07/08/2026
🌍 ဥရောပ ၂၉ နိုင်ငံကို ဗီဇာတစ်ခုတည်းနဲ့ လွတ်လွတ်လပ်လပ် သွားလို့ရမယ့် Schengen Visa (ရှန်ဂန်ဗီဇာ) အကြောင်း သိကောင်းစရာ
ဥရောပခရီးစဉ်အတွက် ပြင်ဆင်နေသူတွေ သိထားသင့်တဲ့ ရှန်ဂန်နိုင်ငံများနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မဖြစ်မနေသတိထားရမယ့် အချက်တွေကို စုစည်းပေးလိုက်ပါတယ်။ 👇
🏛️ Schengen (ရှန်ဂန်) ပါဝင်တဲ့ ၂၉ နိုင်ငံ
1. Austria (သြစတြီးယား)
2. Belgium (ဘယ်လ်ဂျီယံ)
3. Bulgaria (ဘူဂေးရီးယား)
4. Croatia (ခရိုအေးရှား)
5. Czech Republic (ချက်သမ္မတနိုင်ငံ)
6. Denmark (ဒိန်းမတ်)
7. Estonia (အက်စတိုးနီးယား)
8. Finland (ဖင်လန်)
9. France (ပြင်သစ်)
10. Germany (ဂျာမနီ)
11. Greece (ဂရိ)
12. Hungary (ဟန်ဂေရီ)
13. Iceland (အိုက်စလန်)
14. Italy (အီတလီ)
15. Latvia (လတ်ဗီယား)
16. Liechtenstein (လစ်တန်စတိန်း)
17. Lithuania (လစ်သူေးနီးယား)
18. Luxembourg (လူဇင်ဘတ်)
19. Malta (မော်လ်တာ)
20. Netherlands (နယ်သာလန်)
21. Norway (နော်ဝေး)
22. Poland (ပိုလန်)
23. Portugal (ပေါ်တူဂီ)
24. Romania (ရိုမေးနီးယား)
25. Slovakia (ဆလိုဗက်ကီးယား)
26. Slovenia (ဆလိုဗေးနီးယား)
27. Spain (စပိန်)
28. Sweden (ဆွီဒင်)
29. Switzerland (ဆွစ်ဇာလန်)
---
လူပြောများပြီး အမြဲမှားတတ်တဲ့ ဥရောပ ၅ နိုင်ငံ (ရှန်ဂန်ဗီဇာနဲ့ တိုက်ရိုက်သွားလို့ မရပါ။)
Cyprus (ဆိုက်ပရပ်စ်) - ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ပေမဲ့ ရှန်ဂန်နယ်မြေထဲ Schengen ထဲ ပါသလိုလို မပါသလိုလို မမဆောင်းဖြစ်နေဆဲ။
United Kingdom (ယူကေ) - အင်္ဂလန်၊ စကော့တလန်၊ ဝေလနဲ့ အိုင်ယာလန်မြောက်ပိုင်းတို့ ဖြစ်ပြီး သီးသန့်ဗီဇာ လိုပါတယ်။
Ireland (အိုင်ယာလန်သမ္မတနိုင်ငံ) - EU အဖွဲ့ဝင် ဖြစ်သော်လည်း ရှန်ဂန်ထဲမှာ မပါဝင်ပါဘူး။
Turkey (တူရကီ) - ဥရောပနဲ့ အာရှအစပ်မှာရှိပြီး ရှန်ဂန်ဗီဇာနဲ့ သွားလို့ မရပါဘူး။
Russia (ရုရှား) - ရုရှားဗီဇာ သီးသန့်လျှောက်ရပါမယ်။
---
✈️ ဗီဇာရရင် အဲ့ ၂၉ နိုင်ငံ အကုန်သွားလို့ရတာ သေချာလား။
ဟုတ်ကဲ့၊ သေချာပေါက် သွားလို့ရပါတယ်။
ဗီဇာသက်တမ်းနဲ့ ခွင့်ပြုရက်အတွင်း အထက်ပါ ၂၉ နိုင်ငံလုံးကို လေကြောင်း၊ ရထား၊ ကားလမ်း ကြိုက်နှစ်သက်ရာနဲ့ နယ်စပ်ဂိတ်တွေမှာ ဗီဇာထပ်မလိုပဲ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ပါတယ်။
⚠️ ဒါပေမဲ့ မဖြစ်မနေ သိထားရမယ့် အရေးကြီးစည်းကမ်းချက် (၂) ချက် ရှိပါတယ်။
1. အများဆုံးနေမယ့်နိုင်ငံမှာ ဗီဇာလျှောက်ရပါမယ်။
