Adventures With Kham

Adventures With Kham Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Adventures With Kham, Travel Service, Taunggyi.

Virus free zone.. 🏕🇲🇲
21/03/2020

Virus free zone.. 🏕🇲🇲

Hello from Adventure with Kham👣ပွင့်လင်းရာသီလဲရောက်လာပြီဆိုတော့ kham တို့ tour package လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ မကြာခ...
01/03/2020

Hello from Adventure with Kham👣
ပွင့်လင်းရာသီလဲရောက်လာပြီဆိုတော့ kham တို့ tour package လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ မကြာခင် စာမေးပွဲတွေဖြေပြီးလို့ ခရီးထွက်ဖို့ စဉ်းစားနေကျတဲ့လူငယ်တွေ corona virus ကြောင့် အခက်တွေ့နေတယ်ဆိုရင် အေးချမ်းပြီးတိတ်ဆိတ်တဲ့ ကမ္ဘာကျော်ထင်းရှူးမြေ ကလောမြို့တောင်ပေါ်မှာ camping လေးနဲ့အနားယူကျမလား? 🏕️Adventure with Kham က စီစဉ်တဲ့ tour တွေက သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့ရမှာဖြစ်တဲ့အတွက် luxury tour တွေနဲ့ကွာပါမယ်နော်.. 🌲
ပထမဆုံးအနေနဲ့ Kalaw Package လေးနဲ့မိတ်ဆက်ပေးမယ်နော်
တခုရှိတာက ဓါတ်ပုံကိစ္စ ဘယ် package မဆို admin တို့ဖက်က ဓါတ်ပုံလှလှလေးရိုက်ပေးမှာနော်
အဝတ်စားလှလှလေးသာယူခဲ့..
ဒီ package မှာ ၂မျိုးရှိပါမယ်
ရက်ညှိနှိုင်းလို့ရပါတယ်ရှင်

Package 1️⃣ 2days 1 night camping package
အနဲဆုံး ၆ ယောက်ပါတဲ့ group အတွက်ပါ လူနည်းရင်စျေးနှုန်းပြောင်းလဲမှုရှိပါတယ် ဒီအတွက် chat box မှာ ညှိနှိုင်းလို့ရပါတယ်ရှင်.
Package 1 အတွက်က camping သီးသန့်ပါ
မနက် ၈:၃၀ အရောက် ကလောမှာ လူစုပါမယ်
Day 1 အတွက် မနက် ၉နာရီမှာ trekking နဲ့စပါမယ် ကလောမြို့ကနေ camping လုပ်မယ့်နေရာရောက်ဖို့ 4hrs ကြာ လျှောက်ရပါမယ်
လမ်းမှာ နားတာနဲ့ ဓါတ်ပုံရိုက်တာ ကြာချိန်ရှိတဲ့အတွက် လမ်းလျှောက်ချိန်က ပြောင်းလဲမှုရှိနိုင်ပါတယ်ရှင် ( နေ့လည်စာကို trekking လမ်းကြောင်းမှာ ဧည့်ခံပါမယ်ရှင်)
camp နေရာ ရောက်ပြီဆိုရင် sunset နဲ့ တကွ ညနေစာကိုတည်ခင်းဧည့်ခံပါမယ်ရှင် ညပိုင်းမှာ တော့ မီးပုံပွဲနဲ့အတူ game လေးဆော့ရင်း bbq စားရင်း wine လေးနဲ့ relax လုပ်မယ့် အစီအစဉ်လဲ ပါပါတယ်ရှင်..
Day 2 မနက်မှာတော့ မနက်စာအပြီး အနားယူပြီးရက် ကလောကို trekking ပြန်လျှောက်ရပါမယ် မလျှောက်ချင်တော့တဲ့သူတွေအတွက် ကားနဲ့ ကလောကို ပြန်လည်ပို့ဆောင်ပေးပါတယ် ( အသွားနဲ့အပြန် trekking လမ်းကြောင်းတော့မတူပါ)
ဒီ package မှာ ပါဝင်တာက trekking guide, ဓါတ်ပုံရိုက်ပေးမယ့်သူတယောက်, ထမင်း ၃နပ်စာ, bbq, wine, sleeping bag , tent နဲ့ medical box ပါ
လိုအပ်တဲ့တကိုယ်ရေသုံးပစ္စည်း, အဝတ်အစား, လမ်းလျှောက်နေချိန် သောက်ရန်ရေသန့်ကတော့ ကိုယ်တိုင်ယူလာရပါမယ်ရှင်. ကလောကိုအရောက်လာပေးရပါမယ် ကလောမြို့ထဲကို ပြန်ပို့ပေးပါတယ်ရှင်

