KMA Islands Myanmar

KMA Islands Myanmar Welcome to KMA Islands Myanmar! This is the official page where we provide all the latest developmen

- Explore our exclusive islands
- Day trips from Kawthaung and Ranong
- Private/Custom tours
- Group tours
- Package tours
- Lodging and accommodation
- Overnight cruising boat charter
- Island transportation only services
- Booking services
*Agents are welcomed.

17/08/2026

"Where the ocean meets absolute serenity... 🕊️💙

Let the rhythmic sound of the waves and crystal-clear waters soothe your mind. Sometimes, all you need is a peaceful space to recharge.

Save this post for when you need a little mental getaway. 🌊✨

📍 KMA Island

"

28/07/2026

ကော့သောင်းမြို့ရဲ့ အလှဆုံးကျွန်းတွေထဲက တစ်ခုဖြစ်တဲ့
"Graham Island"(ငှက်ခါးကျွန်း)
Islands Island

20/07/2026

မနက်မိုးလင်းလို့ မျက်စိဖွင့်လိုက်တာနဲ့ ဒီလို ကြည်လင်နေတဲ့ ပင်လယ်ရေပြာပြာနဲ့ သဲသောင်ပြင်ဖြူဖြူကြီးကို မြင်ရရင် ဘယ်လောက်တောင် စိတ်ချမ်းသာဖို့ကောင်းမလဲ? 💙

ဒီလို အိပ်မက်ဆန်တဲ့ ကျွန်းခရီးစဥ်မျိုးကို အတူတူသွားပြီး အမှတ်တရတွေ ဖန်တီးချင်တဲ့ သင့်ရဲ့ 'ခရီးသွားဖော်' ကို အောက်က Commentမှာ Tag တွဲပြီး ခေါ်သွားလိုက်ရအောင်👇✨

"ကော့သောင်းမှာ သင်အသွားချင်ဆုံး ကျွန်းက ဘယ်ကျွန်းဖြစ်မလဲ? 🌊✨မုတ်သုန်ပြီးရင် ပိတ်ရက်တွေလည်း ရောက်တော့မယ်ဆိုတော့ စိတ်အပန်း...
02/07/2026

"ကော့သောင်းမှာ သင်အသွားချင်ဆုံး ကျွန်းက ဘယ်ကျွန်းဖြစ်မလဲ? 🌊✨

မုတ်သုန်ပြီးရင် ပိတ်ရက်တွေလည်း ရောက်တော့မယ်ဆိုတော့ စိတ်အပန်းပြေဖို့အတွက် ပင်လယ်ပြာပြာ၊ သဲသောင်ဖြူဖြူလေးရှိတဲ့ ကျွန်းလှလှလေးတွေဆီ စိတ်ကူးယဥ်ပြီးပြီလားရှင် 😍

၁။ ရေအောက်ကမ္ဘာအလှဆုံး ပန်းကျွန်း 🐠

၂။ သဘာဝအတိုင်း ဆိတ်ငြိမ်အေးချမ်းတဲ့ ဆေးတံကျွန်း 🌴

၃။ ဓာတ်ပုံရိုက်ရင် အလှဆုံးထွက်တဲ့ လည်ရွဲလေးလုံးကျွန်း📸

၄။ ထူးခြားတဲ့ရေအရောင်နဲ့ HARD CORAL တွေရှိတဲ့ SNORKELING လုပ်လို့အကောင်းဆုံး ဌက်ခါးကျွန်း🏊

၅။ Moken ပင်လယ်ပျော်ဂျစ်ပစီတို့ရဲ့ ရိုးရာတိုင်ထောင်အိမ်ခြေများနဲ့ ထူးခြားဆန်းကျယ်တဲ့ ပင်လယ်ယဉ်ကျေးမှုထွန်းကားရာ ဂျလန်းကျွန်း👣

၆။ သဘာဝအတိုင်း မပျက်မစီးဘဲ ဖြူဖွေးနေတဲ့သဲသောင်ပြင်များ၊စိမ်းစိုတောင်ကုန်းများနှင့် ကြည်လင်တောက်ပနေတဲ့ ပင်လယ်ရေပြင်ရှိရာ ခက်ရင်းခွကျွန်း 🌴

ဒီထဲမှာမှ အသည်းစွဲ အသွားချင်ဆုံးကျွန်းလေးကို ကောမန့်မှာ နံပါတ်လေးတွေနဲ့ မဲပေးခဲ့ပေးဦးနော်။အတူတူသွားချင်တဲ့သူကိုပါ တခါတည်း TAG တွဲခေါ်သွားလိုက်တော့နော် ... 👇👇

မြန်မာ-ထိုင်း နယ်စပ်က ငှက်ခါးကျွန်း (Graham Island) ရဲ့ ကြည်လင်စိမ်းမြတဲ့ ရေပြင်အောက်မှာ Hard Coral လှလှလေးတွေနဲ့ အချိန်...
07/04/2026

