နေလ

နေလ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from နေလ, Tour Agency, မန္တလေး, Tada-u.

20/02/2016
17/02/2016

ဟိုက်ဝေးလမ်းမှာ ခြောက်တဲ့တစ္ဆေ
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တံတားဖွင့်ပွဲတွေ လမ်းဖွင့်ပွဲတွေအကြောင်းကို
သတင်းစာတွေထဲမှာလည်း ဖတ်ဖူးတယ်
ရုပ်မြင်သံကြားသတင်းတွေမှာလည်း ကြည့်ဖူးတယ်
အဲ့ဒီမှာ နိုင်ငံတော်အကြီးအကဲဆိုသူတွေက
သပြေခက်တွေ ဖဲကြိုးတွေနဲ့
အခမ်းအနားကို ဖွင့်လှစ်ပေးကြတာလေ
ပြီးရင်ကျောက်စာတွေစိုက်ထူကြ
"နိုင်ငံတော်၏စေတနာဖြင့်
ဘယ်လမ်း ဘယ်တံတားကြီးကို
ဘယ်နေ့ဘယ်ရက်မှာ
ဆောက်လုပ်ပြီးစီးကြောင်း"
ကမ္မည်းမော်ကွန်းတွေထိုးကြနဲ့။

ကားသမားဘဝမရောက်ခင်တုန်းကတော့
အဲ့ဒါတွေကို အဟုတ်ထင်ခဲ့မိတယ်
ဝမ်းလည်းသာတယ် ဂုဏ်လည်းယူတယ်
"သြော် ကျတော်တို့နိုင်ငံကလူကြီးတွေ
အဟုတ်တကယ်အလုပ်လုပ်ကြတာပါလား"ဆိုပြီးတော့။

ဒါပေမဲ့ ကားသမားဘဝရောက်တော့
အတွေးအမြင်တွေက မတူတော့ဘူး
တံတားတစ်ခုဆောက်လုပ်ပြီးစီးသွားပြီဆိုရင်
"ဟာ. . .တံတားကြေးတွေ ပေးရတော့မှာပါလား"
လမ်းတစ်လမ်းဖောက်ပြီးသွားပြီဆိုရင်လည်း
"ဟာ. . .လမ်းကြေးတွေပေးရတော့မှာပါလား"ဆိုပြီးတော့
တွေး မိ ပါ တယ်။

ဘာစေတနာလဲဗျာ?(တကယ်မသိလို့ပါ)
အဲ့ဒီလမ်းကြေးတွေက ဆိုင်ကယ်တောင်မှ ပေးရပါတယ်
(ကြုံဖူးတဲ့သူတွေ သိပါလိမ့်မယ်)
"ဘီးခွန်တွေ ရပ်နားခွန်
ညအိပ်ခွန် စည်ပင်သာယာကြေး
စုံနေတာပဲဗျာ။

အဲ့ဒီတော့ဗျာ. . .
ကျတော်တို့နိုင်ငံမှာဖြစ်နေတဲ့ ပုံစံက

"မင်းလမ်းကောင်းကောင်းသွားချင်တာလား
ရတယ် ငါတို့ဖောက်လုပ်ပေးမယ်
အေးးးဒါပေမဲ့ လမ်းကြေးတော့ ငါတို့တောင်းသလောက်ပေးရမယ်
မပေးရင်မသွားနဲ့"

"မင်းသားသမီးကို အဆင့်အတန်းမြင့်တဲ့
ပညာရေးကိုသင်စေချင်တာလား
အဲ့ဒါဆို မင်း ပိုက်ဆံရှာလေ
ပြီးရင် ကျောင်းကောင်းကောင်းမှာ ထားပေါ့"

"ကျန်းမာရေး စောင့်ရှောက်မှုဟုတ်လား?
ပိုက်ဆံရှာလေ ရောဂါဖြစ်ရင်
ဆေးရုံကောင်းကောင်းမှာကုလေ
မကုနိုင်ရင် သေပေါ့"

"နိုင်ငံတော်ဘတ်ဂျက်ဆိုတာ
မင်းတို့နဲ့မဆိုင်ဘူး
နိုင်ငံတော်(အစိုးရလူကြီးမင်းများ)နဲ့ပဲဆိုင်တယ်"
အဲ့ဒီလိုဖြစ်နေတယ်။

ကျတော်ပြောတာ
လမ်းကြေးမပေးချင်လို့ပြောတာ မဟုတ်ဘူး
ရတယ် ပေးမယ်
ဒါပေမဲ့ ကောက်ခံတဲ့ဈေးနှုန်းက များတယ်
သတ်မှတ်တဲ့တန်ချိန်က ဘယ်လိုမှအဆင်မပြေဘူး

