Royal Shwe Hinn Thar Travels & Tours

Royal Shwe Hinn Thar Travels & Tours ကျိုက်ထီးရိုး / ချောင်းသာ / ငွေဆောင်

ဇလုံတောင် သမိုင်း။။။။။။။။။။။။။။။။။။။။။။။ဇလုံတောင်သည် ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင် ရှိသောကျောက်တောင်တစ်လုံးဖြစ်သည်။...
10/08/2024

ဇလုံတောင် သမိုင်း
။။။။။။။။။။။။။။။။။။။။။။။

ဇလုံတောင်သည် ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင် ရှိသော
ကျောက်တောင်တစ်လုံးဖြစ်သည်။ ကျောက်တောင်၏ တည်ရှိနေပုံ ဆန်းကြယ်မှုနှင့်တည်ထားသော ဘုရားတို့ကြောင့် ထင်းရှားသည်။

ဓာတ်ပုံကို မြင်ရုံနှင့် လာချင်လာအောင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်
ရှိသည်ဟု ခေါ်နိုင်သည့် တောင်တစ်လုံးဖြစ်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ်တန်ခိုး တော်နှင့် ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှဆံတော်ရှင် ကျိုက်ထီးရိုး
စေတီတော်ကြီးနှင့် ပမာတူစွာ အံ့ဖွယ် ထူးခြားသော ဉာဏ်တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်းဝင်စေတီတော်ကြီးတစ်ဆူ ဖြစ်ပါသည်။

ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက
တောင်ထိပ်ပေါ်ဝယ်ထူးတင့်စွာ ဖူးမြော်ခွင့်ရသော ဇလုံတောင် စေတီ
တော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်းခဲ့သည်။

သမိုင်းဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္တာ
(၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖတို့ လှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။

ဤသို့သော မှတ်တမ်းမှတ်ရာများ၏ ဆင်းသက်မှုအရ သက္ကရာဇ်(၄၉၂) ခုနှစ်
၌ အရှင်အရဟံနှင့် အရှင်အာစရ ဘွဲ့မည်ရသော ရဟန္တာ (၂)ပါး ဇလုံတောင်
သို့ ကြွတော်မူပြီး တောင်၏အမြင့်ဆုံး ကျောက်စာတွင် ဖေါ်ပြထားသည်။

မွန်ပြည်နယ်မှ တန်ခိုးကြီးလှသော ကျိုက်ထီးရိုး ဆံတော်ရှင်ကဲ့သို့ သဘာဝနှင့်
တောတောင်ရေမြေ သာယာ လှပမှုများ ဆင်တူနေသော ဇလုံတောင်တော်မှာ
စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ဗန်းမောက် မြို့နယ်တွင်တည်ရှိပြီး ဗန်း မောက်မှ (၁၂)မိုင်၊ (၂)ဖာလုံ ခန့်အကွာ တောမြိုင်လယ် တွင်တည်ရှိ၏။

နှစ်စဉ်ဆောင်းရာသီနှင့် နွေရာသီ ကာလတွင် အနယ်နယ် အရပ်ရပ်မှဘုရားဖူး
တို့စုံညီစွာလာရောက်ဖူးမြော်ကြသည်။ဗန်းမောက်မြို့မှ မြေသားကားလမ်း
အတိုင်းကားဖြင့်သွားကြရသည်။

ကျွန်းပင်ကြီးများ အင်ပင်ကြီးများက အုံ့ဆိုင်းသာယာ၍ သဘာဝတောတောင်
ရေမြေ၊ စိမ့်စမ်းရေတို့က ဝန်းကျင်အနှံ့ကြည်နူးဆွတ်ပျံ့စေ၏။

ဇလုံတောင်သို့ တက်ရာတောင်တက်လမ်းတစ်လျှောက်ဝယ် တယ်ပင်ပြန့်
စခန်းမှာ ဘုရားဖူးတို့အဆင်းနှင့်အတက် နားခိုရာ ငြိမ်းချမ်းသော ရပ်ဝန်းတစ်ခု
ဖြစ်ပြီး နားခိုသူတို့အတွက် ရေချိုးစရာနှင့် အပန်းဖြေ စားသောက်စရာ
စားသောက်ဆိုင်တန်းတွေလည်း စုံလင်လှ၏။ ထိုတယ်ပင်ပြန့်စခန်းတွင်
တောင်ပေါ်သို့ တက်ရောက် လာကြသောကားများ၏ အဆုံးအစခန်းလည်း
ဖြစ်သည်။

ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ လူသွားကျောက်ချပ်တို့အကြားမှ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရသည်။
ဇလုံတောင်ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသောကျောက်
မဏ္ဍပ်ကြီးကလည်း အံ့မခန်းစရာပင်။

ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီ နှစ်ပရိစ္ဆေဒကတည်းက ကျောက်ဖြစ်ရုပ်
ကြွင်းများအဖြစ် မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီးများက
လည်း အံ့သြစရာကောင်းပါသည်။

အကျယ်အဝန်းကြီးမားလှသော ကျောက်မဏ္ဍပ်ကြီးပေါ်၌ စေတီငယ်များနှင့်
ဗုဒ္ဓရုပ်ထုတော်တို့ကလည်း သပ္ပါယ်ကြည်ညိုစရာ ဖူးတွေ့ရသည်။ဇလုံတောင်
တည်ရှိရာ တောကြီးတောင်ကြီးထဲ၌ သဘာဝ၏ဆေးဖက်ဝင် တောဆေးတော
မြစ်တို့ စုံလင်လှ၏။

