Shwe Phone Pyae Travels & Tours

Shwe Phone Pyae Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Phone Pyae Travels & Tours, Travel Agency, Thingangyun.

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်၏ ၂၀၂၄ - ၂၀၂၅ ဗုဒ္ဓဂယာခရီးစဉ်များ🤩ဗုဒ္ဓဂယာခရီးစဉ်တွေကို ဒီနှစ်မှာတော့ (၁၄ညအိပ် - ၁၅ရက်...
10/09/2024

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်၏ ၂၀၂၄ - ၂၀၂၅ ဗုဒ္ဓဂယာခရီးစဉ်များ🤩

ဗုဒ္ဓဂယာခရီးစဉ်တွေကို ဒီနှစ်မှာတော့ (၁၄ညအိပ် - ၁၅ရက်ခရီး) (၁၀ညအိပ် -၁၁ရက်ခရီး) (၃ညအိပ် ၄ရက်ခရီး) များကို သံဝေဂယူ ကုသိုလ်ပြုနိုင်ဖို့စီစဉ်ပေးထားပါတယ် ...

ယခင်ထွက်ခွာနေကျ (၇ညအိပ် - ၈ရက်) ခရီးစဉ်အစား (၁၀ညအိပ် -၁၁ရက်)ခရီးစဉ်ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာပဲ အစားထိုးပို့ဆောင်သွားမှာဖြစ်ပါတယ်...

၁၄ညအိပ် - ၁၅ရက်ခရီး
--------------------------------------
ဗုဒ္ဓဂယာ ၊ ဗာရာဏသီ၊ သာဝတ္ထိ၊လုမ္ဗိနီ၊ ကုသိနာရုံ၊သင်္ကဿနဂိုရ်၊ကောသမ္ဗီ၊ အာဂရာ(တပ်ချ်မဟာ၊ နယူးဒေလီ ၊ ဝေသာလီ၊ ရာဇဂြိုဟ် ၊နာလန္ဒာ ။

၁၀ညအိပ် - ၁၁ရက်ခရီး
--------------------------------------
ဗုဒ္ဓဂယာ ၊ ဗာရာဏသီ၊ သာဝတ္ထိ၊ကုသိနာရုံ၊လုမ္ဗိနီ၊ ကိပ္ပလဝတ် ၊ နိဂြောဓါရုံ၊ဝေသာလီ၊ ရာဇဂြိုဟ် ၊နာလန္ဒာ ။ နိဂြောဓါရုံ

၃ညအိပ် - ၄ရက်ခရီး (ဗာရာဏသီဓါတ်တော်တိုက်ဖွင့်ပွဲ)
--------------------------------------
ဗုဒ္ဓဂယာ ၊ ဗာရာဏသီ၊

🥰ခရီးစဉ်အတွက်လိုအပ်သော ပြည်ပ (အဝင်/အထွက်)ကိစ္စရပ်များအား ကြိုတင်လုပ်ဆောင်ရမည်ဖြစ်သဖြင့် မိမိတို့လိုက်ပါလိုသောခရီးစဉ်မတိုင်မီ (၄၅)ရက်ကြိုတင် စာရင်းသွင်းဖို့လည်းလိုအပ်ပါတယ်ရှင့်။🥰
ဆက်သွယ်ရန်
095018517
09428634411
09443060048
အမှတ် 748၊ပထပ်၊ဇဋိလလမ်း၊16/1ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။(ရတနာဈေးအနီး)
ကျွန်မတို့ရွှေဘုန်းပြည့်နှင့်အတူခရီးစဉ်များလိုက်ပါပေးဖို့ဖိတ်ခေါ်အပ်ပါတယ်...

၇၀၀၀ကျပ်တန်ဂယာအိမ်မက် (၅)ကြိမ်မြောက်ကံစမ်းမဲလက်မှတ်များအား အချိန်ကြာမြင့်သည်ထိ အစောင်အရေအတွက်မပြည့်သောကြောင့် ရောင်းချငွ...
07/09/2024

၇၀၀၀ကျပ်တန်ဂယာအိမ်မက် (၅)ကြိမ်မြောက်ကံစမ်းမဲလက်မှတ်များအား အချိန်ကြာမြင့်သည်ထိ အစောင်အရေအတွက်မပြည့်သောကြောင့် ရောင်းချငွေများအားပြန်လည်ထုတ်ပေးခြင်း...