ဒီလမ်းပေါ်မှာဗျာ
တန်၅၀ကား တန်၃၀ကား ၆တန်ကား
အမျိုးမျိုးသွားနေကြတာပဲ
တွဲကားကို တန်၆၀သတ်မှတ်ပေးပြီး
၁၂ဘီးကို တန်၄၀သတ်မှတ်ပေးလိုက်တော့
ဘာဖြစ်မှာလဲ ဘာမှမဖြစ်ဘူး
သေစရာရှိ ကျတော်တို့သေမှာပါ
ကျတော်တို့က ပိုစိုးရိမ်တက်ပါတယ်
အခုဖြစ်နေတဲ့ ပုံစံက
"ဖိနပ်နဲ့ဖိနှောင့်နဲ့ မတော်တာကို
ဖိနပ်ကို မဖြတ်ပဲ ဖိနှောင့်ကိုဖြတ်ဖို့
ကြိုးစားနေသလို ဖြစ်နေတယ်"

သူတို့ကို ပြောပြန်ရင်လည်း
အာဆီယံစံနှုန်းဆိုတာကြီးနဲ့ ကိုင်ပေါက်ဦးမယ်
ဖောက်ထားတဲ့ လမ်းတွေကရော
အာ ဆီ ယံ စံ နှုန်း အ တိုင်း ပဲ လား?

ပြီးရင် တံတာကြေးတို့
မြို့ရှောင်လမ်းကြေးတို့ဆိုတာ လာဦးမယ်
အဓိပ္ပာယ်လုံးဝကို မရှိဘူး
ဒီလမ်းကို ဖောက်ဖို့တာဝန်ယူထားတာပဲ
အဲ့ဒီတော့ ဒီလမ်းဖောက်တဲ့လမ်းတစ်လျှောက်လုံးမှာ
မြစ်ကြီးရှိနေရင်လည်း တံတားထိုးပေးရမှာ
တောင်ကြီးရှိနေရင်လည်း လှိုဏ်ဂူဖောက်ပေးရမှာ
လမ်းကုမ္ပဏီရဲ့ တာဝန်ပဲလေ
ကျတော်တို့ကလည်း လမ်းကြေးပေးသွားနေတာပဲ
ဘာကြောင့် တံတားကြေးတွေဘာတွေ ထပ်ပေးရမှာလဲ
အကုန်လုံးကို တာဝန်ယူလေ
သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့လည်း
လမ်းကုမ္ပဏီတွေကို ညွှန်ကြားကိုင်တွယ်မှုမရှိဘူး
(မင်းတို့အဆင်ပြေသလိုကြည့်လုပ်လိုက်ကြ
ဟဲဟဲ ငါတို့အတွက်တော့ လာထားဆိုတာမျိုး )

ကျတော်ပြောတာက
အာဆီယံစံနှုန်းဆိုတာကြီးကို ထည့်ထည့်မပြောနဲ့
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကောင်းစားဖို့အတွက်ဆို
သူများနိုင်ငံမှာလုပ်လုပ် မလုပ်လုပ်
ကိုယ့်နိုင်ငံမှာ လုပ်ရမှာပဲ
အခုဟာက သူတို့ဖြစ်ချင်တဲ့ကိစ္စဆိုရင်
ဒါကြီးက ပေါ်လာပြီ (အာဆီယံစံနှုန်း)
ဟော. . .သူတို့မဖြစ်ချင်တဲ့ ကိစ္စကျတော့
အဲ့ဒါကြီးက ပျောက်နေပြန်ရော။

လုံးဝကို အဓိပ္ပာယ်မရှိဘူး
"သတ်မှတ်နှုန်းအတိုင်း
အတိအကျပေးဆောင်ချင်ရင်
အကြွေဆောင်လာပါ"တဲ့
"ကျတော်တို့က စားသုံးသူလေ
ခင်များတို့က ဆိုင်ရှင်လေ
အကြွေဆောင်ရမှာ ခင်များတို့အလုပ်လေ
ခင်များတို့လုပ်ရမဲ့အလုပ်ကို ကျွန်တော်တို့ကိုပြန်ခိုင်းတာ
ဒါ ခင်များတို့ စားသုံးသူအခွင့်အရေးကိုချိုးဖောက်တာပဲ

ဥပမာ ၃၉၁၅ကျပ်ပေးရမဲ့နေရာမှာ ၃၉၀၀ကျပ်ပဲတောင်းလို့မရဘူးလား
၁၅ကျပ်လျှော့ပေးလိုက်တော့ ဘာဖြစ်မှာလဲ
ခများတို့တောင် ၁၅ကျပ်နှမြောနေတာ
ကျူပ်တို့က ၁၅ကျပ်တန်တဲ့ဟာကို ၁၀၀ပေးနေရတာဗျ"

