Shining Star Travel & Tour Agency

Shining Star Travel & Tour Agency Take ur adventure with STR 💫 Visa , ✈️Tickets , Trip Package , Passport(Urgent),Air Cargo .,etc Travel together with adventure 100 % .

Our service intend to customer with low fares with satisfy . Our service available for inbound and outbound . Our service included for Honey Moon package , Holiday package , Group Package , Family Package , Adventure Package , Personal Package . Our service fares can be so amazing for our dear customer with big hot sale package . Our service also available for Visa , Abroad Ticket , Package , Local ticket , Car Rental , Phone Rental , Bicycle Rental . So everyone or group or family or personal can discuss as like as customer want for the special package with special low fares . Finally we leading for dear customer with 100% adventure with low fares and 100% comfort trip with satisfy .

Passport Scan ဖတ်စရာမလိုပဲ ဖြတ်သန်းနိုင်မယ့် စင်ကာပူရဲ့ ချန်ဂိလေဆိပ် စင်ကာပူနိုင်ငံ ချန်ဂိလေဆိပ်မှာ ခရီးသည်တွေအနေနဲ့ Pas...
18/11/2024

Passport Scan ဖတ်စရာမလိုပဲ ဖြတ်သန်းနိုင်မယ့်
စင်ကာပူရဲ့ ချန်ဂိလေဆိပ်

စင်ကာပူနိုင်ငံ ချန်ဂိလေဆိပ်မှာ ခရီးသည်တွေအနေနဲ့ Passport စစ်ဆေးစရာမလိုတဲ့ စနစ်တစ်ခုကို ပြုလုပ်နေပါတယ်။ ဒီစနစ်မှာဆိုရင် Biometric Facial နဲ့ iris recognition လို့ခေါ်တဲ့ နည်းပညာတွေကိုသုံးထားပြီး မျက်နှာနဲ့ မျက်စိတို့ကိုသာ စစ်ဆေးမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ လူတစ်ယောက်ကို ၁၀ စက္ကန့်ဝန်းကျင်သာ ကြာမြင့်မှာဖြစ်တာကြောင့် အရင် Passport နဲ့စစ်ဆေးတာထက်စာရင် 60% လောက် ပိုပြီးအချိန်ကုန်သက်သာသွားတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံရှိ လေဆိပ်တွေဟာ လစဉ် ပြည်တွင်းခရီးသည်အပါအဝင် နိုင်ငံတကာက အလည်အပတ်လာရောက်ကျတဲ့ ခရီးသည်များဟာ စုစုပေါင်း 5.4 သန်းအထိ ရှိပါတယ်။ ဒါကြောင့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က လေဆိပ်လုံခြုံရေးနဲ့ တိုးပွားလာတဲ့ ခရီးသည်အရေအတွက်ကို ထိရောက်စွာ ဖြေရှင်းဖို့အတွက် ဒီစနစ်ကို အကောင်အထည်ဖော်ခဲ့တာပါ။

လောလောဆယ်တော့ အခြားနိုင်ငံတွေရဲ့ လေဆိပ်တွေကလည်း ဒီ Biometrics စနစ်ကို စိတ်ဝင်စားနေကြပြီး အသုံးပြုန်ိုင်ရန် အကောင်အထည်ဖော်နေကြပါတယ်။ UAE မှာရှိတဲ့ Abu Dhabi အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ လာမယ့် 2025 မှာ Passport မလိုပဲ သွားလာနိုင်ဖို့ Smart Travel Project ကို ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီစနစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကတည်းက ချန်ဂိလေဆိပ်ရဲ့ Terminal ၄ ခုလုံးမှာ စတင်အသုံးပြုခွင့်ပေးထားပါတယ်။ အောက်တိုဘာလလယ်အထိ စစ်တမ်းအရမှာတော့ Passport ပြသစရာမလိုပဲ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသည်ပေါင်း 1.5 သန်းခန့်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

18/11/2024

#ဘယ်လေဆိပ်ရောက်ရောက်သိထားသင့်တဲ့အဓိက၅ချက်‼️❗️‼️

❗️ Checkin counter

လေဆိပ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့Luggage အိတ်တွေအပ်ဖို့နဲ့ Boarding Pass ထုတ်ဖို့
ပထမဆုံး Checkin counter ကိုရှာရပါမယ်

ကိုယ်ဝယ်ထားတဲ့ လက်မှတ် Airline
စီးရမည့် Flight နာမည်နဲ့ တိုက်ပြီးတော့ LED Board မှာရှာရပါမယ်
အဲဒီမှာ Checkin counter ရှိရာညွှန်းပေးထားပါတယ်