ကျွန်မတို့ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းမှ အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးသွားရောက်ဖူးမြော်နိုင်ရန်ရည်ရွယ်၍ ၇၀၀၀ ကျပ်တန် ဗုဒ္ဓဂယာဘုရားဖူး ကံစမ်းမဲလက်မှတ်များကို ၂၀၂၃ခုနှစ် ၊ ဇွန်လ(၂၁)ရက်နေ့မှစတင်၍ရောင်းချခဲ့ပါသည်။

ထိုသို့ရောင်းချပေးပြီးနောက်ပိုင်း ၂၀၂၃ခုနှစ် ၊ဧပြီလထိ ၇၀၀၀ကျပ်တန် ဂယာအိမ်မက်ခရီးစဉ်အား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူးကံထူးရှင် (၄)ဦးအား ကံစမ်းမဲဖွင့်ဖောက်ခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင် (၄)ဦးအနက်မှ (၃)ဦးအား အိန္ဒိယနိုင်ငံဗုဒ္ဓဂယာသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။

ဘုရားဖူးကံထူးရှင် (၄)ဦးအား ကံစမ်းမဲဖွင့်ဖောက်ပြီးနောက်ပိုင်း (၅)ကြိမ်မြောက် ကံထူးရှင်အတွက် ဆက်လက်ရောင်းချပေးပြီး အစောင်ရေမှာ (၅၂၇)ထိရောင်းချပြီးဖြစ်ပါသည်။ သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ကံစမ်းမဲလက်မှတ်အစောင်ရေများ မရောင်းချရသည်မှာ (၃)လခန့်ကြာမြင့်နေပြီဖြစ်ပါသည်။ သို့ပါသောကြောင့် ကျွန်မတို့၏ ၇၀၀၀ကျပ်တန်ဂယာအိမ်မက် ကံစမ်းမဲလက်မှတ်များရောင်းချခြင်းအားရပ်ဆိုင်း၍ ရောင်းချပြီးသော အစောင်ရေ(၅၂၇) ကံစမ်းထားသူတဦးတယောက်ခြင်းအား ကျသင့်ငွေ တစောင်လျှင် မြန်မာကျပ်ငွေ (၇၀၀၀)ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။ ကံစမ်းထားသူများ၏ နာမည်စာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးပြီး နံပါတ်အစဉ်တိုင်း ကံစမ်းထားသူများအား (၉.၉.၂၀၂၄) မှ စတင်၍KBZ Pay မှ တဆင့်ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါကြောင်း ညှိုးငယ်စွာဖြင့် အသိပေးတောင်းပန်အပ်ပါသည်။

၇၀၀၀ ကျပ်တန် ဗုဒ္ဓဂယာဘုရားဖူးကံစမ်းမဲလက်မှတ်များအားပြန်လည်ရောင်းချမည့်အချိန်တွင်လည်း ထပ်မံပါဝင်ကံစမ်းပေးပါရန် ရွှေဘုန်းပြည့်မိသားစုမှ မေတ္တာရပ်ခံအပ်ပါသည်။

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းရဲ့ ဗုဒ္ဓဂယာခရီးစဉ်များစတင်ပါပြီ...သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့အောင...
28/08/2024

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းရဲ့ ဗုဒ္ဓဂယာခရီးစဉ်များစတင်ပါပြီ...

သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့အောင်မြေမှာ ဘုရားဖူးအဓိဌာန်ပြုမယ့်ဓမ္မမိတ်ဆွေများအတွက် ရွေးချယ်စရာ ခရီးစဉ်နှစ်ခုရှိပါတယ်... (၇)ညအိပ်(၈)ရက်ခရီးစဉ် နဲ့ (၃)ညအိပ် (၄)ရက်ခရီးစဉ်တို့ပဲဖြစ်ပါတယ်...

၈ရက်ခရီးစဉ် (၁၂.၁၀.၂၀၂၄ )ရန်ကုန်မြို့မှထွက်ခွာမှာဖြစ်ပြီး ၄ရက်ခရီးစဉ်ကိုတော့ (၁၆.၁၀.၂၀၂၄)ရက်နေ့မှာထွက်ခွာမှာဖြစ်ပါတယ်... ခရီးစဉ်တိုင်းမှာ Tour Leader၊အစားအသောက်၊တည်းခိုစရာ၊ခရီးသွားအာမခံများ ပါဝင်ပြီးဖြစ်ပါတယ်...

