Ticket Online Sales

Ticket Online Sales Air Ticket, Bus Ticket, Balloon Flight, Cruise Ticket, Entrance Tickets Are you looking for promotion or cheap ticket of domestic or international flight?

Please like and buy from our Page. You no need to waste time to find & booking.

21.6.25 နေ့တွင်   မှ   အီရန် ကို စတင်တိုက်ခိုက်ပြီး ယနေ့ 23.6.25 မှ စတင်ကာ အရှေ့အလယ်ပိုင်းဒေသ   နေရာများသို့ လေယာဥ် ပျံသ...
23/06/2025

21.6.25 နေ့တွင် မှ အီရန် ကို စတင်တိုက်ခိုက်ပြီး ယနေ့ 23.6.25 မှ စတင်ကာ အရှေ့အလယ်ပိုင်းဒေသ နေရာများသို့ လေယာဥ် ပျံသန်းရန် #လုံခြုံစိတ်ချရမှု မဖြစ်နိုင်သောကြောင့် ခရီးသည်များ၏ လုံခြုံရေးကို
စဥ်းစားပြီး
Airlines,
France KLM, and
Airways,
များမှ #အီရန် , #အီရတ် , #ဆီးယီယား , and #အစ္စရေး မြို့များသို့ ပြေးဆွဲနေသော #လေယာဥ်ခရီးစဥ်များ အားလုံးအား ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေငြာထားပါသည်။




Hotline: +95 9791295458

==================================

: Watch: Flight Data Shows Airlines Avoiding Middle East Airspace After US Strikes Iran

FlightRadar24 data on June 23 showed commercial planes rerouting around Iran, Iraq, Syria, and Israel following US strikes on Iran’s nuclear sites. Major airlines, including Singapore Airlines, Air France KLM, and British Airways, cancelled flights citing security concerns. The shutdown of this key corridor has disrupted Asia-Europe traffic. Israel announced special rescue flights as thousands sought to leave the country. Safe Airspace warned of heightened regional threats to airlines, especially US carriers after the US struck Iran on June 21.

Credit:

https://m.facebook.com/story.php?story_fbid=1215605967267055&id=100064529896794&mibextid=ZbWKwL

ဒေါ်နွယ်ထွန်း သတင်းတွေတင်လို့လား မသိဘူး -မနက်က account ပိတ်ခံ ထိပါတယ်။ အခုမှပြန်ဝင်လို့ရတာပါ။  ဒါကြောင့် အောက်က VIBER CH...
17/06/2025

ဒေါ်နွယ်ထွန်း သတင်းတွေတင်လို့လား မသိဘူး -မနက်က account ပိတ်ခံ ထိပါတယ်။ အခုမှပြန်ဝင်လို့ရတာပါ။
ဒါကြောင့် အောက်က
VIBER CHANEL LINK. (သို့) QR CODE ကို SCAN ဖတ်ပြီး CHANNEL JOIN ပေးထားကြပါဦး။

Viber CHANNEL LINK ⬇️ ⬇️ ⬇️

Join TTT TRAVEL & TOUR - MYANMAR on Viber https://invite.viber.com/?g2=AQBUdppyOUqq11P9%2FQQvjNqq5eCBAtt8Wy27D4wjRlPUMGS0%2FK9NAhpjJCyCw%2F%2Fr

------------------------------------

TELEGRAM CHANNEL LINK ⬇️ ⬇️ ⬇️

https://t.me/TTTtraveltourmyanmar

မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်သူများအတွက် စာဖြေဌာနနေရာကြေငြာခြင်း။(N1 Level)၂၀၂၅ ခုနှစ်၊ ဇူလိ...
16/06/2025

မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်သူများအတွက် စာဖြေဌာနနေရာကြေငြာခြင်း။
(N1 Level)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်(N1 Level)စာဖြေသူများအနေဖြင့် မိမိတို့၏ Test Voucher ပေါ်တွင်ပါသော မန္တလေးစာဖြေဌာနလိပ်စာအစား အောက်ဖော်ပြပါ ရန်ကုန်စာဖြေဌာနလိပ်စာအတိုင်း လာရောက် ဖြေဆိုကြရမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

ယခုကြေငြာချက်နှင့်အတူကျောင်း၏ လိပ်စာ နှင့် မြေပုံအမှတ် အားတပါတည်းဖော်ပြအပ်ပါသည်။

ယခုကြေငြာချက်သည် မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်သူများအတွက်
သာဖြစ်ပြီး မူလရန်ကုန်စာဖြေဌာနအတွက်လျှောက်ထားသူများအတွက် သက်ဆိုင်မှုမရှိပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
01-757 10 15 (EXT – 1)

Credit: MAJA!

မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီး မီးလောင်ခဲ့ရာတွင် ပျက်စီးခဲ့သည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်စစ်ဆေးမန္တလ...
16/06/2025

မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီး မီးလောင်ခဲ့ရာတွင် ပျက်စီးခဲ့သည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်စစ်ဆေး

မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းသို့ ပျက်စီးခဲ့သည့် အဖြေလွှာများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ ဘာသာစုံဖြေဆိုထားသည့် ကျောင်းသားကျောင်းသူ ၆၃၀၀၀ ရှိပြီး ၎င်းတို့အတွက် စာမေးပွဲကို ဇွန် ၁၆ ရက်တွင် စတင်စစ်ဆေးခြင်းဖြစ်သည်။

ဇွန် ၁၆ ရက်တွင် မြန်မာစာ၊ ၁၇ ရက်တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်တွင် သချင်္ာ၊ ၁၉ ရက်တွင် ဓာတုဗေဒ/ ပထဝီဝင်၊ ၂၀ ရက်တွင် ရူပဗေဒ/ သမိုင်း၊ ၂၁ ရက်တွင် ဇီဝဗေဒ/ ဘောဂဗေဒ တို့ ဖြေဆိုရမည်ဖြစ်သည်။

Read More - - - >>>

မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး မီးလောင်ခဲ့ရာတွင် ပျက်စီးခဲ့သည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲပ....

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ (၇)ရက် သား/သမီးများအတွက်           တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း( ၁၃.၆.၂၅ ) မှ ( ၁၉.၆...
16/06/2025

