Htun & Ei Travel

Htun & Ei Travel အချစ်နဲ့ အတူ ခရီးသွားမယ်
Tourist Economy အကြောင်း ပြောမယ်

08/01/2026

မိန်းမကြီး ဖြစ်နေပါရဲ့ လေဒီဘွိုင်းလား အမေးခံရသော်အခါ

14/11/2025

ချင်းမိုင်မှာ ပတ်သွားရတာ အကောင်းဆုံးပါပဲ
#သိပ်လှတာပဲ

12/11/2025

အကြီးဆုံး ချယ်ရီပင်နဲ့
#ခရီး #သိပ်လှတာပဲ

12/11/2025

ရှမ်းပြည်မှာ ချယ်ရီတွေ ဝေတော့မယ်နော်

06/11/2025

Chiang Mai Festival 2025

06/11/2025

လှပတဲ့ မီးပုံးလေးတွေ
#အားလုံးပျော်ကြပါစေ

ထိုင်းနိင်ငံ၊ ချင်းမိုင်မြို့က လွယ်ကထုံပွဲတော် ပုံရိပ်တွေပါ။
06/11/2025

ထိုင်းနိင်ငံ၊ ချင်းမိုင်မြို့က လွယ်ကထုံပွဲတော် ပုံရိပ်တွေပါ။

06/11/2025

ဒီနေ့တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လွယ်ကထုံပွဲတော်ကို သွားလည်ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ သိန်းချီ လာရောက်ကြတဲ့ အထဲမှာ အမေရိကနဲ့ ဥရောပသားတွေ အများကြီး ရှိသလို တရုတ်၊တောင်ကိုရီးယားလည်း လာကြတာ များပါတယ်။

မြန်မာတွေလည်း အတော်ကို များတာ တွေ့ရပြီး ပွဲခင်းတလျှောက် မြန်မာစကားပြောနေတဲ့ လူအုပ်စုတွေကို လမ်း ခဏလျှောက်မိတိုင်း တွေ့ရတာပါ။
နေရတခုမှာ ရပ်နေရင်းတောင် မြန်မာတွေ အုပ်စုလိုက် သွားကြတာ (၁၀)စုမက တွေ့ရတာမို့ နည်းတဲ့ အရည်အ‌တွက်တော့ မဟုက်ပါ။

ချင်းမိုင်မြို့က လွယ်ကထုံပွဲတော်ကို မြန်မာလူမျိုး တစ်သောင်းဝန်းကျင် လာရောက်လည်ပတ်ကြဖွယ် ရှိပါတယ်။

ထိုင်း ခရီးသွားလုပ်ငန်း နဲ့ ဆွဲဆောင်ပုံက တကယ်ကောင်းပါတယ်။ သို့သော်လည်း ဖန်တီးမှုတွေ ပိုများနေတာပါ။
ရှမ်းပြည်က ရိုးရာပွဲတော်အများစုဟာ ဓလေ့ ရိုးရာ ဖြစ်ပြီးတော့ ဖန်တီးထားမှုတွေ နည်းပါတယ်။ တကယ့်ကို နိုင်ငံခြားသားတွေ ကြိုက်နှစ်သက်မယ့် ရိုးရာဓလေ့ ပုံစံက မြန်မာပြည်မှာ အများကြီး ကျန်ပါသေးတယ်။

သို့သော်လည်း သို့သော်လည်းပေါ့။
ချင်းမိုင်မြို့ဟာ တကယ့်ကို ခရီးသွားတွေအတွက် နှစ်လိုဖွယ် ၊ သွားချင်စဖွယ် ကောင်းတဲ့ မြို့ပါ။

အပြုံးနဲ့ ကြိုတဲ့ မြို့လို့ တင်စားလို့ ရသလို ခရီးသွားလုပ်ငန်းကနေလည်း ဝင်ငွေ အများကြီး ရတာပါ။

လွယ်ကထုံပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ အထင်ကရ ပွဲတော် ဖြစ်သလို ချင်းမိုင်မှာဆို ဘုန်းကြီးကျောင်းတွေမှာ ပြုလုပ်ကြပါတယ်။

မြို့ဟောင်း လို့ ခေါ်တဲ့ မြို့ရိုးဘက်မှာ လုပ်တဲ့ ပွဲအများစုက ခရီးသွားတွေကို ဆွဲဆောင်တဲ့ ပုံစံပါ။
ဒါအပြင် မီးပုံးပျံတွေ အများကြီး လွင့်တဲ့ နေရာက တခြားနေရာတွေမှာပါ။
ဒီနှစ်တော့ မကျင်းပဖြစ်တဲ့ နေရာတွေ ရှိနေပါတယ်။

နိုင်ငံခြားသားတွေ သဘောကျတဲ့ နေရာတခုမှာတော့ အကြီးအကျယ် ခမ်းခမ်းနားနား ကျင်းပကြပါတယ်။ ဝင်ကြေးကတော့ မီးပုံပျံ လွင့်တင်တာ အပါအဝင် နေရာတခုကို ဘက်(၅၀၀၀)ဝန်းကျင် ရှိပါတယ်။

မြန်မာငွေနဲ့ တွက်ရင် (၇)သိန်း ဝန်းကျင် ပေးရပါမယ်။
နိုင်ငံခြားသားတွေ သဘောကျလွန်းတာမို့ ဒီငွေပမာဏကို ပေးပြီး ပါဝင်ဆင်နွဲကြပါတယ်။ တကယ်လည်း လှတဲ့ နေရာနဲ့ အချိန်တခု ဖြစ်ပါတယ်။
ရှမ်းပြည်မှာလည်း ၂၀၁၆-၁၉ ကာလတွေမှာ တချို့နိုင်ငံခြားသား တွေ တန်ဆောင်တိုင် မီးပုံပျံလွင့်တင်ရာမှာ ဝင်ဆင်နွဲကြတာ တွေ့ဖူးတယ်။
သူတို့အတွက် ဘဝတသက်စာ မေ့မရတဲ့ အတွေ့အကြုံ ရသွားကြမှာပါ။
မြန်မာနိုင်ငံအနေနဲ့ ထိုင်းခရီးသွားကဏ္ဍ ဆွဲဆောင်နိုင်မှု ပုံရိပ်လို ရဖို့ အများကြီး(အများကြီး) လိုအပ်ပါသေးတယ်။
စကားတွေပြောပြီး ဆွဲဆောင်ရုံနဲ့ မရပါဘူး။

ဆိုတော့ ဒီည ချင်းမိုင် လွယ်ကထုံပွဲတော်ကို ပျော်ရွင်စွာ ပါဝင်ဖြတ်သန်းဖြစ်ခဲ့ပါတယ်။
#အားလုံးပျော်ကြပါစေ

29/10/2025

အကြိုက်တွေ့ပြီ 😁😂

23/10/2025

ချင်းမိုင် စံပါယ်တောင် ဘုရား

16/10/2025

ချင်းမိုင်က နာမည်ကျော် စံပါယ်တောင် ဘုရား

Address

ဗိုလ်ချုပ်အောင်ဆန်းလမ်း
Taunggyi

Alerts

Be the first to know and let us send you an email when Htun & Ei Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun & Ei Travel:

Share

Category