ခရီးစဉ်ဈေးနှုန်းနှင့်အခြားသိလိုသမျှကို ဖုန်းနံပါတ်
09 4430 600 48, 09 428 63 44 11 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ပြည်ပနိုင်ငံဘုရာဖူးခရီးစဉ်ဖြစ်တာကြောင့် ခရီးစဉ်မတိုင်မှီအနည်းဆုံး( ၁ )လကြိုတင်စာရင်းပေးသွင်းပေါရန်မေတ္တာရပ်ခံပါတယ်...

ဝါဆိုသင်္ကန်းအကြောင်း*********************** #အဘယ့်ကြောင့်ဝါဆိုသင်္ကန်းခေါ်ပါသလဲ ➖➖➖➖➖➖➖➖➖➖➖➖➖➖ဝဿာဝါသိကန်တိ ဝဿံ အာဝသန်တာ...
31/07/2024

ဝါဆိုသင်္ကန်းအကြောင်း

***********************

#အဘယ့်ကြောင့်ဝါဆိုသင်္ကန်းခေါ်ပါသလဲ

➖➖➖➖➖➖➖➖➖➖➖➖➖➖

ဝဿာဝါသိကန်တိ ဝဿံ အာဝသန်တာနံ ဒါတဗ်ဗံ စီဝရံ

(ပါစိတျာဒိယောဇနာ-နှာ ၃၉၃)

ဝါဆိုသင်္ကန်းဆိုတာ မိုး‌လေးလ ပတ်လုံးနေတော်မူကြကုန်

သော ရဟန်းသံဃာတော်တို့အား (ဝါဆိုတော်မူကြကုန်သောရဟန်းသံဃာတော်တို့အား)လှုဒါန်းအပ်သောကြောင့် ဝါဆိုသင်္ကန်း ဟုခေါ်ဆိုပါတယ်။

ဤဝါဆိုသင်္ကန်းကို မြတ်စွာဘုရားရှင်သီးခြားသိက္ခာပုဒ် ပညတ်တော်မူ၍ ခွင့်ပြုတော်မူအပ်သောသင်္ကန်း

မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော်အခါထဲက

အစဉ်အလာအရ ကပ်လှုလာကြတဲ့သင်္ကန်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်လည်းအလှုခံတော်မူသလိုရဟန်းတော်များလည်းအလှုခံတော်မူကြပါတယ်။

ဘုရားရှင်လက်ထက်တော်ကဝါဆိုသင်္ကန်းကိုဝါတွင်းကာလ လှုဒါန်းကြတာမဟုတ်ပဲဝါဆိုပြီးဝါကျွတ်မှ လှုဒါန်းကြဟန်ရှိပါတယ်။ ထို့ကြောင့် ပါရာဇိကဏ်

ပါဠိတော် #အစ္စေကစီဝရသိက္ခာပုဒ်မှာ -

"ဝဿံ ဝုဋဌှာနံ ဘဂဝတာ ဝဿာဝါသိကံ အနုညာတံ

မြတ်စွာဘုရားရှင်သည် မိုးလေးလပတ်လုံးနေပြီးသော

ရဟန်းတော်တို့အားဝါဆိုသင်္ကန်းကိုခွင့်ပြုတော်မူပြီ" ဟုပါရှိတာ တွေ့ရပါတယ်။ ထိုစကားရပ်ကို

ပါရာဇိကဏ်ဘာသာဋီကာ စတုတ္ထအုပ် နှာ ၅၄၁ မှာ

ဤ၌ဗုဒ္ဓမြတ်စွာသီးခြားခွင့်ပြုတော်မူအပ်သော သိက္ခာပုဒ်မရှိ။ရဟန်းများက အထင်ဖြင့်ပြောခြင်းမျှသာဖြစ်သည်။ " ဝဿာဝါသိက " ကိုဗုဒ္ဓလက်ထက်ကဝါကျွတ်မှ လှုလေ့ရှိဟန်တူ၏။ယခုခေတ်ကားဝါမဆိုခင်လှု

