28/11/2020
"ပျော်ရွှင်မှု အရင်းအမြစ်..."
သူတစ်ပါးက ကိုယ့်ကိုပေးလာတဲ့
ပျော်ရွှင်ခြင်းဟာ တခဏတာ
ယာယီမျှသာပါလို့ အမြဲနှလုံးသွင်းထားပါ။
ကိုယ်ပျော်ဖို့အတွက်
သူတစ်ပါးကိုအမှီပြုလွန်းအားကြီးရင်
တစ်နေ့ အဲဒီလူ အနားမှာမရှိတော့ရင်
ကိုယ်ခမျာ မှီစရာမရှိယိုင်နဲ့နဲ့
ဖြစ်ကျန်ရစ်တတ်တာကို သတိပြုပါ။
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို လိုချင်ရင်
ကိုယ်တိုင်ဖန်တီးယူပါ။
သူတစ်ပါး ပျော်အောင်လာလုပ်ပေးမှ ပျော်နိုင်တဲ့သူဖြစ်ရတာထက်
ကိုယ့် ကိုယ်ကိုပျော်အောင်နေတတ်ပြီး
သူတစ်ပါးကိုတောင် ပျော်ရွှင်မှု
ပြန်လည်ဝေမျှပေးနိုင်တဲ့သူဖြစ်ရတာကမှ
ပိုကောင်းဦးမယ်။
နေမင်းကြီးကို အမှီပြုရမှသာ
အရောင်အဝါထွန်းလင်းနိုင်တဲ့
နဂိုကိုယ်ပိုင်အလင်းရောင်မရှိတဲ့
လမင်းကြီးတစ်စင်း ဖြစ်ချင်မဲ့အစား
သူတစ်ပါးကို အလင်းရောင်ပြန်ပေးနိုင်တဲ့
နဂိုကိုယ်ပိုင်အလင်းရောင်ရှိ နေမင်းကြီး
တစ်စင်းပဲ ဖြစ်လိုက်စမ်းပါ။
တကယ်စစ်မှန်တဲ့
ပျော်ရွှင်မှု အရင်းအမြစ်ဆိုတာ
သူတစ်ပါးဆီကလာခြင်းမျိုး မဟုတ်ဘဲ
ကိုယ်ဆီကနေ လာခြင်းမျိုးသာ ဖြစ်ပါတယ်။ ။
#ဟန်မင်း(Nightmare&Deep)