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မကြာသေးခင်က စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များ ပျက်စီး ဆုံးရှုံးထားသောသူများ အနေဖြင့် ယခုအချိန်သည် အလုပ်သစ်၊ လုပ်ငန်းသစ်များ ပြန်လည် စတင် လုပ်ကိုင်နိုင်သည်။ လက်ရှိ လုပ်ကိုင်နေသူများ အနေဖြင့် ယခု ကာလအတွင်း မိမိ၏ အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ ရပ်တန့်ရခြင်း၊ ပိတ်သိမ်းခံရခြင်းတို ကြုံတွေ့ရတတ်သည်။ ကုန်ပစ္စည်း သိုလှောင်ရုံများ၊ ဂိုတောင်၊ စက်ရုံအလုပ်ရုံများ မီးဘေး အန္တရာယ် ဂရုစိုက်ပါ။ ဌာနဆိုင်ရာများနှင့် ပတ်သက်သော လုပ်ငန်းများ သတိထား ဆောင်ရွက်ပါ။ စပ်တူ၊ ရှယ်ယာ လုပ်ကိုင်ထားသော လုပ်ငန်းများ အထူး ဂရုပြု လုပ်ကိုင်ပါ။ ရာထူးတိုး ဖြေဆိုထားသော ဝန်ထမ်းများ မိမိ အထက် အရာရှိ အကြီးအကဲများနှင့် အဆင်ပြေအောင်ပေါင်းသင်း ဆက်ဆံနေထိုင်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် မမျှော်လင့်သော အလှည့်အပြောင်းများ ကြုံတွေ့ရမည်။ နှစ်ဖက် အသိုင်းအဝိုင်း နှင့် ဆွေမျိုးများကြောင့် အိမ်ထောင်ရေး၊ အချစ်ရေးတွင် စိတ်ညစ်၊ စိတ်ရှုပ် နေရတတ်သည်။ အိမ်တွင် ညအိပ်၊ ညနေ ဧည့်သည် လုံးဝ လက်မခံပါနှင့်။ လက်ထပ် ပြီးပြီးချင်း အလုပ်ကိစ္စဖြင့် ခရီးထွက်ရတတ်သောကြောင့် မိမိ အိမ်ထောင်ဖက် (သို့) ချစ်သူအား နားလည်အောင် သေချာစွာ ပြောပြ ရှင်းပြပါ။ စီးပွားရေး သာမက အိမ်ထောင်ရေးပါ ပျက်စီး၊ ဆုံးရှုံးတတ်သောကြောင့် အရက်သေစာ သောက်စားခြင်း၊ လောင်းကစား၊ မိန်းမလိုက်စားခြင်း အထူး ရှောင်ကြဉ်ပါ။ စေ့စပ်ပွဲ၊ မင်္ဂလာပွဲများ ပြုလုပ်ရန် တေ့လွဲလွဲ နေတတ်သည်။ ရည်းစားဟောင်း၊ အချစ်ဟောင်းပြန်ပေါ်လာပြီး နှောင့်ယှက်ခြင်း ကြုံတွေ့ရတတ်သည်။ စိတ်ပူပန်စရာ၊ စိတ်ရှုပ်စရာများမှုကြောင့် ယာဉ်မတော်တဆမှု ကြုံတွေ့ရတတ်သည်။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းလေးခြင်းစသော ဦးခေါင်းနှင့် ပတ်သက်သောရောဂါ ဝေဒနာများ ဇက်ကြောတက်ခြင်း၊ အညောင်းမိခြင်း စသော ဝေဒနာများ ခံစားရတတ်ပါသည်။ ရောဂါဝေဒနာ ခံစားနေရပါကအမျိုးသမီး အမည်ပါသော ဆေးရုံ၊ ဆေးခန်း၌ ပြသခြင်း၊ အမျိုးသမီး ဆရာဝန်၊ အထူးကုတိုဖြင့် ကုသခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။ မိမိ နှစ်ပေါင်းများစွာ လေ့လာ နေသော ပညာရပ် အသစ်များ သင်ယူ ရရှိမည်။ရာသီဥတု၊ မိုးလေဝသနှင့် ပတ်သက်သော ပညာရပ်များ၊ စူးစမ်း ရှာဖွေခြင်းနှင့် ပတ်သက်သော ပညာရပ်များ၊ သုတေသန လုပ်ခြင်းနှင့် ပတ်သက်သော ပညာရပ်များ၊ ရွှေနှင့်ပတ်သက်သော ပညာရပ်များ သင်ယူ ရရှိမည်။ နိုင်ငံရပ်ခြား ပညာတော်သင် သွားရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ရေကုန်ရေခမ်း ကြိုးစားပါက အောင်မြင်မည်။ ငွေကြေးထက် ပညာရမည့် အလုပ်အား ရွေးချယ် လုပ်ကိုင်ပါ။
https://vt.tiktok.com/ZSkfY7pDx/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ရန် နည်းပညာ၊ အခွင့်အရေးနှင့် အကူအညီများ ရရှိမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်ပြီး လုပ်ကိုင်ရသော လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ ကုန်စည်ပိုဆောင်ရေး လုပ်ငန်းများ အဆင်ပြေမည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် လျောက်ထားသူများ၊ နိုင်ငံခြား သင်္ဘောတက်ရန် စောင့်ဆိုင်းနေသူများ အလုပ်ရမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ အကျိုးပေးမည့် အချိန်ဖြစ်ပါသည်။ မိတ်ကောင်း၊ ဆွေကောင်းများ ပေါများနေမည့် ကာလဖြစ်ပါသည်။ မိမိအိမ်ထောင်ဘက် (သို့) ချစ်သူမှ သစ္စာ ဖောက်ခြင်း ခံရမည်။ မိမိ မသိလိုက်သော အချိန်တွင် သစ္စာဖောက်ပြီး ဖြစ်နေတတ်သည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူအား လုပ်ဖော်ကိုင်ဖက်၊ အမျိုးသမီးမှ စိတ်ဝင်စားနေလိမ့်မည်။ ရပ်ဝေးနယ်ခြားမှ ဝါသနာတူ အမျိုးသား၊ အမျိုးသမီး မိတ်ဆွေမှ နှောက်ယှက်ခြင်း ခံရမည်။ မိမိ အိမ်ထောင်ဖက် (သို့) ချစ်သူအား မိမိ မပါဘဲ ညစာစားပွဲ တက်ခြင်း၊ ညအိပ်ညနေ ခရီးသွားခြင်း များ တားသင့်သည်။ တားမရပါက မိမိပါ လိုက်ပါသွားသင့်သည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက် ခြင်း စသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်း‌လေးခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာများ ခံစားရ တတ်ပါသည်။ အထိုင်များခြင်း ကြောင့်၊ အညောင်းမိခြင်း၊ ဇာက်ကြောတက်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန် နှစ်ဦး၌ ဆေးကုသမှုခံယူခြင်း၊ ဆေးနှစ်မျိုး သုံးစွဲခြင်းတို့ကြောင့် ဆေးမှားတတ်သည်။ ရောဂါ ဝေဒနာ ခံစားနေရပါကဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာလိုက်နာ ကုသသင့်ပါသည်။ အပေါင်းအသင်း၊ သူငယ်ချင်းများကြောင့် စိတ်သောက ရောက်ရပြီး စာကို အာရုံ မစိုက်နိုင်ခြင်း၊ စာကျက်မရခြင်း၊ စာမေးပွဲ မဖြေဖြစ်ခြင်း တိုကြောင့် စာမေးပွဲ ကျတတ်ပါသည်။ လူပေါင်းမှား တတ်သည်။ စာမေးပွဲ နားနီးချိန်တွင် မိမိ၏ မှတ်စုစာအုပ်များ ငှားပေးခြင်း၊ မေးခွန်းလိုက်ခြင်း၊ သူငယ်ချင်းများ၏ စကားကို နား‌ယောင်ပြီး စာကို ရွေးချယ် ကျက်မှတ်ခြင်းများ ရှောင်ကြဉ်ပါ။ ပညာရေး ကံ ညံ့နေသောကြောင့် ယခုကာလအတွင်း အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဆိုသင့်ပါ။
