Arakan Voice

Arakan Voice Arakan Voice

03/04/2026

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်းခံရသော နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများအား ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်း”

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှု လုပ်ထုံးလုပ်နည်းများအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဒုတိယသမ္မတများဖြစ်ကြသော ဒုသမ္မတ(၁) ဦးညိုစော၊ ဒုသမ္မတ(၂) ဒေါ်နန်းနီနီအေး တို့အား ရခိုင့်ဦးဆောင်ပါတီ (AFP) မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ယခုပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ရင်း ပြန်နိုင်ရေးနှင့် ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အစိုးရအဖွဲ့သစ်နှင့်အတူ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် အသင့် ရှိနေပါသည်။

နိုင်ငံတော်သမ္မတကြီးနှင့် ဒုတိယသမ္မတများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြည်သူ့ အကျိုးကို အောင်မြင်စွာ သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

ရခိုင့်ဦးဆောင်ပါတီ

#ရခိုင့်ဦးဆောင်ပါတီ #နိုင်ငံတော်သမ္မတ #ဂုဏ်ပြုသဝဏ်လွှာ #ရခိုင်ပြည်နယ် #ငြိမ်းချမ်းရေး

22/01/2026

ရခိုင့်ဦးဆောင်ပါတီ
သဘောထားထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်

၁။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၂၉) ရက်နေ့အထိ သွားရောက်ကာ ဥပဒေနှင့်အညီ အကောင်းဆုံး ခုခံချေပလျက်ရှိသည်ကို တွေ့ရှိရပါသည်။
၂။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဂုဏ်သိက္ခာ တို့ကို ရှေးရှုလျက် နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ခိုင်ခိုင်မာမာရပ်တည် ရင်ဆိုင်ဖြေရှင်းနေခြင်း သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) က ယုံကြည်ပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်အပေါ် မတရားစွပ်စွဲချက်များကို အမှန်တရားအတိုင်း ပေါ်ပေါက်စေရန် နှင့် နိုင်ငံတကာအလယ်တွင် အထင်အမြင်လွဲမှားမှုများ ကင်းစင်စေရန် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များကို ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) အနေဖြင့် အပြည့်အဝ ထောက်ခံကြိုဆိုပါကြောင်းနှင့် ၎င်းတို့နှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party)

01/01/2026

ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party - AFP) ၏
ရခိုင်လူထုသို့ ရွေးကောက်ပွဲ အထူးကျေးဇူးတင်လွှာနှင့်
၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူး ဆုတောင်းလွှာ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်

ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်သူပြည်သားအပေါင်းတို့ ခင်ဗျား -

၂၀၂၆ ခုနှစ်၊ နှစ်သစ်မင်္ဂလာအခါသမယတွင် ရခိုင်ပြည်သူပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) မှ ဆုမွန်ကောင်း များတောင်းအပ်ပါသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွင်း အဖက်ဖက်က အခက်အခဲနှင့် စိန်ခေါ်မှု များစွာ ရှိနေသည့်ကြားမှ မိမိတို့၏ အမျိုးသားရေးတာဝန်ကို သိရှိနားလည်စွာဖြင့် ရခိုင့်ဦးဆောင်ပါတီ (AFP) အပေါ် ယုံကြည်အားကိုးစွာဖြင့် မဲပေးဝန်းရံခဲ့ကြသော ရခိုင်ပြည်သူပြည်သားအပေါင်းတို့အား ရခိုင့်ဦးဆောင်ပါတီ (AFP) မှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရခိုင့်ဦးဆောင်ပါတီ က ချမှတ်ထားခဲ့သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ နှင့် ရွေးကောက်ပွဲကတိကဝတ်တို့ ကို ဆက်လက်ကိုင်စွဲလျှက် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း အတည်ပြုအပ် ပါသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး - စစ်ဘေးရှောင်ပြည်သူများ မိမိတို့နေရပ်ရင်း သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေး တို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားပါမည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် - ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တည်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များ ဖြစ်ထွန်း လာစေရေး အတွက် မဆုတ်မနစ် ဆောင်ရွက်သွားပါမည်။

လုံခြုံရေးနှင့် တည်ငြိမ်ရေး - ရခိုင်ပြည်သူများ စိတ်အေးချမ်းသာယာစွာဖြင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိင်ရေးအတွက် ဒေသတည်ငြိမ်လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး တို့ကို အလေးထား ဆောင်ရွက်သွားပါမည်။

"ငြိမ်းချမ်းခေတ်မှီ ရခိုင်ပြည်" ကို တည်ဆောက်မည့် ရခိုင့်ဦးဆောင်ပါတီ၏ နိုင်ငံရေးမူဝါဒ သည် အစွန်းမရောက်သည့် အမျိုးသားနိုင်ငံရေး အခြေပြုမူဝါဒ ဖြစ်ပြီး ပြည်သူသည်သာ အဓိက ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၊ နှစ်သစ်မှစ၍ ရခိုင်ဒေသသည် နိုင်ငံရေးတည်ငြိမ်ပြီး စစ်မီးများငြိမ်းအေးကာ၊ ဖွံ့ဖြိုးတိုးတက် သည့် ပြည်နယ်တစ်ခုဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလျှက် မေတ္တာပို့သအပ်ပါသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP)

25/12/2025
12/09/2025

ဒေါက်တာအေးမောင် စစ်တွေမဲဆန္ဒနယ် (အမျိုးသားလွှတ်တော်)မှ ဝင်အရွေးခံမည်

ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာအေးမောင်သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တွေခရိုင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

၎င်းအနေဖြင့် အဆိုပါမဲဆန္ဒနယ်မှ နိုင်သူအကုန်ယူစနစ်ဖြစ်သည့် FPTP သနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