မြန်မာ-ထိုင်း နယ်စပ်က ငှက်ခါးကျွန်း (Graham Island) ရဲ့ ကြည်လင်စိမ်းမြတဲ့ ရေပြင်အောက်မှာ Hard Coral လှလှလေးတွေနဲ့ အချိန်ကုန်ဆုံးခဲ့တဲ့ အမှတ်တရ။ 🏝️🪸

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ရေစပ်နယ်စပ် (Border) ကျွန်းဖြစ်ပြီး တကယ့်ကို သဘာဝအတိုင်း အပျက်အစီးမရှိသေးတဲ့ Virgin Island လေးတစ်ခုဖြစ်တဲ့ ကြည်လင်လွန်းတဲ့ ငှက်ခါးကျွန်း ပဲ ဖြစ်ပါတယ်။

ဒီကျွန်းကို ရောက်လိုက်တာနဲ့ ပထမဆုံး ရင်သပ်ရှုမောဖြစ်ရတာက ရေရဲ့ အရောင်ပါ။ ကြည်လင်စိမ်းမြနေတဲ့ Emerald Green အရောင်ဟာ ကောင်းကင်ပြာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကို ပန်းချီကားတစ်ချပ်လိုပါပဲ။ ရေက ကြည်လင်လွန်းလို့ အောက်က သဲသောင်ပြင်နဲ့ ကျောက်တန်းတွေကို အပေါ်ကနေတင် အထင်အသား မြင်နေရပါတယ်။

ငှက်ခါးကျွန်းရဲ့ အသက်ကတော့ ရေအောက်က Hard Coral (သန္တာကျောက်မာ) တွေပဲ ဖြစ်ပါတယ်။
ရေငုပ်လိုက်တဲ့အခါ ထူထပ်လှတဲ့ သန္တာကျောက်တန်းကြီးတွေကြားမှာ ငါးရောင်စုံလေးတွေ ကူးခတ်နေတာကို မြင်ရတာ တကယ့်ကို အံ့မခန်း အတွေ့အကြုံပါပဲ။

လူသူအရောက်အပေါက် နည်းသေးတဲ့အတွက် ကျွန်းရဲ့ သဘာဝပတ်ဝန်းကျင်က အလွန်သန့်ရှင်းပြီး အေးချမ်းပါတယ်။ ပင်လယ်ရေစပ်က သဲသောင်ပြင်တွေကလည်း ဖြူဖွေးနုညက်နေပြီး တကယ့်ကို နတ်မိမယ်လေးတွေ လာကစားတဲ့ ကျွန်းလေးအတိုင်းပါပဲ။

"Finding paradise at the border! The crystal-clear emerald waters of Nghat Khar Island (Graham Island) are simply out of this world. 🌊✨"

"Witnessing the untouched beauty of a true Virgin Island. The abundance of hard corals and marine life at Graham Island is breathtaking. 🪸🐠"

"Where the deep blue meets the emerald green. Pure, wild, and incredibly beautiful. 🏝️💎"

Hashtags:

ကြည်လင်နေတဲ့ ရေအောက်က ကမ္ဘာလေးကို ငေးကြည့်ရင်း ပန်းကျွန်းရဲ့ အလှမှာ နစ်မျောနေမိတယ်။ 🐠သန္တာကျောက်တန်းလေးတွေက တကယ်ကို အသက်...
07/04/2026

ကြည်လင်နေတဲ့ ရေအောက်က ကမ္ဘာလေးကို ငေးကြည့်ရင်း ပန်းကျွန်းရဲ့ အလှမှာ နစ်မျောနေမိတယ်။ 🐠သန္တာကျောက်တန်းလေးတွေက တကယ်ကို အသက်ပါပဲ။
ပန်းကျွန်းရဲ့ အပြာရောင်ရေပြင်မှာ အမှတ်တရတွေ စုစည်းခဲ့ကြပါတယ်...

Lost in the mesmerizing beauty of the underwater world, where every ripple tells a story and every moment is carved into the deep blue of Cash Island. 🏝️💙

26/03/2026

သင်္ကြန်အားလပ်ရက်မှာ ပင်လယ်ပြင်ရဲ့ ရေအောက်ကမ္ဘာအလှအပတွေ ကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားရင်း စိတ်လှုပ်ရှားစရာ အမှတ်တရသစ်တွေကို ဖန်တီးလိုက်ပါ။ 🤿 ရောင်စုံသန္တာကျောက်တန်းတွေနဲ့ ရေအောက်သက်ရှိတွေရဲ့ ထူးခြားတဲ့ အလှတရားတွေက သင့်ကို အသစ်တစ်ဖန် လန်းဆန်းသွားစေမှာ အသေအချာပါပဲ။

⛺🌟ဘာကြောင့် ဒီခရီးစဉ်ကို ရွေးချယ်သင့်သလဲ?