တတ်ကြသည်။ ဟု ပါရှိတာ တွေ့ရပါတယ်။

ဘုရားဥပဒေတော်ကြီး စာအုပ် နှာ ၁၂၁ မှာ -

ဝဿာဝါသိကသင်္ကန်းဟူသည်ဝါတွင်းကာလပတ်လုံး

ဝါမကျိုးအောင်နေပြီးသောရဟန်းများအားလှုအပ်သော

သင်္ကန်းတည်း ။ယခုကာလ၌ဝါမဆိုခင်(ဝါဆိုသည့်အခါဝတ်ဖို့ရန်) ဝါဆိုသင်္ကန်းလှုလေ့ရှိကြ၏။ထိုဝါဆိုသင်္ကန်းသည် ဝဿဝါသိက သင်္ကန်း မဟုတ် ဟုပြဆိုထားတာ

တွေ့ရပါတယ်။

ဒီစကားကို ထောက်လျှင် ဝါကျွတ်မှ ဝါမကျိုးသော

ရဟန်းတော်တို့အားလှုဒါန်းအပ်သောသင်္ကန်းကို ဝါဆိုသင်္ကန်း ဟုမှတ်သားရမှာ ဖြစ်ပါတယ်။

" ဝဿဝါသိက ပုဒ်၏အနက်ကို ဝါဆိုသင်္ကန်းဟုပြန်ကြ၏။ယခုကာလ၌ဝါမဆိုခင် ဝါဆိုသင်္ကန်းဟုခေါ်လျှက် သင်္ကန်းကပ်ကြ၏။ကျမ်းဂန်လာ ဝဿဝါသိကသင်္ကန်းကား ဝါတွင်း၌ ဝါကပ်နေသောရဟန်းသံဃာအား

လှုအပ်သောသင်္ကန်း ဖြစ်သည်။ (ပါတိမောက်ဘာသာဋီကာ နှာ၂၁၂)

ဤ၌ ဝါကျွတ်မှ မဟုတ်ပဲ ဝါဆိုနေစဉ်ကာလမှာလည်း

ဝါဆိုသင်္ကန်း လှုဒါန်းနိုင်ကြောင်း ပြဆိုထားပြန်ပါတယ်။

#အဋ္ဌကထာဖွင့်ဆိုချက်များ

➖➖➖➖➖➖➖➖➖➖

ယံ ပန " ဣဒံ ဣဓ ဝဿံ ဝုတ်ထသံဃဿ ဒမော"တိဝါ

"ဝဿဝါသိကံ ဒမော"တိဝါ ဝတှာ ဒိနျနံ တံ အနတျထတ ကထိနဿာပိ ပဉ်စမာသေ ပါပုဏာတိ။တတော ပရံ ပနဥပ်ပန်နံ ဝဿဝါသိကံ ပုစ်ဆိတဗ်ဗံ " ကိံ အတီတဝေဿ ဣဒံ ဝဿဝါသိကံ ဥဒါဟု အနာဂတဝေဿ "တိ ကသ်မာ

ပိဋ္ဌိသမယေ ဥပ္ပန္နတ္တာ ။ ( ဝိ - ၃- ဋ္ဌ -နှာ ၄၁၁ )

