Ticket Online Sales

Ticket Online Sales Air Ticket, Bus Ticket, Balloon Flight, Cruise Ticket, Entrance Tickets Are you looking for promotion or cheap ticket of domestic or international flight?

Please like and buy from our Page. You no need to waste time to find & booking.

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ )  အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း #ဆရာမဒေါ်သန့်သန့်သိန်း ( ...
17/08/2026

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
https://www.facebook.com/share/p/19EjcTxnNE/

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ကောင်းမွန်သော အလှည့်အပြောင်း ကြုံရပြီးအလုပ်အကိုင်၊ အခွင့်အလမ်းများ ပေါ်လာ မည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ရမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလွန်အတွက် ငွေကြေး၊ အကူအညီ၊ လုပ်ကိုင်ခွင့်များ ရရှိလာမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိမည်။ လေယာဉ်လိုင်းများ၊ လေကြောင်းနှင့် ပတ်သတ်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ရွှေလုပ်ငန်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ ရွှေ အရောင်း အဝယ် လုပ်ငန်း၊ ရွှေနှင့် ပတ်သက်သော လုပ်ငန်းများကားပြင်ဆင်ခြင်း၊ ကား ရောင်း ဝယ်ခြင်း လုပ်ငန်းများ အဆင်ပြေမည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် အမြင်မတူဘဲ ဖြစ်နေ မည်။ မိမိဖြစ်စေချင်သည့် ဆန္ဒထက် အိမ်ထောင်ဖက်၊ ချစ်သူ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဦးစားပေး လိုက်လျောခြင်းဖြင့်အိမ်ထောင်ရေး၊ အချစ်ရေး ပြဿနာများပါ လျော့ပါး သက်သာနိုင်သည်။ သဘောထားတင်းမာမှုများ ပြေလျော့မည်။ မိမိမှ မည်မျှပင် ကြိုးစား စေကာမူ ချစ်သူမှ မိမိတို့ ဘဝရှေ့‌ရေးအတွက် မကြိုးစားဘဲ ပေါ့ပျက်ပျက် နေသည်ဟု ထင်နေသည်။ ချစ်သူနှစ်ဦးကြား အထင်လွဲနေမှုများအား မဖြေရှင်းဘဲ အရွဲ့တိုက်ခြင်း၊ ရှေ့သို့ ထပ်တိုး လုပ်ဆောင်ခြင်းများ မပြုလုပ်သင့်ပါ။ ခံစားနေရသော ရောဂါ ဝေဒနာများ ရှိပါက သက်သာလာမည်။ ပျောက်ကင်းလာမည်။ ပုခုံးကြောပြုတ်ခြင်း၊ အုံးလွဲခြင်း၊ လည်ပင်းနာခြင်းတို့ ဖြစ်တတ်သည်။ ဦးခေါင်းပေါ်သို့ အမြင့်‌နေရာမှ ပစ္စည်းများ ပြုတ်ကျခြင်း၊၊ ဦးခေါင်းခြေထောက်တို့ ထိခိုက်မိခြင်း ဖြစ်တတ်သည်။ ပညာရေးတွင် မိမိကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မည့် ကာလ ဖြစ်သည်။ မိမိ ပညာရေး ရည်မှန်းချက်များ အောင်မြင်ရန် ကူညီပေးမည့် သူများလည်း ရှိနေသည်။ ပညာရေးနှင့် ပတ်သက်ပြီး ခရီးသွား ရတတ်သည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။
https://vt.tiktok.com/ZSXTDYVDN/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
သူဌေးနှင့် မိမိကြား၊ ရင်းနှီးမြှုပ်နှံသူများနှင့် မိမိကြား၊ လုပ်‌ဖော်ကိုင်ဖက်များနှင့် မိမိကြား၊ သွေးထိုး တိုက်ခိုက်သူ ရှိနေသည်။ လုပ်ငန်း၏ အရေးကြီးဆုံး အချက်အလက်များ၊ လျို့ဝှက်ချက်များ၊ နည်းပညာများအား ခိုးယူခံရတတ်သည်။ မိမိကြောင့်ဟု အထင်မှား ခံရတတ်သည်။ အိမ်ထောင်ရေး၊ အချစ်ရေး တင်းမာနေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် မည်သို့မှ ညှိနှိုင်းမရဘဲ ဖြစ်နေတတ်သည်။ တစ်ဦးဦးမှ အလျှော့ပေး လိုက်လျော ပေးမှသာ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေနိုင်မည်။ ချစ်သူမှ အထင်မှား၊ အမြင်မှား နေမည်။ အထင်အမြင် လွဲမှားမှုများ၊ နားလည်မှု လွဲခြင်းများအား ချက်ချင်း ဖြေရှင်းမှသာ အချစ်ရေး ရှေ့ဆက်နိုင်မည်။ သို့မဟုတ်ပါက အချစ်ရေး လမ်းဆုံးသို့ ရောက်သွားနိုင်သည်။ ခါးနာခြင်းလည်ပင်းနာခြင်း၊ အုံးလွဲခြင်းတို့ မှအပကြီးမားသော ကျန်းမာရေး အညံ့ မရှိပါ။ ကျောင်းပြောင်းခြင်း၊ ဆရာပြောင်းခြင်းတို့ကြုံတွေ့ရတတ်သည်။ မိမိတက်ရောက် သင်ယူ ရသော ကျောင်းအသစ်၊ ဆရာအသစ်နှင့် ယခင်အတိုင်း ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ အပေါင်းအသင်း မှားတတ်သည်။ စာကို စိတ်မဝင်စားဘဲ အပေါင်းအသင်း၊ အပျော်အပါး တို့ဖြင့်သာ အချိန်ကုန် နေတတ်သည်။ မိမိလျှောက်ထားသော ရာထူး၊ လစာ၊ အလုပ် နေရာနှင့် ရရှိလာသော ရာထူး၊ လစာအလုပ်နေရာတို့မှာ မတူညီတတ်ပေ။
https://vt.tiktok.com/ZSXTDhjL2/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး၊ အလုပ်အကိုင်များ လုပ်ကိုင်ရာတွင် အကြီးအကဲကောင်း၊ ဆရာသမားကောင်း နှင့် တွေ့ရှိမည်။ ၎င်းမှ နည်းပညာအသစ်၊ နည်းလမ်း အသစ်များ ပြောပြ၊ သင်ပြပေး လိမ့်မည်။ ကြုံကြိုက် တွေ့ရှိသော ဆရာသမား၏ စကားအား မြေဝယ်မကျ နားထောင် ခြင်းဖြင့် လုပ်ငန်းများ တိုးတက် အောင်မြင်လာလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်း မိတ်ဖက်၊ အပေါင်းအသင်း သတိထားပါ။ အိမ်ထောင်ဖက်၊ ချစ်သူချင်း အချစ်လွန်ကာ သဝန်တို၊ အူတို နေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူ၏ မိဘ၊ အထက်လူကြီး၊ အုပ်ထိန်းသူများနှင့် သဘောထား ကွဲလွဲနေတတ်သည်။ လုပ်ငန်းထဲမှ အထက်လူကြီး၊ အကြီးအကဲ ( အထူးသဖြင့်အမျိုးသမီး) မှ အိမ်ထောင်ဖက်၊ ချစ်သူအား နှစ်သက် သဘောကျပြီး အရေးပေး ဆက်ဆံနေမည်။ ထို့ကြောင့် ၎င်းနှင့် ပတ်သက်သော ပွဲများ၊ ခရီးစဉ်များတွင် အိမ်ထောင်ဖက်၊ ချစ်သူ နှင့်အတူ လိုက်ပါ ပွဲတက်ခြင်း၊ အတူသွားခြင်းများ ပြုလုပ်သင့်ပါသည်။ နှလုံးခုန် မမှန်ခြင်း၊ နှလုံးအဆို့ရှင် လဲရခြင်း၊ အမောဖောက်ခြင်း စသော နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ သွေးနှင့် ပတ်သက်သော ရောဂါများ ခံစားရခြင်း၊ သွေးခုန်နှုံး မမှန်ခြင်း တို့ ဖြစ်တတ်သည်။ အလှည့်အပြောင်း၊အပြောင်းအလဲ ကြုံရပါက ပညာရေး အတွက် အခွင့်အလမ်း ပွင့်လာမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များ ဖြောင့်ဖြူးမည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသူ, ကျောင်းသားများ အနေဖြင့် မိမိ စိတ်မဝင်စားသော၊ မိမိအတွက် အခက်အခဲ ဖြစ်နေသော ဘာသာရပ်များအား ယူထား မိပါက အချိန်မှီ ဘာသာရပ်၊ မေဂျာ ပြန်ပြောင်းယူခြင်းဖြင့် ပညာရေး ပိုမို တိုးတက် လာမည်။