တောရဆောက်တည်၍ တရားရှာမှီးကြသည့် ယောဂီသူတော်စင်နှင့်ရဟန်း
တော်တို့ အနေအစားချို့တဲ့စွာနှင့် တပအကျင့်ကို ကျင့်ကြံ လျှက်ရှိကြသည်
မှာ တောရ၏ စိတ္တဝိဝေကတစ်ခုဖြစ်သည်။

ဇလုံတောင်ဗုဒ္ဓပူဇနိယပွဲကြီးကျင်းပပူဇော်ပုံမှာ ထေရဝါဒဆန်လှ၏။ ဇာတ်ပွဲ၊
အငြိမ့်သဘင်နှင့် စတိတ်ရှိုးစသော ကိလေသာကို ဇောင်းပေးသော ပူလောင်
မှုများထည့်သွင်းမထားဘဲ ဓမ္မတရားသဘင်များသာ ပါဝင်သဖြင့် ဂုဏ်ယူစရာ
ဖြစ်ရသည်။

ဤသည်ပညာကုသလကြောင့် လောဘဒေါသ မောဟကင်းကွာ သံသရာဝယ် ကြဉ်ပါရဘိ ပညာရှိနှင့် ယှဉ်မိပေါင်းသင်း ဥာဏ်မဲံ့ကွင်းဤ ပြည့်လင်းလှူဘွယ် လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ ဖြောင့်ညီညာသည် ခေမာအထွဋ် တိုင်လိုသောဝ် ။

မူရင်းရေးသားသူကို လေးစားစွာ
Crd ပေးပါတယ် ခင်ဗျာ 🙏🙏

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ...
06/08/2024

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

ထိုဒကာတော်မင်းသည် ပဲခူး ဟံသာဝတီ မြန်မာ နန်းမြို့တော်ကို ၁၆၃၅ ခုနှစ်တွင် ရွှေ့ပြောင်းနန်းစိုက်တော်မူရာ အင်းဝတည်ထောင် ဒုတိယပြည်ထောင်စု အဖြစ် အမှတ်တရ သင်္ကေတ ပြုဖို့ ရည်ရွယ်ခဲ့သည် ဟုဆို၏။ သို့သော်စေတီတော်က ကန္တီမှ ဗုဒ္ဓစွယ်တော် ဌါပနာတော်မူရန် နှင့် ဓမ္မစေတီဘုရင်၏ တန်ခိုးပြာ ဒိတာဟာပြ သပိတ်လည်း ပါရှိခဲ့သည်။ ယင်းပစ္စည်းသည် မူလက ပဲခူးမဟာစေတီတွင် ကိန်း၀ပ်ခဲ့ရသည်။ (ဓမ္မစေတီ ဘုရင်သည် ရှင်ထွက် တဦးဖြစ်ရုံ မျှမက ရာဇဓိရာဇ် ဘုရင်သမီးတော်၊ နောက်ပိုင်း ဘုရင်မ ရှင်စောပု၏ ဆရာနှစ်ပါး အနက်တစ်ပါးလည်းဖြစ်ခဲ့သည်။ )

နောက်ဆရာမှာ ဓမ္မပါလ အမည်ရ၏။ ကောင်းမှု့တော် စေတီသည် ကြက်ဥသဏ္ဍာန် ထိပ်ဖူး ခုံးခုံးမှာ အဝန်း အားဖြင့် ပေ ၉၀ဝ သို့မဟုတ် ၂၇၄ မီတာရှိပြီး ၁၅၁ ပေ သို့မဟုတ် ၄၆ မီတာမြင့်သည်။ ပစ္စယံ ၃ ဆင့်အလားတူ အဝိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဝုဏ်ကား နတ်မင်း အပါး ၁၂ဝ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။ သီတင်းကျွတ် တာဝတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံး ဗုဒ္ဓဘာသာဝင် အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ဝါတွင်းကာလ ကုန်ဆုံးချိန်တွင် ဆီမီးခွက် တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။ ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွကျေသက်ဆင်းခြင်း မရှိဟုသိရသည်။

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဍာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။

စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ဝန်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓဝင် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။ ။

မေတ္တာကန်တော်
ရာဇမဏိစူဠာ ကေါင်းမှုတော်စေတီ တည်ထါးသင့်သော မြေနေရာကိုညွှန်ပြသူ
မြတ်ဘိုးတော် သိကြားမင်း၏ မေတ္တာရပ်ခံချက်ကြောင့် စေတီတော်၏
နောက်ကျောဘက် (မြောက်အရပ် ဘက်)၌
ရေကန် တူးဖေါ်ခဲ့ရာ မေတ္တာကန်တော်ဟု
ယနေ့တိုင်အမည်တွင်ခဲ့လေသည်။

မေတ္တာကန်၏ အလျား ၂၉၉ပေ ၅ လက္မ
ကန်၏အနံ ၁၉၄ ပေ ၆ လက္မ ရှိပြီး
ကန်ရေပြင်၏ အနက် ပေ ကို မည်သို့မျှ
တိုင်းထွာ မရပေ။