Package 2️⃣ Sight seeing around Kalaw & camping trip
အနဲဆုံး ၆ ယောက်ပါတဲ့ group အတွက်ပါ လူနည်းရင်စျေးနှုန်းပြောင်းလဲမှုရှိပါတယ် ဒီအတွက် chat box မှာ ညှိနှိုင်းလို့ရပါတယ်ရှင်.

ဒီ package ကတော့ ၂ညအိပ် ၃ရက် package ပါ
ဒီ package ကတော့ အဝေးကလာတဲ့သူတွေအတွက် ပိုပြီးသင့်လျှော်ပါတယ်ရှင်
အဝေးကားနဲ့အခါ ကလောမှာ မနက် ၄ နာရီကားဆိုက်တာ ဖြစ်တဲ့အတွက် မနက်အစောကားနဲ့ကြိုပေးပြီး Hotel ( 3stars ⭐) ကိုပို့ဆောင်ပေးပါတယ် အနားယူပြီး မနက် ၁၀ နာရီက စပြီး ထွက်ပါမယ်
Day 1 မှာ နာမည်ကျော် မြင်းမထိဂူ
ဗျိုက်တောင်
Kalaw Heritage hotel နဲ့
Kalaw view point ကိုလိုက်ပြီးပို့ဆောင်ပေးပါမယ်ရှင်

🚂ဒါမှမဟုတ် ရထားစီးချင်တယ်ဆိုတဲ့သူတွေအတွက်တော့ တောင်ကြီး သို့မဟုတ် ရွှေညောင်ကနေ စထွက်ပါမယ် ရထားက၇:၃၀ မှာစထွက်တဲ့အတွက် တောင်ကြီးမှာဆို ၆:၀၀ ရွှေညောင်မှာဆို မနက် ၇:၀၀ အရောက်လူစုပါမယ်

Day 2 နဲ့ Day 3 အတွက်က package 1 က camping trip ပါရှင် 🏕️

(ဒီ package မှာ Day 1 အတွက် အစားအသောက်မပါဝင်ဘူးရှင် စားသောက်ဆိုင်တွေကိုလိုက်ပို့ပေးပါတယ်
ပါဝင်တာက day 1 အတွက်ဝင်ကြေးအားလုံးနဲ့ ကားခ hotel ခတော့ ပါဝင်ပြီးသားပါရှင် ပြီးတော့ trekking guide, ဓါတ်ပုံရိုက်ပေးမယ့်သူတယောက်, ထမင်း ၃နပ်စာ, bbq, wine, sleeping bag , tent နဲ့ medical box ပါ
လိုအပ်တဲ့တကိုယ်ရေသုံးပစ္စည်း, အဝတ်အစား, လမ်းလျှောက်နေချိန် သောက်ရန်ရေသန့်ကတော့ ကိုယ်တိုင်ယူလာရပါမယ်ရှင်. ပြီးရင်ကလောမြို့ထဲကို ပြန်ပို့ပေးပါတယ်ရှင်)

စိတ်ဝင်စားတယ် Kham တို့နဲ့ join ချင်တယ် စျေးနှုန်းနဲ့အချက်အလက်တွေပိုပြီးသိချင်တယ်ဆိုရင်တော့ chat box ကနေ စုံစမ်းလို့ရပါတယ်ရှင် 👣📲 09693558480