https://vt.tiktok.com/ZSXTD8fGQ/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မိမိထက် အင်အားကြီးသော လုပ်ငန်းကြီးသော၊ ဂုဏ်အရှိန်အဝါကြီးသောသူမှ ကူညီ ထောက်ပံ့ ပေးခြင်းခံရမည်။ လုပ်ငန်းများ မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်မည်။ လုပ်ငန်း တိုးချဲ့လုပ်ကိုင်ခြင်း၊ အလုပ်သစ်၊ လုပ်ငန်းသစ်များလုပ်ကိုင်ခြင်းတို့ အဆင်ပြေမည့် ကာလ ဖြစ်သည်။ သစ်နှင့် သစ်တောထွက် ပစ္စည်းများရောင်းဝယ်ခြင်း၊ သတ္တု တွင်းထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း၊ အမျိုးသမီး အဝတ်အထည်များ ရောင်းဝယ်ခြင်း လုပ်ငန်းတို့ အဆင်ပြေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် ကြားလူ ဝင်ရောက် နှောင့်ယှက်တတ်သည်။ ယခုကာလအတွင်း မိမိနှင့်သိသော၊ မသိသော အမျိုးသမီးများအား ညအိပ်ညနေ ကူညီခြင်း၊ ခရီးသွားရာတွင် ကူညီခြင်း၊ ခိုးရာလိုက်ရာ တွင် ကူညီခြင်းများ ရှောင်ကြဉ်ပါ။ အိမ်ထောင်ဖက် မဟုတ်သော အခြား အမျိုးသမီး တစ်ဦးတစ်ယောက်ကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်း၊ ထောင်ဖမ်းခံရခြင်း၊ ငွေစိုက်လျော်ရခြင်းများ ကြုံရတတ်သည်။ ခေါင်းပူခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ မျက်စိ ဝေဝါးလာခြင်း၊ ကြည့်မကောင်းခြင်း၊ မျက်စိနာခြင်းစသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများလည်း ခံစားရတတ်ပါသည်။ ခြေထောက် ထိခိုက်မိတတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန်နှစ်ဦး၌ တပြိုင်တည်း ကုသခြင်းကြောင့် ဆေးမှားတက်ပါသည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆရာဝန် တစ်ဦးတည်း၏ ကုသမှု အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ အပေါင်းအသင်း၊ သူငယ်ချင်း၏ ချောက်ချမှု၊ မြူစွယ်မှုတို့ကြောင့် ပညာရေး ထိခိုက်မိလိမ့်မည်။ အပေါင်းအသင်းမှားခြင်းကြောင့် ပညာရေးကို စိတ်မဝင်စားဘဲ ဖြစ်နေမည်။ အပျော်အပါး၊ မိန်းမ၊ လောကစားတို့၌သာ ပျော်မွေ့နေမည်။ အလုပ် မလျှောက်ဖြစ်ဘဲ၊ အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဖြစ်ဘဲ ဖြစ်နေမည်။
https://vt.tiktok.com/ZSXTAo1mU/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "ကြာသပ‌တေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ ပြန်လာပြီး နေရပ်တွင် အလုပ်လုပ်ကိုင်သူများ အခြေကျ လာမည်။ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်လိုသူများ၊ လုပ်ငန်း ပြောင်းလိုသူများ အတွက် ပြောင်းလဲ လုပ်ကိုင်နိုင်သော အချိန်ကောင်း ဖြစ်သည်။ မိမိ တကယ် ချစ်ခင် နှစ်သက်သူနှင့် စည်းစိမ် ချမ်းသာ ပြည့်စုံသူ နှစ်ဦးကြား ရွေးရခက်နေမည်။ မိမိ တကယ် ချစ်ခင်နှစ်သက် မြတ်နိုးသူ နှင့် ပေါင်းဖက်ရမှသာ တစ်သက်တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ ရည်းစားဟောင်း ပြန်ပေါ်လာပြီး အိမ်ထောင်ရေးအား နှောက်ယှက်တတ်သည်။ မည်သည့်ကိစ္စမဆို ဖုံးကွယ် မထားဘဲ အိမ်ထောင်ဖက်အား ဖွင့်ဟ တိုင်ပင်ခြင်း၊ ပြောပြခြင်းဖြင့် အိမ်ထောင်ရေး သာယာလာလိမ့်မည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ ဟင်းအိုး အပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ ရပ်တန့်နေသောပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲများ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါကအောင်မြင်ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။
https://vt.tiktok.com/ZSXTD6SRF/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများ‌ ဖြေးဖြေးမှန်မှန် လုပ်ကိုင်ရမည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းကိစ္စများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက် နိုင်မည်။ "တည်ငြိမ်လေ၊ အောင်မြင်လေ" ဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်ကိုင်သင့်ပါသည်။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေမည်။ စိတ်ရူးပေါက်ပြီး အိမ်ထောင်ဖက်၊ ချစ်သူနှင့် ကန့်လန့်တိုက် နေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အမှားများ ချမှတ်မိမည်။ လုပ်မှားကိုင်မှား၊ ဆက်ဆံ ပြောဆိုပုံ အမှားများကြောင့် အိမ်ထောင်ရေး ပြိုကွဲတတ်သည်။ အချစ်ရေး လမ်းဆုံး ရောက်သွားနိုင်သည်။ ဟင်းအိုးအပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ အမျိုးသားများ ဆီးကျင် ခြင်း၊ ဆီးအောင့်ခြင်း ဆီးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ် ပါသည်။ ရပ်တန့်နေသော ပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲ များ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါက အောင်မြင် ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများ၊ အလုပ်များအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။ ယခင်က လုပ်ခဲ့ဖူးသော အလုပ်မှဟောင်းမှ ပြန်လည် ခေါ်ယူ ခန့်ထားခြင်းမျိုး ကြုံရမည်။
https://vt.tiktok.com/ZSXTSxnF5/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်တန့်‌နေသော လုပ်ငန်းများ၊ ရပ်ဆိုင်းခံထားရသော စီးပွားရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိမည်။ အရောင်ထိုင်းနေသောကုန်ပစ္စည်းများ၊ လှောင်ကုန်များ ရောင်းချ ရမည်။ ရပ်‌ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလုပ်နှင့် ပတ်သက်သော အကူအညီ၊ အခွင့်အလမ်းနှင့် သတင်းကောင်းများ ကြားရမည်။ မိသားစုလိုက် လုပ်ကိုင်ရသော လုပ်ငန်းများ ပိုမို တိုးတက်လာမည်။ လေယာဉ်လိုင်းများ၊လေယာဉ် လက်မှတ် အရောင်း အေဂျင်စီများ၊ Air cargo လုပ်ငန်းများ၊ လေကြောင်းနှင့် ပတ်သက်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ အဆိုတော်၊ သရုပ်ဆောင်များ စသော အနုပညာရှင်များ၊ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ တေးဂီတ ထုတ်လုပ်ရေး လုပ်ငန်းများ၊ အနုပညာနှင့် ဆက်စပ်နေသောလုပ်ငန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှု ပေးသော လုပ်ငန်းများ အဆင်ပြေမည်။ မိမိယုံကြည် စိတ်ချရသော အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေများ ကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်ဖက်နှင့် စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ စွပ်စွဲပြောဆို ခဲ့ရခြင်းတို့ကြုံရတတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းပါ။ အိမ်ထောင်ရေး ပြိုကွဲခဲ့ပါက ပတ်ဝန်းကျင်တွင် အရှက်ရခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ သွားပုပ်လေလွင့်ပြောဆိုခံရခြင်းများ ကြုံရမည်။ ချစ်သူ၏ အနားတွင် ၎င်းအား တဖက်သတ် ကြိုက်နေသောသူ ရှိနေသည်။ ယုံကြည်ရသော အပေါင်းအသင်း၊ အခင်ရဆုံးသောသူငယ်ချင်း၊ မိတ်တွေမှ ချစ်သူနှင့် မိမိအကြား ဂုန်းတိုက် စကား ဆိုထားတတ်သည်။ ၎င်း၏ စကားအား ယုံကြည်ပြီး ချစ်သူမှ မိမိအား ရုတ်တစ်ရက် အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲသွားခြင်းတို့ ပြုလိမ့်မည်။ ညဘက် အိပ်မပျော်ခြင်း၊ လန့် လန့်နိုးခြင်း၊ စိတ်ချောက်ချားခြင်းများ ဖြစ်နေတတ်သည်။ စိတ်မလုံခြုံခြင်း၊ စိတ်အေးချမ်းမှု မရရှိခြင်း စသော စိတ်နှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားနေရတတ်သည်။ ယခုကာလအတွင်း ကျန်းမာရေးအတွက် ကောင်းဆုံး ယတြာမှာ ဘာသာရေး ပြင်းပြင်းထန်ထန် လုပ်ခြင်းပင် ဖြစ်သည်။ ကိုယ်ဝန်‌ဆောင်သည်များ ကိုယ်ဝန်ကို အထူးဂရုစိုက်ပါ။ ဆီပူ၊ မီးပူ၊ ဟင်းအိုး အပူလောင်တတ်သည်။ အဘွား၊ အမေ၊ အဒေါ်နှင့် အုပ်ထိန်းသူ၊ အမျိုးသမီးကြောင့် ပညာရေးရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်လာမည်။ အမျိုးသမီး တစ်ဦးတစ်ယောက်၏ ကူညီပေးမှုကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။ အထက်လူကြီး၊ အကြီးအကဲ၊ အမျိုးသမီးကြောင့် ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးခြင်းတို့ ကြုံရမည်။
https://vt.tiktok.com/ZSVLodbU2/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------

တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#‌ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

မိဘများသတိထားကြပါမနေ့ညကအမတစ်ယောက်ကဘယ်လိုဖြေရှင်းရင်ကောင်းမလဲ တိုင်ပင်တာနဲ့ အားလုံးသတိထားလို့ရအောင်တင်ပေးလိုက်ပါတယ်.........
17/08/2026

မိဘများသတိထားကြပါ
မနေ့ညကအမတစ်ယောက်က
ဘယ်လိုဖြေရှင်းရင်
ကောင်းမလဲ တိုင်ပင်တာနဲ့ အားလုံးသတိထားလို့ရအောင်
တင်ပေးလိုက်ပါတယ်..........
မကြာသေးမီက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် TikTok မှတစ်ဆင့် ခင်မင်ခဲ့ရသော ၁၃ နှစ်အရွယ် ကောင်လေးဟု ဆိုသူနှင့် စကားပြောရာမှ အွန်လိုင်းခြိမ်းခြောက် အကြပ်ကိုင်မှု (Cyber Blackmail) ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကလေးငယ်အား Viber သို့ ပြောင်းလဲစကားပြောရန် စည်းရုံးပြီးနောက် Video Call ခေါ်ဆိုကာ လူကြီးများ S*x ပြုလုပ်နေသည့် ရုပ်သံကို ကြည့်ရှုစေခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်မှ ကြောက်လန့်ပြီး ၅ စက္ကန့်ခန့်အကြာတွင် ဖုန်းချလိုက်သော်လည်း တစ်ဖက်မှ Screen Recording ရိုက်ယူထားပြီး အဆိုပါ ရုပ်သံအား Telegram တွင် တင်မည်ဟု ဆိုကာ ၃ မိနစ်အထိ ဆက်ကြည့်ခိုင်းခဲ့သည်။ ထို့အပြင် အိမ်သာထဲတွင် ဆီးသွားပြရန်ပါ ထပ်မံ ခြိမ်းခြောက်လာခဲ့သဖြင့် ကလေးငယ်မှာ အလွန်အမင်း ကြောက်လန့်နေခဲ့သည်။

ကံကောင်းစွာဖြင့် မိခင်ဖြစ်သူမှ ကလေး၏ မူမမှန်သည့် အမူအရာကို သတိထားမိကာ ဖုန်းကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားရန်နှင့် အကောင့်များ Block ရန် ပြုလုပ်ပေးနိုင်ခဲ့၍ နောက်ဆက်တွဲ အန္တရာယ်များမှ လွတ်မြောက်ခဲ့ရသည်။

မိဘများနှင့် လူငယ်များအတွက် အသိပေးချက်
မိဘများ: ကလေးများ အွန်လိုင်းသုံးစွဲမှုကို မရမက စည်းကမ်းတကျ စောင့်ကြည့်ပါ။ ကလေးငယ်၏ မူမမှန်သော အမူအရာများကို အမြဲ သတိထားပေးပါ။
အွန်လိုင်းခြိမ်းခြောက်မှုများ: လူစိမ်းများနှင့် ချိတ်ဆက်မိပါက အရှက်ခွဲ ခြိမ်းခြောက်၍ နောက်ဆက်တွဲ ခေါင်းပုံဖြတ်ခြင်း၊ ငွေတောင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်းများအထိ ကြုံတွေ့ရနိုင်သည်။
ကြောက်လန့်မနေပါနှင့်: ထိုသို့ ခြိမ်းခြောက်ခံရပါက ကြောက်လန့်ပြီး တောင်းဆိုသမျှ မလိုက်လုပ်ပါနှင့်။ ယုံကြည်ရသည့် မိဘ၊ လူကြီးများနှင့် ချက်ချင်း တိုင်ပင်ဖြေရှင်းပါ။

Credit

17/08/2026

လျှပ်စစ်မီတာ အသစ် လျှောက်ထားနည်းကို ‌ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်တိုင်မလုပ်တက်သူတွေအတွက် ဗဟုသုတ ရစေဖို့ ဖြစ်ပြီး မလုပ်တက်ရင် ကျွမ်းကျင်သူတွေကို လုပ်ခိုင်းသင့်ပါတယ်။

မီတာ လျှောက်ထားဖို့က ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထား၊ အိမ်ကိုအရပ်လေးမျက်နှာကနေ ရိုက်ထားတဲ့ ပုံတွေ လိုပါတယ်။

ကိုယ်တိုင် လျှောက်ကြည့်ပါ။ သိပ်မခတ်လှသလို ပြင်ဆင်ထားပေးတာကလည်း အတော်ကို အဆင်ပြေပါတယ်။

လျှောက်ထားသူတွေ အဆင်ပြေအောင် လုပ်ပေးထားတာမို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို ဒီအချက်ကိုတော့ ချီးကျုးရမှာ ဖြစ်ပါတယ်။