ဥရောပခရီးစဉ်အတွင်း မိမိရက်အရှည်ဆုံး နေထိုင်မယ့်နိုင်ငံရဲ့ သံရုံး (သို့မဟုတ် ဗီဇာစင်တာ) မှာပဲ ဗီဇာလျှောက်ရပါမယ်။ (ဥပမာ - ပြင်သစ်မှာ ၃ ရက်၊ ဂျာမနီမှာ ၇ ရက် နေမယ်ဆိုရင် ဂျာမနီသံရုံးမှာ ဗီဇာလျှောက်ရပါမယ်။ အကယ်၍ နေမယ့်ရက် တူညီနေမယ်ဆိုရင်တော့ ပထမဆုံး စတင်ဝင်ရောက်မယ့် နိုင်ငံရဲ့ သံရုံးမှာ လျှောက်ရမှာ ဖြစ်ပါတယ်။)
2. တချို့နိုင်ငံတွေက လေယာဉ်လက်မှတ်အစစ် (Confirmed Ticket) လိုအပ်ပါတယ်။
နိုင်ငံအများစုက လေယာဉ်လက်မှတ် Booking (မဝယ်ရသေးဘဲ Reserve လုပ်ထားရုံ) ပြရင် လက်ခံပေမဲ့ တချို့သံရုံးတွေကတော့ ငွေချေပြီးသား လေယာဉ်လက်မှတ်အစစ် (Confirmed Ticket) ကို မဖြစ်မနေ တင်ပြဖို့ တောင်းဆိုလေ့ရှိပါတယ်။ မိမိလျှောက်မယ့် နိုင်ငံအလိုက် စည်းကမ်းချက်ကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
---
📝 ဗီဇာလျှောက်ရင် အဓိက ဘာတွေလိုမလဲ။
☑️ Passport : သက်တမ်း အနည်းဆုံး ၆ လနှင့်အထက်ကျန် (စာမျက်နှာအလွတ် အနည်းဆုံး ၂ မျက်နှာပါရမည်။)
☑️ ဗီဇာ Form နှင့် ပတ်စပို့ဓာတ်ပုံ
☑️ ခရီးစဉ်အစီအစဉ် (Travel Itinerary): နေ့ရက်အလိုက် သွားမယ့်နေရာဇယား
☑️ ဟိုတယ် Booking များနှင့် လေယာဉ်လက်မှတ် (သံရုံးသတ်မှတ်ချက်အတိုင်း Booking သို့မဟုတ် အစစ်)။
☑️ ဘဏ်စာရင်း (Bank Statement) : အနည်းဆုံး ၃ လ သို့မဟုတ် ၆ လစာ ဝင်ငွေ/ထွက်ငွေ ရှင်းလင်းပြီး ခရီးစရိတ်ကာမိကြောင်း ပြသနိုင်သည့် ဘဏ်စာရင်း။
☑️ အလုပ်အကိုင်ထောက်ခံစာ : ဝန်ထမ်းဆိုလျှင် (ရာထူး၊ လစာ၊ ခွင့်ပြုချက်ပါဝင်သော ကုမ္ပဏီထောက်ခံစာ)၊ လုပ်ငန်းရှင်ဆိုလျှင် (DICA, လုပ်ငန်းလိုင်စင်နှင့် အခွန်စာရွက်စာတမ်းများ)။
☑️ ခရီးသွားအာမခံ (Travel Insurance)
---
💡 စာရွက်စာတမ်း ပြင်ဆင်ရတာတွေ ရှုပ်ထွေးပြီး ဗီဇာကျဖို့ ရာခိုင်နှုန်း သေချာချင်တယ်ဆိုရင်...
Schengen Visa လျှောက်ထားဖို့အတွက် -
📢ဘယ်နိုင်ငံက လေယာဉ်လက်မှတ်အစစ်လိုလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြံဉာဏ်များ ပေးခြင်း
📢 သံရုံး Appointment ရက်ချိန်းယူပေးခြင်း
📢 စာရွက်စာတမ်းများ စနစ်တကျ ဘာသာပြန်ဆိုပေးခြင်း
📢 Flight & Hotel Booking များ ပြုလုပ်ပေးခြင်း
📢 ဗီဇာ Application Form များကို အမှားအယွင်းမရှိအောင် အစအဆုံး ဆောင်ရွက်ပေးခြင်း
စတဲ့ ဝန်ဆောင်မှုအားလုံးကို Teacher's Dream Travel And Tours - TD Tours မှ စိတ်ချယုံကြည်စွာ တာဝန်ယူ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်ရှင်။ ✨
ဥရောပအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ရင် Teacher's Dream Travel And Tours - TD Tours သို့ အခုပဲ Messenger ကနေဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ 💬📞
#ဥရောပခရီးသွား #ဗီဇာလမ်းညွှန်