Eco-travelling and Cultures in Burmese Countryside

Eco-travelling and Cultures in Burmese Countryside Info for eco-travelling in Myanmar Joy with the comfortable price

✈️ ဂျပန် သွားဖို့ စိတ်ကူးထဲမှာရှိနေပြီလား?အချိန်မှန်၊ စျေးနှုန်းချိုသာပြီး ခုံအာမခံအပြည့်နဲ့လေယာဉ်လက်မှတ် ကို ယုံကြည်စိတ...
10/04/2025

✈️ ဂျပန် သွားဖို့ စိတ်ကူးထဲမှာရှိနေပြီလား?

အချိန်မှန်၊ စျေးနှုန်းချိုသာပြီး ခုံအာမခံအပြည့်နဲ့
လေယာဉ်လက်မှတ် ကို ယုံကြည်စိတ်ချရတဲ့နေရာကနေ ဝယ်လိုက်ပါ။

မိမိစိတ်ကြိုက်

✨ မြန်မာပြည်တွင်း/ပြည်ပ ခရီးစဉ်များ
✨ တစ်ဦးချင်းလက်မှတ် / Group Booking
✨ ခရီးစဉ်ရှင်းပြခြင်း + အကြံဉာဏ်ပေးခြင်း
✨ E-Ticket ဖြင့် အချိန်တိုအတွင်း ပြီးစီးမည်

Special Offer
ယနေ့မှာယူသူများအတွက် 20% OFF လျှော့စျေး

Booking အတွက်
📞 ဖုန်း — [09669559043]
📲 Viber/Telegram — [09404783329]
✅ စိတ်ချယုံကြည်စွာ လက်မှတ်မှာယူလိုက်ပါနော်။

15/11/2024
မြူနှင်းတွေဖုံးအုပ်နေတဲ့ပုဂံဆောင်းကို အထင်မသေးစေလို #ပုဂံ
30/11/2023

မြူနှင်းတွေဖုံးအုပ်နေတဲ့

ပုဂံဆောင်းကို အထင်မသေးစေလို

#ပုဂံ

11/08/2023

အမြဲတမ်း အိပ်ချင်နေတာဟာ ရောဂါတစ်ခုလား?






#ကျန်းမာရေးဗဟုသုတ

25/07/2023

If your government is ruining your country,
Leave your country.
And build your business
where you are more free.
And after the country has fallen,
you will come back to your home.
TO TAKE IT BACK STRONGER THAN EVER💪

24/07/2022

လယ်ကွင်းတွေမှာ ဘဲမွေးရင် ကုန်ကျစရိတ် နည်းပြီး ကျွေးရ လွယ်ကူတယ်။ တစ်ဟက်တာကို အနည်းဆုံး ကျပ် ၂၇၀,၀၀၀ ဝင်ငွေတိုးနိုင်ပါတယ်။

အချောင်သမား**************"ငါ့မှာ မိသားစုနဲ့မို့"တဲ့အေးပေါ့ သူတို့က သစ်ခေါင်းကထွက်လာတဲ့ တစ်ကောင်ကြွက်တွေလေ။"တကယ်ဖြစ်လာကြည...
21/07/2022

အချောင်သမား
**************

"ငါ့မှာ မိသားစုနဲ့မို့"တဲ့
အေးပေါ့ သူတို့က သစ်ခေါင်းကထွက်လာတဲ့ တစ်ကောင်ကြွက်တွေလေ။

"တကယ်ဖြစ်လာကြည့် ငါကမနေဘူး"ဆိုတဲ့
သူငယ်ချင်းက
"အိမ်မှာတော့ ညအိပ်လက်ခံလို့မရဘူးဟ
အမေလည်း သိပ်နေမကောင်းလို့"တဲ့🙄

အမြဲ ဆိုင်ထိုင်ရအောင်ချိန်းနေကြလူတွေကလည်း
"ငါတို့ဘက် သိပ်မလာနဲ့ လမ်းထဲက လူတွေ
စပ်စုတတ်တယ်"တဲ့

ဘယ်မှာလဲ ဘာဖြစ်တာလဲ
လာလာမေးတဲ့ အသိတစ်ယောက်ဆီ
အကူအညီသွားတောင်းတော့
စာတောင်ဝင်မဖတ်တော့ဘူး🙄

ဖေ့စ်ဘုတ်မှာ အာဘောင်အာရင်းသန်သန်နဲ့
အပြောကောင်းတဲ့ အကိုတစ်ယောက်
ဘယ်ရောက်နေလဲ လှမ်းမေးတော့ အိုဗာစီးမှာ တဲ့

မှတ်မိကြမလားမသိဘူး
စတီးဒိုင်းကာကြီး အပေါင်ခံမလား မေးတဲ့ကလေး
အနီရောင်အိုင်ထဲ ကွေးကွေးလေးလဲနေတယ်

ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကြားက တိုးအထွက်
ရေလေးတိုက်ပါဆိုတဲ့ အသံယဲ့ယဲ့လေး ကပ်ပါလာတယ်😭

အဲ့ဒီအချိန် ကျနော် ရှက်နေခဲ့သလား

ဘာရှက်စရာရှိလဲ
တို့တွေ ဘယ်တုန်းကမှ မပတ်သက်ခဲ့ကြဘူးမဟုတ်လား။

ဘယ်တုန်းကမှ မသိခဲ့ကြသူတွေလေ။

အာရ်အိုင်ပီပါဆိုတဲ့ စာတွေ ရှေ့ဆင့်နောက်ဆင့်တက်မှ

ငါ့ထက် အရှက်မဲ့တဲ့လူတွေရှိပါလားဆိုပြီး
တဟားဟားအော်ရယ်မိတော့တယ်

"မောင်လေးရေ ဒီနိုင်ငံမှာ လူလာမဖြစ်ပါနဲ့တော့ကွယ်" တဲ့။

ဟား ဟား ဟား ဟား ။
crd to owner

 #တစ်ချိန်ချိန်အသုံးဝင်လာမှာပါ ********************************** #သင့်ဖုန်းထဲမှာသိမ်းထားပါ*****************************...
20/07/2022

#တစ်ချိန်ချိန်အသုံးဝင်လာမှာပါ
**********************************
#သင့်ဖုန်းထဲမှာသိမ်းထားပါ
***********************************

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်

20/07/2022

နိုင်ငံခြားက လူတွေ မြန်မာ ငါးပိ
ငါးပိထောင်း ကို စားနိုင်ကြရဲ့လား😁??

စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ...ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နောက်ပိုင်...
20/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

Address

Pakokku

Website

Alerts

Be the first to know and let us send you an email when Eco-travelling and Cultures in Burmese Countryside posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share