Bagan Zone Car Rental & City Tour Service

Bagan Zone Car Rental & City Tour Service ❤️ We Know You Have A Choice, Thank You For Choosing Us ❤️

ဝါတွင်းကာလကို သက်သတ်လွတ်စားပြီး ပုတီးအဓိဌာန်ဝင်ချင်သူများအတွက် ဝါတွင်းသုံးလ၊ ရက် (၉ဝ) စာ ကိုးနဝင်းပုတီးအဓိဌာန်လေး မျှဝေပ...
08/07/2025

ဝါတွင်းကာလကို သက်သတ်လွတ်စားပြီး
ပုတီးအဓိဌာန်ဝင်ချင်သူများအတွက်
ဝါတွင်းသုံးလ၊ ရက် (၉ဝ) စာ ကိုးနဝင်းပုတီးအဓိဌာန်လေး မျှဝေပေးလိုက်ပါတယ်။

အားလုံးပဲ ကြံစည်သမျှအောင်မြင်ပြီး
အေးမြငြိမ်းချမ်းကြပါစေ။

#ပုတီးအဓိဌာန် #ကိုးနဝင်းပုတီးအဓိဌာန်

ရှေးက အသုံးပြုခဲ့ကြသည့် အတာအိုးထိုးနည်း------------------ မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံ...
07/04/2025

ရှေးက အသုံးပြုခဲ့ကြသည့် အတာအိုးထိုးနည်း
------------------
မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။ 😁😁😁

ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာက
အတာအိုး၊
ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင် မာလကာကိုသုံးပါ)၊
ကံ့ကော်ညွန့် ၊မြေဇာ၊
သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)
သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)
ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)
အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင် သြဇာကို သုံးပါ)
ထီး ၁လက်
၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)
မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)

အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအ​ြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။
အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။
အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။
သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။

ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။
အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူက
ရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)

Zay Yar Oo
09429156669

ဘယ်သူရိုက်ထားတဲ့ပုံလေးလဲတော့မသိဘူး..ဒီဓာတ်ပုံပိုင်ရှင်ကိုSave ထားမိကြောင်းပြောပြချင်တယ်..❤️
07/04/2025

ဘယ်သူရိုက်ထားတဲ့ပုံလေးလဲတော့မသိဘူး..
ဒီဓာတ်ပုံပိုင်ရှင်ကိုSave ထားမိကြောင်းပြောပြချင်တယ်..❤️

 #သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေပြုလုပ်ရင...
06/04/2025

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက္နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နှာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက္ခစိုး၊ဘုမ်းမစိုး၊သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွန်ု၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
သာသနာတော်အားစောင့်ရှောက်လျက်ရှိကြကုန်သော နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊ သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောကလောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန်တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန်ခပ်သိမ်းကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဆင်းရဲ ခပ်သိမ်းကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းကင်းငြိမ်းချမ်းသာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကျွန်ုပ်မှဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်ရှင့်🙏🙏🙏

နှစ်သစ်မှာလိုအင်ဆန္ဒတွေပြည့်စုံကြပါစေ🙏🙏🙏

🌷 ပရိတ်ကြီး (၁၁)သုတ် ပါဠိ 🌷 𝗕𝗮𝗴𝗮𝗻 𝗭𝗼𝗻𝗲𝗖𝗮𝗿 𝗥𝗲𝗻𝘁𝗮𝗹 & 𝗖𝗶𝘁𝘆 𝗧𝗼𝘂𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှ ပူဇော်မျှဝေပါသည် 🙏🙏🙏=====================𝗕𝗮𝗴𝗮𝗻 𝗭...
21/11/2024