မေတ္တာကန်တော်၏ ထူးခြားချက်မှာ
မည်သို့သောအခါမျှ အခြားရေကန်များကဲ့သို့
ရေခန်းခြောက်မှု လုံးဝမရှိခြင်း

ကန်ရေပြင်ပေါ်တွင် မည်သည့်အခါမျှ
သစ်ရွက်ခြောက် အမှိုက်သရိုက် ရေညှိ
မရှိခြင်း

တိုင်းပြည် အန္တရာယ် ကျရောက်ချိန်တွင်
ကန်ရေ ၏ အရောင်သည် ဆန်ဆေးရေကဲ့သို့
နောက်ကျု ပြစ်ချွဲ လါခြင်း

မိန်းမများကန်တော်အတွင်း ရေဆင်း
ချိုးမိခြင်းနှင့် မဖွယ်မရာ သောကိစ္စများ
အမင်္ဂလါ ကိစ္စများအတွက်
ကန်ရေ ကို ဆေးကြောအသုံးပြုမိပါက
မကြာခင် ဘေးဥပါဒ်ကျရောက်ခြင်း

ကန်တော်အတွင်း ဘေးမဲ့လွှတ်ထါးသော
ငါးလိပ် ပုစွန် စသော သတ္တဝါများ ကို
ဖမ်းယူစားသောက်မိပါက
သိသိသာသာ လက်ငင်း ဒုက္ခရောက်ခြင်း

ကန်ရေ ကိုမျက်စဉ်း ခပ်ခြင်း
စတိသောက်သုံးခြင်း ပြုလုပ်ပါက
ပယောဂ မှစသော ခပ်သိမ်းသော ရောဂါတို့
ပျောက်ကင်းချမ်းသာခြင်း

ကန်ရေမှာ နှစ်ပေါင်း ၃၆၀
ကျော်လါသည့်တိုင်အောင် ရေများ ပုပ်သိုး
နောက်ကျိ ညစ်ပေလါခြင်း များ လုံးဝမရှိသည့်အတွက်
ယခုတိုင် ရေသွင်းရေထုတ်ရေလဲလှယ်ရခြင်းများ မရှိခြင်း

စသည်တို့မှာ ရာဇာမဏိစူဠာ ကေါင်းမှုတော်စေတီကြီးရှိ
မေတ္တာ ကန်တော် ၏ထူးခြားချက်များဖြစ်ပေသည်

မူရင်းရေးသားသူကို လေးစားစွာ
Crd ပေးပါတယ် ခင်ဗျာ 🙏🙏

ကမ္ဘာ့ပထမဦးဆုံးဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု၊ရန်ကုန...
04/08/2024

ကမ္ဘာ့ပထမဦးဆုံးဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီး

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု၊ရန်ကုန်
မန္တလေးအမြန်လမ်းမကြီးအထက် ၉ ပေမြင့်ပြီး၊ ၅ ဧကအကျယ်အ၀န်းရှိသော
ကုန်းမြေပေါ်တွင် တည်ထားခြင်းဖြစ်ပါသည်။
ရင်ပြင်တော်အကျယ်အ၀န်းမှာ အလျား ၁၃၃ ပေ ၆ လက်မနှင့် အနံ ၁၃၃ ပေ ၆
လက်မ ကျယ်၀န်းပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများ
ထွက်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍ တခြား
မည်သည့်နိုင်ငံတွင်မှထပ်မံတည်ထားရန်မဖြစ်နိုင်သေးသောထူးခြားသည့်စေတီတော်
မြတ်ကြီးဖြစ်ပါသည်။

21.12.2012 ခုနှစ်တွင် မြေသန့်မင်္ဂလာအခမ်းအနားကိုလည်းကောင်း၊ 23.12.2012
ခုနှစ်တွင် ပန္နက်တော်တင်နှင့် တွင်းတော်၀န်းမင်္ဂလာအခမ်းအနားတို့ကိုကျင်းပပြုလုပ်
ခဲ့ပါသည်။

🀱စတီတော်ကြီး၏ဥာဏ်တော်အမြင့်မှာ ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ ပေ၊
ပန်းတင်ခုံမှာ အလျား ၅၂ ပေ ၆ လက်မ၊ အနံ ၅၂ ပေ ၆ လက်မနှင့် အမြင့် ၁၂ ပေ၊
ထီးတော်အမြင့် ၇ ပေ၊ ငှက်ပျောဖူးအမြင့် ၈ ပေ ၆ လက်မအသီးသီးရှိပါသည်။

🌿 စေတီတော်ကြီးကို နိုင်ငံတကာ ကျောက်စိမ်းစျေးကွက်၀င် အရည်အသွေးကောင်းမွန်
သည့်ကျောက်စိမ်းစုစုပေါင်းတန်ချိန် တစ်ထောင်ကျော်ကို အသုံးပြု၍တည်ထားပါ
သည်။အုတ်တစ်ချပ်မျှပါ၀င်ခြင်းမရှိခဲ့ပါ။

ကျောက်စိမ်းအသားကျောက်တန်ချိန် ၈၅၀ အားဌာပနာအဖြစ်ထည့်သွင်းထားပြီး၊
ငှက်ပျောဖူးတော်တွင် အေ အဆင့်ရှိ အရည်ကျောက်စိမ်းများဖြင့်လည်းကောင်း၊
စိန်ဖူးတော်ကြီးကိုလည်း ကျောက်စိမ်းစိန်ဖူးတော်ကြီးဖြင့်သာပူဇော်ထားပါသည်။

ကျောက်စိမ်းသည် ...
(၁) လှပခြင်း
(၂) ကြာရှည်ခံခြင်း
(၃) ရှားပါးခြင်း စသည့်အင်္ဂါသုံးရပ်ဖြင့်ပြည့်စုံသည့်အပြင် ...