ငွေလဲပေးမယ် ဆိုပြီး ဒေါ်လာ(၁၅၀၀)ကို လိမ်လည်ယူသွားခဲ့ရန်ကုန်၊ ဩဂုတ်လ ၁၅၊ ၂၀၂၆ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာ ငွေလဲမယ် ဆ...
17/08/2026

ငွေလဲပေးမယ် ဆိုပြီး ဒေါ်လာ(၁၅၀၀)ကို လိမ်လည်ယူသွားခဲ့

ရန်ကုန်၊ ဩဂုတ်လ ၁၅၊ ၂၀၂၆

ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာ ငွေလဲမယ် ဆိုပြီး ငွေကြေး လိမ်တဲ့ အုပ်စု ဖြစ်ပါတယ်။

ဒီလူလိမ်အုပ်စုဟာ အနီးနားက Money Changer နားမှာ မလည်မရှုပ် နေကြပြီး ငွေလာလဲမယ်သူတွေကို ဈေးကောင်းပေးမယ် ဆိုပြီး ခေါ်ပါတယ်။

ပြီးရင် ငွေစစ်‌မယ် ဆိုပြီး အမေရိကန်ဒေါ်လာငွေတွေကို ယူရေတွက်ကြရာမှာ ဒေါ်လာ(၁၀၀)တန် (၁၅)ရွက်ကို ခိုးယူသွားကြတဲ့ အုပ်စု ဖြစ်ပါတယ်။

ခံရသူက မလဲတော့ဘူး ပြန်ပေးဆိုလည်း မပေးဘူး လို့ဆိုကာ စမ်းချောင်းမြို့နယ်ကို အပိုင်စားထားတာ လို့ ဆိုပါတယ်။

ဒေါ်လာ(၁၅၀၀)ခန့် ပါသွားတာမို့ လက်ရှိငွေဈေးနဲ့ဆို ကျပ်(၆၅)သိန်းခန့် လက်လှည့်ပြီး ခိုးသွားကြတာ ဖြစ်ပါတယ်။

ကြုံရသူက ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့ မနတ်ပိုင်းမှာ စမ်းချောင်း၊ ဗားကရာလမ်း၊ ကျွန်းတောကျောင်းတိုက်အနီး၊ Sprit ဆိုင် အရှေ့က Money Changer ဆိုင်အနီးမှာ ခံလိုက်ရတာ လို့ ပြောဆိုထားပါတယ်။

ဘယ်ကို တိုင်ရမှန်း မသိ ဖြစ်နေပြီး ပြန်တောင်းတော့လည်း မပေးဘူး လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ ‌နိုင်ငံခြားငွေကြေးလဲမယ် ဆိုပြီး လက်လှည့်နည်းနဲ့ လိမ်ကြတဲ့ ဖြစ်စဉ် အများကြီး ရှိနေပြီး တိုင်လို့လည်း မရ၊ ဖမ်းဆီး ရမိတဲ့ ဖြစ်စဉ်လည်း မရှိပါဘူး။

လူလိမ်တွေဟာ အုပ်စုလိုက် လိမ်နေကြတာ ဖြစ်ပြီး အများစုက Money Changer တွေနားမှာ သားကောင်ရှာ အချဉ်ဖမ်းကြတာ မျိုးပါ။

ဒီလူလိမ်အုပ်စု မျက်နှာတွေကို သတိထားကြပါ။ အရေးယူပေးသူ မရှိတော့ ပိုဆိုးလာကြပါတယ်။

#နိုင်ငံခြားငွေကြေး #အမေရိကန်ဒေါ်လာ #လူလိမ် #ရန်ကုန် #စမ်းချောင်း

17/08/2026

ဂျာမဏီတွင် ဗီယက်နမ်လေကြောင်းမှ လေယာဉ်အရေးပေါ် ပြန်ဆင်းသက်

ဩဂုတ်လ ၁၆၊ ၂၀၂၆

ဂျာမဏီနိုင်ငံတွင် ဗီယက်နမ်လေကြောင်းမှ လေယာဉ် ပျံတက်စဉ် နောက်ကျမှုကြောင့် ထိခိုက်မိပြီး အရေးပေါ် ပြန်ဆင်းရသည့် ဖြစ်စဉ်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်မှ ဟနွိုင်းမြို့သို့ ထွက်ခွာလာသည့် Vietnam Airlines ၏ Boeing 787-9 လေယာဉ်သည် ပျံတက်ချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မြူးနစ်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံကို ပြန်လည် ပျံသန်းလာသည့် ခရီးစဉ်အဖြစ် အဆိုပါလေယာဉ်သည် Runway 26L မှ ပျံတက်စဉ် လေယာဉ်ခေါင်းပိုင်းကို ပုံမှန်ထက် နောက်ကျမှ မြှောက်တင်နိုင်ခဲ့ပြီး ပြေးလမ်းအဆုံးနီးပါးအထိ ရောက်ရှိမှ လေထဲသို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြေပြင်မှ ရိုက်ကူးထားသည့် ဗီဒီယိုများတွင်လည်း လေယာဉ်၏ အဓိကဆင်းသက်ဘီးများ ပြေးလမ်းမှ လွတ်မြောက်ချိန်၌ ဖုန်မှုန့်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

စစ်ဆေးချက်များအရ လေယာဉ်အမြီးပိုင်း ပြေးလမ်းနှင့် ထိမိသည့် Tail Strike ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အရေးပေါ်ပြန်လည်ဆင်းသက်ချိန်တွင် လေယာဉ်၏ ပင်မဆင်းသက်ဘီး တာယာအများအပြား စုတ်ပြဲပျက်စီးနေပြီး တာယာအပိုင်းအစများ ဘီးများပတ်လည်တွင် ရစ်ပတ်နေခဲ့ကြောင်းလည်း သိရသည်။

ပျံတက်သွားပြီးနောက် ဗီယက်နမ်လေယာဉ် သည် အမြင့်ပေ ၉,၀၀၀ မှ ၁၀,၀၀၀ ခန့် အထိသာ တက်ရောက်ပြီးနောက် မြူးနစ်မြို့ အနီးတွင် လှည့်ပတ်ပျံသန်းခဲ့ရသည်။

ယင်းသို့ လှည့်ပတ်ပျံသန်းခြင်းမှာ လေယာဉ်၏ အခြေအနေကို စစ်ဆေးရန်နှင့် ဆင်းသက်ချိန်တွင် လေယာဉ်အလေးချိန် လျှော့ချရန် လောင်စာဆီများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် လေယာဉ်သည် မြူးနစ်လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

17/08/2026

ပဲခူးမြစ်ရေ ကြီးနိုင်တယ် လို့ ဆို

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေ တိုင်းတာရာမှာ ‌စိုးရိမ်ရေမှတ် ရောက်ဖို့ (၂)ပေသာ လိုတော့တယ် လို့ ဆိုပါတယ်။

ဆိုတော့ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့မှာ စိုးရိမ်ရေမှတ် ကျော််နိုင်လို့ သတိထားကြဖို့ ‌ထုတ်ပြန်ထားပါတယ်။

#ပဲခူး #ပဲခူးမြစ် #သဘာဝဘေး #ရေကြီး #‌မြစ်ရေ

ရေဘေးကိစ်စနဲ့ပတ်သတ်ပြီး ပြောစရာတွေကျန်သေးတယ် 5/မို့မလာရဲးဘူးတို့ စစ်ကိုင်းတံတားကိုကျော်ရင် မင်းတို့တာ၀န်ယူမာလား အာမခံလား...
17/08/2026