Self checkin လုပ်မဲ့သူတွေအတွက်ပါ သွားရမယ့် နေရာကိုပြပေးထားပါတယ်

ဥပမာ- (Bkk to Ygn)MNA လေယာဉ်က J 21 လိုင်းမှာရှိရင် အဲ့လိုင်းကိုသွားပီး checkin လုပ်/ အိတ်တွေအပ်ရုံပါရှင်

📌Departure Card ပါရရင် (ပြည်ပထွက်ခွာ) Form စာရွက်မှာတစ်ခါတည်းရေးဖြည့်ထားပါ

‼️ Immigration

မြန်မာမှာကတော့ immigration မရောက်ခင်
လူကုန်ကူးမှူတိုက်ဖျက်ရေးအဖွဲ့က စစ်တာကို
အရင်ဖြတ်ပြီးမှ Immigration ဖြတ်ရပါမယ်

( ဘာတွေစစ်လဲ❓PVဆို Air Tickets အသွားအပြန် / Hotel Booking/ Show Money/ Reasons for travel )

👮‍♂️ Immigration Officer ကို ကိုယ့်ရဲ့ Passport /Ticket / Departure Cardပေးပြီး (Face,Finger Recognized) Face Scan လုပ်၊ လက်ဗွေနှိပ်ယူတယ် ။ ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ 👍 နှလုံးအေးပြီ🤭

‼️❗️Security Check point

Immigration ဖြတ်ပြီးတာနဲ့ ကိုယ့်မှာပါတဲ့ hand carry / ပစ္စည်းအားလုံး Xray ဖြတ်ရပါမယ်
လူကိုတော့ body check စက်နဲ့စစ်ပါတယ်

‼️‼️ Boarding Gate

ကိုယ်ရထားတဲ့ Boarding pass မှာပါတဲ့
Gate ကိုရှာရပါမယ်

အဲ့ဒီမှာ လေယာဉ်ရဲ့ဂိတ်စဖွင့်မယ့် အချိန်ကိုပါရေးပြထားပါတယ်

ဒီဂိတ်လေးကတော့ စီးရမည့်လေယာဉ်ကြီးရှိရာဆီကို သွားဖို့ Gate Number ( ဥပမာ - C 3 ) ကိုပြောတာပါ

‼️❗️‼️ Seat Number

💺 လေယာဉ်ပေါ်မှာ ကိုယ်ထိုင်ရမည့် ထိုင်ခုံကိုပြောတာပါ။ Boarding Pass မှာပါပါတယ်

( ဥပမာ - 12A ဆိုရင် လေယာဉ်ဝင်ပေါက်ကနေ ဝင်လာရင် ညာဘက်အခြမ်းမှာပါ 12 ကိုသွား
A ဆိုတော့ ပြတင်းပေါက်အခြမ်းကစထိုင်ရမှာပေါ့
💺( 12-A B C _ 12-D E F ) ဒီလိုမျိုးပါ

⛔️ မသိသေးတဲ့ခရီးသွားမိတ်ဆွေတွေအတွက်
အိသိတာလေးတွေ မျှဝေပေးထားတာမို့ အကူညီလေးဖြစ်မယ်ထင်ရင် Share သွားပါအုံးနော်❣️

✈ပြည်တွင်း ခရီးစဉ်ပဲဖြစ်ဖြစ်
✈ ပြည်ပ ခရီးစဉ်ပဲဖြစ်ဖြစ်
Air Tickets အစုံကို ဝန်ဆောင်မှုပေးနေတာမို့
ခရီးစဉ်တိုင်းမှာ လွယ်ကူ စိတ်ချ ရဖို့
💃EI Travel -Air Ticket Service ကိုမမေ့နဲ့နော်🤗


၂၀၂၄ ခုနှစ်တွင် သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များHenley Passport Index အရ ၂၀၂၄ ခုနှစ်အတွင်း သြဇာအကြီးဆုံး နိုင်ငံကူးလက...
17/11/2024

၂၀၂၄ ခုနှစ်တွင် သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များ

Henley Passport Index အရ ၂၀၂၄ ခုနှစ်အတွင်း သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များမှာ -

စင်္ကာပူနိုင်ငံသည် ဗီဇာကင်းလွတ်ခွင့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိကာ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဖင်လန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် စပိန်တို့သည် ဗီဇာကင်းလွတ် နိုင်ငံပေါင်း ၁၉၂ နိုင်ငံသို့ ဝင်ရောက်နိုင်ကာ ဒုတိယနေရာတွင် ရှိနေပါသည်။