ကျောက်စိမ်းသည် ...
သဒ္ဓါရက်ရောခြင်း
ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း
တရားမျှတသောစိတ်ဓါတ်ရှိခြင်း
မိမိကိုယ်မိမိနှိမ့်ချသော နိဝါက တရားရှိခြင်း
အသိအလိမ္မာ ဥာဏ်ပညာကြီးမြင့်ခြင်း
ဘေးအန္တရာယ်ကင်းခြင်း
စီးပွားဥစ္စာတိုးခြင်း စသည့်စွမ်းရည်များဖြင့်လည်းပြည့်စုံပါသည်။

ကျောက်စိမ်းသည် ရတနာကိုးပါးအနက်တစ်မျိုးအပါအ၀င်ဖြစ်ပြီး၊သဘာ၀သယံ
ဇာတပစ္စည်းလည်းဖြစ်သောကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများသာမက ကမ္ဘာသူ
ကမ္ဘာသား ကိုးကွယ်ဆည်းကပ်သူ အပေါင်းတို့သည် ...

အရာရာတိုးတက်ခြင်း
တောက်ပခြင်း
ထွန်းတောက်ခြင်း
ဂုဏ်သတင်းကျော်ကြားပြည့်စုံခြင်း
ချမ်းသာကြွယ်ဝြခင်း
ဘေးအန္တရာယ်ကင်းရှင်းခြင်း နှင့်
လိုတိုင်းတတိုင်းပြည့်စုံခြင်းစသည့်ဂုဏ်ကျေးဇူးများရရှိနိုင်ပါသည် ...

#သော်တာမင်း.......
ပြန်လည်မျှဝေသူ

မူရင်းရေးသားသူကို လေးစားစွာ
Crd ပေးပါတယ် ခင်ဗျာ 🙏🙏

မြသလွန်စေတီတော်(မကွေး)မြသလွန်စေတီတော်ကြီးမှာမကွေးမြို့ဧရာဝတီမြစ်ကမ်းထိပ်နဂုတ္ထမတောင်ကုန်းထက်တွင်ကျိန်ဝပ်စံပယ်တော်မူလေသည်...
02/08/2024

မြသလွန်စေတီတော်(မကွေး)