ဒီနေ့ Kham တို့ ရှမ်းပြည်နယ်မှာ ရနိုင်တဲ့ အစားအသောက်အချို့အကြောင်းတွေ တင်ဆက်ပေးမယ်နော် 🥙အဝေးရောက် ရှမ်းပြည်သားတွေလဲ အလွမ...
29/02/2020

ဒီနေ့ Kham တို့ ရှမ်းပြည်နယ်မှာ ရနိုင်တဲ့ အစားအသောက်အချို့အကြောင်းတွေ တင်ဆက်ပေးမယ်နော် 🥙
အဝေးရောက် ရှမ်းပြည်သားတွေလဲ အလွမ်းပြေရတာပေါ့
ရှမ်းပြည်ရောက်ရင် ဒီအစားအသောက်တွေစားဖြစ်အောင်စားခဲ့ကျပါလို့ 🥗
foody တွေ တပုံချင်းစီအောက်မှာ 👇🏻 ဝင်ဖတ်ပေးနော်
ဒီ sharing နဲ့ပတ်သတ်ပြီး စိတ်ကျေနပ်မှုရှိတယ် ကြိုက်နှစ်သက်တယ် ဆိုရင် ဒီ post လေးကို like & share လုပ်ပေးဖို့မမေ့ပါနဲ့နော်

နောက်တခါ ဒီထက်ကောင်းတဲ့တင်ဆက်မှုတွေနဲ့ ပြန်လာခဲ့ပါမယ်

writer-မမခမ်းသူ😎
photo edit- Nang Kaung Kham

Trek around PineLand🌲Kham တို့ June တုံးက ကလောတဝိုက် trekking လေးသွားခဲ့ကျတယ်.. Kalaw ဆိုတာ ကမ္ဘာကျော် လှပတဲ့အေးချမ်းတဲ့ ...
17/01/2020

