင်း
နေခဲ့ဖူးတဲ့ ရွာလေး သတိရမိတယ် 😔

သူ့လက်ရာလေး ဘယ်ပန်းချီကားနဲ့မှ မလဲနိုင်ဘူး 😍
18/08/2026

သူ့လက်ရာလေး ဘယ်ပန်းချီကားနဲ့မှ မလဲနိုင်ဘူး 😍




ချစ်သူသာရှိရင် အညာမှာ အကြော်စားရတာလည်းဖယောင်းတိုင်နဲ့ romantic ဆန်တယ် ဘာညာ 😆  #အညာအကြော်
16/08/2026

ချစ်သူသာရှိရင် အညာမှာ အကြော်စားရတာလည်း
ဖယောင်းတိုင်နဲ့ romantic ဆန်တယ် ဘာညာ 😆


#အညာအကြော်

ရှေးဟောင်းစေတီပုထိုးတွေကြား ရောက်သွားရင်စိတ်ထဲမှာ အလိုလို အေးချမ်းသွားရတာပုဂံမြေရဲ့ ဆန်းကြယ်မှုပဲ။ ✨ဒါနဲ့ ....ခုပုံထဲက ဘ...
16/08/2026

ရှေးဟောင်းစေတီပုထိုးတွေကြား ရောက်သွားရင်
စိတ်ထဲမှာ အလိုလို အေးချမ်းသွားရတာ
ပုဂံမြေရဲ့ ဆန်းကြယ်မှုပဲ။ ✨

ဒါနဲ့ ....ခုပုံထဲက ဘုရားလေးကို ခန့်မှန်းကြည့်ကြပါဦး။
ဘယ်ဘုရားမှာလဲလို့ 😊





#ပုဂံ

ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့"ခိုင်မြဲတဲ့ သစ္စာ၊ မြင့်မြတ်တဲ့ မေတ္တာ" ဆိုတာစံကားဝါပန်းရဲ့ အဓိပ္ပာယ်ပါတဲ့။ 💛ဒီနေ့တစ်နေ့တာလု...
16/08/2026

ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့
"ခိုင်မြဲတဲ့ သစ္စာ၊ မြင့်မြတ်တဲ့ မေတ္တာ" ဆိုတာ
စံကားဝါပန်းရဲ့ အဓိပ္ပာယ်ပါတဲ့။ 💛

ဒီနေ့တစ်နေ့တာလုံး အေးချမ်းသာယာသော
နေ့လေးတစ်နေ့ဖြစ်ပါစေ 🙏






တောင်ပေါ်သား တစ်ခါသုပ်ကျွေးဖူးတာနဲ့ခဏတိုင်း သုပ်စား‌ဖြစ်သောဆလပ်ဘယာကြော်သုပ်လေး 😋
15/08/2026

တောင်ပေါ်သား တစ်ခါသုပ်ကျွေးဖူးတာနဲ့
ခဏတိုင်း သုပ်စား‌ဖြစ်သော
ဆလပ်ဘယာကြော်သုပ်လေး 😋






ထမင်းစားတဲ့အခါ အစပ်မပါရင် တစ်ခုခုလိုနေသလို ခံစားရသူတွေရှိလား ???😁အစပ်ကြိုက်တဲ့အထဲမှာ မပါပေမယ့်အစပ်နည်းနည်းလေးပါမှ ထမင်းစ...
15/08/2026

ထမင်းစားတဲ့အခါ အစပ်မပါရင်
တစ်ခုခုလိုနေသလို ခံစားရသူတွေရှိလား ???😁

အစပ်ကြိုက်တဲ့အထဲမှာ မပါပေမယ့်
အစပ်နည်းနည်းလေးပါမှ ထမင်းစားကောင်းတဲ့အထဲမှာ ပါတယ်။ ဒါကလည်း အရင်ကတည်းက အိမ်က ချက်ပြုတ်တဲ့ အလေ့အကျင့်ကြောင့်ဖြစ်မယ်။ 😊

အိမ်ကအဖေက ဟင်းချက်တာကောင်းတယ်။
အထောင်းအထုလေး တစ်ခုမဟုတ် တစ်ခု လုပ်နေကြ။
ဘာမှမရှိ အိမ်ရှေ့ မန်ကျည်းပင်က မန်ကျည်းရွက်ခူး
ငရုတ်သီးလေးနဲ့ထောင်း စားလို့ကောင်း 😋
ကြက်ဟင်းခါးသီး မီးဖုတ်ထောင်း စားကောင်းပြန်ရော
အဖေ ဒီဟင်းလေး စားကောင်းတယ်လို့သွားပြောရင်
ထပ်ခါထပ်ခါ ချက်ကျွေးပြန်ရော 😍☺️