သြစတြီးယား၊ ဒိန်းမတ်၊ အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွိဒင် နိုင်ငံများမှ နိုင်ငံသားများသည် ၁၉၁ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ နော်ဝေး၊ ပေါ်တူဂီ၊ ယူနိုက်တက်ကင်းဒမ်း၊ ဆွစ်ဇာလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၉၀ နိုင်ငံသို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ဩစတေးလျ နှင့် ဂရိသည် ၁၈၉ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ကနေဒါ ၊ နယူးဇီလန်၊ ပိုလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၈ နိုင်ငံသို့ ဗီဇာကင်းလွတ်၍ ခရီးသွားနိုင်သည်။

ဟန်ဂေရီ၊ ယူနိုက်တက်စတိတ် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၇ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

အမေရိကန်သည် ၁၈၆ နိုင်ငံသို့ ဗီဇာမပါပဲ ခရီးသွားနိုင်သည်။

အက်စတိုးနီးယား၊ လစ်သူယေးနီးယား နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၅ နိုင်ငံသို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

လတ်ဗီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယားနှင့် အိုက်စလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၄ နိုင်ငံသို့ ဗီဇာကင်းလွတ်၍ ခရီးသွားနိုင်သည်။

Henley Passport Index သည် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ဗီဇာမပါဘဲ သွားရောက်နိုင်သည့် နိုင်ငံအရေအတွက်အပေါ် မူတည်၍ နိုင်ငံကူးလက်မှတ်များကို အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်လေ့ရှိပါသည်။

ဂျပန်နိုင်ငံသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ထိပ်တန်းနေရာကို
ရောက်ရှိခဲ့ပါသည်။

ဥရောပ လေးနိုင်ငံ (ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်)စသည့် နိုင်ငံများကို ဗီဇာကင်းလွတ်ခွင့် တရုတ်က ခွင့်ပြုပေးခြင်းကြောင့် ယခုနှစ်တွင် အဆင့်တက်ခဲ့သည်။

အမေရိကန် နိုင်ငံကူးလက်မှတ်သည် အဆင့် ၇ သို့ ကျဆင်းသွားပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပါတယ်။ ကုလသမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံနှင့် အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ ၂ နိုင်ငံဖြစ်သည့် Holy See (government of the Vatican) နှင့် ပါလက်စတိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။


#သုတရသ
:

မြန်မာနိုင်ငံ လေဆိပ်ကနေ အခုမှစသွားမယ့်သူတွေအတွက် လိုအပ်မယ့်အချက်အလက်တွေ တစုတစည်း တည်းတင်ပေးထားပါတယ်♥️Tr visa ရက်ချိန်းယူ...
15/11/2024

မြန်မာနိုင်ငံ လေဆိပ်ကနေ အခုမှစသွားမယ့်သူတွေအတွက် လိုအပ်မယ့်အချက်အလက်တွေ တစုတစည်း တည်းတင်ပေးထားပါတယ်♥️

Tr visa ရက်ချိန်းယူနည်းနဲ့ Form ဖြည့်နည်း
https://www.facebook.com/share/fryGe2k8ZWpeJ1ve/?mibextid=WC7FNe

https://www.facebook.com/share/p/19ZBExYtfN/?mibextid=WC7FNe

လေယာဉ် လက်မှတ် booking လုပ်နည်းနဲ့ ဝယ်နည်းမျိုးစုံ
https://www.facebook.com/share/15JNnKQ1hf/?mibextid=WC7FNe

လေဆိပ်မှာပြရမယ့် Hotel booking လုပ်နည်း
https://www.facebook.com/share/19hFtZkti2/?mibextid=WC7FNe

https://www.facebook.com/share/15dskLtoDY/?mibextid=WC7FNe

ဘယ်လေဆိပ်ရောက်ရောက်သိထားသင့်တဲ့ အချက် ၄ချက်
https://www.facebook.com/share/p/15RmdHGv13/?mibextid=WC7FNe

ထိုင်းလေဆိပ်ရောက်လို့ wifi free သုံးနည်း
https://www.facebook.com/share/p/HxNDqYbwYJbtijWB/?mibextid=WC7FNe

:

25/04/2024

ဒူဘိုင်းမသွားလိုက်သူတွေ ကံကောင်းသွားတယ်

24/04/2024
19/04/2024
27/03/2024

🎉👏🙌

27/03/2024

Address

Sanchaung

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+959981507505

Website

Alerts

Be the first to know and let us send you an email when Shining Star Travel & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shining Star Travel & Tour Agency:

Shortcuts

Share

Category