Trek around PineLand🌲
Kham တို့ June တုံးက ကလောတဝိုက် trekking လေးသွားခဲ့ကျတယ်.. Kalaw ဆိုတာ ကမ္ဘာကျော် လှပတဲ့အေးချမ်းတဲ့ သဘာဝတွေရှိတဲ့ နယ်မြေတခုပဲလေနော်.. မြို့ပေါ်အပေါ်ယံလေးပဲလည်ရုံနဲ့တော့ သဘာဝဆိုတာကို အတိအကျခံစားမိမှာမဟုတ်ဘူးနော်.. ဒီတခေါက် ခရီးကိုတော့ ၂ညအိပ် ၃ရက် သွားဖြစ်ခဲ့ကျတယ်.. 👣
Day 1 👣🌲
admin တို့က တောင်ကြီးကဆိုတော့ သဘာဝကိုလဲခံစားချင်တာနဲ့ ကလောကိုကားနဲ့မသွားဘဲ ရွှေညောင်ကနေတဆင့် ရထားလေးစီးပြီးသွားခဲ့ကျတယ်..🚞 အထူးတန်းကိုမှတယောက် ၁၂၀၀ ဆိုတော့ ဇိမ်ပဲပေါ့..✔️ ရွှေညောင်ကနေ မနက် ၉နာရီစထွက်ပြီး ကလောဘူတာကို နေ့လည် ၁၂ခွဲလောက်ဆိုက်တယ်.. အိပ်ငိုက်ဖို့တောင်အချိန်မရလိုက်ဘူး ဓါတ်ဖမ်းနေရတာနဲ့.. ရထားနဲ့ ဟဲဟိုးက ဘဝသံသရာတံတားကိုဖြတ်တဲ့ စက္ကန့် ၄၀လောက်အတွင်းမြင်ရတဲ့အလှနဲ့ကို ရထားစီးရတာတန်နေတာ.. ကလောကို နေ့လည်ဆိုက်တော့ ဗိုက်ကတော်တော်ဆာနေကျပြီ.. Trekking အတွက်သွားတာဆိုတော့ no transportation ပဲ.. အနီးဆုံး Kalaw Princess restaurant မှာ နေ့လည်စာ စားဖြစ်တယ်.. ပြီးတာနဲ့ မြို့ထဲက အထင်ကရနေရာတွေနား သွားလည်ပတ် ဓါတ်ပုံရိုက်ပြီး ခြေဦးတည့်ရာလျှောက်ကျတော့တာပဲ.. June လဆိုတော့ မိုးရာသီဖြစ်တာမလို့ မိုးကာလေးတကားကားနဲ့😂 နာမည်ကြီးသရဲအိမ် နှစ်ပေါင်း၁၀၀ ကျော်သက်တမ်းရှိတဲ့ အိမ်အိုတွေ ငါးနှစ်ကောင်အိမ်တွေ church တွေသွားလေ့လာဖြစ်တယ်.
Day 2 👣🌲.
နောက်နေ့မနက် trekking စရတော့မယ်ဆိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့ မနက်ထ ကလောဈေးထဲ မနက်စာစားပြီး ည ရွာမှာ စားဖို့ အသီးအနံတွေ အသားတွေ ဝယ်ပြီး ရွာပုရွာကို ချီတက်ကျတာပဲ..
Pine land ကြားမှာ ဓါတ်ပုံရိုက်လိုက်နားလိုက်နဲ့ နေ့လည်ရောက်လာရော ပါလာတဲ့ပေါင်မုန့်လေးစား ရေလေးသောက်ပြီးခရီးဆက်ကျတာ.. နေ့လည် ၁၂လဲကျော်တာနဲ့ မိုးကရွာ ရွံ့တွေနဲ့ တချို့နေရာကရေကလဲကြီး.. အဲ့လိုပုံနဲ့ခရီးဆက်လိုက်ကျတာ ညနေ ၅နာရီမှပဲ ရွာရောက်တယ်..
