
11/06/2025
ချောင်းသာကမ်းခြေမှကြိုဆိုပါတယ်😘
ချောင်းသာကမ်းခြေသို့ရောက်ရန်👉🚌🚎🚕🚗
ကားနှင့်မောင်းလျှင်(15)မိနစ်ခန့်အလိုလောက်တွင်⏱
(ဥတို)တံတားတစ်စင်းရှိပါသည်။
ချောင်းသာကမ်းခြေသို့ 👉
ရောက်ရန် ဖြတ်သန်းလာသောတံတားများအနက် ပုသိမ်ကြိုးတံတားပြီးလျှင်🛣
အရှည်ဆုံးတံတားဖြစ်ပါသည်။
သံပြားခင်းတံတားဖြစ့်သည့်အတွက် မိုးရာသီ နှင့်ဆောင်းရာသီ
အချိန် များတွင် မိုးရေကြောင့်သော်လည်းကောင်း
နှင်းကြောင့်သော်လည်းကောင်းတံတားမှာ အနည်းငယ်ချော
နေပါသည်။
အရှိန်ပြင်းစွာနှင့်တံတားသို့ဖြတ်လျှင် အန္တရယ်ရှိပါသည်။⛔❌
အရှိန်ပြင်းစွာမောင်းနှင်ပြီး
အရှိန်လျော့စေလိုသောကြောင့်
ဘရိတ်အနည်းငယ် နင်းလိုက်တာနှင့် မိုးရေကြောင့်
(သို့မဟုတ်) နှင်းကျနေသောကြောင့် ကားမှာ လည်ထွက်သွားတက်ပါသည်။
ကားလည်ထွက်သွားသောအခါ
တံတားဘေးဘောင်နှင့်တိုက်မှိပြီး ကားဘော်ဒီနှင့်ဘန်ကာများ ပျက်စီးဆုံးရှုံးတက်ပါသည်။
အထူးသတိထားရန်မှာ တံတား
ပေါ်တွင်ဖြေးညင်းစွာ
မောင်းနှင်ရန်နှင့် ဘရိတ်ကိုစောင့်မနင်းရန်ဖြစ်ပါသည်။
မဖြစ်မနေဘရိတ်နင်းမည်ဆိုပါက အရှိန်လျော့ပြီး ဘရိတ်အား ညင်သာစွာနင်းရန်ဖြစ်ပါသည်။
တံတားပေါ်တွင် (5)မိုင် နှုန်းထက်ပိုမမောင်းသင့်ပါ။ ⛔
ယခု တံတားထိပ်နှစ်ဖက်တွင်
(slow down) လုပ်ထားပါသည်။
ဆိုင်ကယ်များလည်းသတိထားသင့်ပါသည် ဖြစ်ကြောင်းသတိပေးအပ်ပါသည်ခင်ဗျား🙏🙏
#ချောင်းသာကမ်းခြေခရီးသွားဝန်ဆောင်မှု
#ခရီးသွားသူများ
#အပန်းဖြေခရီး
#ချောင်းသာ
#ကားလက်မှတ်
#ချောင်းသာအခန်းစျေးနှုန်းများ
#သွားမယ်တည်းမယ်
#တံတား