🌷 ပရိတ်ကြီး (၁၁)သုတ် ပါဠိ 🌷

𝗕𝗮𝗴𝗮𝗻 𝗭𝗼𝗻𝗲𝗖𝗮𝗿 𝗥𝗲𝗻𝘁𝗮𝗹 & 𝗖𝗶𝘁𝘆 𝗧𝗼𝘂𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲
မှ ပူဇော်မျှဝေပါသည် 🙏🙏🙏
=====================
𝗕𝗮𝗴𝗮𝗻 𝗭𝗼𝗻𝗲𝗖𝗮𝗿 𝗥𝗲𝗻𝘁𝗮𝗹 & 𝗖𝗶𝘁𝘆 𝗧𝗼𝘂𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲
𝗪𝗲 𝗸𝗻𝗼𝘄 𝘆𝗼𝘂 𝗵𝗮𝘃𝗲 𝗮 𝗰𝗵𝗼𝗶𝗰𝗲 , 𝗧𝗵𝗮𝗻𝗸 𝘆𝗼𝘂 𝗳𝗼𝗿 𝗰𝗵𝗼𝗼𝘀𝗶𝗻𝗴 𝘂𝘀.
💻 [email protected]
📲 +𝟵𝟱 𝟵 𝟰𝟬𝟭𝟲𝟰𝟯𝟯𝟵𝟱

မဟာဘုတ် ဗေဒင်တွက်နည်းနှင့် ဟောစတမ်းများ ပုံကိုနှိပ်၍ ဖက်ရူနိုင်ပါတယ်🙏နားမလည်သော မေးခွန်းများလည်း မန့်၍မေးမြန်းနိုင်ပါတယ်...
19/11/2024

မဟာဘုတ် ဗေဒင်တွက်နည်းနှင့်
ဟောစတမ်းများ ပုံကိုနှိပ်၍ ဖက်ရူနိုင်ပါတယ်🙏
နားမလည်သော မေးခွန်းများလည်း မန့်၍မေးမြန်းနိုင်ပါတယ်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၀ ခုကြွင်းလျှင်
၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
ပုံများကို ထောက်၍ ဖတ်ရူနိုင်ပါတယ်






ပုဂံက ဆင်ဖြူရှင်ဘုရား ဘုရားပရဝုဏ်ထဲမှာတဲ့ ကမ်းခြေနဲ့မှားလာသူများ ...သက်ဆိုင်ရာတာဝန်ရှိသူများ စိစစ်အရေးယူပေးစေလို...Credi...
10/11/2024

ပုဂံက ဆင်ဖြူရှင်ဘုရား ဘုရားပရဝုဏ်ထဲမှာတဲ့ ကမ်းခြေနဲ့မှားလာသူများ ...
သက်ဆိုင်ရာတာဝန်ရှိသူများ စိစစ်အရေးယူပေးစေလို...

Credit

18/10/2024
မနက်ဖန် ၀ါတွင်း ၃လ အဓိဌာန်စပီ📿 တစ်နှစ်မှ တစ်ခါ၊ တစ်ခါမှာ (၃)လ မပျက်မကွက် ရက်ပေါင်း(၉၀)အတွင်းမှာ ဂုဏ်တော်(၉)ပါးကို နေ့စဉ်...
20/07/2024

မနက်ဖန် ၀ါတွင်း ၃လ အဓိဌာန်စပီ

📿 တစ်နှစ်မှ တစ်ခါ၊ တစ်ခါမှာ (၃)လ မပျက်မကွက် ရက်ပေါင်း(၉၀)အတွင်းမှာ ဂုဏ်တော်(၉)ပါးကို နေ့စဉ်အဓိဌာန်ဝင် ပုတီးစိပ်သွားမှာဖြစ်လို့ အင်မတန်ကုသိုလ်ရပြီး လိုရာဆန္ဒပြည့်စေနိုင်တဲ့ အကျိုးထူးကိုရရှိစေမှာပါ။

🌕ဝါဆိုလပြည့် မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း(၉၀) လုံးလုံး မပျက်မကွက် ကျင့်ကြံအားထုတ်နိုင်မှ အဓိဌာန်ပေါက်မြောက်အောင်မြင်နိုင်တာဖြစ်လို့ ဝါတွင်းကာလ မမေ့မလျော့ ကိုးနဝင်း ပုတီးစိတ်အဓိဌာန်ဝင်ဖို့ရန် သတိပေးနှိုးဆော်လိုက်ရပါတယ်။ 🙏🏼🙏🏼🙏🏼

