မန္တလေး ကျိုက်ထီးရိုး ချောင်းသာ

  • Home
  • Myanmar
  • Pyawbwe
  • မန္တလေး ကျိုက်ထီးရိုး ချောင်းသာ

မန္တလေး ကျိုက်ထီးရိုး ချောင်းသာ မန္တလေး ကျိုက်ထီးရိုး ချောင်းသာ ဒေသ

2.7.2023 တနင်္ဂနွေနေ့ ပထမဝါဆိုလပြည့် ကုသိုလ်ယူကြပါ.....ကုသိုလ်ဆိုတာ ကြံဖန်ပြီးယူရတာပါ...ကုသိုလ်တွေများများရကြဖို့.....အဓ...
01/07/2023

2.7.2023 တနင်္ဂနွေနေ့ ပထမဝါဆိုလပြည့် ကုသိုလ်ယူကြပါ.....

ကုသိုလ်ဆိုတာ ကြံဖန်ပြီးယူရတာပါ...
ကုသိုလ်တွေများများရကြဖို့.....
အဓိဋ္ဌာန်ကုသိုလ် များများပြုကြပါစို့.....

🙏🙏🙏

====================
မြင့်သဘာဝအလှကုန် ၃

MYINT Health & Beauty 5

促销计划🌹🌹 昂昂昂昂有限公司 对于消费者来说...... 最具性价比的促销计划 1️⃣ - 如果你买一瓶波兰酒(9)。 波兰(1)礼盒 2️⃣ - 如果您购买(8)罐咖啡 波兰(1)礼盒 (2023年6月30日)至(2023年7月4日)。...
26/06/2023

促销计划🌹🌹 昂昂昂昂有限公司 对于消费者来说...... 最具性价比的促销计划 1️⃣ - 如果你买一瓶波兰酒(9)。 波兰(1)礼盒 2️⃣ - 如果您购买(8)罐咖啡 波兰(1)礼盒 (2023年6月30日)至(2023年7月4日)。 提前好消息,它只会在(4)天内完成...... 必须是一本小册子。 商品数量有限 请速速预购...... 09-797033339 09-780005131 #送货 #免费 # 到家了 =================== MYINT 健康与美容 5 MYINT 健康与美容 4 MYINT 健康与美容 3 曼德勒吉提河 MYINT 健康与美容 敏特 #高级天然化妆品3 #高书写装备

☀️☀️☀️  နယုန်လပြည့်  ☀️☀️☀️💫💫💫💫💫💫💫💫💫💫💫💧 မဟာသမယအခါတော်နေ့ 💧;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...
01/06/2023

☀️☀️☀️ နယုန်လပြည့် ☀️☀️☀️
💫💫💫💫💫💫💫💫💫💫💫
💧 မဟာသမယအခါတော်နေ့ 💧
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

🥶 နယုန်လသည် မြန်မာလ
များတွင် တတိယမြောက်လဖြစ်သည်။

နယုန်လ၏ရာသီပန်းကား
စံပယ်မြတ်လေးပန်းဖြစ်၏၊နယုန်လတွင်
ရှေး မြန်မာမင်း များ လက် ထက်အခါက
စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိ၏ ယခု
ခေတ်ပထမပြန်စာမေးပွဲသည် ရှေးခေတ်
နယုန်လ စာတော်ပြန် ပွဲမှ ဆင်းသက်လာ
ခြင်းဖြစ်သည်။

🥶 နယုန်လပြည့်နေ့တွင်ကပိလဝတ်ပြည်မဟာဝုန်တောကြီးအတွင်း၌မဟာသမယ
သုတ် တော်;ကို မြတ်စွာ ဘုရားဟောကြား
တော်မူသည်ကို အကြောင်းပြု၍ နယုန်လ
ပြည့်နေ့ကို အခါတော်နေ့အဖြစ်သတ်မှတ်
ကြပါသည်။

