GO GO Travel Agent

GO GO Travel Agent Good services

16/07/2026

Covid-19 ကြောင့် (၆) နှစ်ကျော်ရပ်နားခဲ့သည့် ဝမ်ပုံ–မိန်းမော နယ်စပ်ဖြတ်ကျော်သွားလာမှု ပြန်လည်စတင်
Shan East News
တာချီလိတ်၊ ၂၀၂၆ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင် မိန်းမောဆိပ်ကမ်းသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် သွားလာမှုကို Covid-19 ကာလအတွင်း ရပ်နားထားရာမှ ဇူလိုင် ၁၆ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဌာနက ယင်းနေ့တွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၅)ဦးအား ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ထုတ်ပေးခဲ့ပြီး လာအိုနိုင်ငံဘက်သို့ စက်လှေဖြင့် ထွက်ခွာသွားခဲ့ကြောင်း၊ လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ မရှိသေးကြောင်း သိရသည်။

ဝမ်ပုံ–မိန်းမော နယ်စပ်ဖြတ်ကျော်သွားလာမှုကို Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကာ ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ (၆) နှစ်ကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ မြန်မာ–လာအို နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ၁၉၉၇ ခုနှစ်တွင် တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းနှင့် လာအိုနိုင်ငံဘက်ရှိ ဘန်ခေါ်အန်းဆိပ်ကမ်း၊ ဘန်မိန်းမောဆိပ်ကမ်းတို့ကို လူဝင်/လူထွက်စစ်ဆေးရေးနေရာများအဖြစ် သတ်မှတ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် စတင်ဖွံ့ဖြိုးလာပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ကြောင်းနှင့် Covid-19 မတိုင်မီကာလတွင် နေ့စဉ် လူဝင်/လူထွက် ပျမ်းမျှ (၃၀) ဦးခန့် ရှိခဲ့ကြောင်း သိရသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် သွားရောက်လိုသူများသည် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) စမတ်ကတ် ကိုင်ဆောင်ထားရမည်ဖြစ်ပြီး လက်မှတ်ကြေး ကျပ်(၁,၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။ ထို့နောက် စက်လှေဖြင့် လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းသို့ ဖြတ်ကူးကာ လာအို လူဝင်မှုကြီးကြပ်ရေးရုံးတွင် သတင်းပို့ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုမှစတင်၍ မြန်မာ–လာအို နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် လူဝင်/လူထွက်သွားလာမှုများကို နေ့စဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

SENA-411
#ရှမ်းပြည်နယ် #တာချီလိတ်

15/05/2026

ထိုင်းအစိုးရက ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ၉၃ နိုင်ငံအတွက် ရုပ်သိမ်းမည်

Thaiger, 14 May 2026

ထိုင်းနိုင်ငံက ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ရပ်ဆိုင်းသွားရန်ရှိပြီး ဗီဇာစည်းကမ်း ချိုးဖောက်မှုမှတ်တမ်း များပြားသော နိုင်ငံများကိုမူ ၁၅ ရက်အထိ ထပ်မံလျှော့ချသွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် စတင်ခဲ့ပြီးနောက် နိုင်ငံခြားသားအချို့သည် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ ဗီဇာသက်တမ်းကျော် နေထိုင်ခြင်းနှင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ဖြင့် အလွဲသုံးစားလုပ်နေကြကြောင်း အစိုးရက ပြောကြားသည်။

ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ခုစလုံးက ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ယခုအပြောင်းအလဲကို အတည်ပြုခဲ့ကြပြီး လာမည့်ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ (Cabinet) အစည်းအဝေးတွင် ထပ်မံအတည်ပြုချက်ရယူမည်ဖြစ်သည်။

ကိုဗစ်အလွန် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့စေရန် ရည်ရွယ်၍ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ နိုင်ငံသားများအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်း အစီအစဉ်ဖြင့် ဝင်ရောက်လာသူတိုင်းသည် ခရီးသွားရန်သက်သက် လာကြခြင်းမဟုတ်ကြောင်း သိသာလာခဲ့သည်။

ထိုင်းနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်းကျော်သည် ရက်ပေါင်း ၃၀ သို့မဟုတ် ထို့ထက်နည်း၍သာ နေထိုင်ကြကြောင်းနှင့် ကျန် ၁၀ ရာခိုင်နှုန်းခန့်သာ ရက် ၆၀ အပြည့် နေထိုင်ကြကြောင်း ခရီးသွားလာရေးဝန်ကြီး ဆူရာဆက် ဖန်ချာရင်ဝိုရာကွန်က ပြောကြားသည်။