🪷 အဓိဌာန်စဝင်ရမယ့်နေ့ဟာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဇူလိုင်လ(၂၀) ရက်နေ့ဖြစ်ပြီး (၉)ရက်ခြားစီ (၁၀)ကြိမ်နဲ့ ရက်ပေါင်း(၉၀)တိတိ သီတင်းကျွတ်လပြည့်နေ့မှာ အောင်မြင်စွာပြီးဆုံးမှာဖြစ်လို့ အတူတကွ ကုသိုလ်ဘာဝနာတိုးပွားနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းလိုက်ရပါတယ် 🙏🏼📿

အရဟံ သိဒ္ဓိ ကျန်းမာ ချမ်းသာ
လိုတပြည့်စုံကြပါစေ။🙏

ပုဂံမြို့မှ (၁၂) မိုင်အကွာခန့်တွင်ရှိသော ဇီးအိုရွာမှာနှစ် သက်တမ်း ၉၀၀ ကျော်ပြီဖြစ်တဲ့ မန်ကျည်းပင်ကိုင်းကိုးခွရှိ၍ မန်ကျည...
10/05/2024

ပုဂံမြို့မှ (၁၂) မိုင်အကွာခန့်တွင်ရှိသော ဇီးအိုရွာမှာ
နှစ် သက်တမ်း ၉၀၀ ကျော်ပြီဖြစ်တဲ့ မန်ကျည်းပင်
ကိုင်းကိုးခွရှိ၍ မန်ကျည်းကိုးခွဟုလဲခေါ်ကြသည်။

ပုဂံရောက်တဲ့အခါ သိပ်မဝေးတာမို့
အင်ကြင်းတောနဲ့ မန်ကျည်းပင်ရှိရာ ဇီးအိုရွာကို
သွားရောက်လည်ပတ်ကြည့်နိုင်ပါတယ်ခင်ဗျာ ။

Photo credit 📸

ပုဂံ ပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လ...
29/04/2024

ပုဂံ

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

🟡 ဝေါဟာရရင်းမြစ်

များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

🟡တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။

🟡သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

🟡ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

🟡ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

🟡ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

🟡မြေမျက်နှာသွင်ပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

🟡ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

🟡ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

🟡ပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။

🟡နန်းတော်

အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

🟡သယ်ယူပို့ဆောင်ရေး

ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

🟡လေကြောင်းလိုင်း

နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။

🟡ရထား

ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

🟡ကားလမ်း

ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း

မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

• ရွှေစည်းခုံစေတီ
• အလိုတော်ပြည့်ဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ကန်တော့ပလ္လင်ဘုရား
• သဗဗြညုဘုရား
• ဗူးဘုရား
• ရွှေဆံတော်စေတီ
• ဓမ္မရံကြီးဘုရား
• လောကထိပ်ပန်ဘုရား
• မြစေတီ
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• လောကနန္ဒာဘုရား
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• သကျမုနိ
• ရှင်ပင်သာလျောင်း
• ဂူပြောက်ကြီး
• ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
• စူဠာမဏိဘုရား
• ဘုရားသုံးဆူ(ပုဂံ)
• သမ္ဘူလဘုရား
• တရုတ်ပြေးဘုရားကြီး
• အပယ်ရတနာဘုရား
• ရွှေဂူကြီး( နန်းဦး) ဘုရား