မြသလွန်စေတီတော်ကြီးမှာမကွေးမြို့ဧရာဝတီမြစ်ကမ်းထိပ်နဂုတ္ထမတောင်ကုန်းထက်တွင်ကျိန်ဝပ်စံပယ်တော်မူလေသည်။
မဟာသက္ကရာဇ် ၁၂၃ခုနှစ်ဝါဆိုလပြည့်ကျော်၈ရက်နေ့တွင်မြတ်စွာဘုရားရှင်သည်သုနာပရန္တတိုင်း လယ်ကိုင်းသို့ဒေသစာရီကြွချီတော်မူ၍လယ်ကိုင်းစန္ဒကူးကျောင်းတော်တွင်သီတင်းသုံးပြီးနောက်ပြန်၍ကြွစဉ်ကေလာသာဘစက္ကတဲတောင်ထိပ်(မင်းဘူး)၌သီတင်းသုံးပြန်တော်မူလေသည်။ထိုအခါသကြားမင်းသည်ရတနာသလွန်ပူဇော်လှူတန်းလေသည်။မြတ်စွာဘုရားပြန်ကြွတော်မူလျှင်ဧရာဝတီမြစ်အရှေ့ဘက်တောအုပ်မှဘီလူးမောင်နှမခြောက်ယောက်တို့အနက်ဘောကျော်၊ဘောသော၊ဘောရသူ၊ဘောရသညီအကိုလေးယောက်ကမြတ်စွာဘုရားကိုဖူးမျှော်ရ၍နောင်အခါကိုးကွယ်ရန်မြသလွန်ကိုသနားချီးမြင့်ခြင်ခံရလေသည်။ဘီလူးတို့သည်မြသလွန်ကိုတောထဲ၌စေတီတည်၍ဌာပနာလေရာအရပ်မသင့်သဖြင့်သကြားမင်းဖျက်၍မြစ်ဆိပ်ကမ်းအနီးသီတင်းသုံးသောဒိဗ္ဗစက္ခု၊ဒိဗ္ဗသောတနှင့်ဒိဗ္ဗဃနရသေ့သုံးဦးတို့အားအပ်နှံပြီးနောက်ကဿပဘုရားရှင်ရွှေသလွန်တော်ဌာပနာရာနဂုတ္တမတောင်ထိပ်၌သက္ကရာဇ်၁၂၈ခုနှစ်တပေါင်းလပြည့်နေတွင်ဋ္ဌာပနာထားလေသည်။စေတည်တည်ရန်ကိုမူသလွန်တော်ပင်ဆောင်ခဲ့သောဘီလူးလေးဦးတို့လူ့ဘဝရောက်မှတည်စေရန်အဓိဋ္ဌာန်ထားခဲလေသည်။
ဘီလူးမငယ်ဒက္ခဒါလီသည်ဘုရားရှင်ကိုဖူးခွင့်မကြုံခဲ၍မြသလွန်တော်ကိုဋ္ဌာပနာရာ၌ပူဇော်၍လူ့ဘဝရရန်ဆုပန်ရာသေလွန်သော်ဝေလာမပုဏ္ဏသမီးဖြစ်၍တကောင်းမင်းကြီးမိဖုရားဖြစ်လေသည်။ထိုအခါရသေ့သုံးပါစံရာဋ္ဌာန၏မြောက်ဘက်ရှိမဟာဂါမရွာမှသုဘောဂသူဋ္ဌေးသည်မြသလွန်တော်ဋ္ဌာပနာရာနေရာ၌စေတီတည်လိုသဖြင့်ရသေ့တို့ထံခွင့်တောင်းရာဘီလူးတို့လူအဖြစ်ရောက်မှထိုသူတို့နှင့်အတူတည်နိုင်မည်ဖြစ်ကြောင်းပြောပြသဖြင့်ဘီလူးဝင်စားသူကိုရှာဖွေစောင့်မျှော်နေရလေသည်။ထိုအခါသူဋ္ဌေးသမီးပုဏ္ဏဝတီသည်ပန်းကုံး၌စာခွေထည့်၍ဘီလူးဝင်စားသူတာလျှင်တွေ့ရှိစေရန်အဓိဋ္ဌာန်၍နဂုတ္တရကုန်းအနီး၌ချထားလေသည်။
ဘီလူးညီနောင်တို့သည်သေလွန်၍လူ့ဘဝကိုရကြပြီးသလွန်တော်ပူဇော်ရန်နဂုတ္တမကုန်သို့လာကြရာပုဏ္ဏဝတီ၏ပန်းကုံးနှင်စာကိုတွေ့၍လိုက်လာလေရာသုဘောဂသူဋ္ဌေးထံသို့ရောက်လျှင်ဘောကျော်ဝင်စားသူအားသမီးနှင်လက်ထပ်ပေး၍ရွှေငွေရတနာများပေးကာမြသလွန်တော်တည်ရာဋ္ဌာန၌စေတီတော်တည်ရန်တိုင်ပင်ကြပြီးနောက်မဟာသက္ကရာဇ်၁၅၀ပြည့်နှစ်တွင်ဉာဏ်တော်၃၅တောင်မြင့်သောစေတီကိုတည်ကြလေသည်။
နှစ်ကာလကြာသော်သက္ကရာဇ်၄၁၂ခုနှစ်တွင်ပုဂံပြည်၌မင်းတက်သောစောလူမင်းကြီးကပြုပြင်၍ဉာဏ်တော်၁၂၀ရုပ်ပွားတော်၇ဆူတို့ကိုထပ်မံဌာပနာ၍ဉာဏ်တော်၅၅တောင်မြင့်အောင်တည်လေသည်ဘီလူးမဆုပန်ရာ၊ပန်းကုံးချရာ၊လင်လျာမျှော်ရာ၊ရသေ့သီတင်းသုံးရာတို့၌လည်းစေတီများတည်ခဲ့လေသည်ထို့နောက်ကျန်စစ်မင်းကဝတ္ထုကံမြေလှူ၍ရွှေသင်္ကန်းကပ်လှူခဲ့သည်အလောင်းစည်သူမင်းကလည်းရွှေသင်္ကန်းကပ်လှူခဲ့ပြန်သည်
သက္ကရာဇ်၁၂၀၉ခုနှစ်တွင်ငလျှင်ဒဏ်ကြောင့်ပြိုပျက်ရာမကွေးမြို့သူကြီးမင်း၊မင်ထင်မင်းလှကျော်ခေါင်ကအမိန့်တော်ခံ၍၁၂၀၉ခုနှစ်တပေါင်းလပြည့်နေတွင်စေတီတော်ကိုထပ်မန်တည်ထား၍ဓာတ်တော်များကိုလည်းဌာပနာခဲ့လေသည်။ဉာဏ်တော်၆၆တောင်နှစ်မိုက်ထိအောင်မြင့်တင်၍အချင်း၅တောင်နှစ်မိုက်အမြင့်၁၇တောင်ရှိသောထီးတော်ကိုတင်လှူလေသည်။သက္ကရာဇ်၁၂၁၄ခုနှစ်တွင်မင်းတုန်းမင်းကြီးလက်ထက်မကွေးမြို့စားမင်းအဂ္ဂမဟာသေနာပတိသတိုးမင်းကြီးမဟာလှသီဟသူကမွင်းမံပြုပြင်၍ရွှေသင်္ကန်းကပ်လှူခဲ့သည်။
ဖတ်ရှု့သူအပေါင်းကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလျှက်

#သော်တာမင်း.......
ပြန်လည်မျှဝေသူ

မူရင်းရေးသားသူကို လေးစားစွာ
Crd ပေးပါတယ် ခင်ဗျာ 🙏🙏

ကိုယ်ဟာ ချစ်ခြင်းတရားနဲ့ပတ်သက်ရင် ရှေးရိုးဆန်ပါတယ်ကိုယ့်ဖက်က ခံယူရရင်လည်း တန်ဖိုးတကြီး သိမ်းသိုတတ်သလိုကိုယ်ကမှ ဝေငှရရင်လ...
27/04/2024