https://vt.tiktok.com/ZSkPtpHaw/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အတိုက်အခိုက်များ၊ အပြိုင်ဆိုင်များ များနေမည့်ကာလဖြစ်သည်။ တိုက်ခိုက်သမျှ မကြောက်ပါ နှင့်။ ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်ပါက အောင်မြင်မည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင် ရန် ရှိပါက မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှသာ အောင်မြင်မှု ရရှိမည်။ အပေါင်း အသင်း၊ သူငယ်ချင်း၊ အောက်လက် ငယ်သား၊ ဝန်ထမ်း သတိထားပါ။ ဒုက္ခပေးတက်သည်။ ကားနှင့် ပတ်သက်သော လုပ်ငန်းများ၊ ကားအငှား လုပ်ငန်းများ၊ ယာဉ်အမျိုးမျိုးနှင့် ပတ်သက် သည့် လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ကားရောင်းဝယ်ခြင်း လုပ်ငန်း၊ ကားငှားခြင်းခြင်း လုပ်ငန်း၊ ခရီး လှည့်လည် သွားလာ လုပ်ကိုင်ရသော လုပ်ငန်းများ အဆင်ပြေမည်။ ယခင်က အဆင်မပြေထားသော အိမ်ထောင်ရေး၊ အချစ်ရေး ပြန်လည် အဆင်ပြေလာမည်။ နှစ်ဦးသား ညှိနှိင်း မရခဲ့သော ကိစ္စရပ်များ ယခုအချိန်တွင် ညှိနှိင်းပါက ပြေလည်မှု၊ နားလည်မှု ရရှိမည်။ အိမ်ထောင်ဖက် ရပ်ဝေးနယ်ခြားတွင် အလုပ် လုပ်ကိုင်နေပါက သတင်းကောင်း ကြားရမည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူနှင့် ပြန်ဆုံဆည်းရခြင်း၊ ဆုံဆည်းရန် အခွင့်အရေး ရရှိခြင်းတို့ ကြုံမည်။ ချစ်သူ၊ ရည်းစား မရှိသေးသောသူများ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ သူနှင့် ဖူးစာ ဆုံတတ်သည်။ လက်ထပ်ပြီး မိမိ မွေးရပ်မြေ မဟုတ်သော ရပ်ဝေးနယ်ခြားတွင် အခြေချ နေထိုင် ရတတ်သည်။ ကောင်းမည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက်ခြင်း စသော မျက်လုံးနှင့် ပတ်သက် သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်း‌လေးခြင်းစသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရ တတ်ပါသည်။ အထိုင်များခြင်းကြောင့်၊ အညောင်းမိ ခြင်း၊ ဇာက်ကြော တက်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန်နှစ်ဦး၌ ဆေးကုသမှု ခံယူခြင်း၊ ဆေးနှစ်မျိုး သုံးစွဲခြင်း တို့ကြောင့် ဆေးမှားတတ်သည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ အပျော်အပါး၊ မိန်းမ၊ လောင်းကစား မက်ပြီး ပညာရေးတွင် စိတ်မပါဘဲ ဖြစ်နေတတ်သည်။ အလွယ်လမ်း၊ ဖြတ်လမ်း၊ မကောင်းသော နည်းလမ်း တို့ဖြင့်သာ အောင်မြင်လိုစိတ် ရှိနေသည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ၊ ကျောင်း၊ သင်တန်း စာမေးပွဲများ ဖြေဆိုရာတွင် မိမိ၏ မရိုးဖြောင့်သော၊ အလွယ်လိုက်ချင်သော စိတ်ကြောင့် အောင်မြင်ရန် ခက်ခဲနေတတ်သည်။ နည်းမှန် လမ်းမှန် ဖြင့်သာ သေသေချာချာ ကြိုးစား ဖြေဆိုပါ။
https://vt.tiktok.com/ZSkm2gG2F/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များ မိမိ စိတ်တိုင်းကျ လုပ်ကိုင်လာနိုင်မည်။ မိမိထက် အင်အားကြီးသူ၊ လုပ်ငန်းကြီးသူများမှ အကူအညီ ပေးလိမ့်မည်။ အမျိုးသမီး အကျိုးပေးသော ကာလဖြစ်သောကြောင့် အမျိုးသမီးများနှင့် တွဲဖက် လုပ်ကိုင်သင့်သည်။ သစ်တောထွက် ပစ္စည်း များ ရောင်းဝယ်ခြင်း၊ သတ္တုတွင်းထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း လုပ်ငန်းများ၊ ကျောက်မျက်ရတနာ ထူးဖော်ခြင်း လုပ်ငန်းများ အဆင်ပြေမည်။ စိတ်ရှုပ်စရာ ခေါင်းပူစရာ ပြဿနာများ မိမိအပေါ် ပုံကျလာပါက ခေါင်းအေးအေး၊ စိတ်ရှင်းရှင်းထားပြီး အချိန်ယူ ဖြေရှင်းပါ။ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မည်။ အိမ်ထောင်ရှင်များ နှစ်ဘက် အသိုင်း အဝိုင်းနှင့် မိဘများကြား စိတ်ရှုပ်၊ စိတ်ညစ် နေရတတ်သည်။ မည်သည့်ကိစ္စမှ ကြားဝင် မဖြေရှင်း ဘဲ မိမိတို့ ဘာသာ မှန်မှန်ကန်ကန် နေထိုင်ပါ။ မိမိမှ ဘက်လိုက်သည်ဟု စွပ်စွဲပြောဆို ခံရတက် သည်။ ငယ်ရွယ်သူများ နှစ်ဦးနှစ်ယောက်ကြား ဗျာများ နေရတတ်သည်။ စည်းစိမ်ချမ်းသာ ပြည့်စုံသူနှင့် ချစ်ခင်ရသူ နှစ်ဦးအကြား ရွေးရ ခက်နေတတ်သည်။ မိမိချစ်ခင်နှစ်သက်သောသူ နှင့်လက်ထပ်ပါက တစ်သက်တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေး၊ အချစ်ရေး အား မိမိထက်ကြီးသော အမေ၊ အဖွားစသော လူကြီး၊ မိဘများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက် ချပါ။ ရေချိုးမှား၍ ဖျားတတ်သည်။ ခြေချော်လဲတတ်သည်။ ရေစပ်နား၊ ချောင်းနား၊ ရေဝပ်သော နေရာများ သွားပါက သတိထားပါ။ ကျောနာခြင်း၊ ကျောအောင့်ခြင်း၊ ခြေထောက်နာခြင်း စသော ဝေဒနာများ ခံစားရသည်မှ အပကြီးမားသော ကျန်းမာရေး အညံ့ မရှိပါ။ မိမိတက်ရောက်ချင်သော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်နှင့် လက်ရှိသင်ကြားနေရသော ကျောင်း၊ သင်တန်း၊ တက္ကသိုလ် တို့ မတူညီတတ်‌ပေ။ မည်မျှပင် ခက်ခဲသော်လည်း မိမိ တက်‌ရောက်ချင်သော ‌ကျောင်း၊ သင်တန်း၊ တက္ကသိုလ်ကိုသာ ကြိုးစား တက်ရောက်သင်ယူပါ။ သိုမဟုတ်ပါက ကျောင်းတက်နေရင်းပင် စိတ်ထွေပြားပြီး ပညာရေး ဆုံးခန်းမတိုင် ဖြစ်တတ်သည်။ ဥပဒေ ပညာရပ်များ၊ စီမံအုပ်ချုပ်မှု ပညာရပ်များ၊ တိုင်ပင် ဆွေးနွေး အကြံပေးရသော ပညာရပ်များ၊ စီးပွားရေးတွင် ကိုယ်တိုင် စီးပွားရေး လုပ်ခြင်းထက် စီမံခန့်ခွဲခြင်း ပညာရပ်များ သင်ယူပါက အောင်မြင်မည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ တွင်ကူညီပေးမည့်သူများ ရှိသော်လည်း မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစား အားထုတ်မှသာ အောင်မြင်မည်။
https://vt.tiktok.com/ZSkm2PLco/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “ကြာသပတေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မကြာသေးခင်က လုပ်ငန်း ပျက်စီး ဆုံးရှုံးထားသော သူများအဖို့ ယခုအချိန်သည် အလုပ်သစ်၊ လုပ်ငန်းသစ်များ ပြန်လည် စတင် လုပ်ကိုင်သင့်သောအချိန် ဖြစ်ပါသည်။ လက်ရှိလုပ်ငန်း လုပ်ကိုင်နေဆဲသူများ အနေဖြင့် လုပ်ငန်းတွင် ဆုံးရှုံးမှုများ ကြုံတွေ့ ရတတ်သောကြောင့် သတိထား လုပ်ကိုင်ရန် လိုပါသည်။ လူလိမ်နှင့် ကြုံတွေ့ရတတ်သည်။ ငွေလိမ် ခံရတတ်သည်။ အခြားသူများ၏ စကားအား ယုံကြည်ပြီး မိမိ မကျွမ်းကျင်သော လုပ်ငန်းအား မလုပ်ကိုင်သင့်ပါ။ ကုန်သည်များ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ ယခုအချိန် လှောင်ကုန်များ ထုတ်ရောင်းပါက ဈေးနှိမ် ခံရတတ်သည်။ အိမ်ထောင်ရှင်များ၊ နှစ်ဖက် အသိုင်းအဝိုင်းနှင့် မိဘများကြား စိတ်ရှုပ်၊ စိတ်ညစ် နေရတတ်သည်။ မည်သည့်ကိစ္စမှ ကြားဝင် မဖြေရှင်းဘဲ မိမိတို့ဘာသာ မှန်မှန်ကန်ကန် နေထိုင်ပါ။ မိမိမှ ဘက်လိုက်သည်ဟု စွပ်စွဲပြောဆို ခံရတက်သည်။ ငယ်ရွယ်သူများ၊ နှစ်ဦး နှစ်ယောက် ကြား ဗျာများ နေရတတ်သည်။ စည်းစိမ်ချမ်းသာ ပြည့်စုံသူနှင့် ချစ်ခင်ရသူ နှစ်ဦး အကြား ရွေးရ ခက်နေတတ်သည်။ မိမိ ချစ်ခင် နှစ်သက်သောသူနှင့် လက်ထပ်ပါက တစ်သက် တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေး၊ အချစ်ရေးအား မိမိထက်ကြီးသော အမေ၊ အဖွားစသော လူကြီး၊ မိဘများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချပါ။ ခေါင်းကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်သည်။ အကျိတ်၊ အဖု၊ ကင်ဆာ ဖြစ်တတ်သည်။ ချော်လဲတတ်သည်။ ဦးခေါင်း ထိခိုက်မိတတ်သည်။ အနာနှင့်ဆေး လွဲတတ်သည်။ ဘာသာရေး ပြင်းပြင်းထန်ထန် လုပ်ပြီး ဆေးဆရာကောင်း ရှာဖွေ ကုသပါ။ မိမိ အိမ်တွင် အသက်ကြီးသော လူကြီး၊ မိဘများ၏ ကျန်းမာရေး အထူး ဂရုစိုက်ပါ။ ကျောင်းပြောင်းရခြင်း၊ ဆရာ ပြောင်းရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ကျောင်းအသစ်၊ ဆရာ အသစ် တို့ကို မနှစ်သက်သော်လည်း မိမိယခင် ကြိုးစားသကဲ့သို ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ ဆေးပညာ၊ စီးပွားရေးပညာ၊ စိုက်ပျိုးရေးပညာ၊ စူးစမ်းရှာဖွေခြင်းပညာ၊ စာပေသင်ကြား ခြင်း ပညာရပ်များ သင်ယူပါက နောင်ရေးအတွက် စိတ်အေးရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိဘာသာ ကြိုးစား အားထုတ်မှသာ အောင်မြင်နိုင်မည်။
https://vt.tiktok.com/ZSkHN8Y2H/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များမှာ အပေါင်းအသင်း၊ သူငယ်ချင်း၊ အောက်လက် ငယ်သားများကြောင့် ပျက်စီး ဆုံးရှုံးရတတ်သည်။ အောက်လက်ငယ်သား၊ ဝန်ထမ်းများကြောင့် လုပ်ငန်းများ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေရမည်။ ရာသီဥတုဘေး၊ သဘာဝ ဘေးအန္တရာယ်များ ကြောင့်လည်း လုပ်ငန်းများ ရှေ့ဆက်မရခြင်း၊ ရပ်တန့်ရခြင်းတို့ ကြုံရမည်။ ကုန်သည်များ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ ကုန်ပစ္စည်း အတုများ၊အရည်အသွေး မမှီသော ကုန်ပစ္စည်း များ၊ ရက်လွန်နေသောကုန်များ ဝယ်မိပြီး အရှုံးပေါ်တတ်သည်။ ငွေလိမ် ခံရတက်သည်။ ယခုကာလအတွင်း သောကြာ သားသမီးများ စီးပွားရေး၊ အလုပ်အကိုင်များ မဆုံးရှုံးရအောင်၊ မပျက်စီးရအောင်၊ ဆုံးရှုံးမှု နည်းနိုင်သမျှနည်း‌အောင် ဘာသာရေး ပြင်းပြင်း ထန်ထန် လုပ်ပြီး ဆုတောင်းပါ။ အိမ်ထောင်ရေး၊ အချစ်ရေး