ဒေသခံအိမ်ကလဲ အကုန်လုံးအဆင်သင့်ပဲ. နွေးနွေးထွေထွေးဘီယာနဲ့ကြိုဆိုတယ်🤪🍻 အချမ်းပြေပေါ့လေ.. ပတ်ဝန်းကျင်ကလဲတိတ်တိတ်ဆိတ်ဆိတ်နဲ့ အနားယူလို့အရမ်းကောင်းတယ်.. တခုပဲ မီးနဲ့ဖုန်းလိုင်းမရတာ.. မြို့ပြနဲ့ဝေးရာပေါ့.. Uno ဆော့တယ် ဘဝအကြောင်းတွေ sharing လုပ်ကျတယ် အရမ်းပျော်ခဲ့ကျတယ်..ညစာမစားခင် desert အနေနဲ့ ငှက်ပျော်သီးကို အရက်နဲ့ ကင်တဲ့ activity လုပ်ပြတယ်.. စားလို့ကောင်ဒ်ဆိုတာ တသက်မမေ့ဘူး.. dinner အတွက်ကတော့ ကိုယ်တွေမနက်ကဈေးသုံးလာတဲ့ အသားတွေ ဟင်းသီးဟင်းရွက်တွေနဲ့ချက်ပေးထားတာ အမျိုးအစားစုံမစုံဆိုတာ ပုံထဲကိုပဲကြည့်တော့.. ညတော့စောစောအိပ်ဖြစ်တယ် မိုးရေထဲ ဗွက်တွေထဲ လျှောက်လာတာ ၇နာရီမှ မကပဲကိုး..
Day 3👣🌲
နောက်နေ့မနက်တော့ နေမထွက်ခင် ၇ နာရီလောက်ထဲက ကလောကို ပြန်လျှောက်ကျတယ်.. အလာတုံးကလမ်းနဲ့မတူဘဲ တောင်ကြားတွေထဲကလမ်းနဲ့.. ဒါနဲ့ပြန်မထွက်ခင်လဲ မနက်စာကို ဧည့်ခံသေးတာ..သဘောကောင်းချက်နော် 😋 လျှောက်ရင်းနားရင်းနဲ့ နေ့လည် ၁နာရီလောက်တော့ ကလောမြို့ထဲပြန်ရောက်ပြီ.. အရေးထဲလမ်းကမှားသေးတာ leader ကောင်းမှုနဲ့😜 နေ့လည်စာစားပြီး တောင်ကြီးကိုအပြန်တော့ ရထားမစီးနိုင်တော့ဘူး ကားငှါးပြီးပြန်တက်ခဲ့ကျတာ တလမ်းလုံးအိပ်ပြီးတော့.. ဒီ trekking ကနေ မိတ်ဆွေအသစ်တွေတိုးပွါးခဲ့တယ် သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့ခဲ့ကျရတယ် ပျော်စရာအမှတ်တရလေးတွေဖန်တီးခဲ့ကျရတယ်.. ကမ္ဘာကျော် pineland 🌲🌲🌲ကိုလဲ ၃ရက်ထိတွေ့ခွင့်ရခဲ့တယ်.. အဓိက ကတော့ Kham တို့ ငယ်တုံး သွားနိုင်လာနိုင်တုံးမှာ သဘာဝနဲ့အနီးစပ်ဆုံးကိုခြေဆန့်ကြည့်ကျပါလို့..🍂
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
Second blog လေးရဲ့လိုအပ်ချက်ရှိရင်လဲထောက်ပြကျနော်.. ❣️

