16/07/2020
[Unicode]
ခရီးသွားခြင်းအခက်အခဲများ
ကျနော်တို့လူငယ်အားလုံးလိုလိုမှာ တနည်းမဟုတ်တနည်း စိတ်ဖိစည်းမှုတွေရှိနေတတ်ကြစမြဲပါ။
ဒီအတွက် အပန်းဖြေခရီးတွေကို ကျနော်တို့လိုအပ်လာကြပါတယ်။
ခရီးသွားခြင်းက ဘ၀အမောတွေပြေပျောက်ရုံသာမက စာဖတ်ခြင်းနဲ့တူတဲ့ ဗဟုသုတများစွာရရှိလာနိုင်ပါတယ်။
ခရီးတစ်ခုကို သွားဖို့စီစဉ်ကြတဲ့အခါမှာ အချိန်၊ငွေကြေး စတာတွေကုန်ကျရသလို စိတ်ပင်ပန်း၊လူပင်ပန်းမှုကိုလဲ အနည်းနဲ့အများ ကြုံတွေ့ကြရတတ်ပါတယ်။
ကျနော်တို့လူငယ်တွေမှာ အချိန်နဲ့ငွေကြေးဟာ Limitation ရှိနိုင်တဲ့အတွက် ဒီလိုဘောင်ထဲကနေ အကောင်းဆုံးဖြစ်အောင် စီစဉ်ဖို့လိုပါတယ်။
ကျနော်တို့ ပထမဆုံးချောင်းသာသွားခဲ့တဲ့အချိန်တုန်းကဆိုရင် ရန်ကုန်ကနေပုသိမ်ကို အဝေးပြေးကားနဲ့သွားခဲ့ပေမဲ့ ပုသိမ်ရောက်တဲ့အချိန်နောက်ကျသွားတာကြောင့် ပုသိမ်မှာ တစ်ညအိပ်ပြီးမှ ချောင်းသာကို နောက်ရက်မှရောက်သွားတာမျိုးဖြစ်ခဲ့ဖူးပါတယ်။
ဒါကတော့ မြင်သာတဲ့ဉပမာတခုကိုပြောပြတာပါ။ နောက်ဆက်တွဲအနေနဲ့ အပေါ်မှာပြောခဲ့သလို ငွေကြေးနဲ့အချိန် မလိုအပ်ဘဲထပ်မံကုန်ကျရသလို စိတ်နဲ့လူလဲပင်ပန်းပြီး စိတ်အနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။
ဒီအတွက် ခရီးတစ်ခုကို သူငယ်ချင်းဘော်ဒါတွေစုသွားကြတဲ့အခါမျိုးမှာ Trip Plan ကိုကောင်းကောင်းစီစဉ်ပြီးမှ သွားရောက် လည်ပတ်ကြမယ်ဆိုရင် အပေါ်ကပြောပြသလိုပြဿနာကို လျှော့ချပြီး ပျော်စရာကောင်းတဲ့ ခရီးစဉ်တခုကိုဖန်တီးနိုင်မယ်လို့ ယူဆပါတယ်။
ကျနော်တို့မှာလဲ အစီစဉ်လေးတစ်ခုရှိနေပါတယ်။
ဒါကတော့ ဈေးသက်သက်သာသာနဲ့ ကိုယ်တိုင်သွားတဲ့အခါ ကုန်ကျတဲ့ကုန်ကျစရိတ်လောက်သာရှိနေမည့် Package လေးတွေစီစဉ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျ။
မိသားစုလိုက်သွားချင်တဲ့သူတွေအတွက်လဲ ကျနော်တို့က Family Tour Package တွေလဲ စီစဉ်ပေးထားပါတယ်ခင်ဗျ။
ကျနော်တို့က ဒီ Package တွေကို ကိုယ်တိုင်ခရီးအရင်သွားကြည့်ပြီးမှ ပြန်လည်စီစဉ်ပေးထားတာမျိုးဖြစ်လို့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ စိတ်ကျေနပ်မှုအများဆုံးရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။
Package တွေကိုတော့ ထပ်မံတင်ပေးမှာဖြစ်လို့ ဒီ Page လေးကို Like & Follow ပေးထားကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။
