Rain Travels & Tours

Rain Travels & Tours Rain Travel &Tours
by Gandawun Shwe Bagan Travel& Tours

10/10/2021
https://m.facebook.com/story.php?story_fbid=3336700149785652&id=249135821875449
27/10/2020

https://m.facebook.com/story.php?story_fbid=3336700149785652&id=249135821875449

Announcement 📢📢📢

မြန်မာနိုင်ငံတွင် COVID -19 ကပ်ရောဂါကူးစက်ပျံ့နှံမှုကို ဆက်လက်ထိန်းချုပ်လုပ်ဆောင်ရန် လိုအပ်သဖြင့် Golden Myanmar Airlines အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ (၁၅) ရက်နေ့အထိ ပျံသန်းဝန်ဆောင်မှု ပေးနေခြင်းများကို ထပ်မံတိုးမြှင့်၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ခရီးသွား မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း Golden Myanmar Airlines မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

In order to continue the control of widespread of COVID-19 during these days in Myanmar , all Golden Myanmar Airlines' flights will be temporarily suspended until November 15 2020.

We wish you all the best and blessing everyone to be in good health during stay home .

Please stay at home, stop COVID-19 🏠😷🧤🙏
Hot line: 09977993000~4
www.gmairlines.com

Maldives က ဂျူလိုင်၁ ရက်နေ့ ဖွင့်ပါပီ၊ချစ်သူတွေ ဟန်းနီးမွန်းထွက်နိုင်ပါပီနော် 😘
20/06/2020

Maldives က ဂျူလိုင်
၁ ရက်နေ့ ဖွင့်ပါပီ၊
ချစ်သူတွေ ဟန်းနီးမွန်း
ထွက်နိုင်ပါပီနော် 😘

DESTINATIONAsiaSouth Asia The Maldives will reopen 1 July By TTR WEEKLY - June 19, 2020 Share on Facebook Tweet on Twitter SINGAPORE, 19 June 2020: The Maldives eases all entry rules 1 July, but travellers will still need to complete a health declaration form and pass health screening before they ch...

https://www.facebook.com/986613751389820/posts/3295589240492248/
15/06/2020

https://www.facebook.com/986613751389820/posts/3295589240492248/

❌❌❌ (Edited: ခရီးသွား ချစ်သူတို့ရေ မန္တလေးတိုင်းကို အခြား Covid အဖြစ်များနေတဲ့မြို့ကလူတွေ လာရင် Q (Community Based Facility & Home) စုစုပေါင်း (၂၈)ရက် ဝင်ရမယ်တဲ့။ အဲ့ကြေငြာချက်ကို ၂၀၂၀ခု၊ ဇွန်လ (၁၆)ရက် နေ့စွဲနဲ့ ထုတ်ပြန်သွားတယ်။ သည်နေ့ ထုတ်ပြန်ချက်က ဇွန်လ (၃၀)ထိ အကျုံးဝင်မှာတဲ့။) ❌❌❌

၂၀၂၀ခု၊ ဇွန်လ ၁၄ရက် (၁၁)နာရီ ကစပြီး ပုဂံကို သွားလာခွင့် ဖွင့်ပေးလိုက်ပါပြီနော်... ပုဂံဘုရားဖူးချိန်တွေက နံနက် (၉)နာရီကနေ ညနေ (၄)နာရီထိပါတဲ့။ (၄)နာရီထိပဲနော်... ဒါပေမယ့် ဗူးဘုရား၊ ရွှေဂူကြီးဘုရားနဲ့ မဟာဗောဓိဘုရားများကတော့ ဇွန်လ (၃၀)ရက်နေ့မှ ပြန်ဖွင့်ပါမယ်တဲ့...