🥶မြတ်စွာဘုရား
သက်ရှိ ထင်ရှားရှိစဉ်အခါက ကပိလဝတ်
ပြည်မှလယ်သမားများနှင့်ကောလိယပြည်
မှ လယ်သမား များ ရောဟိနီ မြစ်ရေကိုအ
ကြောင်းပြု ၍ ရေလု ပွဲကြီးဆင်နွဲခဲ့ကြ၏၊
နှစ်ဖက်နိုင်ငံမှလူအများသည်တိုက်ခိုက်ကြ
တော့မည့်အခြေအနေသို့ရောက်ရှိနေကြ၏ လယ်သမားများကိုအကြောင်းပြု၍နှစ်ဖက်
နိုင်ငံမှ မင်းညီမင်းသားများ စစ်သည် တော်များသည်လည်းရောဟိနီမြစ်သို့ရောက်လာ
ကြ၏၊

🥶 ပဋိပက္ခဖြစ်မည့်နေရာသို့
မြတ်စွာဘုရားရောက်ရှိလာပြီးငြိမ်းချမ်း
ရေးကိုရှေးရှု၍ဇာတ်ဝတ္ထု များကို သာဓက
ထုတ်ကာ ငြိမ်းချမ်းရေး တရား ဟောကြား
တော်မူပါသည်။

🥶မြတ်စွာဘုရားသည်
ဖန္ဒနဇာတ်၊ ပထဝီဥနြ္ဒယဇာတ်၊
လဋုကိကဇာတ်၊တို့ကို ဟော၍ခိုက်ရန်ဖြစ်
ခြင်းကို ငြိမ်းအေးစေပါသည်။

🥶ရုက္ခ ဓမ္မဇာတ်၊ ဝဋက ဇာတ်တို့ကို ဟော
၍ ညီညွတ်ရေး ရစေခဲ့ပါသည်။

🥶 တရားနာကြားပြီးသောအခါ
နှစ်ဖက်နိုင်ငံမှလူအများသည် ဒေါသငြိမ်း
ကာ လက်နက်စွန့်၍မေတ္တာဓာတ်သက်ဝင်
လာကြပါသည်၊ တစ်ဖက် ၂၅၀စီသော နှစ်ပြည်ထောင်မှမင်းသားငါးရာတို့ သာသနာ့ဘောင်ဝင်၍ ရဟန်းပြု ကြပါသည်။

🥶မြတ်စွာဘုရားသည်
ထိုရဟန်းငါးရာကို ဟိဝန္တာတောအတွင်းရှိ
ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်
ဆောင်၍ ကုဏာလဇာတ်ကို ဟောတော်မူ
ပါသည်၊ တရားအဆုံး၌ ရဟန်း ငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။

🥶မြတ်စွာဘုရားသည်
ကုဏာလရေအိုင်မှ ကပိလဝတ်ပြည် အနီးမဟာဝုန်တောကြီးသို့ ပြန်လည်ကြွရောက်
တော်မူရာ အပြန် ခရီး တွင် သောတာပန်ရ
ဟန်း ငါးရာလုံးမိမိတို့ ၏တန်ခိုးဖြင့် လိုက်
ပါလာကြပါသည်ထိုရဟန်းငါးရာတို့သည်
မဟာဝုန်တောကြီးထဲ၌ ဆက်လက် တရား
အားထုတ်ရာအားလုံး ရဟန္တာ ဖြစ်တော်မူ
ကြပါသည်။

🥶 ရဟန္တာငါးရာတို့သည်
မိမိတို့ ရရှိပြီးသော တရားထူးကိုလျှောက်
ထားရန်မြတ်စွာဘုရားကိုဖူးမြော်ရန်နယုန်
လပြည့်နေ့ ညချမ်း အချိန်တွင် မြတ်စွာဘု
ရား ထံတော်မှောက်စုရုံးရောက်ရှိ လာကြ
ပါသည် ဤကဲ့သို့ ထူးခြားသောသံဃာ့အ
စည်းအဝေးကြီးကို တွေ့မြင်ကြည်ညို ကြ
သောနတ်ဗြဟ္မာ၊အသုရာနှင့် ဂဠုန်နဂါးတို့
သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက်စု
ရုံးရောက်ရှိလာကြပါသည်။