"အဲ့လိုသွားပြောလို့လည်းမရပါဘူးဗျာ
ဘာလို့လဲဆို စနစ်ကိုက
ဈေးကွက်ကို လက်ဝါးကြီးအုပ်တဲ့စနစ်
ခများမကြိုက်ရင် မသွားရုံပဲ"

အဲ့ဒီတော့ဗျာ နိဂုံးချူပ်ပြောရရင်
သက်ဆိုင်ရာအစိုးရ လူကြီးမင်းများနဲ့
လမ်းကုမ္ပဏီမှ တာဝန်ရှိသူများကို
အကူအညီတောင်းချင်ပါတယ်

"မကြာခင်လည်း ပြောင်းလဲတော့မှာပါ
ဒါ ပေ မဲ့ . . . .
လူကြီးမင်းတို့ကိုယ်တိုင်ပြောင်းလဲကြမယ်ဆိုရင်
ကျတော်တို့ကလည်း
လူကြီးမင်းတို့ကို ကျေးဇူးတင်နေမှာပါ
လူကြီးမင်းတို့အတွက်လည်း အတိတ်ကနာမည်ဆိုးတွေပျောက်ပြီး
နာမည်ကောင်းတွေ သမိုင်းမှာကျန်ခဲ့ပါလိမ့်မယ်
ဗုဒ္ဓဘာသာအရဆိုရင်လည်း သူများချွေးနဲ့သွေးနဲ့ရင်းယူရတဲ့ငွေကို ခေါင်းပုံဖြတ်တယ်ဆိုတာဟာလည်း ငရဲကြီးပါတယ်
မိချောင်းမင်းရေကင်းပြတာ မဟုတ်ပါဘူး
ပညာရှိသတိဖြစ်ခဲဆိုတာမျိုးပါ"

"ကျတော်တို့ကတော့
အပင်ပန်းခံနေပါတယ်
အိပ်ရေးပျက်ခံနေပါတယ်
အသက်တွေ ဘဝတွေနဲ့ရင်းနေရပါတယ်
အဲ့ဒီလိုနေရင်းကပဲ
လူကြီးမင်းတို့ ကျန်းမာချမ်းသာပါစေကြောင်း
မေတ္တာပို့သလျှက်ပါ"။ ။
ပိုစ့်ပိုင်ရှင်အား credit ပေးပါတယ်

ယနေ့နေ့လည် ၃နာရီဝန်းကျင်က အမြန်လမ်း မိုင်တိုင် ၃၅၅/၅တွင် မြေသယ်ယာဉ်တစ်စီးတိမ်းမှောက်မှု့ဖြစ်ပွား၁၈.၁.၂၀၁၆
18/01/2016

ယနေ့နေ့လည် ၃နာရီဝန်းကျင်က အမြန်လမ်း မိုင်တိုင် ၃၅၅/၅တွင် မြေသယ်ယာဉ်တစ်စီးတိမ်းမှောက်မှု့ဖြစ်ပွား
၁၈.၁.၂၀၁၆

18/01/2016

အမြန်လမ်း ဆေးအိုဘိုအ၀ိုင်း မှတံခွန်တိုင်အ၀ိုင်း အတွင်း ရန်ကုန်မှ မန်းသို့ သွားသောလမ်းဘက်အခြမ်းတွင် လမ်းမြေသားများနိမ့်ကျမှု့များဖြစ်ပေါ်နေပါသည်
တာဝန်ရှိသူများအမြန်ပြု့ပြင်ပေးကြပါ

ယာဉ်မောင်းသူများလိုအပ်မယ်ထင်လို့
05/01/2016

ယာဉ်မောင်းသူများလိုအပ်မယ်ထင်လို့

05/12/2015
04/12/2015

မန္တလေးမြို့တွင်းမြို့ပြင် ခရီးသွာဝန်ဆောင်မှု့များကိုစတင်ပေးနေပါပြီ
မန္တလေးမှတံတားဦးလေးဆိပ်သို့လည်းဈေးနှုန်းသက်သာစွာဝန်ဆောင်မှု့ပေးပါသည်
09250187270
09960032086 သို့ဆက်သွယ်နိုင်ပါသည်

02/12/2015

လူကြီးမင်းတို့ ၏လိုရာ ခရီးကို အဆင်ပြေ ချောမွတ်စွာ ရောက်ဘို့ နေ လ ခရီးသွားလုပ်ငန်းမှတာဝန်ယူပါရစေ
ဖုန်း 09250187270

02/12/2015

နေ လ ခရီသွား ၀န်ဆောင်မှု့လုပ်ငန်းမှကြိုဆိုပါတယ်

Address

မန္တလေး
Tada-U
05

Telephone

+959250187270

Website

Alerts

Be the first to know and let us send you an email when နေလ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category