အဆိုပါ ကာလရှည်နေထိုင်သူ အချို့သည် ထိုင်းအလုပ်သမားများ၏ အလုပ်အကိုင်များကို လုယူခြင်း၊ ထိုင်းနိုင်ငံသားများကို အမည်ခံအဖြစ်သုံး၍ တရားမဝင် စီးပွားရေးလုပ်ကိုင်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံကို ရာဇဝတ်မှုကျူးလွန်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်းများ ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

"ရက် ၆၀ ဆိုတာ ခရီးသွားဗီဇာအတွက် အရမ်းရှည်လွန်းပါတယ်။ ကျွန်တော်တို့ဟာ ဘယ်နိုင်ငံကိုမှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံအတွက် ပြဿနာဖြစ်စေတဲ့ အပြုအမူတွေကိုပဲ ကြည့်နေတာပါ။ ခရီးသွားတစ်ယောက်ရဲ့ နေထိုင်မှုဟာ ရက် ၃၀ ထက် မကျော်သင့်ပါဘူး" နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွန်ကက်ခေးက ပြောကြားသည်။

လက်ရှိအစီအစဉ်မှာ ယခင်က နိုင်ငံပေါင်း ၅၇ နိုင်ငံကို ခွင့်ပြုထားသည့် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် မူဝါဒဟောင်းသို့ ပြန်လည်ပြောင်းလဲရန် ဖြစ်သည်။ မူလစာရင်းတွင် မပါဝင်သော နိုင်ငံများကိုမူ ထိုင်းနိုင်ငံ၏ လက်ရှိခရီးသွားလာရေး ဦးစားပေးအချက်များအပေါ် မူတည်၍ တစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။

ဗီဇာစည်းမျဉ်းချိုးဖောက်မှုများသည့် နိုင်ငံများမှ လာရောက်သူများအနေဖြင့် ပိုမိုကြာရှည်စွာ နေထိုင်လိုပါက နောက်ခံသမိုင်းကြောင်း စစ်ဆေးမှုနှင့် ငွေကြေးခိုင်လုံမှု အထောက်အထားများ လိုအပ်သည့် ဗီဇာပုံစံမှန်ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

"နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အသင့်တော်ဆုံး ဖြစ်မယ့် အစီအစဉ်ကို ရှာဖွေသွားမှာပါ။ ရည်ရွယ်ချက်ကတော့ အရည်အသွေးရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံဖို့ မဟုတ်ပါဘူး" ဟု ခရီးသွားလာရေးဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။

အဝေးမှ အလုပ်လုပ်ကိုင်သူများ (Remote workers) နှင့် ကာလရှည်နေထိုင်လိုသော ခရီးသွားများကဲ့သို့ အချိန်အမှန်တကယ် လိုအပ်သူများအတွက်မူ Destination Thailand Visa (DTV) ကို လျှောက်ထားရန် လမ်းညွှန်ထားသည်။ အခမဲ့ဝင်ရောက်ခွင့် အစီအစဉ်နှင့်မတူဘဲ DTV ဗီဇာသည် ဝင်ငွေအထောက်အထား ပြသရန် လိုအပ်သောကြောင့် သတ်မှတ်ချက်နှင့် မကိုက်ညီသူများကို စိစစ်ဖယ်ထုတ်နိုင်မည် ဖြစ်သည်။

#ထိုင်းအစိုးရ #ဗီဇာကင်းလွတ်ခွင့်

04/05/2026

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ (Overstay) အား ပြည်ဝင်ခွင့်ပိတ်ပင်မည့် ပြစ်ဒဏ်များကို တိကျစွာထုတ်ပြန်
​၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်
ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားများ (အထူးသဖြင့် မြန်မာလုပ်သားများ) အနေဖြင့် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်ခြင်း (Overstay) ပြုလုပ်ပါက ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည့် (Blacklist) စည်းကမ်းချက်များကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ အတည်ပြုထုတ်ပြန်ထားသည်။
​ယင်းထုတ်ပြန်ချက်အရ ပြစ်ဒဏ်များကို အုပ်စု (၂) စု ခွဲခြားထားသည်။ ပထမအုပ်စုမှာ မိမိသဘောဆန္ဒအလျောက် လာရောက်အဖမ်းခံသူများ (Surrender) ဖြစ်ပြီး ရက်ပေါင်း ၉၀ ကျော်လျှင် ၁ နှစ်၊ ၅ နှစ်ထက်ကျော်လျှင် ၁၀ နှစ်အထိ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ဒုတိယအုပ်စုမှာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူများ (Arrested) ဖြစ်ပြီး သက်တမ်းကျော် ၁ နှစ်အောက်ဖြစ်စေကာမူ ၅ နှစ်အထိလည်းကောင်း၊ ၁ နှစ်ထက်ကျော်ပါက ၁၀ နှစ်အထိလည်းကောင်း ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။
​သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ဗီဇာသက်တမ်းကို အမြဲမပြတ်စစ်ဆေးပြီး သက်တမ်းမကုန်ဆုံးမီ လိုအပ်သော အထောက်အထားများ ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
​Presented by TM-Monitor.
TMMonitor #မြန်မာလုပ်သား #ထိုင်းဥပဒေ #ဗီဇာသတိပေးချက် #အလုပ်သမားအရေး