🥶နတ်ဗြဟ္မာများ စုရုံးစည်းဝေး
မိကြသော အချိန်ကို မဟာသမယဟု ခေါ်
ဆိုကြပါသည်၊ ရောက်ရှိ လာသော နတ်ဗြ
ဟ္မာတို့က တလှည့်စီ မြတ်စွာဘုရားကို အ
နီးကပ်ဖူးမြော်ကြသည့်အခါ နတ်ဗြဟ္မာတို့
ကိုရဟန္တာငါးရာတို့နှင့်မိတ်ဆက်ပေးသည့်
အနေဖြင့်နတ်ဗြဟ္မာတို့၏ အမည်နာမ၊ ဘုံ
ဋ္ဌာန၊တန်ခိုးဣဒ္ဓိပါဒ်အခြွေအရံတို့ကို ထုတ်
ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်
ဟု ခေါ်ပါသည်။

🥶မဟာသမယသုတ်
ဟောကြားပြီးနောက် စရိုက်အားလျှော်စွာ
အောက်ပါ သုတ်တော် များကို ဆက်လက်
ဟောကြားတော်မူပါသည်။

🥶 ရာဂစရိုက်အားကြီးသူတို့အတွက်
➡ သမ္မာပရိဗ္ဗာဇနိယသုတ်။

👉 ဒေါသစရိုက်အားကြီးသူတို့အတွက်
➡ ကလဟဝိဝါဒသုတ်။

🥶 မောဟစရိုက်အားကြီးသူတို့အတွက်
➡ မဟာဗျူ ဟသုတ်။

👉 သဒ္ဓါစရိုက်အားကြီးသူတို့အတွက်
➡ တုဝဋကသုတ်။

🥶 ပညာစရိုက်အားကြီးသူတို့အတွက်
➡ ပုရာဘေဒသုတ်တို့ကို ဟောကြားတော်
မူရာ နတ် ဗြဟ္မာ ပေါင်း ကု ဋေတစ်သိန်း စီ
ကျွတ်တန်းဝင်ကြပါသည်၊

👉 စရိုက်ခြောက်ပါး အားလျှော်စွာ
သုတ်တော် များကို ဟောကြား သည့် အခါ
နတ် ဗြဟ္မာတို့ လွယ်ကူ နားလည် နိုင်စေရန် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းတော်မူ
ပါသည်၊ နိမ္မိတ ဘုရားက မေး၍ ပကတိဘု
ရားက ဖြေဆိုကာ အမေး အဖြေ နည်းဖြင့် ဟောကြားတော်မူပါသည်။

🥶နယုန်လပြည့်နေ့တွင်

➡ ရေလုကြသော လယ်သမားများ
ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခဲ့ပါသည်။

➡ ကပိ လဝတ် နှင့် ကော လိ ယ နှစ်ပြည်
ထောင် စစ်ခင်းတော့မည့်ဘေးမှ ကင်းဝေး
စေ ခဲ့ ပါ သည်။မြတ်စွာ ဘုရားလက်ထက်
တော်အခါ၌ရဟန်းတော်များနှင့်နတ်ဗြဟ္မာ၊
နဂါးဂဠုန်တို့ ဤတစ်ကြိမ်သာ စုရုံးမိကြပါ
သည်။

➡ မင်းသားငါးရာ တပြိုင်နက်
သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြပါသည်
ထို ရဟန်း ငါးရာလုံး ရဟန္တာချည်းဖြစ်ခဲ့ကြ
ပါသည်။

➡ နိမ္မိတဘုရားက မေး၍ ပကတိဘုရားက
ဖြေဆိုကာတရားဟောတော်မူခဲ့ကြပါသည်။

➡ မဟာ သမယသုတ်ကို အကြောင်းပြု ၍
ဂဠုန်နှင့်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်
ဝင်ခဲ့ကြပါသည်။

➡ မဟာသမယဆိုင်ရာသုတ်
တော် ခုနှစ်သုတ်ကို ဟော ကြား ခဲ့ပါသည်။

➡ ဘိ က္ခု နီ သာသနာ
လမ်းစပေါ်သော နေ့လည်းဖြစ်ပါသည်။

🥶ဤကဲ့သို့... အကြောင်း အချက် များ ကို အကြောင်းပြု ၍နယုန်လပြည့်နေ့ကို မဟာ
သမယ အခါတော်နေ့ အဖြစ် သတ်မှတ်ကြ
ပါသည် နယုန်လပြည့် မဟာသမယနေ့တွင်
မဟာ သမယသုတ် ကို ရွတ်ဖတ်ပူဇော်သင့်
ပါသည်၊

🥶မဟာသမယသုတ်ကို
အစဉ်အမြဲရွတ်ဖတ်ပူဇော်နေပါကနတ်များ
၏ ချစ်ခင်မှုကို ခံရကြောင်း၊အိမ်သစ်တိုက်
သစ်နေရာသစ်တို့၌မင်္ဂလာယူလိုသောသူတို့
သည်လည်း မဟာသမယသုတ်ကို ရွတ်ဖတ်
သင့်ကြောင်းအဋ္ဌာကထာဆရာတိုက်တွန်းခဲ့ပါသည်။

Credit * firstWriter *
====================

#မြင့်ရှာတွေ့သမျှ

အိန္ဒိယစတိုင်လ် ဘဲဥဟင်း==================ပါဝင်ပစ္စည်းဘဲဥ ၄လုံးကုလားပဲခြမ်း ၂ဇွန်းကြက်သွန်နီ ၁လုံးခရမ်းချဉ်သီး ၂လုံးကြက်သ...
25/05/2023

အိန္ဒိယစတိုင်လ် ဘဲဥဟင်း
==================
ပါဝင်ပစ္စည်း

ဘဲဥ ၄လုံး
ကုလားပဲခြမ်း ၂ဇွန်း
ကြက်သွန်နီ ၁လုံး
ခရမ်းချဉ်သီး ၂လုံး
ကြက်သွန်ဖြူ ၃မွှာ
ချင်းပါးပါး ၂ချပ်
အိန္ဒိယမဆလာ ၁ဇွန်း tsp
သကြား ၁ဇွန်း tsp
ဆား,ဟင်းခတ် အနည်းငယ်စီ
နနွှင်း အနည်းငယ်
ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်
ပျဉ်းတော်သိမ်ရွက် ၁၀ရွက်
ငရုတ်သီးအခြောက်တောင့် ၄တောင့်
နံနံပင် အနည်းငယ်

ပြုလုပ်နည်း

-ကုလားပဲကိုနူးအောင်ပြုတ်ထားပါ။
-ကြက်သွန်နီ,ဖြူ,ချင်း ကိုညက်အောင်
ထောင်းထားပါ။
-ဒယ်အိုးထဲမှာ ဆီထည့်၍ နနွင်းအနည်း
ငယ်နှင့်ထောင်းထားသည်များကို ထည့်၍
ဆီသတ်ပါ။
-ကြက်သွန်တွေနွမ်းသွားရင် ငရုပ်သီး
အစိမ်းမှုန့်ထည့်ပါ။
ဆား,ဟင်းခတ်မှုန့်ထည့် ပေးပါ။
အားလူးကိုအတုံးသေးလေးတွေတုံး
ပြီး၃မိနစ်လောက် ဆက်ပြီးဆီသတ်ပါ။
မဆလာထည့်ပါ ။ရေအနည်းငယ်ထည့်
၁မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးထည့်
ပါ။ ဘဲဥပြုတ်ပြီးသားများကိုအခွံခွာပြီး အရ
သာဝင်အောင်ဓါးနဲ့မွှန်းပြီးထည့်ပါ။
ပြုတ်ထားသောကုလားပဲခြမ်းများထည့်ပါ။
ဟင်းအနည်းငယ်ပျစ်သွားသည့်အထိ
မီးအေးအေးနဲ့၅မိနစ်လောက်ချက်ပေးပါ။
ပြီလျှင် မန်ကျည်းသီးမှည့်အရည်ကို အနည်းငယ်ခပ်ပြီး အရသာအနေတော်ရင်
ငရုပ်သီးခြောက်ကြော်နဲ့နံနံပင်အုပ်လိုက်
၍သုံးဆောင်ပါ။

