Taunggyi Mountain Trip

Taunggyi Mountain Trip Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taunggyi Mountain Trip, Travel Company, Taunggyi.

လိုအပ်ရင် ခေါ်နိုင်ပါတယ်ခင်ဗျ
01/01/2024

လိုအပ်ရင် ခေါ်နိုင်ပါတယ်ခင်ဗျ

16/12/2023

အိမ်ထဲကအိမ်ပြင်ထွက်
တောင်ကြီးရောက်နေပီဟ

နိုင်ငံခြားမဟုတ်တဲ့ ကျနော်တို့ တောင်ကြီး ပုံရိပ်😍
30/10/2023

နိုင်ငံခြားမဟုတ်တဲ့ ကျနော်တို့ တောင်ကြီး ပုံရိပ်
😍

 #တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်) #ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov 21 ရက်ကနေ 27 ရ...
29/10/2023

#တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

#ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရျိမျကွပါနှငျ့။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

Crd #

တောင်ပေါ်ဒေသလမ်းတွေမကျွမ်းကြင်ပဲ မမောင်းစေချင်တာ စေတနာပါ နယ်ခံတွေပို့ပေးပါတယ်ဗျ
28/10/2023

တောင်ပေါ်ဒေသလမ်းတွေမကျွမ်းကြင်ပဲ

မမောင်းစေချင်တာ စေတနာပါ
နယ်ခံတွေပို့ပေးပါတယ်ဗျ

27/10/2023

#တန်ဆောင်တိုင်ကိုလာခဲ့ပါ

မြူနှင်များကြားက ဆောင်းတွင်းရဲ့ ပွဲတော်ကြီး မကြာခင်ရောက်ရှိလို့လာပါတော့မယ်နော်

ရိုးရာပွဲလေးနီးလာပြီမလို့ ရိုးရာသီချင်းများ ပုံရိပ်များနဲ့အတူ တစ်ချိန်ကအမှတ်တရ အလွပမ်ားကို မျှဝေပေးနေပါတယ်နော်

ခုလဲ ခံစားနားဆင်လို့ကောင်းမဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို မင်မင်က မျှဝေပေးလိုက်ပါတယ်ဗျာ

၂၀၂၃ခုနှစ် တောင်ကြီးမြို့တောျ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၂၁.၁၁.၂၀၂၃) ရက်မှ (၂၇.၁၁.၂၀၂၃) ရက်နေ့အထိ(၇)ရက်တိုင် အဝေရာကုန်းသာယာ မီးပုံးပျံကွင်း တှငျစညျကားသိုက်မွိုကျစှာကငြျးပပွုလုပျသွားမည်

#တောင်ကြီးချစ်သူရှမ်းပြည်သား
https://www.facebook.com/byPhonelaymyat/

Send a message to learn more

မင်္ဂလာပါ ကျွန်တော်က တောင်ကြီးမြို့ကပါ ဘုရားဖူးသွား ဓမ္မ မိတ်ဆွေများကို ကျွန်တော် တို့ တောင်ကြီးမြို့ပေါ်ရှိ အထင်ကရ တန်ခ...
24/10/2023

မင်္ဂလာပါ ကျွန်တော်က တောင်ကြီးမြို့ကပါ ဘုရားဖူးသွား ဓမ္မ မိတ်ဆွေများကို ကျွန်တော် တို့ တောင်ကြီးမြို့ပေါ်ရှိ အထင်ကရ တန်ခိုးကြီးဘုရားများ ဖြစ်သော စူဠာမုနိလောကချမ်းသာဘုရား နဂါးတောင်တန်းကြီးဟုအမည်ရှိသော နဂါးဦးခေါင်းပိုင်းဘုရားဖြစ်တဲ့ ရွှေမုဌောဘုရား နှင့်တောင်ကြီးမြို့တောင်ဘက်
ခြမ်းရှုခင်းသာနှင့် နဂါး၀မ်းဗိုက်ပိုင်း
ဖြစ်တဲ့ ရွှေဘုန်းပွင့် ဘုရား တောင် သိသူဖော်စားမသိသူကျော်သွား နဂါးလှိုင်ဂူ (ခ) ပတ္တမြား လှိုင်ဂူ နှင့် တောင်ကြီးမြို့လယ်ရှုခင်းသာ နှင့် နဂါးအမြှီးပိုင်း ဖြစ်တဲ့ မြစိမ်းတောင်ဘုရား အရိုးဂွင်းဆက်ဓာတ်တော် ဗုဒ္ဓမျက်ရှင်တော်နှီးဘုရား ဇိနမုနိရပ်တော်မူဘုရား နှင့် မြစိမ်းတောင် မှရှုခင်းသာများ
တောင်ကြီးမြို့မြောက်ဘက်
ခြမ်းရှုခင်းသာ များကို ဘုရားဖူးသွား ဓမ္မ မိတ်ဆွေ များအား လိုက်လံပို့ဆောင်ပေးသည့် တောင်ကြီးမြို့မှ မော်တော်ယာဉ်ငယ်လိုင်းဖြစ်ပါတယ် ဘုရားတောင်ပေါ် (ခ) နဂါးတောင်တန်းပေါ်သို့ ဘုရားဖူးသွား ဓမ္မ မိတ်ဆွေ များဤကားကြီးများတက်မရသောကြောင့် ကုလိုလ်လဲရ ၀မျးလဲ ၀ သဘောဖြင်စျေးနှုန်းချိုသာစွာလိုက်လံပို့ဆောင်ပေးပါတယ်"

ဘုရားဖူးသွား ဓမ္မ မိတ်ဆွေ များတည်ခိုရေးအဆင်ပြေစေရန်အတွက် လူကြီးမင်းတို့၏မြို့မှမထွက်ခင် တောင်ကြီးမြို့တွင်တည်ခိုရေးအတွက်ကြိုတင်နေရာစီစဉ်ရေး
ဖြစ်သော ဘုန်းကြီးကျောင်း တွင် ၎င်း ဟိုတယ် မိုတယ် နှင့် တည်းခိုခန်း များတွင်ကြိုတင်နေရာစီစဉ်
ပေး၍ လူကြီးမင်းတို့၏စိတ်တိုင်းကျ အခမဲ့ ကူညီဆောင်ရွက်ပေးပါတယ် ဘုရားဖူးသွား ဓမ္မ မိတ်ဆွေ များ၏ 1 ကားဂိတ်ပိုင်
2 ခေါင်းဆောင်
3 ကားသမား
များတို့၏လိုအပ်ချက်များကိုလဲအိမ်ရှင်ပီသစွာဆောင်ရွက်ပေးပါသည်"

📞📞📞 09965155982

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Taunggyi Mountain Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category