30/01/2021
"နှမ်းနက်ဆီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရရှိနိုင်သော အကျိုးကျေးဇူးများ "
(၁)အစာအိမ်ရဲ့ အစာခြေဖျက်မှုဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်.
နှမ်းနက်ဆီမှာ အဆီဓာတ်ပါဝင်မှုနှင့်အမျှင်ဓာတ်ပါဝင်မှုများခြင်းကြောင့် (constipation)ဟုခေါ်သော ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်.
နှမ်းနက်ဆီတွင်ပါဝင်သော omega 3 အဆီက အူလမ်းကြောင်းကို ချောမွေ့စေပြီး အမျှင်ဓာတ်ရှိနေခြင်းက အူတွေရဲ့လှုပ်ရှားမှုကို မှန်ကန်စေပီး အစာခြေခြင်းလုပ်ငန်းစဉ်ကို ကောင်းမွန်စေပါတယ်..
(၂)အရိုးများကိုသန်မာစေတယ်
နှမ်းနက်ဆီတွင်ပါဝင်သော calcium နှင့် Zinc ဓာတ်သည် အရိုးများကိုသန်မာစေပီး အသက်ကြီးသူများတွင် ဖြစ်ပေါ်လေ့ရှိသော Osteoporosisဟု ခေါ်သော အရိုးဝ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်...
(၃)သွေးပေါင်ချိနိကိုလည်း မှန်စေတယ်
နှမ်းနက်ဆီတွင် Magnesium ဓာတ် ပါဝင်မှုများခြင်းသည် သွေးတိုးရောဂါကို ကာကွယ်ရန် ကူညီပေးပါတယ်.ယင်းတွင်ပါဝင်သော polyunsaturated fat သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်...
(၄)ကင်ဆာဖြစ်နိုင်ခြေကိုလည်း နည်းစေတယ်
နှမ်းနက်ဆီတွင်ပါဝင်သော အမျှင်ဓာတ်များ.ခန္ဓာကိုယ်ရှိ ကောင်းမွန်တဲ့ ဆဲလ်များကို ဖြစ်ပေါ်စေသော Lignans များသည် အူမကြီး ကင်ဆာဖြစ်မှုကို ကာကွယ်ပေးပါသည်..
(၅)Premenstrual Syndrome
ဟုခေါ်သော အမျိုးသမီးများ ဓမ္မတာမလာမီ နာကျင်ခံစားရသည့် ကိုက်ခဲမှု ဝေဒနာများအတွက်လည်း သက်သာစေပါတယ်...
(၆)ဆီးချို/သွေးချို ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်
နှမ်းနက်ဆီသည် ခန္ဓာကိုယ်ရှိ သွေးထဲတွင်ရှိသော သကြားဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် Diabetes ဟု ခေါ်သော ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်...
(၇)သင်၏နှလုံးကိုလည်း ကျန်းမာစေတယ်
နှမ်းနက်ဆီတွင်ပါဝင်သော Omega 6 ဟုခေါ်သော အဆီဓာတ်သည် နှလုံးရောဂါကာကွယ်သည့်နေရာတွင် အဓိကအရေးကြီးသောအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်..သွေးထဲရှိ ကိုလက်စထရော အဆင့်ကို လျှော့ချပေးသည့်အတွက် နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်..
(၈)ဆံပင်/မှတ်ညဏ် နှင့် အရေးပြား ကို ကျန်းမာစေတယ်
နှမ်းနက်ဆီတွင် Vitamin B, minerals , နှင့် သံဓာတ်များပါဝင်သည့်အတွက် ထိုဓာတ်များချို့တဲ့လျှင် ဖြစ်ပေါ်တတ်သော ဆံပင်ဖြူခြင်း.နားအူခြင်း.မှတ်ညဏ်ချို့တဲ့ခြင်းစသော လက္ခဏာများကို ကာကွယ်ပေးပါတယ်.ထို့ပြင် Antioxidants များဖြစ်သည့် Vitamin A,D,E,K , iron ,calcium နှင့် Magnesium များ ပါဝင်ခြင်းကြောင့် အရေပြားကို ကျန်းမာစေပါတယ်..
(၉)နို့တိုက်မိခင်များအတွက် အထူးသင့်တော်ပါတယ်
နှမ်းနက်ဆီတွင် နို့တိုက်မိခင်များအတွက် လိုအပ်သည့် အာဟာရများဖြစ်သော အသားဓာတ်, unsaturated fats,copper,magnesium,zinc စသော ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် မိခင်များအတွက် အထောက်အကူများစွာ ရရှိပါတယ်..TheinHtooZaw
#သိန်းထူးဇော်
#နှမ်းနက်ဆီ
#ကင်ဆာ
#နှမ်းနက်
#ဆီစစ်စစ်
#ကျန်းမာရေး