ကိုယ်ဟာ ချစ်ခြင်းတရားနဲ့ပတ်သက်ရင် ရှေးရိုးဆန်ပါတယ်

ကိုယ့်ဖက်က ခံယူရရင်လည်း
တန်ဖိုးတကြီး သိမ်းသိုတတ်သလို

ကိုယ်ကမှ ဝေငှရရင်လည်း
နှစ်လိုစွာ နွေးထွေးချင်သူပါ

လူးလွယ်လွင့်လွယ် လူမှုရေးတွေကြားထဲ
ဘယ်လောက်ဝေးဝေး အေးစက်မှုန်ပျယ်မသွားတဲ့ ဆက်ဆံရေးတွေဆို သိပ် အားကျပါရဲ့

ပေးလို့သာ ယူနေကြတာ
လိုလိုချင်ချင်မှမရှိရင်
မေတ္တာဟာ တန်ဖိုးကျတတ်သလား

ပတ်သက်မှုကို တစ်ထစ်လျှော့နားလည်ပေးလိုက်ရတဲ့အခါတိုင်း
သိပ်မြတ်နိုးတဲ့အရာတွေဆို ကျောခိုင်းကြည့်ဖို့ ကြိုးစားတတ်လာတယ်

မချစ်လို့ မဟုတ်ပါဘူး
ချစ်ပြီးမှ ပြန်ဆုံးရှုံးမှာ ကြောက်လို့ပါ

-အေးရိပ်-

ရိက္ခာစုဆောင်းတဲ့နေရာမှာ ဝီရိယအလွန်ကောင်းတဲ့သစ်တောက်ငှက် တမျိုးကို တွေ့ရပုံပါ။သစ်ပင်အို သစ်ပင်ဟောင်းတွေမှာအပေါက်ဖောက်ပြီ...
22/04/2024

ရိက္ခာစုဆောင်းတဲ့နေရာမှာ ဝီရိယအလွန်ကောင်းတဲ့
သစ်တောက်ငှက် တမျိုးကို တွေ့ရပုံပါ။
သစ်ပင်အို သစ်ပင်ဟောင်းတွေမှာ
အပေါက်ဖောက်ပြီး သစ်စေ့တွေ ထည့်ထားကြတယ် သစ်စေ့နဲ့ အပေါက်နဲ့ ကွက်တိဘဲ

‌သစ်စေ့ပေါင်း ထောင်သောင်းချီပြီး
ထည့်ထားတယ် ဆောင်တွင်း တရာသီ စာအတွက်
လုံလောက်တဲ့အခါ
ငှက်မတွေဆီကို သွားရောက်၍
ကမ်းလှမ်းတယ်
ငှက်မလေးတို့ရေ အကို့ရဲ့ရိက္ခာ ဂိုဒေါင်ကို
လာကြည့်ကြစမ်းပါ

ယောက်ျားရေ လို့သာ တစ်ခွန်းတည်းခေါ်လိုက်ပါ
ဒီ ရိက္ခာ ဂိုဒေါင်ကြီးဟာ မင်းလေးအတွက်ပဲ လို့
ဆိုလိုတဲ့ သဘော ။

💦 မဟာသင်္ကြန်ပွဲတော်မှာ💦🍂🌊 ချောင်းသာ သွားမယ်ဆိုတဲ့ ချစ်တို့အတွက် 🤩 ကားလက်မှတ်နဲ့ အခန်းပက်ကေ့ခ်ျလေးတွေ🙏 ကြိုတင်ရောင်းချပေ...
07/03/2024

💦 မဟာသင်္ကြန်ပွဲတော်မှာ💦🍂
🌊 ချောင်းသာ သွားမယ်ဆိုတဲ့ ချစ်တို့အတွက်
🤩 ကားလက်မှတ်နဲ့ အခန်းပက်ကေ့ခ်ျလေးတွေ
🙏 ကြိုတင်ရောင်းချပေးနေပါပြီခင်ဗျာ 😍

🏨 Alliance Hotel Package
👉 April 13 ရက်နေ့ အသွား
👉 April 14 ရက်နေ့ အပြန်

👉 April 15 ရက်နေ့ အသွား
👉 April 17 ရက်နေ့ အပြန်

♦️နှစ်ညအိပ် သုံးရက်ခရီးစဉ်♦️

✅ ကားခ အသွား အပြန်
✅ ဟိုတယ် ၂ ညတည်း
✅ မနက်စာ ဘူဖေး ၂နပ်

🤩 တစ်ဦးလျှင် (120000) Ks

April (13,14,15,16) ကားခသီးသန့်
အသွား အပြန် တစ်ဦးလျှင် (45000) Ks

အခန်းအရေအတွက်နဲ့ ကားလက်မှတ်လေးတွေ
အကန့်အသတ်နဲ့ ရောင်းချပေးနေတာမို့
လက်မှတ်လေးတွေ ဝယ်ယူမယ်ဆိုရင်
☎️ 09 400 14 88 33 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ

ဇာတ်မင်းသားလေး သိန်းဇော်တို့နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်က ကားဘော်ဒီထုကြ ဆေးသုတ်ကြတဲ့ ဆိုင်တွေဖက်မှာ တစ်...
02/03/2024

ဇာတ်မင်းသားလေး သိန်းဇော်တို့
နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်က
ကားဘော်ဒီထုကြ ဆေးသုတ်ကြတဲ့ ဆိုင်တွေဖက်မှာ
တစ်ရက် သူတို့ ဇာတ်လာ က တယ်။