1. Unique Experience: ကြယ်စင်တွေအောက်မှာ အိပ်စက်ရင်း ပင်လယ်လေကို တဝကြီးရှူရှိုက်ရမယ့် Adventure Tent အတွေ့အကြုံ။
2. Underwater Wonder: ရောင်စုံသန္တာကျောက်တန်းတွေနဲ့ ထူးခြားတဲ့ ရေအောက်သက်ရှိတွေကြား အနားယူနိုင်ခြင်း။
3. Complete Relaxation: အစီအစဉ်အားလုံးကို Resort က အစအဆုံး စီစဉ်ပေးထားလို့ ဘာမှပူစရာမလိုဘဲ ပျော်ရွှင်ဖို့ပဲ လိုပါတယ်။ 🌴🧘‍♀️

🗓️ ခရီးစဉ် ရက်စွဲများ 📅

သင်္ကြန်ရုံးပိတ်ရက်အတွင်း ဧပြီလ ၁၁ ရက် မှ ၁၉ ရက်အတွင်း မိမိအဆင်ပြေမယ့်ရက်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ 🕒

4 Days 3 Nights Package (၃ညအိပ် ၄ရက်ခရီးစဉ်) 🚢

💰 Local – 26,333 Baht (Net per person)
💰 Foreigner – 27,333 Baht (Net per person)

🎁 Package ထဲမှာ ဘာတွေပါဝင်မှာလဲ?

⛺ Accommodation: သဘာဝနဲ့ တစ်သားတည်းကျစေမယ့် Adventure Tent များ။
🍱 Full Board Meals: အရသာရှိတဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာများ။ 🥗
🚤 Transport: စိတ်ချမြန်ဆန်တဲ့ Speedboat အသွားအပြန် ဝန်ဆောင်မှု။
🤿 Activities: Snorkeling၊ Kayaking၊ ရေကူးခြင်းနှင့် ကျွန်းအလည်အပတ် ခရီးစဉ်များ။
🍹 On-Boat Refreshments: လှေပေါ်မှာ လန်းဆန်းစေမယ့် အအေး၊ ရေနှင့် အသီးအနှံများ။ 🍉🥤

ပူပြင်းတဲ့ နွေရာသီကို အေးမြတဲ့ ပင်လယ်လေလေးနဲ့ အန်တုရင်း၊ ကြယ်စင်တွေအောက်မှာ အိပ်စက်ပြီး ဒီနှစ်သင်္ကြန်ကို အမှတ်တရ အဖြစ်ဆုံး ဖန်တီးလိုက်ပါ။

📞 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ဘိုကင်တင်ရန်

စောစောဘိုကင်တင်ပြီး အေးမြဆန်းသစ်တဲ့ သင်္ကြန်ပိတ်ရက်ကို ပိုင်ဆိုင်လိုက်ပါ! 🍹🐚🌟

☎️ ဖုန်းနံပါတ်များ:

📱 09 781287666, 09 781285666

📱 09 881881529, 09 881881526

📍 ရန်ကုန်ရုံးချုပ်: Co-Operative Business Centre, 3rd Floor, ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်၊ ဗဟန်းမြို့နယ်။

📍 ကော့သောင်းရုံးခွဲ: အမှတ် ၄၄၀၊ ရွှေနန်းတော်အဆင်းလမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်းမြို့။ ⚓

https://invite.viber.com/?g2=AQBeAClxF1mMPVV7C2nTGWEGFvmltVWU7KMze78ikhv26AMEc7SLDeXTk8y5kjil
https://www.tiktok.com/
https://t.me/kmadi123

"Emerald Waters of Graham Island... 🌊💚Journeying to the most beautiful jade-colored sea in the Mergui Archipelago. Take ...
26/03/2026

"Emerald Waters of Graham Island... 🌊💚

Journeying to the most beautiful jade-colored sea in the Mergui Archipelago. Take a moment to lose yourself in the peace and serenity of Graham Island (Hnet Khar Kyun.) ✨🏝️

မြိတ်ကျွန်းစုရဲ့ အလှဆုံး ကျောက်စိမ်းရောင် ပင်လယ်ပြင်ဆီသို့......
အေးချမ်းပြီး ဆိတ်ငြိမ်တဲ့ ဌက်ခါးကျွန်းရဲ့ အလှမှာ ခေတ္တခဏ မိန်းမောကြည့်လိုက်ပါ...... ✨🏝️

"

09/03/2026
Dunkin Island Resort - Saytan Island
01/02/2026

Dunkin Island Resort - Saytan Island

Address

Tanintharyi

Website

Alerts

Be the first to know and let us send you an email when KMA Islands Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category