11/09/2026
စင်ကာပူနိုင်ငံရဲ့ လူဦးရေ လျော့နည်းလာမှု ပြဿနာဟာ စံချိန်တင် အနိမ့်ဆုံးအခြေအနေဆီ ရောက်ရှိသွားခဲ့တာကြောင့် အစိုးရအဖွဲ့ဟာ သမိုင်းဝင် ဘဏ္ဍာရေးဆိုင်ရာ အဓိက ထောက်ပံ့မှုကြီးတစ်ခုကို စတင်ပြုလုပ်လိုက်ပါတယ်
ဝန်ကြီးချုပ် Lawrence Wong ဟာ အမျိုးသားနေ့ မိန့်ခွန်းပြောကြားချက်အတွင်း SG Child Support Package ဆိုတဲ့ စီမံကိန်းအသစ်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ဒီအစီအစဉ်အရ မွေးဖွားလာတဲ့ စင်ကာပူနိုင်ငံသား ကလေးတိုင်းဟာ မွေးဖွားစကနေ အသက် ၁၇ နှစ်အထိ မွေးဖွားမှု မခွဲခြားဘဲ ကလေးတစ်ဦးလျှင် တိုက်ရိုက် ထောက်ပံ့ငွေ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၄၉,၀၀၀ မှ ၅၅,၀၀၀ ခန့်) အထိ ရရှိကြတော့မှာ ဖြစ်ပါတယ်
ဒီထောက်ပံ့မှု စီမံကိန်းအရ ကလေးရဲ့ ပထမဆုံး မွေးဖွားတဲ့နှစ်မှာ စင်ကာပူဒေါ်လာ ၁၀,၀၀၀ လက်ငင်း ရရှိမှာဖြစ်ပြီး နောက်ပိုင်း ၁၆ နှစ်တာအတွက် တစ်နှစ်လျှင် ၂,၀၀၀ စီ ထပ်မံရရှိမှာဖြစ်ပါတယ် ဒါ့အပြင် Child Development Account ထောက်ပံ့ကြေး ဒေါ်လာ ၅,၀၀၀၊ အစိုးရမှ ထပ်ဆောင်း ထည့်ဝင်ပေးငွေ ဒေါ်လာ ၅,၀၀၀ အထိနဲ့ အသက် ၁၇ နှစ်ပြည့်ချိန်မှာ အထက်တန်းလွန် ပညာရေး ရန်ပုံငွေထဲသို့ ဒေါ်လာ ၁၀,၀၀၀ ထည့်ဝင်ပေးမှုတွေပါဝင်ပါတယ်
မွေးကင်းစ ကလေးတွေအတွက် Medisave Grant အပါအဝင် လက်ရှိ ရရှိနေပြီးသား အကျိုးခံစားခွင့်တွေ နဲ့ ပေါင်းစပ်လိုက်ပါက ကလေးတစ်ဦးလျှင် စုစုပေါင်း စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ရရှိမှာ ဖြစ်ပါတယ် ဒီလို ထောက်ပံ့မှု ပမာဏအမြောက်အမြား ပြုလုပ်လိုက်တာဟာ စင်ကာပူရဲ့ ရင်ဆိုင်နေရတဲ့ လူဦးရေ ပြဿနာ ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်
စင်ကာပူနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားမှုပေါင်း ၃၀,၀၀၄ ဦးပဲ ရှိခဲ့ပြီး အရင်နှစ်ထက် ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တာပါ နိုင်ငံသားတစ်ဦးရဲ့ မွေးဖွားနှုန်း (Fertility Rate) ဟာလည်း ၂၀၂၄ ခုနှစ်မှာ ၀.၉၇ ရှိခဲ့ရာကနေ ၀.၈၇ အထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ လူဦးရေ လျော့ကျမသွားဘဲ ပုံမှန် ထိန်းသိမ်းနိုင်ဖို့အတွက် သုတေသီတွေ သတ်မှတ်ထားတဲ့ မွေးဖွားနှုန်း ၂.၁ ထက် အဆမတန် နည်းပါးနေတာ ဖြစ်ပါတယ်
ဝန်ကြီးချုပ် Wong ကတော့ ငွေကြေး ထောက်ပံ့ပေးမှုတစ်ခုတည်းနဲ့ ဒီကျဆင်းနေတဲ့ အခြေအနေကို အပြီးတိုင် ပြောင်းလဲပစ်ဖို့ မလွယ်ကူကြောင်း ဝန်ခံထားပါတယ် စင်ကာပူရဲ့ မွေးဖွားနှုန်းဟာ လိုအပ်တဲ့ ပမာဏအထိ ရောက်ရှိလာဖို့ ခက်ခဲနေဦးမှာ ဖြစ်တာကြောင့် လူဦးရေ လျော့နည်းသွားမှုနဲ့ အသက်အရွယ် အိုမင်းမှု များပြားလာမှု ပြဿနာကို ရှောင်လွှဲနိုင်ဖို့အတွက် စနစ်တကျ ထိန်းညှိထားတဲ့ နှုန်းထားတစ်ခုနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူတွေကို ဆက်လက် လက်ခံသွားဖို့ လိုအပ်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်
#ဗဟုသုတ