ဇာတ် က နေတုန်းမှာ မန္တလေးသိန်းဇော်နဲ့
သူ့ညီတို့ ဇာတ်စင်ပေါ်မှာ က,နေရင်း
ပြောကြ ဆိုကြရာက သူညီက ပြောတယ်။

"အစ်ကိုက နာမည်ကြီးတဲ့သူ ဖြစ်နေလို့
ပရိတ်သတ် ရှိတာပါ" တဲ့ ။

"တကယ်တော့ ကျွန်တော်က
အက ပိုကောင်းပါတယ်" တဲ့ ။

ပန်ထျာကျောင်းမှာ တုန်းကဆို သူဘယ်လို
အက ဆုတွေ ဘာတွေ ရခဲ့တာတွေ ပြောတယ်။

သိန်းဇော်ကလည်း
သူ့အကကောင်းလို့ ပရိတ်သတ်ရှိတာ
ပရိတ်သတ် အားပေးတာ
မင်းသား'က' သူကြိုးစား ကနိုင်လို့
ဘာညာ ပြောကြ ငြင်းကြတယ်ပေါ့လေ။

ဒီလိုနဲ့ သူတို့က ဒီလိုဆို
ဒို့နှစ်ယောက် ပြိုင်က မလားပေါ့။ ဟန်နဲ့

နောက်တစ်ယောက်ကလည်း
စိန်လိုက်လေ ပြိုင်က,ကြမယ်ပေါ့။

ဘယ်သူ ပိုကောင်းသလဲဆိုတာ
ဘယ်လို ဆုံးဖြတ်ကြမလဲဆိုတော့။

တစ်ယောက်က ဒီလိုလုပ်ဆိုပြီး
ဇာတ်စင်ပေါ်ကနေ အလယ်မှာ ရပ်ပြီး
လက်ကလေးနဲ့ တစ်ဝက်တိတိနေရာမှာ ပိုင်းလိုက်တယ်။

ဒီဖက်ခြမ်းက ကျွန်တော့်ပရိတ်သတ်
ကျန်တစ်ဖက်ခြမ်းက အစ်ကို့ပရိတ်သတ် ဘာညာပေါ့။

ဒီလိုလုပ်ကြမယ် တစ်ယောက်တစ်လှည့်စီ က,ကြမယ်၊
အစ်ကို က, ပြီးလို့ ဒီဖက်က အားပေးကြတဲ့ လက်ခုတ်သံနဲ့
ကျွန်တော် က ,ပြီးလို့ ကျန်တဲ့ ဖက်က လက်ခုတ်သံ
ပြိုင်မယ်ဆိုပြီး က, ကြတယ်။

ဒီလိုနဲ့ တစ်ဖက်က ကလိုက် သူ့ပရိတ်သတ်ကို
အားပေးဖို့ပြောလိုက် လက်ခုတ်တီးလိုက်ကြ

နောက်တစ်ဖက်က ကလိုက်
ကျန်တဲ့ဖက်က သူတွေကို ပိုကျယ်အောင်
လက်ခုတ်တီးခိုင်းလိုက် လုပ်ပြီး ပြိုင်ကြတယ်တဲ့ ။

__________________________________________

( အဲဒီအကြောင်းကို ပြောပြတာက မန္တလေးမှာ
UD မီးစက်နဲ့ နာမည် စကြီးခဲ့တဲ့ မန္တလေးက
လုပ်ငန်းရှင်ကြီး UD ဦးခင်မောင်ဝင်း
UD Khin Maung Win က ပြောပြတာပါ။ )

စိတ်ဝင်စားစရာကောင်းတာက ဒီလိုနဲ့ က,ကြရင်း
ကိုယ့်ဖက် မဟုတ်တဲ့ သူက က,ရင်
ဘယ်လောက်ကောင်းကောင်း လက်ခုတ် မတီးကြတော့ဘူး တဲ့။

ဒီဖက်က က,ရင် ဟိုဖက်က လက်ခုတ် မတီးဘူး

ဟိုဖက်က က,ရင် ဒီဖက်က လက်ခုတ်မတီး ဖြစ်ပြီး

ကိုယ့်ဖက်က က,တာနဲ့
ကိုယ် အစွမ်းကုန် လက်ခုတ် တီးကြ တယ်တဲ့ ။

___________________________________________

သူ သုံးသပ်ပြတာက

ကိုယ့် မြန်မာလူမျိုးတွေများ ဘက်ခွဲရတာ လွယ်မှလွယ်

ဇာတ်စင်ပေါ်ကနေ လက်ကလေးနဲ့
ဒါ.. မင်းဖက် .. ဒါ.. ငါ့ဖက် လုပ်လိုက်တာနဲ့

၂-ဖက်

မိတ်ဆွေတွေ သူငယ်ချင်းတွေ အချင်းချင်း
သူ့ဖက် ကိုယ့်ဖက်နဲ့ဘဲ အားပေးကြတော့ တယ်တဲ့။

မြန်မာတွေက အဲ့လို ဘက်နဲ့ဘဲ နေချင်သတဲ့ ။

__________________________________________

စကားဝိုင်းက အခြားတစ်ယောက်က ဝင် ပြောတယ်။

ရွာမှာ ရွာဦးကျောင်း ၂-ကျောင်း ရှိခဲ့ရင် ၂-စု
ဒီဖက် ဘုန်းကြီး ရွာသားအုပ်စုနဲ့
ဟိုဖက် ဘုန်းကြီး ရွာသားအုပ်စု ရှိကြတယ်။