အေးစက်‌နေမည်။ နှစ်ဦးစလုံးမှ ခေါင်းမာမှုများ လျှော့ပြီး ညှိနှိင်း ဆွေးနွေးမှသာ အဆင်ပြေမည်။ အဆင်မပြေသော အိမ်ထောင်ရေး၊ အချစ်ရေး ကြောင့် တခြားတွင် အပျော်ရှာပါက နောင်တွင် ဖြေရှင်းမရ ဖြစ်တတ်သည်။ မိမိ၏ တစ်ဖက်သတ် ဆန်သော ဆုံးဖြတ်ချက်များကြောင့် စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ပျက်စီးတတ်သည်။ မိမိ၏ ချစ်သူအား ဂရုမစိုက်ဘဲ ရည်းစားဟောင်း၊ အချစ်ဟောင်းအား ထပ်ပတ်သက်မိ နေခြင်းမျိုး၊ တမ်းတနေခြင်း မျိုး ရှောင်ကြဉ်ပါ။ ရောဂါဝေဒနာ ခံစားနေရပါက အနီးနားမှ ဆေးရုံ၊ ဆေးခန်းများထက် အဝေး နေရာမှ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံ သွားရောက် ပြသင့်သည်။ ရုတ်တရက် မူးလဲခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်တတ်သည်။ ကားမရပ်ဘဲ တက်ခြင်း၊ ဆင်းခြင်း၊ ကားလမ်းကူးခြင်းတို့ သတိထားပါ။ ရေကူးရာတွင်ရုတ်တရက် ကြွက်တက်ခြင်း၊ ပြင်းထန်သော အားကစား ပြုလုပ် ရာတွင် အမောဖောက်ခြင်းတိုကြောင့် အသက်အန္တရာယ် စိုးရိမ်ရတတ်သည်။ မိမိတက်ရောက် ချင်သော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်နှင့် လက်ရှိ သင်ကြားနေရသော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်တို မတူညီတတ်‌ပေ။ မည်မျှပင် ခက်ခဲသော်လည်း မိမိ တက်‌ရောက်ချင်သော ‌ကျောင်း၊ သင်တန်း၊ တက္ကသိုလ်ကိုသာ ကြိုးစား တက်ရောက်သင်ယူပါ။ သို့မဟုတ်ပါက ကျောင်းတက် နေရင်းပင် စိတ်ထွေပြားပြီး ပညာရေး ဆုံးခန်းမတိုင် ဖြစ်တတ်သည်။ ဥပဒေ ပညာရပ်များ၊ စီမံ အုပ်ချုပ်မှု ပညာရပ်များ၊ တိုင်ပင် ဆွေးနွေး အကြံပေးရသော ပညာရပ်များ၊ စီးပွားရေးတွင် ကိုယ်တိုင် စီးပွားရေး လုပ်ခြင်းထက် စီမံခန့်ခွဲခြင်း ပညာရပ်များ သင်ယူပါက အောင်မြင်မည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစား အားထုတ်မှသာ အောင်မြင်မည်။
https://vt.tiktok.com/ZSk9wr9rc
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး၊ အလုပ်အကိုင်များ ဖြေးဖြေး မှန်မှန်တိုးတက်လာမည်။ မည်သည့် အလုပ်တာဝန် လုပ်ငန်းကိစ္စမဆို တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေး လုပ်ကိုင်သင့်သည်။ တည်ငြိမ်လေ အောင်မြင်လေ ဖြစ်သည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းကိစ္စများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်။ သေသေချာချာ ကြိုးစား လုပ်ကိုင်ရန် လိုပါသည်။ အောက်လက် ငယ်သား၊ ဝန်ထမ်း ဒုက္ခပေးတတ်သည်။ သတိထားပါ။ ယခင်က အဆင်မပြေခဲ့ သော အိမ်ထောင်ရေး၊ အချစ်ရေး ပြဿနာများ ပြန်လည် အဆင်ပြေလာမည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် လျောက်ထားပါက အလုပ် ရရှိမည်။ လက်ရှိ နိုင်ငံရပ်ခြားတွင် အလုပ် လုပ်ကိုင်နေပါက သတင်းကောင်း ကြားရမည်။ ယခင်က မိဘစကား နားမထောင်သော သား၊ သမီးများ မိမိစိတ်တိုင်းကျ စကား နားထောင် လာမည်။ သားသမီးများ၏ စေ့စပ်ပွဲ၊ မင်္ဂလာပွဲများ ကျင်းပပေးရတတ်သည်။ ချစ်သူများ စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ကျင်းပရန် ရှိပါက ယခုအချိန်သည် အကောင်းဆုံး အချိန် ဖြစ်သည်။ ယခင်က မိမိတို့ နှစ်ဦးအား သဘောမတူမှုများ ရှိခဲ့ပါက ယခုအခါ ထပ်မံ ကြိုးစားကြည့်ပါ။ သဘောတူညီမှု ရရှိလာမည်။ ချစ်သူမှာ မိမိ စိတ်တိုင်းကျ ဆောင်ရွက်ပေးမည့် အချိန် ဖြစ်သောကြောင့်ယခင်က ညှိနှိင်း မရခဲ့သော ကိစ္စများ ယခုအချိန် ညှိနှိင်းနိုင်သည်။ ညဘက် အိပ်မပျော်ခြင်း၊ စိတ်လက် မကြည်လင်ခြင်း စိတ်ချောက်ချားခြင်းများ ခံစားနေရတတ်သည်။ အတိုက်အခိုက်၊ အနှောက် အယှက် ရှိသည်။ ယခု ကာလအတွင်း ကျန်းမာရေး အတွက် အကောင်းဆုံး ယတြာမှာ ဘာသာ ရေး ပြင်းပြင်းထန်ထန် လုပ်ခြင်းပင် ဖြစ်သည်။ လည်ပင်း ကင်ဆာ ဖြစ်တတ်သည်။ ကိုယ်ဝန် ဆောင်သည်များ ကိုယ်ဝန် ပျက်ကျတတ်သဖြင့် အထူး ဂရုစိုက်ပါ။ ဆီပူ၊ မီးပူ၊ ဟင်းအိုးအပူ စသဖြင့် မီးအပူ လောင်တတ်သည်။ အစားမှားမည်။ ဆေးမှားတက်သည်။ ကျောင်းပြောင်းရခြင်း၊ ဆရာပြောင်းရခြင်းတို့ ကြုံတွေ့ ရတက်သည်။ ကျောင်းအသစ်၊ ဆရာ အသစ်တွင် မိမိယခင် ကြိုးစားသကဲ့သို ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ ဆေးကုသခြင်း ပညာရပ်၊ ဆေးဝါး ကျွမ်းကျင် ပညာရပ်၊ စိုက်ပျိုးရေး ပညာရပ်၊ စူးစမ်း ရှာဖွေ လေ့လာခြင်း ပညာရပ်၊ စာပေ သင်ကြားခြင်း ပညာရပ်များ သင်ယူ လေ့လာပါက နောင်ရေး စိတ်အေးရမည်။ ဘဝအတွက် ကောင်းသည်။ အောင်မြင် တိုးတက်မည်။ မိမိ လျှောက်ထားသော အလုပ်၊ ရာထူး၊ လစာနှင့် ရရှိလာသော အလုပ်၊ ရာထူး၊ လစာတို့မှာ မတူညီတတ်‌ပေ။ ထိုကြောင့် မိမိ စိတ်ဝင်စားသော အလုပ်မှန်သမျှ တတ်နိုင်သမျှ များများ လျှောက်ထားသင့်သည်။
https://vt.tiktok.com/ZSkQgNyeh/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "

“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "

“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
---------------------------------------------------------------------------------------------------------------------
တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

Training နဲ့လာတဲ့သူတွေ ဘာလို့နှိမ်လဲဆိုရင် အဆင့်တန်းနိမ့်တဲ့သူတွေ များလို့ပါပဲဗီဇာအမျိုးအစား အများကြီး ရှိတဲ့ထဲမှ ဘာလို့...
16/06/2025

Training နဲ့လာတဲ့သူတွေ ဘာလို့နှိမ်လဲဆိုရင် အဆင့်တန်းနိမ့်တဲ့သူတွေ များလို့ပါပဲ
ဗီဇာအမျိုးအစား အများကြီး ရှိတဲ့ထဲမှ ဘာလို့ Training သင်တန်းသားတွေဆို အထင်မကြီးလဲဆို အဖြစ်အများဆုံးက သူတို့ပဲမို့ပါ
အမှန်တကယ်တော့ ဘာဗီဇာနဲ့ပဲလာလာ အားလုံးက တန်းတူပါပဲ
သို့သော် လူနေမှူ အဆင့်အတန်း ၊ စရိုက်၊ ဂျလေဘီ ၊ မိဘသွန်သင်ဆုံးမမှူမရှိ ၊ မိဘဆရာ သွန်သင်မှူရှိလဲ
သူတို့ဗီဇက မပြောင်းလဲ တဲ့အတွက် သူတို့ကို နွားပလာတာကျွေးနေရသလိုပါပဲ
အဲ့လိုလူစားတွေများလာတာနဲ့အမျှ သူတို့လာတဲ့ဗီဇာကို ထိခိုက်ရတဲ့သဘောပါ
တခြား Training ကလေးတွေတော့မသိဘူး
ကိုယ်တွေဆီကလာတဲ့သူတွေတော့ ထိန်းမနိုင်သိမ်းမနိုင်တွေ များတယ် ရှက်ဖို့လဲကောင်းတယ်
အင်တာဗျူးအောင်ပြီး ကန့်၆လလောက်ဝင်ရတယ်
သင်တာအာပေါက်မတတ်ပဲ
ဂျပန်ရောက်တော့လဲ ကန့် ၁လ ထပ်သင်တယ်
ဘယ်လောက်သင်သင် လူလိုမသိတတ် လူလိုနားမလည်တဲ့ သူတွေ အများကြီးပဲ
သီချင်းတွေအော်ဆိုတယ်
ပတ်ဝန်းကျင်ကို အားနာမှူမရှိဘူး အားနာရကောင်းမှန်းလဲမသိဘူး အဆင့်အတန်းဆိုတာ လုပ်ရပ်နဲ့ဆိုင်တယ်
သူတို့အဆင့်အတန်းကို သူတို့ကိုယ်တိုင်ဖေါ်ပြကြတယ်
ဒါလဲ ရှက်စရာလို့မတွေးဘူး
ပတ်ဝန်းကျင်က သူတို့ဒဏ်မခံနိုင်တော့
ကုမ္ပဏီနဲ့ ရဲကိုတိုင်တယ်
အဲ့တော့ ခုမိအအိကဝင်ဖြေရှင်းရတယ်
ကိုယ့်ကို အလုပ်ခန့်ပေးတဲ့ ခုမိအအိနဲ့ အလုပ်ရှင်ကို
ကျေးဇူးတင်တယ်ဆိုတာ ဝေလာဝေး
အားနာရကောင်းမှန်းမသိ
ရှက်လဲမရှက်တတ်
အဲ့လိုလူစားတွေကို ထိန်းရတာထက်စာရင် ခွေးတွေကိုသာ ထိန်းပေးလိုက်ချင်တော့တယ်
နောက်ဆုံး ဘာဖြစ်လာလဲဆိုရင် လုပ်ငန်းရှင်တွေက
မြန်မာတွေကို စိတ်ပျက်လာတယ်
အဲ့တော့ နောက်လူထပ်ခေါ်ဖို့ စဉ်းစားကြတယ်
အခွင့်လမ်းတွေ ပိုနည်းသွားရတယ်
ဒါဟာ အရှေ့က စရိုက်ဆန်တဲ့စီနီယာတွေကြောင့်ဖြစ်တယ်
အဲ့ဒါကြောင့် Training/ခဆွတ်ဒိုး/Work Visa / Tokutei ဗီဇာလာနေကြသူများ အခုလိုစရိုက်ဆန်တာ အများဆုံးဗီဇာက ဘယ်ဟာထင်လဲ
အဲ့လိုရေးလို့ လာမကိုက်ကြပါနဲ့
ဗီဇာကို နိှမ်တာမဟုတ်ပါ
စရိုက်ဆန်သော လူစားတွေကိုပြောခြင်းဖြစ်တယ်
အခုရေးတာကတော့ ကိုယ်တွေကုမ္ပဏီကလာထားသောသူအတွက်သာဖြစ်တယ်
ဂျပန်မှာ အိမ်သာတစ်ရှူးက အိမ်သာမှာပဲ သုံးကြတာ
သူတို့က ထမင်းစားစားပွဲမှာသုံးကြတယ်
သီချင်းအကျယ်ကြီး ဖွင့်/ သီချင်းတွေဆိုကြတယ်
ပတ်ဝန်းကျင်ကို ထိခိုက်တယ် လုပ်လို့မရဘူးဆိုတာ သင်ထားပြီးသား ။ ဒါလဲ ခေါင်းထဲဘာမှမရှိ
သီချင်းဆိုချင်တာများ အဆင့်တန်းရှိရှိ
လှလှပပလေးလေး ဝတ်ပြီး ကာရာအိုကေဆိုင်သွားဆိုကြပေါ့
စျေးမကြီးပါဘူး တစ်လတစ်လပိုက်ဆံရနေတာပဲ မိမိအတွက်အဲ့လောက်တော့သုံးပေါ့
အခုဟာက ယောက်ျားလေးတွေဆိုလဲ မူးရူးသောက်စား/တချို့ဆို အကျင်္ီတောင်မဝတ်ဘူး
လမ်းဘေးက ဂျလေဘီတွေလိုပဲ ဘယ်လောက်သင်သင်
နားမပါကြဘူး
မိန်းကလေးတွေလဲ တူတူပဲ
Fbပေါ်တင်ကြတော့ လှလှပပလေးတွေ ချောမောနေရော
အဆောင်ကြတော့ ညစ်ပတ်လိုက်တာလွန်ရော
ဂျပန်လိုနိုင်ငံလာပြီး အဆင့်တန်းရှိရှိနေမယ်ဆိုတဲ့ အတွေး သူတို့မှာမရှိကြဘူး
အလုပ်ပင်ပမ်းလို့ ဆိုတာ လို့မပြောနဲ့
ဂျပန်မှာ လူတိုင်းအလုပ်ပင်ပမ်းတယ်
သက်သာတဲ့ အလုပ်မရှိဘူး
အခုက စရိုက်ဆန်နေလို့ ပြောနေရတာ
တချို့က အရင်ကငြိမ်နေတာ
အခုတော့ မုတ်ဆိုးနားနီးမုတ်ဆိုး ဆိုတဲ့အတိုင်း
အခုဆို စရိုက်ဆန်လာတာတွေ့ရတယ်
အပေါင်းသင်းဆိုတာလဲ လူဖြစ်ရင်ပီးရော ပေါင်းလို့မရဘူး
အကျင့်စရိုက်တူမှပေါင်းလို့ရတာ
အပုပ်နားနေရင် ကိုယ်ပါပုပ်မှာ
အမွှေးနံ့သာနား နေရင် ကိုယ်ပါမွှေးမှာ ဖြစ်တယ်
အခုလိုရေးနေရတာကိုက ရှက်ဖို့ကောင်းနေပြီ
လူလိုသင်ထားတာ လူလိုနားမလည်တော့လဲ အခုလိုထပ်ပြောရတာပေါ့
စားသောက်လို့ရတယ် ပီးရင်သေချာသိမ်းမှပေါ့
သူတို့ကိုယ်ပိုင်အဆောင်လဲ မဟုတ်
လူအများနဲ့နေရတာ အဲ့တိုင်းထားခဲ့လို့မှမရတာ
နောက်လူအတွက်အနှောက်ယှက်ဖြစ်စေတယ် ဆိုတဲ့ စိတ်ထား သူတို့မှာမရှိဘူး။

Credit: KHAING KHAING

အီလွန်မတ်စ်က တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ခဲ့တယ်။ ဘယ်သူမှ အဲလောက်များပြားတဲ့ငွေပမာဏကို ဘဏ်မှာအပ်ထားတာ မရှိပါဘူး။ ဒါက...
16/06/2025