ဒါကတော့ ကျမတို့မောင်နှမနှစ်ယောက်အကြိုက်
ခရမ်းချဉ်သီး ငရုတ်သီးစိမ်းကြော်လေးပါ။
အဖေ့လက်ရာ မမီပေမယ့် လက်စွမ်းပြထားတဲ့
ကျမ လက်ရာလေးပါ။ 🤤

မနက်ခင်းထမင်းပူပူလေးနဲ့စား
အရမ်းကောင်းသောပဲ။
တစ်ခါတစ်ရံမှာ ဟင်းကောင်းတွေထက်
ဒီလိုဟင်းလေးတွေနဲ့စားရတာ
ထမင်းပိုမြိန်ပါတယ်။👍


#အညာငရုတ်သီးကြော်


✨ စိတ်ညစ်နေရင် ပန်းတွေဝယ်ပါ ✨မနက်ခင်းတိုင်းဟာ အခွင့်အရေးသစ်တွေပါ။လဲကျရင်ပြန်ထ၊ စိတ်ဖိစီးမှုအရာတွေ ထားခဲ့ဖို့ပါ။နှင်းဆီရဲ...
15/08/2026

✨ စိတ်ညစ်နေရင် ပန်းတွေဝယ်ပါ ✨

မနက်ခင်းတိုင်းဟာ အခွင့်အရေးသစ်တွေပါ။
လဲကျရင်ပြန်ထ၊ စိတ်ဖိစီးမှုအရာတွေ ထားခဲ့ဖို့ပါ။

နှင်းဆီရဲ့ အဓိပ္ပာယ်လိုပဲ
စစ်မှန်သောချစ်ခြင်းမေတ္တာ၊ ခိုင်မာသောယုံကြည်ချက်၊
ဘဝကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ဖြတ်သန်းရမယ်။

ဘဝမှာ နှုတ်ကိုစောင့်ထိန်းနိုင်သမျှစောင့်ထိန်းရင်း
နေ့သစ်မှာ စိတ်လက်ပေါ့ပါးစွာနဲ့ အကောင်းဆုံးကြိုးစားဖို့ တွန်းအားပေးတာ နှင်းဆီရဲ့ သင်္ကေတပါ။

နေ့သစ်လေးမှာ ၇ရက်သားသမီးအားလုံး
ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေကြပါစေ 🙏
တစ်နေ့တာကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြ‌ပါစေ🙏
စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ ဖြစ်ကြပါစေ🙏








✨သန့်ရှင်းစင်ကြယ်ခြင်းနဲ့ မယိမ်းယိုင်တဲ့ ကျက်သရေရှိခြင်းတို့ရဲ့ သင်္ကေတလေးဖြစ်သော သစ်ခွဖြူ 🤍✨ပန်းလေးရဲ့အေးချမ်းတဲ့အလှက စ...
14/08/2026

✨သန့်ရှင်းစင်ကြယ်ခြင်းနဲ့ မယိမ်းယိုင်တဲ့ ကျက်သရေရှိခြင်းတို့ရဲ့ သင်္ကေတလေးဖြစ်သော သစ်ခွဖြူ 🤍✨

ပန်းလေးရဲ့အေးချမ်းတဲ့အလှက စိတ်ဖိစီးမှုတွေကို
ခဏတာ မေ့ပျောက်စေနိုင်တယ်လို့ ယုံကြည်ပါတယ် ။

၇ရက်သားသမီးအားလုံးတို့ရဲ့ နေ့ရက်လေးလည်း
ဒီပန်းလေးလို အေးချမ်းပါစေနော်။ 🙏





#သစ်ခွဖြူ

✨ခံတွင်းပျက်နေသူများ သုပ်စားသင့်သည့် ရှောက်ရွက်သုပ် 😛✨ရှောက်ရွက်သင်းသင်းလေးကို ကြက်သွန်နီများများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီ...
13/08/2026

✨ခံတွင်းပျက်နေသူများ သုပ်စားသင့်သည့်
ရှောက်ရွက်သုပ် 😛✨

ရှောက်ရွက်သင်းသင်းလေးကို ကြက်သွန်နီများများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးလေးနဲ့ ချဉ်ငံစပ် သုပ်စားရင်ဖြင့် အစာလည်းကြေပြီး ထမင်းမြိန်စေမယ့် မြန်မာ့ရိုးရာ အသုပ်တစ်မျိုးပါ။ 🤤

အိမ်ရှင်မတွေအတွက် လွယ်ကူမြန်ဆန်သော
ဟင်းတစ်ခွက်‌ဖြစ်စေမှာ အသေအချာပါပဲ။ 👍




#ရှောက်ရွက်သုပ်
#ကျန်းမာရေးနှင့်အာဟာရ

Address

Nyaungoo

Telephone

+959792586144

Website

Alerts

Be the first to know and let us send you an email when TEA LEAF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share