ပြန်ဖွင့်ပြီဆိုလို့ အပျော်လွန်ပြီး သတိပြုရမယ့်အချက်တွေ ထည့်ရေးဖို့ မေ့သွားတယ်။

၁) စစ်ဆေးပြီးသား ခွင့်ပြုချက် ရထားတဲ့ ဟော်တယ် (၉)လုံးပဲ ဖွင့်ပါသေးတယ်။ အခြား ဟော်တယ် (၁၄)လုံးကတော့ ခွင့်ပြုမိန့် စောင့်နေပါတယ်။

ဖွင့်ထားတဲ့ဟော်တယ်တွေကတော့

Amata Boutique House
Areindmar Hotel
Aureum Hotel
Heritage Hotel
Lustre Bagan Resort
Regency Hotel
Royal Palace
Shwe Nadi Guest House
Sky Palace Hotel

၂) စားသောက်ဆိုင် အနေနဲ့ ညောင်ဦးမှာ အနည်းအကျဉ်းပဲ ပြန်ဖွင့်ပါသေးတယ်။ စားသောက်ဆိုင်အတွက် သိပ်ပူစရာ မလိုတာတစ်ခုက ပုဂံမှာလည်း အစားအသောက်တွေကို door to door , food panda app ကနေပြီး မှာစားလို့ ရပါတယ်တဲ့။

၃) သဗ္ဗညု၊ ဓမ္မရံကြီး၊ အာနန္ဒာကတော့ မဖွင့်သေးပါဘူး။

၄) ဘုရားအတွင်း ဝင်ဖို့ မှတ်ပုံတင်ပြရပါမယ်။ နေရပ်လိပ်စာ ပေးရပါမယ်။ နှာခေါင်းစည်း တပ်ရပါမယ်။

၅) မိုးတွင်းဖြစ်တာရယ်၊ Covid-19 ကာလ ဖြစ်တာရယ်ကြောင့် ပုဂံမှာ လူပြတ်ပါတယ်။ e-bike နဲ့ လည်ပတ်ချင်တယ်ဆိုရင် အဖွဲ့မှာ လူများမှ စိတ်ချရပါမယ်။

အချက်အလက်တွေ ခြုံကြည့်မယ်ဆိုရင် ဟော်တယ်အကြီးတွေမှာ အခန်းမငှားချင်ရင် နေ့ချင်းပြန်ရမယ့်ပုံပါပဲ။

သတင်းနဲ့ ပတ်သတ်ပြီး သိခွင့်ရတဲ့အတွက် Ko Tun ကို ကျေးဇူးတင်ပါတယ်။ ပုဂံသွားတဲ့အခါ Tuk Tuk ငှားချင်တယ်ဆိုရင် ကိုထွန်း (09402787158) ဆီ ဆက်သွယ်နိုင်ပါတယ်။

သိချင်သမျှ အချက်အလက်တွေကို စိတ်ရှည်ရှည် ပြောပြပေးတဲ့ ကိုအောင်စည်ဖြိုး (CEC - မြန်မာဧည့်လမ်းညွှန်များအသင်း) ကို ကျေးဇူးတင်ပါတယ်ရှင့်။

Hotel news source အတွက် Travelling Journal ကို ကျေးဇူးတင်ပါတယ်။

ချမ်း ရေးခဲ့ဖူးတဲ့ ပုဂံဆောင်းပါးတွေကတော့ ...

➖➖➖
ညောင်ဦး
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3228079413909898?__tn__=K-R

➖➖➖
မင်းနန်းသူ
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3231357056915467?__tn__=K-R

➖➖➖➖➖➖➖
သီရိပစ္စယာနှင့် ဖွားစောရွာ
➖➖➖➖➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3235453389839167?__tn__=K-R

➖➖➖
မြင်းကပါ
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3240068152711024?__tn__=K-R

➖➖➖➖
ပုဂံမြို့ဟောင်း
➖➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3243346739049832?__tn__=K-R

https://www.facebook.com/TravellerChanMyanmar/posts/3249559285095244?__tn__=K-R

ချစ်ခင်စွာဖြင့်
Chan Myae Ei -

Address

69 , Baho St , Conner Of Thiri Street
Sanchaung
11181

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00

Telephone

+959790901466

Alerts

Be the first to know and let us send you an email when Rain Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rain Travels & Tours:

Share

Category