အီလွန်မတ်စ်က တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ခဲ့တယ်။ ဘယ်သူမှ အဲလောက်များပြားတဲ့ငွေပမာဏကို ဘဏ်မှာအပ်ထားတာ မရှိပါဘူး။ ဒါကြောင့် သူ့ကုမ္ပဏီ (တက်စလာ) ကို အာမခံပစ္စည်းအဖြစ် အသုံးပြုပြီး ချေးယူခဲ့တာပါ။ အခုဆို တက်စလာရဲ့ စတော့တန်ဖိုး ကျဆင်းနေတယ်။ ဒီအချက်က သူချေးယူထားတဲ့ ဒေါ်လာ ၄၄ ဘီလီယံနဲ့ ပတ်သက်ပြီး ဘဏ်နဲ့သူ့အကြား ယုံကြည်မှု တိုက်ရိုက်ထိခိုက်စေတယ်။ တက်စလာရဲ့ တန်ဖိုးများများ ဆုံးရှုံးလေ၊ သူကြုံတွေ့ရတဲ့ဖိအား ပိုများလာလေပါပဲ။ ဒါကြောင့်လည်း မကြာခင်က ပြုလုပ်ခဲ့တဲ့ Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မျက်ရည်ကျခါနီး ငိုမဲ့မဲ့ ဖြစ်နေတာပါ။
ချမ်းသာတယ်ဆိုတာ ငွေပင်လယ်ထဲ ကူးခတ်နေတာမဟုတ်ပါဘူး။ သင့်မှာ အာမခံပစ္စည်းအဖြစ် အသုံးပြုနိုင်တဲ့ တန်ဖိုးမြင့် ပိုင်ဆိုင်မှုတွေ ရှိနေတာကို ဆိုလိုတာပါ။ ပြဿနာက ဒီပိုင်ဆိုင်မှုတွေ တန်ဖိုးကျဆင်းလာတဲ့အခါမှာ စပါတယ်။ ကုမ္ပဏီတွေ ပြိုလဲကျဆုံးရတာလည်း ဒီအချက်ကြောင့်ပါပဲ။ ဘယ်သူမှ ဘဏ်အကောင့်ထဲမှာ ဘီလီယံချီပြီး မရှိပါဘူး။ ပိုင်ဆိုင်မှုတန်ဖိုး (Networth) ဆိုတာ သင့်ပိုင်ဆိုင်မှုအားလုံး ပေါင်းစပ်တွက်ချက်ထားတဲ့ ခန့်မှန်းတန်ဖိုးပါ။
အီလွန်မတ်ဟာ နဂိုအခြေအနေကို ပြန်ရောက်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အကြီးမားဆုံး ဒုက္ခတွေကို ရင်ဆိုင်နေရတယ်။ ချမ်းသာတဲ့သူတွေလောက် ပြဿနာများတဲ့သူ မရှိပါဘူး(ချမ်းသာလေ၊ ပြသနာများလေ)။ သူဌေးတွေဟာ ပြဿနာလည်း ချမ်းသာကြပါတယ်။

- Nicholas Mike Koskey ရဲ့ ပို့စ်ကို ဘာသာပြန်ထားတာပါ။

Credit To:

ကွီးထရမ့်ကတော့ မပြောမဆိုနဲ့ လုပ်ချလိုက်ပြီ 🫠TRUMP Mobile ကနေ T1 ဆိုတဲ့ ဖုန်းကို မိတ်ဆက်သွားတယ်ဗျာ။ ဖုန်းရဲ့ ဒီဇိုင်း၊ ကာ...
16/06/2025

ကွီးထရမ့်ကတော့ မပြောမဆိုနဲ့ လုပ်ချလိုက်ပြီ 🫠

TRUMP Mobile ကနေ T1 ဆိုတဲ့ ဖုန်းကို မိတ်ဆက်သွားတယ်ဗျာ။ ဖုန်းရဲ့ ဒီဇိုင်း၊ ကာလာ၊ အနေအထားက ၂သိန်းကျော်တန် Redmi ဖုန်းအထှာနဲ့၊ စျေးက ၄၉၉ ဒေါ်လာတဲ့

လောလောဆယ် Pre-order ဘာညာလက်ခံနေပြီ။ ဖုန်းကို စက်တင်ဘာမှာ စရောင်းမယ်လို့ ပြောတယ်။ ဆိုတော့ စက်တင်ဘာမှာ မိတ်ဆက်မယ့် Apple ရဲ့ iPhone 17 တွေကို ယှဥ်ဖိုက်မယ်ဆိုတဲ့ သဘော

TRUMP Mobile (Website) မှာတော့ T1 ဖုန်းကို MADE IN THE USA ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားတာ တွေ့ရတယ်။ ဆိုလိုတာက MADE IN THE မူဆယ်တစ်ဖက်ကမ်း မဟုတ်ဘူးပေါ့ဗျာ။ မည်သို့ပင်ဆိုစေကာမူ…ကွီးထရမ့်ကတော့ ဖုန်းလောကကြီးထဲကို မပြောမဆိုနဲ့ ရောက်ချလာပါပြီ။ ပြီးမှ အကုန်ဝူးရှုးဝါးတွေ ဖြစ်ကုန်ရင်တော့ မပြောတတ်ဘူး 🫠

T1 Phone Specification
- 6.8” Punch Hole AMOLED (120Hz)
- 50MP+2MP+2MP (Selfie - 16MP)
- RAM 12GB | Storage 256GB
- 5000mAh (20W)
- Android 15

Credit:

ကိုဗစ် ၁၉ နဲ့ရာသီတုပ်ကွေး ကာကွယ်ရေး နှိုးဆော်ချက်
11/06/2025

ကိုဗစ် ၁၉ နဲ့ရာသီတုပ်ကွေး ကာကွယ်ရေး နှိုးဆော်ချက်

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိ...
09/06/2025

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁) တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကာ နိုင်ငံကို ပြည်ပအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန်ဟုဆိုကာ သမ္မတက ထုတ်ပြန်လိုက်သော အစီအစဉ်ဖြစ်သည်။
ခရီးသွာလာခွင့် ပိ-တ်ပင်ခံလိုက်ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။
ထို့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရီယာလီယွန်၊ တိုဂို၊ တာ့မင်နစ္စတန်နှင့် ဗင်နီဇွဲလားစသည့် အခြားခုနစ်နိုင်ငံမှ နိုင်ငံသားများ၏ ပြည်ဝင်ခွင့်ကိုလည်း တစ်စိတ်တစ်ပိုင်း ကန့်သတ်သွားမည်ဖြစ်သည်။
အကြမ်းဖက်သမားများစွာ အခြေစိုက်နေထိုင်နေမှုကို အကာအကွယ်ပေးထားခြင်း၊ ဗီဇာလုံခြုံရေးအစီအစဉ်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ပျ-က်ကွက်ခြင်း၊ ခရီးသွားများ၏ အထောက်အထားများကို စစ်ဆေးနိုင်မှု မရှိခြင်း၊ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများကို သိမ်းဆည်းမှုအားနည်းခြင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် ဗီဇာသက်တမ်းလွန်နေထိုင်မှုနှုန်း မြင့်မားခြင်းစသည့် နိုင်ငံများကို အပြင်းထန်ဆုံး ကန့်သတ်မှုများလုပ်သွားရန် ဆုံးဖြတ်ထားသည်ဟု ရီပတ်ဘလီကန်သမ္မတ ထရမ့်ပ်က ပြောကြားခဲ့သည်။
ကန့်သတ်ပိတ်ပင်မှု အသစ်များ လိုအပ်လာရခြင်းနှင့် ပတ်သက်၍ ဥပမာပေးခဲ့ရာတွင် တနင်္ဂနွေနေ့က ကော်လိုရာဒိုပြည်နယ် Boulder တွင် အစ္စရေးကိုထောက်ခံ ဆန္ဒထုတ်ဖော်သည့် လူအုပ်အတွင်းသို့ အီဂျစ်နိုင်ငံသားတစ်ဦးက ဓါတ်ဆီဗုံးဖြင့် ပ-စ်ခ-တ်ခဲ့ခြင်းကို ၎င်းက ထောက်ပြခဲ့သည်။ သို့ရာတွင် ခရီးသွားလာမှုကို ပိ-တ်ပင်ရာတွင် အီဂျစ်နိုင်ငံ မပါဝင်ခဲ့ပေ။
မကြာခင် နိုင်ငံသားများ ပြည်ဝင်ခွင့် ပိ-တ်ပင်ခံရတော့မည့် နိုင်ငံများမှ အစိုးရအရာရှိများနှင့် နိုင်ငံသားများက ယင်းလုပ်ရပ်အပေါ် စိတ်ပျ-က်မှုနှင့် မယုံကြည်ဖွယ်ဖြစ်ရမှုတို့ကို ဖော်ပြခဲ့ကြသည်။
ထရမ့်ပ်၏ လုပ်ရပ်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးခြင်းအား ရပ်ဆိုင်းထားရန် သူ့အစိုးရအဖွဲ့ကို ညွှန်ကြားထားသည်ဟု ချဒ်သမ္မတ Mahamat Idriss Deby Itno က ပြောကြားခဲ့သည်။
“ချဒ်နိုင်ငံအနေနဲ့ လက်ဆောင်ပေးဖို့ လေယာဉ်တွေမရှိသလို ဒေါ်လာဘီလျံချီ ပေးကမ်းနိုင်တာလည်း မရှိပါဘူး၊ ဒါပေမဲ့ ချဒ်ဟာ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတော့ ရှိပါတယ်” ဟု ထရမ့်ပ်စီးရန် ဇိမ်ခံလေယာဉ်တစ်စီးကို လက်ဆောင်ပေးခဲ့သကဲ့သို့ အမေရိကတွင် ဒေါ်လာကို ဘီလျံ နှင့် ချီ၍ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည့် ကာတာကဲ့သို့ သော နိုင်ငံများကို ရည်ညွှန်း၍ သူက ဖေ့စ်ဘုတ်ပို့တွင် ပြောဆိုခဲ့သည်။
အမေရိကသို့ အမေရိက,က ထောက်ပံ့သည့် စီမံချက်များတွင် အလုပ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချရန် မျှော်လင့်နေသည့် အာဖဂန်လူမျိုးများသည် ခရီးသွားလာမှု ပိ-တ်ပင်ချက်ကြောင့် ၎င်းတို့နိုင်ငံ(တာလီဘန်များ၏ လက်စားချေမှုကို ရင်ဆိုင်ရနိုင်) သို့ ပြန်ရန် တွန်းအားပေးခံရမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
အမေရိကန်ဒီမိုကရက်တစ် အမတ်များကလည်း မူဝါဒများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
Ref: ဘီအက်စ်