၂-ကျောင်းက မတည့်တာ များတယ်။

ရွာတောင်ခြမ်း.. မြောက်ခြမ်း တည့်ဖို့
တောင်ရွာ မြောက်ရွာ မတည့်ဖို့ ချနေဖို့ လိုတယ်တဲ့။

ရွာ၂-ရွာ ပြိုင်နေမှ မတည့်မှ
ရွာသားတွေ စည်းလုံး တယ်တဲ့။

ဒီလိုဘဲ

တောင်ရွာ မြောက်ရွာ တည့်ဖို့ အခြား မြို့နယ်နဲ့ ပြိုင်မှ
သူတို့ချင်း ပြန်တည့် သတဲ့ ။

ဒါကြောင့် ..
မြန်မာလူမျိုးတွေဟာ ဘက်နဲ့ နေချင်ကြတယ်။

သူရဲကောင်းကို မက်တယ်။ အားကိုးတယ်။
ယှဉ်ပြိုင်မှုကို ခုံမင်တယ် လို့ စကားဝိုင်းမှာ သုံးသပ်မိကြ ပြောဆို မိကြတယ်။

ဘာရယ်လို့ မဟုတ်ပါဘူး ..

ကိုယ်တွေလူမျိုးကို အထာသိ သူတိုင်းက
ကိုယ်လူမျိုးကို အချဉ်ကြီးလို့ အပိုင် သဘောထားပြီး
လိုသလို .. လိုတဲ့သူကို သွေးခွဲလိုက်ကြတိုင်း
အလိုတူ အလိုပါ နဲ့ လွယ်လွယ်လေးပဲ ။

သွေးခွဲကြ.. အချင်းချင်းချကြ ..ဘက်တွေ နဲ့ ဆော်ကြ
ကွဲကြ ပြဲကြတွေ .. တွေ့နေလို့ပါ။

UD ကြီးပြောသလို

[ လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ ရတဲ့
လူမျိုးဆိုတာလေး သတိရမိ လို့ပါ။ ]



ဘက်ခွဲခံလို့
ဘက်ကွဲနေသမျှတော့
ပျက်စီးနေကြ ဦးမှာပါပဲ..

🌊 Ngwe Saung Beach 🏖️
01/03/2024

🌊 Ngwe Saung Beach 🏖️

ဧရာဝတီတိုင်းရဲ့အလှတစ်ပါး ကျောက်ကလပ်ကမ်းခြေ 🍀ဧရာဝတီတိုင်းဒေသကြီးထဲကအလှတစ်ပါး ဖြစ်တဲ့ ကျောက်ကလပ်ကမ်းခြေ🐳🍀ကျောက်ကလပ် တည်ရှိ...
22/02/2024

ဧရာဝတီတိုင်းရဲ့အလှတစ်ပါး
ကျောက်ကလပ်ကမ်းခြေ 🍀

ဧရာဝတီတိုင်းဒေသကြီးထဲကအလှတစ်ပါး ဖြစ်တဲ့ ကျောက်ကလပ်ကမ်းခြေ🐳

🍀ကျောက်ကလပ် တည်ရှိရာနေရာကဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မော်တင်တင်စွန်းနဲ့မျက်နှာချင်းဆိုင်ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ

🍀သူ့အနီးဝန်းကျင်မှာ
ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းဆိုတဲ့ရွာကလေးများတည်ရှိပါတယ်ဘင်္ဂလားပင်လယ် အစဟိုင်းကြီးကျွန်းအနီး မြန်မာနိုင်ငံအတွင်းတည်ရှိသောသဘာဝအလှတရားများ🏞️

post from Popular Paoh Stars
📷-kokwaikar(လမ်းညွှန်)

မင်္ဂလာ ညချမ်းလေးပါ 🙏🙏🙏
16/02/2024

မင်္ဂလာ ညချမ်းလေးပါ 🙏🙏🙏

အထက်မှာ ကောင်းမှုလုံအလယ်မှာ ရွှေစည်းခုံအောက်မှာ ရွှေတိဂုံစေတီတော်များကို ဖူးမြော်ကြည်ညိုကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါ...
13/02/2024

အထက်မှာ ကောင်းမှုလုံ
အလယ်မှာ ရွှေစည်းခုံ
အောက်မှာ ရွှေတိဂုံ
စေတီတော်များကို ဖူးမြော်ကြည်ညိုကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

သမိုင်းဝင် ကောင်းမှုလုံ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊
ကောင်းမှုလုံကျေးရွာအနီး၊
မလိခမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားပါတယ်။
Credit: Myint Swe Mahar

ပုဂံ ရွှေစည်းခုံ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏

ရွှေစည်းခုံစေတီတော်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင်တည်ထားပါတယ်။
Credit: Wiki

လေးဆူဓာတ်ပုံ ရွှေတိဂုံ​ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ရွှေတိဂုံ​ စေတီတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ထားပါတယ်။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

Address

Khattar Stareet, Near Blue Water Resort, NgweSaung Beach
Pathein
6965

Telephone

+959400148833

Website

Alerts

Be the first to know and let us send you an email when Royal Shwe Hinn Thar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category