Credit
စားဖွယ်စုံ ချက်နည်း.......

ကညနက အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ် မန္တလေးတိုင်းဒေသကြီး (က) ကျောက်ဆည်(၁) ကျောက်ဆည် MDY-1...
19/05/2023

ကညနက အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့
မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ်

မန္တလေးတိုင်းဒေသကြီး

(က) ကျောက်ဆည်
(၁) ကျောက်ဆည် MDY-1
(၂) စဉ့်ကိုင် MDY-2
(၃) တံတားဦး MDY-3
(၄) မြစ်သား MDY-4

(ခ) ညောင်ဦး
(၅) ကျောက်ပန်းတောင်း MDY-5
(၆) ညောင်ဦး MDY-6

(ဂ) ပြင်ဦးလွင်
(၇) စဉ့်ကူး MDY-7
(၈) ပြင်ဦးလွင် MDY-8
(၉) မိုးကုတ် MDY-9
(၁၀) မတ်တရာ MDY-10
(၁၁) သပိတ်ကျင်း MDY-11

(ဃ) မန္တလေး
(၁၂) ချမ်းမြသာစည် MDY-12
(၁၃) ချမ်းအေးသာဇံ MDY-13
(၁၄) ပြည်ကြီးတံခွန် MDY-14
(၁၅) မဟာအောင်မြေ MDY-15
(၁၆) အောင်မြေသာဇံ MDY-16
(၁၇) ပုသိမ်ကြီး MDY-17
(၁၈) အမရပူရ MDY-18

(င) မိတ်ထီလာ
(၁၉) မလှိုင် MDY-19
(၂၀) မိတ်ထီလာ MDY-20
(၂၁) ဝမ်းတွင်း MDY-21
(၂၂) သာစည် MDY-22

(စ) မြင်းခြံ
(၂၃) ငါန်းဇွန် MDY-23
(၂၄) တောင်သာ MDY-24
(၂၅) နွားထိုးကြီး MDY-25
(၂၆) မြင်းခြံ MDY-26

(ဆ) ရမည်းသင်း
(၂၇) ပျော်ဘွယ် MDY-27
(၂၈) ရမည်းသင်း MDY-28

♥♥♥ 你不應該放棄價格 對了♥♥♥ ♥♥♥ 買9罐花粉  ♥♥♥ 花粉作為禮物 20.5.2023 星期六 只到中午 如需訂購請聯繫 09 797 033 339 09 965 111 955 09 780 005 131 09 954 ...
17/05/2023

♥♥♥ 你不應該放棄價格
對了♥♥♥

♥♥♥ 買9罐花粉
♥♥♥ 花粉作為禮物

20.5.2023 星期六
只到中午

如需訂購請聯繫

09 797 033 339

09 965 111 955

09 780 005 131

09 954 559 567

09 429 427 187

您可以通過聯繫訂購...

作為特殊服務

可送貨上門......