ရေဘေးကိစ်စနဲ့ပတ်သတ်ပြီး ပြောစရာတွေကျန်သေးတယ် 5/မို့မလာရဲးဘူးတို့ စစ်ကိုင်းတံတားကိုကျော်ရင် မင်းတို့တာ၀န်ယူမာလား အာမခံလားတို့ လာလာပြီး Rချောင်နေလို့ အ့လိုပြောတဲ့သူတွေသွားကြည့်တာ အိမ်ထည်းကအိမ်ပြင်မထွက်ဘူး ပြီးတော့ပြောပါအုံးမယ် မင်းတို့ နေရာတကာ camer ကြီးကိုင်ပြီး တောင်ပေါ်မရှောင် မြေပြန့်မကျန်သွား နံ့တော့ ဘယ်ကောင်တွေအာမခံပေးလို့လည်း အာမခံလား ရိုင်းရိုင်းပြောမိတော့မယ် မခံဘူး ငါတို့ကမညာတက်ဘူးဒဲ့ ပဲး ဒါမဲ့မင်းတို့ ပရဟိတမှန်ရင် ဘယ်ကောင်မှကြောက်စရာမလိုဘူး လွန်ခဲ့တဲ့ နှစ်တွေကတည်းက အလူးလဲးခံလာရတာ ဒီလောက်ကတော့စာမဖွဲ့ ဘူး တခါလာလည်း အညာ တခါလာလည်း 5/ like ရတိုင်း Rလာလာမချောင်နဲ့ လာချင်လာမလာချင်နေ အခုမှ ဖုန်ထ အရင်နှစ်တွေက ဘေးတေတုန်းကလာတာကြလို့ သူများနမည်ကြီးတယ်ဆိုတဲ့နေရာသွား ပီးceleလုပ်ချင်လုပ်ချင်တယ်ပေါ့ ဒီအညာနမည်ကြီးသုံးသုံးပြီး likeရှာတာလေးလည်းရှော့ကြအုံး...🤨

#ရေဘေး

ရေဘေးကိစ်စနဲ့ပတ်သတ်ပြီး ပြောစရာတွေကျန်သေးတယ် 5/မို့မလာရဲးဘူးတို့ စစ်ကိုင်းတံတားကိုကျော်ရင် မင်းတို့တာ၀န်ယူမာလား အာမခံလားတို့ လာလာပြီး Rချောင်နေလို့ အ့လိုပြောတဲ့သူတွေသွားကြည့်တာ အိမ်ထည်းကအိမ်ပြင်မထွက်ဘူး ပြီးတော့ပြောပါအုံးမယ် မင်းတို့ နေရာတကာ camer ကြီးကိုင်ပြီး တောင်ပေါ်မရှောင် မြေပြန့်မကျန်သွား နံ့တော့ ဘယ်ကောင်တွေအာမခံပေးလို့လည်း အာမခံလား ရိုင်းရိုင်းပြောမိတော့မယ် မခံဘူး ငါတို့ကမညာတက်ဘူးဒဲ့ ပဲး ဒါမဲ့မင်းတို့ ပရဟိတမှန်ရင် ဘယ်ကောင်မှကြောက်စရာမလိုဘူး လွန်ခဲ့တဲ့ နှစ်တွေကတည်းက အလူးလဲးခံလာရတာ ဒီလောက်ကတော့စာမဖွဲ့ ဘူး တခါလာလည်း အညာ တခါလာလည်း 5/ like ရတိုင်း Rလာလာမချောင်နဲ့ လာချင်လာမလာချင်နေ အခုမှ ဖုန်ထ အရင်နှစ်တွေက ဘေးတေတုန်းကလာတာကြလို့ သူများနမည်ကြီးတယ်ဆိုတဲ့နေရာသွား ပီးceleလုပ်ချင်လုပ်ချင်တယ်ပေါ့ ဒီအညာနမည်ကြီးသုံးသုံးပြီး likeရှာတာလေးလည်းရှော့ကြအုံး...🤨
#ရေဘေး

မုံရွာမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ တည်ရှိပြီး ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ အရေးပါတဲ့...
17/08/2026

မုံရွာမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ တည်ရှိပြီး ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ အရေးပါတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဗဟိုမြို့တစ်မြို့ ဖြစ်ပါတယ်။ ဗောဓိတစ်ထောင်ဘုရားကတော့ မုံရွာမြို့ရဲ့ အထင်ရှားဆုံး ဘာသာရေးအမွေအနှစ်တွေထဲက တစ်ခုပါပဲ။
မုံရွာမြို့အကြောင်း
မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အနောက်ဘက်ပိုင်းမှာ တည်ရှိပြီး မြို့တော်ဖြစ်တဲ့ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၇၈ မိုင် (၁၂၆ ကီလိုမီတာ) အကွာမှာ ရှိပါတယ်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက စစ်ရေးနဲ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဗျူဟာမြောက်ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။
ထင်ရှားတဲ့ အချက်များ:
* ချင်းတွင်းမြစ်: မုံရွာမြို့ဟာ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး မြစ်ကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်။
* စီးပွားရေး: စိုက်ပျိုးရေး ထွက်ကုန်တွေဖြစ်တဲ့ ပဲမျိုးစုံ၊ နှမ်း၊ ဝါဂွမ်း၊ ကြက်သွန်နီ စတာတွေရဲ့ အဓိက ကုန်သွယ်ရာနေရာတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဆေးရွက်ကြီးလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်းနဲ့ သနပ်ခါးလုပ်ငန်းတွေလည်း ထင်ရှားပါတယ်။
* ပို့ဆောင်ဆက်သွယ်ရေး: မုံရွာမြို့ဟာ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်း (အနီးဆုံးလေဆိပ်က မုံရွာမြို့အနောက်တောင်ဘက်ရှိ ချင်းတွင်းလေဆိပ်ဖြစ်ပြီး လက်ရှိတွင် ပုံမှန်ပြေးဆွဲမှုမရှိပါ) တို့နဲ့ ချိတ်ဆက်ထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကနေ ကားလမ်းနဲ့ လွယ်ကူစွာ သွားလာနိုင်ပါတယ်။
ထင်ရှားတဲ့ နေရာဒေသများ:
* ဖိုဝင်တောင်: ကျောက်လှိုဏ်ဂူဘုရားတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာရှိတဲ့ ရှေးဟောင်းဘာသာရေးနေရာတစ်ခု ဖြစ်ပါတယ်။
* ရွှေဂူနီဘုရား: ချင်းတွင်းမြစ်ကမ်းနဘေးမှာ တည်ရှိပြီး နှစ်စဉ် ဘုရားပွဲတော် စည်ကားစွာ ကျင်းပပါတယ်။
* သာစည်ဆည်: အပန်းဖြေစခန်းတစ်ခုအဖြစ်လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
ဗောဓိတစ်ထောင်ဘုရားအကြောင်း
ဗောဓိတစ်ထောင်ဘုရားဟာ မုံရွာမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာမှာ တည်ရှိပြီး အလွန်ထင်ရှားတဲ့ ဘာသာရေးနေရာတစ်ခု ဖြစ်ပါတယ်။
သမိုင်းကြောင်းနှင့် ထူးခြားချက်များ:
* တည်ဆောက်မှု: ဗောဓိတစ်ထောင်ဘုရားကို ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက လယ်တီဆရာတော်ကြီးရဲ့ ဒါယိကာဖြစ်တဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနာရဒ (သိမ်တော်ဆရာတော်) က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
* ဗောဓိပင် တစ်ထောင်: ဒီနေရာရဲ့ အဓိကဆွဲဆောင်မှုကတော့ ဗောဓိပင်တစ်ထောင်စီအောက်မှာ တစ်ထောင်သော ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း "ဗောဓိတစ်ထောင်" လို့ ခေါ်ဆိုတာပါ။
* လဲလျောင်းတော်မူ မြတ်စွာဘုရား: ဉာဏ်တော်ပေ ၃၃၃ (၁၀၁ မီတာ) ရှည်လျားတဲ့ လဲလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်ကြီးရဲ့ အတွင်းပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ဗုဒ္ဓဝင်ဖြစ်စဉ်တွေကို ပုံဖော်ထားတာ တွေ့ရပါမယ်။
* အလောင်းတော် ကဿပ (ထိုင်တော်မူ) မြတ်စွာဘုရား: ဉာဏ်တော်ပေ ၄၂၄ (၁၂၉ မီတာ) ရှိတဲ့ အလွန်မြင့်မားလှတဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ကမ္ဘာပေါ်မှာ တတိယအမြင့်ဆုံး ရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်ကြီးရဲ့ အတွင်းပိုင်းကိုလည်း အထပ် ၃၀ အထိ တက်ရောက်လေ့လာနိုင်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ ဘဝဖြစ်စဉ် နံရံဆေးရေးပန်းချီတွေနဲ့ ပြခန်းတွေကို ကြည့်ရှုနိုင်ပါတယ်။ အပေါ်ဆုံးအထပ်ရောက်ရင်တော့ ပတ်ဝန်းကျင် ရှုခင်းတွေကို လှပစွာ ကြည့်ရှုနိုင်ပါတယ်။
* စေတီပုထိုးများ: ဗောဓိတစ်ထောင်ဘုရားဝင်းအတွင်းမှာလည်း စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ထားတာ တွေ့ရမှာပါ။
ဗောဓိတစ်ထောင်ဘုရားဟာ မုံရွာမြို့ရဲ့ ဘာသာရေးအမွေအနှစ်ကို ကိုယ်စားပြုတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပြီး ဘုရားဖူးဧည့်သည်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
#မုံရွာ #မုံရွာမြို့

( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ )   အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း #ဆရာမဒေါ်သန့်သန့်သိန်း ( ...
11/08/2026

( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )

( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း လုပ်မှား၊ ကိုင်မှား၊ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ မိမိ လုပ်သည့်ကိစ္စမှအမှန်၊ အခြားသူ ဆိုလျှင် အမှားဟု ထင်မိနေမည်။ မိမိကိုယ်ကို မာန်ဝင့် အထင်ကြီးနေမည်။ အလုပ်၊ ရာထူး၊ ဌာန၊ နေရာ အပြောင်းအရွေ့ ဖြစ်မည်။ ယခုအချိန် အတွင်း အလုပ်သစ်၊ လုပ်ငန်းသစ်များ မစတင်သင့်သေးပါ။ ဝေးကွာနေကြသော အိမ်ထောင်ဖက်၊ ချစ်သူများ၏ အိမ်ထောင်ရေး၊ အချစ်ရေးမှာ အေးစက်သလို ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူများမှာ မိသားစုနှင့် ဘဝရှေ့ရေးအတွက် ရုန်းကန် နေရ သောကြောင့် အိမ်ထောင်‌ရေး အချစ်ရေး အပေါ် အာရုံမရ ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူအပေါ် သစ္စာရှိပေးပြီး ၎င်းတို့၏ အလုပ်များအား တတ်နိုင်သမျှ ကူညီပေးခြင်း၊ ၎င်းတို့ အလုပ်အကိုင် အဆင်ပြေစေရန် ရည်ရွယ်၍ ကုသိုလ်ကောင်းမှု ပြုပေးခြင်း၊ ဘာသာရေး ပြုလုပ်ပေးခြင်းဖြင့်အိမ်ထောင်ရေး၊ အချစ်ရေး ပြန်နွေးထွေးလာမည်။ အဆင်ပြေလာမည်။ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့၌ ခွဲစိတ်ကုသမှု ခံယူရတတ်သည်။ ရောဂါဝေဒနာ ခံစားနေရလျှင်သော်လည်းကောင်း၊ ခွဲစိတ်ကုသရန် ရှိလျှင်သော် လည်းကောင်း အမျိုးသား ဆရာဝန်ဖြင့် ခွဲစိတ် ကုသပါက ဝေဒနာ သက်သာလာမည်။ ခွဲစိတ်ကုသမှု အောင်မြင်မည်။ သို့သော် ကိုယ်ဝန် ဖျက်ချခြင်း မပါဝင်ပါ။ ခြေထောက် ထိခိုက်မိခြင်း၊ လက်နာခြင်း၊ လက်အကြော တင်ခြင်းတို့ ဖြစ်တတ်သည်။ မည်မျှပင် အခက်အခဲ ရှိစေကာမူ မိမိ သင်ယူခြင်းသော သင်တန်း၊ ဘာသာရပ်တို့ကိုသာ ကြိုးစား တက်ရောက် သင်ယူပါ။ အလုပ်၊ အင်တာဗျူးစာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိဘာသာ ကြိုးစားမှသာအောင်မြင်မှု ရရှိမည်။ စီးပွားရေး ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ အုပ်ချုပ်မှု ပညာ၊ အကြံပေးရသော ပညာ၊ အရောင်းအဝယ် ပညာများ သင်ယူပါက နောင်တွင် အဆင်ပြေမည်။
https://vt.tiktok.com/ZS4VTAj3c/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
လက်ရှိ လုပ်ကိုင်နေသော အလုပ်ထက် ပိုမို ကောင်းမွန်သော စီးပွားရေး၊ အလုပ်အကိုင် အသစ်များ ပေါ်ပေါက်လာမည်။ ယခု လုပ်ငန်းအား စွန့်လွတ်၍ အလုပ်သစ်၊ လုပ်ငန်းသစ် များအား ရဲရဲလုပ်ကိုင်ပါက နောင်တွင် ယခုထက် ပိုမိုအဆင်ပြေမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန်လျှောက်ထားသူများ၊ လမ်းစ ရှာဖွေ နေသူများ အနေဖြင့် သတင်းကောင်း ကြားရမည်။ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများ အဖို့အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားကောင်းများကြောင့် ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးခြင်းများ ကြုံတွေ့ရနိုင်သောကြောင့် ၎င်းတို့ဖြင့် အဆင်ပြေအောင် နေထိုင် လုပ်ကိုင်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူ နှင့် မျက်နှာကြောမတည့် ဖြစ်နေတတ်သည်။ မည်သည့်ကိစ္စမဆို သဘောမတူညီဘဲ ဖြစ်နေမည်။ ထို့ကြောင့် မကြာခဏ စကားများရခြင်း၊ အချင်းများခြင်းတို့ ဖြစ်တတ်သည်။ နှစ်ဦးစလုံးမှ စိတ်လျှော့၍ ညှိနှိုင်းယူမှသာ ပြန်လည်အဆင်ပြေနိုင်မည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာလာမည်။ ပျောက်ကင်းလာမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံ ရပ်ခြား သို့ ဆေးသွားကုရန် အစီအစဉ်ရှိပါက ယခု အချိန်သည် အကောင်းဆုံး အချိန် ဖြစ်သည်။ အဆစ်အမြစ်၊ ခြေ၊ လက် ထုံကျင် ကိုက်ခဲခြင်း၊ယောင်ယမ်းခြင်း အအေးမိခြင်း၊ နမိုးနီးယား၊ လေးဘက်နာရောဂါ ဖြစ်တတ်သည်။ လေဖြတ်တတ်သဖြင့် ညနေဘက်၊ ညဘက်နှင့် နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်းများရှောင်ကြဉ်ပါ။ ပညာရေး ကံကောင်းနေသည်။ မမျှော်လင့်ဘဲ ရာထူးတိုး စာမေးပွဲများ ဖြေဆိုရပြီး ရာထူးတိုးခြင်း၊ လုပ်ခလစာတိုးခြင်းတို့ကြုံရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။ မပြီးဆုံးသေးသော ပညာရေးသင်တန်းများ၊ စာတမ်းဖတ်ခြင်းများ၊ ဘွဲ့လွန်အတွက် သုတေသနများ ဆက်လက်၍ လုပ်ဆောင်ရမည်။
https://vt.tiktok.com/ZS4V33sf7/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း အထက်လူကြီး၊ အကြီးအကဲများနှင့် သဘောထား ကွဲလွဲနေမည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်မပြေ ဖြစ်နေတတ်သည်။ မိမိလုပ်ချင်သည့် ကိစ္စနှင့် အများလုပ်ချင်သည့် ကိစ္စတို့ မတူညီဘဲ ဖြစ်နေတတ်သည်။ ထိုကြောင့် စိတ်လျှော့၍ အများသဘော ဆန္ဒအတိုင်း လိုက်လျော လုပ်ကိုင်ပေးမှသာ ယခုကာလအတွင်း အလုပ်အကိုင်များ၊ စီးပွားရေး လုပ်ငန်းများအဆင်ပြေနိုင်မည်။ အလုပ်သစ်၊ လုပ်ငန်းသစ် များ မစတင်သင့်ပါ။ ရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ထားပါက အမြတ် ခွဲဝေသောအခါ မိမိအားပေးရန် မေ့လျော့ခံ ရတတ်သည်။ အိမ်ထောင်ဖက်ဟောင်း၊ ရည်းစားဟောင်း၊ အချစ်ဟောင်းမှ ပြန်ပေါင်းရန်၊ ပြန်တွဲရန်ကမ်းလှမ်းခြင်း ခံရမည်။ သို့သော် လက်ရှိ အိမ်ထောင်ရေး၊ အချစ်ရေးတွင် ပြဿနာများဖြင့် ကြုံတွေ့နေရတတ်သည်။ သား၊ သမီး အရေးကိစ္စများနှင့် ပတ်သက်၍ အိမ်ထောင်ဘက်နှင့် အကြီးအကျယ် စကားများရ တတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းနိုင်ပါက စီးပွားရေး၊ အလုပ်အကိုင်များပါ ပြန်အဆင်ပြေလာမည်။ မည်မျှပင် ချစ်ခင်နှစ်သက် စေကာမူ ချစ်သူမှ အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲထားခြင်း ခံရတတ်သည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်မှန်ပါဝါ မကိုက်ခြင်း စသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်း‌လေးခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရ တတ်ပါသည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆေးမှားတတ်‌သောကြောင့် ဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ ပညာရေးကံ တက်နေသည်။ အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားများကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်နိုင်သည်။ ပညာရပ် ကို အသုံးချပြီးစိတ်တိုင်းကျ လုပ်ကိုင်ရသော အလုပ်အကိုင်မျိုး ရရှိမည်။ မိမိသင်ယူ ချင်သော ပညာရပ် အသစ်များ သင်ယူရမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော် သင် ခရီးစဉ်အောင်မြင်မည်။ သေသေချာချာ ကြိုးစားပါကဂုဏ်ထူးရရှိခြင်း၊ ထူးချွန်ဆုများ ရရှိသည်အထိ ကျောင်း၊ သင်တန်း စာမေးပွဲများတွင် ထိပ်ဆုံးမှ အောင်မြင်မည်။
https://vt.tiktok.com/ZS4V33MHr/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများ ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေရမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ခြင်းထက် လက်ရှိလုပ်ငန်းအား ပိုမိုတိုးချဲ့ လုပ်ကိုင်ခြင်းကသာ ပိုအဆင်ပြေနိုင်မည်။ "တည်ငြိမ်လေ အောင်မြင်လေ" ကာလ ဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်ဆောင်ပါ။ အောက်လက်ငယ်သား၊ ဝန်ထမ်း သတိထားပါ။ ဒုက္ခပေးတတ်သည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသာ အိမ်ထောင်ဖက်၊ ချစ်သူနှင့် ပြန်ဆုံဆည်းရခြင်း၊ ဆုံဆည်းရန် လမ်းစ ပေါ်လာခြင်းတို့ ကြုံရမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင်ကောင်းမွန်သော အလှည့် အပြောင်း ကြုံရပြီး ယခင်က ညှိနှိုင်းမရခဲ့သော ကိစ္စများ ပြန်လည် ညှိနှိုင်း လာနိုင်မည်။ သား၊ သမီး ရတနာ ရမည်။ အမွှာပူး ဖြစ်လိမ့်မည်။ ချစ်သူ မရှိသေးသော သူများ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ သူနှင့် ဖူးစာ ဆုံတတ်သည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာလာမည်။ ပျောက်ကင်းလာမည်။ ကားကိုယ်တိုင် မောင်းပါက ဂရုစိုက်ပါ။ မိမိအမှား မဟုတ်ဘဲ အခြားသူ၏ အမှားကြောင့် ယာဉ်အန္တရာယ် ကြုံတွေ့ရ တတ်သည်။ ရုတ်တစ်ရက် သွေးထိုးတတ်ခြင်း၊ ထိုးကျခြင်းတို့ကြောင့် ဆေးရုံဆေးခန်း တက်ရောက်ရတတ်သည်။ အထိုင်များခြင်းကြောင့် အညောင်းမိခြင်း၊ သွေးလေ မညီညွတ် ခြင်းတို့ ဖြစ်တတ်သည်။ မိမိ တတ်မြောက်ထားသော ပညာရပ်များအား ခေတ္တခဏ မေ့လျော့ပြီး ပညာရပ် အသစ်များ သင်ယူပါက နောင်တွင် ယခုအခြေအနေထက် ပိုမို၍ ဘဝတိုးတက် အောင်မြင်လာမည်။ ပညာရပ် အသစ်ကြောင့် အလုပ်များ ပိုမို လုပ်ကိုင် ရခြင်း၊ ရာထူးတက်ခြင်း၊ အခွင့်အရေးရခြင်း တို့ ကြုံရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။
https://vt.tiktok.com/ZS4V3VaSF/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ "ကြာသပ‌တေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း ဟိုဟာလုပ်ရ ကောင်းနိုးနိုး၊ဒီဟာလုပ်ရ ကောင်းနိုးနိုး ဖြစ်နေမည်။ ဟိုအလုပ်လည်း လုပ်ချင်၊ ဒီအလုပ်လည်း လုပ်ချင်ဖြင့် ဝေခွဲမရ၊ စဉ်းစားမရ ဖြစ်နေ တတ်သည်။ လုပ်ငန်းပြိုင်၊ လူပြိုင်ဝင်လာတတ်သည်။ ကောင်းမွန် မှန်ကန်သည့် အလုပ် ကိုသာ ဦးစားပေး လုပ်ကိုင်ပါ။ ပညာရေးနှင့် ပတ်သက်သော အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အလွတ်သင် ဆရာ၊ ဆရာမများ၊ ပညာရပ် တစ်ခုခုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ၊ စာကြည့်ဂိုက်များ အဆင်ပြေမည်။ အိမ်ထောင်ဖက် ဟောင်း၊ ရည်းစားဟောင်း၊ အချစ်ဟောင်းမှ ပြန်ပေါင်းရန်၊ ပြန်တွဲရန်ကမ်းလှမ်းခြင်း ခံရ မည်။ သို့သော် လက်ရှိအိမ်ထောင်ရေး၊ အချစ်ရေးတွင် ပြဿနာများဖြင့် ကြုံတွေ့နေရ တတ်သည်။ သား၊ သမီးအရေးကိစ္စများနှင့် ပတ်သက်၍ အိမ်ထောင်ဖက်နှင့် အကြီးအကျယ် စကားများရတတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းနိုင်ပါက စီးပွားရေး၊ အလုပ်အကိုင်များပါ ပြန်အဆင်ပြေလာမည်။ မည်မျှပင် ချစ်ခင်နှစ်သက် စေကာမူ ချစ်သူမှ အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲထားခြင်း ခံရတတ်သည်။ နှစ်ရှည်လများ ခံစားနေရသော ဝေဒနာရှင်များ၊ နာတာရှည် ရောဂါသည်များ သက်သာ လာမည်။ ရောဂါ ဝေဒနာ ပျောက်ကင်း လာမည်။ ခွဲစိတ် ကုသရမည့် လူနာများ ယခုကာလ အတွင်း လုံးဝ မခွဲစိတ်သင့်သေးပါ။ အမျိုးသားများ လည်ပင်း၊ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ခံစားရ တတ်ပါသည်။ အမျိုးသမီးများ လက်ထိခိုက်မိတာသည်။ အမောဖောက်ခြင်း၊ အသက်ရှူ မဝခြင်းတို့ ဖြစ်တတ်သည်။ မိမိ၏ အထက်လူကြီး၊ အမျိုးသမီးများကြောင့် မိမိ၏ ပညာရေး ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်မည်။ ပညာရေးနှင့် ပတ်သက်ပြီး ခရီးသွား ရတတ်သည်။