Thai E-Visa လျှောက်လို့ရပါပြီအိမ်ထောင်စု Soft copyမှတ်ပုံတင် Soft copyPassport Soft copyလိုင်စင်ပုံ Soft copyလိုအပ်ပါက ဘ...
11/01/2025

Thai E-Visa လျှောက်လို့ရပါပြီ
အိမ်ထောင်စု Soft copy
မှတ်ပုံတင် Soft copy
Passport Soft copy
လိုင်စင်ပုံ Soft copy
လိုအပ်ပါက ဘဏ်စာအုပ်+statement
09428218901, 09770456935

လာအို E visaလည်း လျှောက်လို့ရပါပြီလိုအပ်သူများဆက်သွယ်နိုင်ပါတယ်
06/09/2024

လာအို E visaလည်း လျှောက်လို့ရပါပြီ
လိုအပ်သူများဆက်သွယ်နိုင်ပါတယ်

လေယဉ်လက်မှတ် Passport Visa လိုအပ်သူများ တာချီလိတ် တာလော့စာသင်ကျောင်းအနီးမှာ ဖွင့်လှစ်ထားပါတယ်
12/08/2024

လေယဉ်လက်မှတ် Passport Visa လိုအပ်သူများ တာချီလိတ် တာလော့စာသင်ကျောင်းအနီးမှာ ဖွင့်လှစ်ထားပါတယ်

22/06/2024

ပြည်တွင်း/ပြည်ပ လေယဉ်လက်မှတ်၊ passport၊ visa ဝန်ဆောင်လုပ်ငန်းကို လေယဉ်ကွင်းလမ်း ဆန်ဂိုထောင်အဆင်းနားတွင် ဖွင့်လှစ်ထားပါသည်။
Ph 09253561400 Ph09450484426

02/06/2024

ထိုင်းက Visa Free နိုင်ငံများကို ရက်တိုးမြှင့်ပေးသော်လည်း မြန်မာကို ၁၄ ရက်သာ ထပ်မံသတ်မှတ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ထိုင်းအစိုးရက Visa Free ကာလကို ရက်(၃၀)မှ ရက်(၆၀)အထိ တိုးမြှင့်ပေးလိုက်သည့် နိုင်ငံပေါင်း(၉၃)နိုင်ငံရှိပြီး မြန်မာတစ်နိုင်ငံတည်းသာ အပြောင်းအလဲမရှိ (၁၄)ရက်သာ ထပ်မံသတ်မှတ်ခံရကြောင်း သိရသည်။

ထိုင်းအစိုးရက ခရီးသွားများအတွက် ပိုမိုအဆင်ပြေစေရန် ပြီးခဲ့သည့်ရက်ပိုင်းက Visa Free နှင့် Visa-on-arrival ရသည့်နိုင်ငံစာရင်းများကို ထုတ်ပြန်ရာ မြန်မာတစ်နိုင်ငံတည်းကိုသာ (၁၄) ရက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ ကနေဒါ၊ UKနှင့် ဂျပန်နိုင်ငံတို့မှာ ထိုင်းတွင် Visa မလိုဘဲ ရက်ပေါင်း(၆၀) နေထိုင်နိုင်ပြီး သက်တမ်းကုန်ဆုံးပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ရက်(၃၀) သက်တမ်းထပ်တိုးနိုင်ကာ ၂၀၂၄ ခုနှစ် ဇွန်လ(၁)ရက်နေ့ကစတင်၍ အသက်ဝင်ပြီဖြစ်သည်။

Visa-on-arrival ရသည့် နိုင်ငံကိုလည်း (၃၁)နိုင်ငံအထိ တိုးမြှင့်ပေးလိုက်ပြီး ၎င်းနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ရောက်ရှိချိန်တွင် (၁၅)ရက် Visa လျှောက်ထားနိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံသည် Visa Free (၄၅)ရက်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်အတွင်း (၁၄)ရက်သာ ပေးတော့ခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36137

Mann Yadanarpon Airline27.5.2024ရန််ကုန်-ကျိုင်းတုံ လက်မှတ် (၃) စောင်ကျန်သေးပါသည်09428218901 09450484426 09987185297
17/05/2024

Mann Yadanarpon Airline
27.5.2024
ရန််ကုန်-ကျိုင်းတုံ လက်မှတ် (၃) စောင်ကျန်သေးပါသည်
09428218901 09450484426 09987185297

Address

Tachileik

Telephone

09428218901

Website

Alerts

Be the first to know and let us send you an email when GO GO Travel Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category