ဤ၌ သင်္ကန်းကာလ မဟုတ်သော်လည်း ဝါဆိုသင်္ကန်းလှုဒါန်းလို့ရကြောင်း ဖွင့်ဆိုချက်

တွေ့ရပြန်ပါတယ်။သံဃိက အနေဖြင့် လှုဒါန်းရင်တော့

အတိတ်ဝါလား အနာဂါတ်ဝါလားဟုမေးရမှာဖြစ်ပါတယ်။

စီဝရမာသတော ပဋ္ဌာယ ယာဝ ဟေမန္တဿ ပစ္ဆိမော

ဒိဝသော တာဝ ဝဿဝါသိကံ ဒေမာတိ ဝုတ္တေ

ကထိနံ အတ်ထတံ ဝါ ဟောတု အနတ်ထတံ ဝါ

အတီတဝဿံ ဝုဋ္ဌာနေမဝ ပါပုဏာတိ။

ဂိမှာနံ ပဋ္ဌမဒိဝသတော ပဋ္ဌာယ ဝုတ္တေ ပန မာတိကာ

အာရောပေတဗ္ဗာ " အတီတဝဿာ ဝါသဿ ပဉ္စမာသာ

အတိက္ကန္တာ အနာဂတော စတုမာသစ္စယေန ဘဝိဿတိ

ကတရဝေဿာ ဒေတီ"တိ။ သစေ အတီတဝဿံ ဝုဋ္ဌာနံ

ဒမ္မီတိ ဝဒတိ ။ တံ အန္တော ဝဿံ ဝုဋ္ဌာနမေဝ ပါပုဏာတိ

ဒိသာပက်ကန်တာနမ်ပိ သဘာဂါ ဂဏှိတုံ လဘန်တိ။

သစေ အနာဂတေ ဝေဿ ဝါသိကံ ဒမ္မီ တိ ဝဒတိ

တံ ဋ္ဌပေတွာ ဝဿူပနာယိကဒိဝသေ ဂဟေတဗ္ဗံ ။

( ဝိ - ၃ - ဋ္ဌ - နှာ ၄၂၅ )

ဤအဋ္ဌကထာဖွင့်ဆိုချက်များကိုကြည့်ခြင်းအားဖြင့် ဝါဆိုသင်္ကန်း ဆိုတာ စီဝရကာလရော စီဝရအကာလရော ဘယ်အချိန်နေနေ လှုဒါန်းလို့ရနိုင်ကြောင်း

ထင်ရှားပါတယ်။ဝါမဆိုခင်အချိန်မှာလည်း ဝါဆိုမည့်

အချိန်ကို ရည်မှန်းပြီး လှုဒါန်းလို့ရနိုင်ပါသည်။

#မိုးရေခံသင်္ကန်းနှင့်ဝါဆိုသင်္ကန်းတူပါသလား

➖➖➖➖➖➖➖➖➖➖➖➖➖➖

မိုးရေခံသင်္ကန်း နှင့် ဝါဆိုသင်္ကန်းဟာ မတူပါဘူး၊ မိုးရေခံ သင်္ကန်းမှာ သင်္ကန်းရှာရမည့်ကာလ

ချုပ်ဆိုးဝတ်ရမည့်ကာလ သင်္ကန်း၏အတိုင်းအတာ

ပမာဏ တို့ကို တိကျစွာ ပညတ်တော်မူထားပါတယ်။ဝါဆို သင်္ကန်း ကတော့ ဘုရားရှင်သီးခြားပညတ်ချက် သိက္ခာပုဒ် မတွေ့ရပါဘူး။

#အစ္စေကစီဝရနှင့်ဝါဆိုသင်္ကန်းအထူး

➖➖➖➖➖➖➖➖➖➖➖➖➖➖

သီတင်းကျွတ်လဆန်း ၅ ရက်နေ့မှ သီတင်းကျွတ်လပြည့်အတွင်း ခရီးသွားမည့်သူ ကိုယ်ဝန်ရှိသူ

မကျန်းမာသူ တရားကိုနာရခြင်းကြောင့်ထူးခြားသောသဒ္ဓါတရားဖြစ်ပေါ်လာ၍အရေးတကြီး

ပင့်၍ဖြစ်စေ ကိုယ်တိုင်လာ၍ ဖြစ်စေ ဝဿာဝါသိကံ ဒမ္မိ -ဝါဆိုသင်္ကန်းလှုဒါန်းပါ၏ ဟု

လာရောက်ဆပ်ကပ်လှုဒါန်းသောဝါဆိုသင်္ကန်းကို အစ္စေကစီဝရ ဟုခေါ်ဆိုပါတယ်။

ထိုသို့မဟုတ်ပဲ ဝါကျွတ်သောရဟန်းသံဃာအားဖြစ်စေ ဝါဆို နေသော ရဟန်းသံဃာအားဖြစ်စေ ဝါဆိုမည့် ရဟန်းသံဃာကို ရည်မှန်း၍ ဖြစ်စေ "ဝဿဝါသိကံ ဒမ္မိ " ဝါဆိုသင်္ကန်းလှုဒါန်းပါ၏ ဟု လှုဒါန်းသော သင်္ကန်းကို ဝါဆိုသင်္ကန်း ဟုခေါ်ပါတယ်။