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁) တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကာ နိုင်ငံကို ပြည်ပအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန်ဟုဆိုကာ သမ္မတက ထုတ်ပြန်လိုက်သော အစီအစဉ်ဖြစ်သည်။

ခရီးသွာလာခွင့် ပိ-တ်ပင်ခံလိုက်ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။

ထို့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရီယာလီယွန်၊ တိုဂို၊ တာ့မင်နစ္စတန်နှင့် ဗင်နီဇွဲလားစသည့် အခြားခုနစ်နိုင်ငံမှ နိုင်ငံသားများ၏ ပြည်ဝင်ခွင့်ကိုလည်း တစ်စိတ်တစ်ပိုင်း ကန့်သတ်သွားမည်ဖြစ်သည်။

အကြမ်းဖက်သမားများစွာ အခြေစိုက်နေထိုင်နေမှုကို အကာအကွယ်ပေးထားခြင်း၊ ဗီဇာလုံခြုံရေးအစီအစဉ်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ပျ-က်ကွက်ခြင်း၊ ခရီးသွားများ၏ အထောက်အထားများကို စစ်ဆေးနိုင်မှု မရှိခြင်း၊ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများကို သိမ်းဆည်းမှုအားနည်းခြင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် ဗီဇာသက်တမ်းလွန်နေထိုင်မှုနှုန်း မြင့်မားခြင်းစသည့် နိုင်ငံများကို အပြင်းထန်ဆုံး ကန့်သတ်မှုများလုပ်သွားရန် ဆုံးဖြတ်ထားသည်ဟု ရီပတ်ဘလီကန်သမ္မတ ထရမ့်ပ်က ပြောကြားခဲ့သည်။

ကန့်သတ်ပိတ်ပင်မှု အသစ်များ လိုအပ်လာရခြင်းနှင့် ပတ်သက်၍ ဥပမာပေးခဲ့ရာတွင် တနင်္ဂနွေနေ့က ကော်လိုရာဒိုပြည်နယ် Boulder တွင် အစ္စရေးကိုထောက်ခံ ဆန္ဒထုတ်ဖော်သည့် လူအုပ်အတွင်းသို့ အီဂျစ်နိုင်ငံသားတစ်ဦးက ဓါတ်ဆီဗုံးဖြင့် ပ-စ်ခ-တ်ခဲ့ခြင်းကို ၎င်းက ထောက်ပြခဲ့သည်။ သို့ရာတွင် ခရီးသွားလာမှုကို ပိ-တ်ပင်ရာတွင် အီဂျစ်နိုင်ငံ မပါဝင်ခဲ့ပေ။

မကြာခင် နိုင်ငံသားများ ပြည်ဝင်ခွင့် ပိ-တ်ပင်ခံရတော့မည့် နိုင်ငံများမှ အစိုးရအရာရှိများနှင့် နိုင်ငံသားများက ယင်းလုပ်ရပ်အပေါ် စိတ်ပျ-က်မှုနှင့် မယုံကြည်ဖွယ်ဖြစ်ရမှုတို့ကို ဖော်ပြခဲ့ကြသည်။

ထရမ့်ပ်၏ လုပ်ရပ်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးခြင်းအား ရပ်ဆိုင်းထားရန် သူ့အစိုးရအဖွဲ့ကို ညွှန်ကြားထားသည်ဟု ချဒ်သမ္မတ Mahamat Idriss Deby Itno က ပြောကြားခဲ့သည်။

“ချဒ်နိုင်ငံအနေနဲ့ လက်ဆောင်ပေးဖို့ လေယာဉ်တွေမရှိသလို ဒေါ်လာဘီလျံချီ ပေးကမ်းနိုင်တာလည်း မရှိပါဘူး၊ ဒါပေမဲ့ ချဒ်ဟာ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတော့ ရှိပါတယ်” ဟု ထရမ့်ပ်စီးရန် ဇိမ်ခံလေယာဉ်တစ်စီးကို လက်ဆောင်ပေးခဲ့သကဲ့သို့ အမေရိကတွင် ဒေါ်လာကို ဘီလျံ နှင့် ချီ၍ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည့် ကာတာကဲ့သို့ သော နိုင်ငံများကို ရည်ညွှန်း၍ သူက ဖေ့စ်ဘုတ်ပို့တွင် ပြောဆိုခဲ့သည်။

အမေရိကသို့ အမေရိက,က ထောက်ပံ့သည့် စီမံချက်များတွင် အလုပ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချရန် မျှော်လင့်နေသည့် အာဖဂန်လူမျိုးများသည် ခရီးသွားလာမှု ပိ-တ်ပင်ချက်ကြောင့် ၎င်းတို့နိုင်ငံ(တာလီဘန်များ၏ လက်စားချေမှုကို ရင်ဆိုင်ရနိုင်) သို့ ပြန်ရန် တွန်းအားပေးခံရမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

အမေရိကန်ဒီမိုကရက်တစ် အမတ်များကလည်း မူဝါဒများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Ref: ဘီအက်စ်

Address

49 Street( Middle Block); Pazundaung Township
Pazundaung
11171

Telephone

+959791295458

Website

Alerts

Be the first to know and let us send you an email when Ticket Online Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ticket Online Sales:

Share

Category