[Zawgyi]
ခရီးသြားျခင္းအခက္အခဲမ်ား
က်ေနာ္တို႔လူငယ္အားလုံးလိုလိုမွာ တနည္းမဟုတ္တနည္း စိတ္ဖိစည္းမႈေတြရွိေနတတ္ၾကစၿမဲပါ။
ဒီအတြက္ အပန္းေျဖခရီးေတြကို က်ေနာ္တို႔လိုအပ္လာၾကပါတယ္။
ခရီးသြားျခင္းက ဘ၀အေမာေတြေျပေပ်ာက္႐ုံသာမက စာဖတ္ျခင္းနဲ႔တူတဲ့ ဗဟုသုတမ်ားစြာရရွိလာႏိုင္ပါတယ္။
ခရီးတစ္ခုကို သြားဖို႔စီစဥ္ၾကတဲ့အခါမွာ အခ်ိန္၊ေငြေၾကး စတာေတြကုန္က်ရသလို စိတ္ပင္ပန္း၊လူပင္ပန္းမႈကိုလဲ အနည္းနဲ႔အမ်ား ႀကဳံေတြ႕ၾကရတတ္ပါတယ္။
က်ေနာ္တို႔လူငယ္ေတြမွာ အခ်ိန္နဲ႔ေငြေၾကးဟာ Limitation ရွိႏိုင္တဲ့အတြက္ ဒီလိုေဘာင္ထဲကေန အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ဖို႔လိုပါတယ္။
က်ေနာ္တို႔ ပထမဆုံးေခ်ာင္းသာသြားခဲ့တဲ့အခ်ိန္တုန္းကဆိုရင္ ရန္ကုန္ကေနပုသိမ္ကို အေဝးေျပးကားနဲ႔သြားခဲ့ေပမဲ့ ပုသိမ္ေရာက္တဲ့အခ်ိန္ေနာက္က်သြားတာေၾကာင့္ ပုသိမ္မွာ တစ္ညအိပ္ၿပီးမွ ေခ်ာင္းသာကို ေနာက္ရက္မွေရာက္သြားတာမ်ိဳးျဖစ္ခဲ့ဖူးပါတယ္။
ဒါကေတာ့ ျမင္သာတဲ့ဉပမာတခုကိုေျပာျပတာပါ။ ေနာက္ဆက္တြဲအေနနဲ႔ အေပၚမွာေျပာခဲ့သလို ေငြေၾကးနဲ႔အခ်ိန္ မလိုအပ္ဘဲထပ္မံကုန္က်ရသလို စိတ္နဲ႔လူလဲပင္ပန္းၿပီး စိတ္အေႏွာက္အယွက္ျဖစ္လာႏိုင္ပါတယ္။
ဒီအတြက္ ခရီးတစ္ခုကို သူငယ္ခ်င္းေဘာ္ဒါေတြစုသြားၾကတဲ့အခါမ်ိဳးမွာ Trip Plan ကိုေကာင္းေကာင္းစီစဥ္ၿပီးမွ သြားေရာက္ လည္ပတ္ၾကမယ္ဆိုရင္ အေပၚကေျပာျပသလိုျပႆနာကို ေလွ်ာ့ခ်ၿပီး ေပ်ာ္စရာေကာင္းတဲ့ ခရီးစဥ္တခုကိုဖန္တီးႏိုင္မယ္လို႔ ယူဆပါတယ္။
က်ေနာ္တို႔မွာလဲ အစီစဥ္ေလးတစ္ခုရွိေနပါတယ္။
ဒါကေတာ့ ေဈးသက္သက္သာသာနဲ႔ ကိုယ္တိုင္သြားတဲ့အခါ ကုန္က်တဲ့ကုန္က်စရိတ္ေလာက္သာရွိေနမည့္ Package ေလးေတြစီစဥ္ေပးထားတာပဲျဖစ္ပါတယ္ခင္ဗ်။
မိသားစုလိုက္သြားခ်င္တဲ့သူေတြအတြက္လဲ က်ေနာ္တို႔က Family Tour Package ေတြလဲ စီစဥ္ေပးထားပါတယ္ခင္ဗ်။
က်ေနာ္တို႔က ဒီ Package ေတြကို ကိုယ္တိုင္ခရီးအရင္သြားၾကည့္ၿပီးမွ ျပန္လည္စီစဥ္ေပးထားတာမ်ိဳးျဖစ္လို႔ ကုန္က်စရိတ္အသက္သာဆုံးနဲ႔ စိတ္ေက်နပ္မႈအမ်ားဆုံးရရွိလိမ့္မယ္လို႔ ယုံၾကည္ပါတယ္ခင္ဗ်။
Package ေတြကိုေတာ့ ထပ္မံတင္ေပးမွာျဖစ္လို႔ ဒီ Page ေလးကို Like & Follow ေပးထားၾကဖို႔ ဖိတ္ေခၚပါတယ္ခင္ဗ်။