🟡စွယ်တော်လေးဆူ

• ရွှေစည်းခုံစေတီ
• တန့်ကြည့်တောင်စေတီ
• လောကနန္ဒာစေတီ
• တုရင်တောင်စေတီ

🟡ဘုရားပုထိုးများ

• ဂူပြောက်ကြီး (ဝက်ကြီးအင်း)
• ဂူပြောက်ငယ် (ဝက်ကြီးအင်း)
• ဆပဒစေတီ
• ကျောက်ဂူဥမင်ဘုရား
• ကုန်းတော်ကြီးဂူဘုရား
• သကျမုနိဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ရွှေဂူကြီးဘုရား
• သံတော်ကြားဘုရား
• သဗဗြညုဘုရား
• ဓမ္မရံကြီးဘုရား
• ရွှေဆံတော်စေတီ
• ရှင်ပင်သာလျောင်း
• မင်္ဂလာစေတီ
• ပုထိုးသားများဂူဘုရား
• ကန်တော့ပလ္လင်ဘုရား
• မဟာဗောဓိစေတီ
• ဗူးဘုရား
• ဂူပြောက်ကြီး (မြင်းကပါ)
• ဂူပြောက်ငယ် (မြင်းကပါ)
• မြင်းကပါစေတီ
• ပေါ်တော်မူဘုရား
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• အပယ်ရတနာဘုရား
• နဂါးရုံဂူဘုရား
• စိမ်းညက်အစ်မဘုရား
• စိမ်းညက်ညီမဘုရား
• နန္ဒာမညာဂူဘုရား
• သမ္ဘူလဘုရား
• ဘုရားသုံးဆူ
• လေးမျက်နှာဂူဘုရား
• ဓမ်မရာဇိကဘုရား
• စူဠာမဏိဘုရား
• မြစေတီ
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• အလိုတော်ပြည့်ဂူဘုရား
• ရှင်မထီးဘုရား
• ငကျွဲနားတောင်းစေတီ
• လောကထိပ်ပန်ဘုရား
• စိုးမင်းကြီးစေတီ
• ဖက်လိပ်ဘုရားများ
• စေတနာကြီးဘုရား (စည်စနာ)
• ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
• တရုတ်ပြေးဘုရားကြီး
• ရပ်စောက်ဂူဘုရား
• တောင်ပုံလောကနာထ ဂူဘုရား
• တိုင်းချွတ်ဂူဘုရား
• ပုတ္တလင်ပုထိုး
• မြင်းပြဂူဘုရား
• ကျဆင်းဂူဘုရား
• အဇ္ဇဂေါဏဂူဘုရား
• ငလူးဂူဘုရား
• စောလှဝန်းဂူဘုရား
• မလာဖြစ်ဂူဘုရား
• မလုံးဖြစ်ဂူဘုရား
• လက်ပွတ်ကန်ဂူဘုရား
• သင်္ကန်းရုံဂူဘုရား
• သမန်းဂူဘုရား
• ဇံသီးဂူဘုရား
• ထောက်လှော်ကားဂူဘုရား
• တပ်ခလေးဂူဘုရား
• ပိန်နဲဂူဘုရား
• ဇေယျသွတ်ဂူဘုရား
• ကဇွန်းအိုဘုရား
• သုံးနယ်ခြားဂူဘုရား
• ဆင်များရှင်ဘုရား
• ရှင်ပင်သက်ရှည်ဘုရား
• သက်တော်ရစေတီတော်
• ထီးတန်ဆောင်ဘုရား
• ငှက်ပစ်တောင်ဘုရား
• နရသီဟပတေ့မင်းကောင်းမှုဘုရား
• အိမ်ရာကျောင်းငါးမျက်နှာ
• တန်ဆောင်းဂူဘုရား
• မြေပုံသာဘုရားလှ(လောကမုနိ)
• တာမနိဘုရား
• ချောက်ဘုရားလှ
• ချောက်ဘုရားလှငယ်
• ဂူနီဘုရား

🟡အထင်ကရ နေရာများ

• ပုဂံမြို့ဟောင်း
• ပုဂံမြို့သစ်
• ပုဂံရှေးဟောင်းသုတေသနပြတိုက်
• ပုဂံနန်းတော်ရာ
• သရပါတံခါး
• ငှက်ပစ်တောင်
• မြင်းကပါ
• ဥပါလိသိမ်
• နတ်လှောင်ကျောင်း
• ရှင်အာနန္ဒာအုတ်ကျောင်း
• ကျန်စစ်သားဥမင်
• မြကန် -ပိဋကတ်တိုက်
• မီးမလောင်ကျောင်း
• စိုးမင်းကြီးကျောင်း
• အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
• သူဌေးမုခ်ဂူ
• ကျောက်စာဂူ
• စာသင်ဂူ
• တုရင်တောင်
• မြကန်စက္ကူတိုက်
• တန့်ကြည့်တောင်
• သမီးဝှက်ဥမင်နှင့် မြားသဂူ
• သီရိပစ္စယာ

#သွားမယ်&တည်းမယ်

Credit
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Address

Nyaung U
Nyaungoo
05231

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959401643395

Website

Alerts

Be the first to know and let us send you an email when Bagan Zone Car Rental & City Tour Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Zone Car Rental & City Tour Service:

Share