現在給我打電話♥♥♥

MYINT 健康與美容 4

~~~~~~~~~~~~~~



# 發現的一切都很高

#花粉

#養蜂人

#靈芝

#林澤

#靈芝

#林芝牙膏

#特別送貨上門服務

#送貨

# 現在下單有特別送貨服務

#曼德勒

#緬甸

MYINT 健康與美容 3

MYINT 健康與美容 2

==================

မုန်တိုင်း မိုခါကို အနီရောင်အဆင့်သတ်မှတ် လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလု...
11/05/2023

မုန်တိုင်း မိုခါကို အနီရောင်အဆင့်သတ်မှတ် လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ယနေ့ (မေ ၁၁ ရက်) တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်ရန် ဦးတည်နေသည့် အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် ၁၀၃ မိုင်ကျော် တိုက်ခတ်နိုင်ကြောင်း GDACS က ခန့်မှန်းထားသည်။ မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရယ်ရှိသည့် လေပြင်းတိုက်ခတ်မှု ခံရနိုင်သည်ဟု GDACS က ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်ပလက်ဝမြို့တို့လည်း ထိခိုက်မှုရှိနိုင်ပြီး စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများလည်း ထိခိုက်နိုင်ကြောင်း GDACS က ဖော်ပြသည်။

အားအလွန်ကောင်းသည့် မုန်တိုင်းသည် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်နိုင်ကြောင်း မြန်မာမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၁၁ ရက်) ၇ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

လတ်တလောတွင် မုန်တိုင်းငယ်သည် တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး ယနေ့ညနေ ၅း၃၀ အချိန်တွင် အားကောင်းသည့် မုန်တိုင်း မိုခါအဖြစ်သို့ ပြောင်းလဲသွားမည်ဟုလည်း အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ထုတ်ပြန်သည်။

မေလ ၁၂ ရက်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ မေလ ၁၃ ရက် ညနေပိုင်းတွင် အပြင်ထန်ဆုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုထားသည်။

(ပုံစာ − GDACS က ထုတ်ပြန်ထားသည့် မုန်တိုင်းလမ်းကြောင်းပြ မြေပုံ)

အအေးပေါ့လာမည် အညာမြေယခုတစ်ပတ်အတွင်းစစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်းနှင့်မကွေးတိုင်းဒေသကြီးတွေမှာ အအေးအနည်းငယ်ပြန...
21/01/2023

အအေးပေါ့လာမည် အညာမြေ
ယခုတစ်ပတ်အတွင်း
စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်းနှင့်မကွေးတိုင်းဒေသကြီးတွေမှာ အအေးအနည်းငယ်ပြန်လည်ပေါ့လာစေနိုင်ပါတယ်
ISSUED TIME
21/01/2023 6:08PM(MMT)
မင်း ဂွတ် သီး Su Su San
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓

💖 ပြာသိုလပြည့်💖     ❤ အမေများနေ့...❤             💜 ကမ္ဘာပေါ်မှာ အမေများအားလုံး💜                      💕 သက်ကျော်ရာကျော် ရ...
05/01/2023

💖 ပြာသိုလပြည့်💖

❤ အမေများနေ့...❤

💜 ကမ္ဘာပေါ်မှာ အမေများအားလုံး💜

💕 သက်ကျော်ရာကျော် ရှည်ပါစေ။......💕

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး🍀🍀🍀🍀🍀🍀🍀🍀နှစ်သစ် ကူးတိုင်းကူးတိုင်း လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က ပိုကောင်းလာလိမ့်မယ်လို့ စိတ်...
31/12/2022

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး
🍀🍀🍀🍀🍀🍀🍀🍀

နှစ်သစ် ကူးတိုင်းကူးတိုင်း
လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က
ပိုကောင်းလာလိမ့်မယ်လို့ စိတ်ထဲ မျှော်လင့်ကြတယ်။

သို့သော် ....
သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တို့ ဆိုတဲ့
အရေးပါတဲ့အခြေအနေကောင်းတွေ မဖန်တီးနိုင်ဘူးဆိုရင် လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာမဟုတ်ဘူး။
* ပိုကောင်းလာဖို့ဆိုတာ
မဖြစ်နိုင်ဘူ ။

နှစ်သစ်အခါ သမယမှာ ပိုပြီးကောင်းလာစေချင်လို့ရှိရင်

🍀 ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်..
🍀 ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလအောင်..
🍀 ပိုပြီး စွန့်လွတ်မှုတွေ ခိုင်မာလာအောင်...
🍀 ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင် ....
လုပ်ဖို့လိုတယ်။

အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် ..
မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။

အေး - နှစ်သစ်ကူးတာသက်သက်နဲ့တော့ ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့လောကမှာ "အသစ်အသစ်" ဆိုတာ
ရှည်တဲ့ကာလအပိုင်းကလေးတစ်ခုကို ကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ် လို့
ဒီလို ပြောကြတာ။

ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်
စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ
အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါဒီလကုန်ရင် နောက်လရောက်တာလည်း လအသစ်ကူးနေတာပါပဲ ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ ရက်အသစ် ကူးနေတာပါ ဒီနာရီကုန်လို့ နောင်နာရီဆိုတာလည်း အသစ်ကူးနေတာပါ နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။

နေ့စဉ်နဲ့အမျှ "အသစ်၊အသစ်"တွေချည်းပါပဲ
အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး
အသစ်၊အသစ်တွေ ပေါ်လာနေတယ် ဆိုတာ
လောကရဲ့ မတည်မြဲတဲ့၊ ရပ်တည်မနေတဲ့
အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ်။

တကယ်စဉ်းစားကြည့်မယ် ဆိုလို့ရှိရင်
အသစ်ကို မျှော်တာဟာ
* တဏှာလောဘရဲ့
သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ်။
အသစ်ကို မျှော်ခြင်းသည် တဏှာမကင်းသူတို့ရဲ့
အတွေး တစ်ခုမျှသာ ဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ကြည့်လေ နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ် ပေါ့ အဲဒီလို နေ့တွေ၊ လတွေ အသစ်အသစ် ပြောင်းနေတဲ့ အချိန်ကိုတော့ အသစ်လို့ * မထင်ဘူး။
နဲနဲလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက် ကြာညောင်းလာတဲ့အခါ ကျတော့ နှစ်ဟောင်း ကုန်လို့ နှစ်သစ် ရောက်လာပြီ လို့ လူတွေက သတိထား မိလာတာပါ။

ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးမယ် ဆိုလို့ရှိရင် စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့သိလာနိုင်တယ်။

အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ် ဆိုရင်
တဏှာလောဘရဲ့အမြင်နဲ့
မျှော်လင့်နေတာသာ ဖြစ်တယ်၊ ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့် အသစ်ကိုမျှော်တာကို ရုတ်သိမ်းလိုက်တယ် တရားအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်
* အသစ်ရော၊ အဟောင်းရော * အတူတူပါပဲ။
အသစ် မမျှော်တော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက ...
"အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ"
ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ ၊ နောက်ထပ် မရှိတော့ဘူးလို့ မိန့်တော်မူပါတယ်။

အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ ဖြစ်ပါတယ်။ အသစ်မျှော်နေသေးသမျှ သံသရာထဲမှာဒုက္ခတွေနဲ့ ဆုံကြ၊ ကြုံကြရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် * တဏှာရဲ့မျှော်လင့်ချက်မျိုး မဖြစ်ပဲနဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလအခါသမယမှာ

🌿 မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ ဖြစ်လာအောင်..
🌿 မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ ကြီးထွားလာအောင်..
🌿 မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်..
🌿 မဖြစ်သေးတဲ့ ပညာတရားတွေ အသစ်ဖြစ်လာအောင်..

ကြိုးစားခြင်းသည်သာလျှင် ...

တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး အားလုံးသော တရားချစ်ခင် သူတော်စင် ပရိတ်သတ်တိ်ု့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးအခါသမယမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့ ဓမ္မလက်ဆောင် ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။

🙏🙏 ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ🙏🙏🙏

===================

#မြင့်ရှာတွေ့သမျှ

Address

Pyawbwe

Alerts

Be the first to know and let us send you an email when မန္တလေး ကျိုက်ထီးရိုး ချောင်းသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category