" ကျွန်တော်က ရခိုင်ပြည်နယ် စစ်တွေခရိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကနေ နိုင်သူအကုန်ယူ စနစ်ပေါ့ဗျာ၊ မဲဆန္ဒနယ် အမှတ် (၃) ပေါ့၊ အဲဒီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြိုင်ဖို့တော့ရည်မှန်းထားပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောသည်။

အလားတူ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် လွှတ်တော် (၃) ရပ်စလုံး၌ ဝင်ရောက်ယှဥ်ပြိုင်ရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။

စစ်ရေးအခြေအနေများ တင်းမာနေသည့် ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်စသည့် မြို့နယ် (၃) ခုတွင်သာ မဲပုံးထောင်နိုင်မည့်အခြေအနေဖြစ်ပြီး အဆိုပါ မြို့နယ် (၃) ခုမှ ပြင်ပရောက်မဲဆန္ဒရှင်များနှင့် နယ်မြေမတည်ငြိမ်သေးသည့် ကျန်မဲဆန္ဒနယ်များမှ ပြင်ပရောက် ပြည်သူများအနေဖြင့် ပုံစံ (၁၅) ဖြင့် မဲပေးရမည့် အခြေအနေဖြစ်ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ရခိုင့် ဦးဆောင်ပါတီအနေဖြင့် မြို့နယ်ပေါင်း (၁၇) မြို့နယ်လုံးမှ ကိုယ်စားလှယ် (၆၄) ဦးဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

" ရခိုင်တစ်ပြည်နယ်လုံးရဲ့ (၁၇) မြို့နယ်ရဲ့ လွှတ်တော် (၃) ရပ်စလုံးရဲ့ မဲပေးပွဲဟာ ဒီဇင်ဘာ (၂၈) ရက်မှာ တစ်ကြိမ်တည်းနဲ့ပြီးပြတ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ ပါတီဘက်ကတော့ (၁၇) မြို့နယ်လုံးပေါ့ဗျာ ၊ တိုင်းရင်းသားရေးရာ ချင်းရေးရာဝန်ကြီး တစ်ဦးအပါအဝင် (၆၄) ဦးလောက်ပေါ့ဗျာ ၊ ရွေးကောက်ခံနိုင်အောင် အတတ်နိုင်ဆုံးတော့ ကြိုးစားနေပါတယ်" ဟု ဒေါက် တာအေးမောင်က ဆိုသည်။

ရခိုင့်ဦးဆောင်ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲအပြီးတွင် ပြည်နယ်အစိုးရဖွဲ့ရနိုင်မည့် အလားအလာနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ်၏ မေးမြန်းချက်အပေါ် ၎င်းက "အဲဒါက အခြေအနေပေါ်မူတည်နိုင်ပါတယ်" ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ရခိုင်ပြည်အတွင်း ဟောပြောပွဲတစ်ခု၌ ဟောပြောချက်များအရ နိုင်ငံတော်သစ္စာဖေ-ာက်ဖျ-က်မှုဖြင့် နှစ်ရှည်ထောင်ဒ-ဏ်ကျခံခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် အလားတူပြစ်မှုများ ထပ်မံကျူးလွန်လာပါက ယခင်ကျခံရန် ကျန်ရှိသည့် ပြစ်ဒ-ဏ်များပါ ထပ်ပေါင်းကျခံရမည်ဖြစ်ပြီး အဆိုပါ ပြစ်မှုအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသည့်အခြေအနေဖြစ်သည်။

ယခုတွင်မူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ၎င်း၏ ပြစ်ဒ-ဏ်များအား ယာယီသမ္မတက အမိန့်ဖြင့် ခြွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပြုကြောင်း ယမန်နေ့စက်တင်ဘာလ(၁၁)ရက်တွင် အမိန့်ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ဒေါက်တာအေးမောင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသွားပြီလည်း ဖြစ်သည်။

09/09/2025

ရခိုင်သမိုင်းသုတေသနစာတမ်းရွီးသားပြုစုလိုသူများအား ဖိတ်ခေါ်ခြင်း

ကမ္ဘာအနှံ့ကိုရောက်ရှိနီကတ်တေ ရခိုင်သမိုင်းကိုစိတ်ဝင်စားရေ သုတေသနစာတမ်းပြုစုလိုရေ ဇာပိုင်ပုဂ္ဂိုလ်တိကိုမဆို စာတမ်းတိပြုစုဖို့ အကျွန်ရို့ ရခိုင်သမိုင်းသုတေသနအဖွဲ့စည်းက ဖိတ်ခေါ်ကြိုဆိုပါရေ။

သုတေသနစာတမ်းကို တကယ့်တန်းဝင်အောင်ရွီးသားပြုစုနိုင်ဖို့ Format တိလိုအပ်တေဆိုကေလေ့ အကျွန်ရို့အဖွဲ့စည်းကနီပံ့ပိုးပီးလားဖို့ဖြစ်တေပိုင် သမိုင်းသုတေသနသင်တန်းတိပီးလားဖို့အစီစိုင်တိလည်းရှိပါရေ။

စာတမ်းရွီးသားပြုစုရေပုဂ္ဂိုလ်တိကိုလည်း အကျွန်ရို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ကနီ မှတ်တမ်းတင်ရေအနီနန့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြင့်လားဖို့ဖြစ်ပါရေ။

ရခိုင်သမိုင်းသုတေသနအဖွဲ့(ရသသဖ)
ပညာရေးနှင့်ထုတ်ဝေရေးဌာန
ဆက်သွယ်ရန်
ဖုန်း-09886139154-09 512 4353

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when Arakan Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arakan Voice:

Shortcuts

Share