https://vt.tiktok.com/ZS4Gq4P7D/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
ယခုကာလအတွင်း အများအကျိုးပြုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ၊ ဘာသာရေး အလုပ်များ၊ ကုသိုလ်ကောင်းမှုများ ပြုနေရတတ်သည်။ ထိုကဲ့သို့ ဘာသာရေးနှင့် ပရဟိတ အလုပ်များ လုပ်ကိုင်ရင်း မိမိ စီးပွားရေးနှင့် အလုပ်အကိုင်များပါ အဆင်ပြေလာမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်နိုင်သည့် ကာလ ဖြစ်သည်။ မိမိ၌ ရှိသော ရွှေ နှင့် လုပ်ငန်းများ မရောင်းချသင့်သော အချိန် ဖြစ်ပါသည်။ မြေနှင့် ခြံ ဝယ်ယူထားပါက အကျိုးထူးများ ရရှိမည်။ ယခုကာလအတွင်း ရွှေဆိုင်များ၊ ရွှေဝယ်ရောင်းလုပ်ငန်းများ၊ ရွှေပန်းတိမ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်း၊ ဆိုလာ၊ အင်ဗာတာ ရောင်းဝယ်သော လုပ်ငန်း များ၊ လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ရေပေါ်ဟိုတယ် လုပ်ငန်း၊ ရေသန့်၊ ရေခဲစက် လုပ်ငန်းများ၊ ရေနှင့် ပတ်သက်သော လုပ်ငန်များ၊ အမျိုးသား အဝတ်အထည်ဆိုင်များ အဆင်ပြေမည်။ အိမ်ထောင်ရေးအချစ်ရေးတွင် မမျှော်လင့်သော အလှည့်အပြောင်းများ ကြုံရမည်။ မိမိ ချစ်ခင်နှစ်သက်သူနှင့် လက်ထပ်ထားပါက အိမ်ထောင်ရေး အဆင်ပြေနိုင်ပြီး မိဘ သဘောတူသူနှင့်လက်ထပ်ထားပါက ကွဲနိုင်သည်။ သား၊ သမီးရတနာရမည်။ အဆင်ပြေနေသော အချစ်ရေးတွင် မမျှော်လင့်ဘဲ အတိုက် အခိုက်၊ ပြဿနာများ ကြုံလာရတတ်သည်။ အနာဂတ် အရေး၊ လက်ထပ်ဖို့ အရေး ဆွေးနွေးရင်းမှ ရန်ဖြစ်စကားများခြင်း၊ စိတ်ဆိုး, စိတ်ကောက်ခြင်းတို့ဖြစ်တတ်သည်။ နှလုံးခုန် မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အမောဖောက်ခြင်း၊ နှလုံး၌ စက်တက်ရခြင်း စသော နှလုံးနှင့် ပတ်သက်သောရောဂါ ဝေဒနာများ၊ သွေးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ ပညာရပ် အသစ်များ သင်ယူရခြင်း၊ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာ‌တော်သင် သွားရခြင်း၊ ပညာတော်သင် ရွေးချယ်ခံရခြင်း၊ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်ခြင်းဖြင့်ပညာရေး ကံကောင်းနေသည်။ ပညာရေးအတွက် အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားကောင်း များ၏ လမ်းညွှန် ပြသမှု ကူညီထောက်ပံ့မှုများ ရရှိမည်။ ပညာရေးနှင့် ပတ်သက်ပြီး မိမိ စိတ်တိုင်းကျ သင်ယူခွင့်၊ လေ့လာခွင့် ရရှိမည့် ကာလ ဖြစ်သည်။ ကြိုးစားရင် ကြိုးစား သလောက် အောင်မြင်မှု ရရှိမည့်ကာလလည်း ဖြစ်သည်။
https://vt.tiktok.com/ZS4GqMNC6/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများတွင်အခက်အခဲ၊ ပြဿနာများဖြင့် ကြုံရတတ်သည်။ အမျိုးသမီး တစ်ဦးတစ်ယောက်ကြောင့်လုပ်ငန်း၏ လျို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ နည်းပညာများ ခိုးယူခံရခြင်းဖောက်သည်များ လျော့နည်းသွားခြင်းတို့ ဖြစ်တတ်သည်။ မိမိနှင့် သူဌေးကြား၊ မိမိနှင့် ရင်းနှီးမြှုပ်နှံသူများကြား၊ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များ အကြား သွေးထိုး ချောက်ချ ခံရတတ်သည်။ မိမိစကားထက် ၎င်း၏ စကားအား ပိုမို ယုံကြည်ကြလိမ့်မည်။ အိမ်ထောင်ရေး၊ အချစ်ရေး တင်းမာနေမည်။ မိမိ၏ ခေါင်းမာမှုနှင့် တဇွတ်ထိုး လုပ်ရပ်များက အိမ်ထောင်ရေး၊ အချစ်ရေးအား လမ်းဆုံးသို့ တွန်းပို့သလို ဖြစ်နေမည်။ မိမိ၏ တစ်ဖတ်သတ်ဆန်သော ဆုံးဖြတ်ချက်များကြောင့် စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ပျက်တတ်သည်။ ချစ်သူနှင့် ကွေကွင်းရတတ်သည်။ ခေါင်းလေးခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းပူခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ သွေးနှင့် ပတ်သက် သော ရောဂါဝေဒနာများ ခံစားရတတ်သည်။ အထိုင်များခြင်းကြောင့် အာရုံကြောညှပ်ခြင်း၊ အကြောတတ်ခြင်း၊ အညောင်းမိခြင်းတို့ ဖြစ်တတ်သည်။ ပညာသင်ယူရာတွင် ဆရာသမား များ၏ စကားအား သေသေချာချာ ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ အပေါင်းအသင်း မှားတတ်သည်။ အပေါင်းအသင်းကြောင့် လမ်းမှားနောက် လိုက်မိပါက ပညာရေး တစ်ပိုင်းတစ်စ ဖြစ်မည်။ အလုပ်၊ အင်တာဗျူး ဖြေဆိုရာတွင် လျှောက်ထားသော ရာထူး၊ အလုပ်၊ လစာနှင့် ရရှိလာသော အလုပ်၊ ရာထူး၊ လစာတို့မှာ မတူညီတတ်ပေ။
https://vt.tiktok.com/ZS4GqcFa3/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------

တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#‌ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

Address

Street; Pazundaung Township
Pazundaung
11171

Telephone

+959791295458

Website

Alerts

Be the first to know and let us send you an email when Ticket Online Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ticket Online Sales:

Shortcuts

Share

Category