မမ ခမ်းသူး🦋






Photo editing- Nang Kaung Kham

Page လေးစဖွင့်တဲ့အနေနဲ့ 2019 January တုံးက သွားခဲ့တဲ့ မဲနယ်တောင် hiking ပုံလေးတွေ တင်လိုက်တယ်နော်🌄မဲနယ်တောင်သို့အလည်တခေါ...
10/07/2019

Page လေးစဖွင့်တဲ့အနေနဲ့ 2019 January တုံးက သွားခဲ့တဲ့ မဲနယ်တောင် hiking ပုံလေးတွေ တင်လိုက်တယ်နော်🌄

မဲနယ်တောင်သို့အလည်တခေါက်

ခရီးလမ်းကြောင်းကတော့ ဟိုပုံးမြို့နယ် စံဖူးရွာတောင်ခြေ ကနေတက်ရတာပါ.. တောင်ခြေရွာလေး စံဖူးရွာက အမြင့်ပေ ၅၀၀၀ ကျော်မှာရှိတာမို့အရမ်းအေးတယ် ညနဲ့မနက်ခင်းအပူချိန် -1•C နေ့လည်တော့ 12•C ဝန်းကျင်ပါ( during January) ခိုက်ခိုက်တုန်ကအေးခဲ့တာ🌬❄️
နေထွက်မှ တောင်တက်ရတာ အရမ်းပူတာမလို့ မတက်ခင်ရှေ့တညကို စံဖူးရွာက ပအိုဝ်းအိမ်လေးမှာ အိပ်ရတာလဲ စိတ်လှုပ်ရှားစရာပဲ.. 🤩 အရမ်းကိုဧည့်ဝတ်ကျေတဲ့ ဒေသခံအိမ်လေး.. အားတောင်နာတယ် ဧည့်ဝတ်ကျေလွန်းလို့.. နေမထွက်ခင်တက်တာမို့ မနက် ၃နာရီထပြီး မျက်နှာသစ်သွားတိုက် (ရေခဲရေနဲ့မျက်နှသစ်ရတာ🥶 ခေါင်းပါခဲတယ်) အိမ်ရှင်အိမ်က အစ်ကိုနဲ့အစ်မတယောက်စီ ပလိုင်းအကြီးကြီးထဲမှာ ရေသန့်တွေ ထမင်းထုပ်တွေနဲ့လိုက်ပါတက်ပေးပါတယ် .. 😯 (ဒေသခံမပါဘဲ မတက်သင့်ပါလမ်းမှားတတ်ပါတယ်)တောတောင်လမ်းဆိုတော့ ဓါတ်မီးကောင်းကောင်းတလက်တော့လိုမယ်..🔦 အမှောင်ထဲမှာ တက်ရတာ လမ်းတွေကျဉ်းမှန်းသိပ်မသိသာခဲ့ဘူး.. trekking မဟုတ်တဲ့ hiking ဆိုတော့ နဲနဲတော့မောတယ်.. အနွေးထည်အထူကြီးတွေနဲ့တက်ရဆိုတော့ စိတ်တော့ကျဉ်းကျပ်တယ်.. ချွတ်ပြန်တော့လဲ တော်တော်အေးတာမလို့.. မနက် ၆နာရီဆိုတော့ အလင်းရောင်စထွက်ပြီ..🌅 နေမထွက်ခင် အချိန်ထိတော့ လမ်းတလျှောက်က အပင်သေးလေးတွေပေါ်မှာ ရေတွေခဲလို့.. တလမ်းလုံးစိမ်းစိုပြီး မျက်စိပဒါသဖြစ်တယ်.. လမ်းလျှောက်လိုက် ရေသောက်လိုက် ဓါတ်ပုံရိုက်လိုက် နဲ့ တောင်ထိပ်ရောက်တော့ 9 နာရီထိုးပြီ.. အရမ်းမောနေတဲ့အချိန် တွေ့လိုက်ရတဲ့ ရှုခင်းလေးတွေက ပန်းချီတောင်မမှီဘူး..🤤 နေစထွက်ချိန်ရောက်တာဆိုတော့ တိမ်ပင်လယ်ကြီးအလှကိုလဲ အဝခံစားလိုက်တယ်.. အမြင့်ပေ ၈၀၀၀ကျော်ထိရှိတဲ့တောင်ထိပ်ရောက်တော့ တောင်ဇလပ်ပန်းတွေ့ရတာ အဲ့တချက်အတန်ဆုံးပဲ.. ဒီလိုအမြင့်ပေမှမရောက်ရင်တွေ့ဖို့မှမလွယ်တာလေ.. ဗိုက်ကလဲတော်တော်ဆာနေပြီဆိုတော့ ဒေသခံတွေ ယူတက်လာပေးတဲ့ ထမင်းထုပ်လေးတွေနဲ့ စားလိုက်ရတာဘယ်လိုစားလို့ကောင်းမှန်းမသိဘူး.. ကိုယ်တွေကတော့ ကိုယ့်အင်္ကျီနဲ့လွယ်အိတ်တောင်အနိုင်နိုင် သူတို့ကတော့ ပလိုင်းလဲလွယ်တယ် အရှေ့ဆုံးကနေကြိုပြီး ရပ်ရပ်စောင့်နေရတာ😂😅
တောင်အဆင်းတော့မြန်တယ် ၂နာရီခွဲလောက်ပဲလျှောက်လိုက်ရတယ်.. ရွာကအိမ်လဲပြန်ရောက်ရော စားစရာ ထမင်းပွဲကအဆင်သင့်😍 ထမင်းစားသောက်ပြီး ပြန်ထွက်လာတာနဲ့ တောင်ကြီးကို 4:30pm လောက်ပြန်ရောက်ခဲ့တယ်.. 🏡
လုံးဝမမေ့နိုင်တဲ့ hiking trip လေးတခုရခဲ့တယ်..👣
ငယ်ရွယ်တုံး ခြေဆန့်နိုင်သလောက်ဆန့်ပါ.. လူငယ်တွေအတွက်က income နည်းသေးတော့ ဒီလို budget trip လေးတွေက အသင့်တော်ဆုံးလို့ kham ထင်တယ်.. လမ်းကြောင်းတွေအသစ်ရှာရှင်း trekking, hiking တွေရဲ့အဆုံးရောက်ရင် ခံစားရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ဘူး ဆိုတာ သွားဖူးတဲ့သူတွေအသိဆုံးနော်♥️

ပထမဆုံး blog အရေးအသားမို့ အမှားပါတာရှိရင် ထောက်ပြပေးကျပါရှင်..
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်😍♥️

မမခမ်းသူး🦋





Photo edit- Nang Kaung Kham

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Adventures With Kham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category