#ဝါဆိုသင်္ကန်းစတင်ဖြစ်ပေါ်လာပုံ

➖➖➖➖➖➖➖➖➖➖➖➖➖➖

မြတ်စွာဘုရားရှင်လက်ထက်တွင် စစ်သူကြီးတစ်ဦးသည် စစ်ထွက်ခါနီး၌ " ငါ၏အသက်သည် စိတ်မချရ၊ သေသွားခဲ့ရင် ကုသိုလ်ကောင်းမှုရှိအောင် ဝါဆိုသင်္ကန်းလှူဒါန်းမှ သင့်တော်မည်။ သို့သော် စစ်ထွက်ခါနီးဖြစ်၍ ငါကိုယ်တိုင်သွားရောက် ၍ မလှူနိုင်၊ အရှင်မြတ်များကို အိမ်ပင့်၍လှူ မည် " ဟုဆိုကာ ပင့်လေ၏။

ရဟန်းတော်များမှာ ဝါတွင်းကာလမဟုတ်ဘဲ ဝါကျွတ်ပြီးချိန်ဖြစ်နေ၍ မြတ်စွာဘုရားရှင်သည် ဝါကျွတ်သံဃာအားဝါဆိုသင်္ကန်း အလှူခံရန် ခွင့်ပြုချက်မရှိသေးသည့်အတွက် အလှူခံရန် မဝံ့မရဲရှိနေသဖြင့် ပင့်လျှောက်သည်ကို မကြွဘဲနေလေ၏။

ရဟန်းတော်များကြွရောက်မလာသောအခါ စစ်သူကြီးသည် " သူတို့ကဘာကြောင့်မကြွတာလဲ၊ ငါက စစ်တိုက်သွားရမှာ၊ သေမည်ရှင်မည်မသိ နိုင်ဘူး " ဟု မည်တွန်ကဲရဲ့လေ၏။

ထိုသတင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ " ဤသို့ အစောတလျှင် လှူသောသင်္ကန်း ( အစ္စေကသင်္ကန်း) ´´ ကို ခွင့်ပြုတော်မူလေ၏။

အစ္စေကသင်္ကန်း ဆိုသည်မှာ အသက်အန္တရယ်အတွက် စိတ်မချရသော စစ်ထွက်ယောက်ျား၊ ကိုယ်ဝန်ဆောင်မိန်းမ၊ သဒ္ဓါတရား အသစ်ဖြစ်လာသောသူတို့ လှူအပ်သောသင်္ကန်းဖြစ်သည်။

ထိုပုဂ္ဂိုလ်တို့က ဝါဆိုသံဃာအား ရည်မှန်း၍ လှူဒါန်းသော သင်္ကန်းကို ဝါဆိုသင်္ကန်း(ဝဿာဝါသိက သင်္ကန်း) ဟု ခေါ်ပေ၏။

ထို့ကြောင့် ဝါဆိုသင်္ကန်းသည် သာဝတ္ထိပြည် စစ်ထွက်ခါနီး စစ်သူကြီးစတင်လှူဒါန်းသည်ကို အကြောင်း ပြု၍ ဘုရားရှင်ခွင့်ပြုခဲ့ခြင်းဖြစ်၏။

{ တည်တော်ဆရာတော် ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) }

သို့ဖြစ်၍ ဝါဆိုသင်္ကန်းကို ဝါတွင်းမှသာလှူရမည် ၊ တခြားအချိန်အတွင် မလှူရဟု သတ်မှတ်ကန့်သတ်ချက် မရှိပေ။

ဝါဆိုသံဃာအား ရည်မှန်း၍ မည်သည့်အချိန်တွင် လှူလှူ ရသည်သာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့သည် ရတနာမြတ်သုံးပါးအား အမြတ်တနိုး လှူဒါန်းကြ၏။လှူဒါန်းရာတွင်လည်း ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း အမယ်စုံအောင်ပင် လှူကြ၏။

မြတ်စွာဘုရားရှင်လက်ထက်တွင် #ဗာဟိရဒါရုစရိယ သည် လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်လေ၏။ လူဝတ်ဖြင့် ရဟန္တာဖြစ်သည့်သူသည် ယနေ့အတွင်း သင်္ကန်းဝတ်ရဟန်းပြုလျှင်ပြု၊ မပြုလျှင် ပရိနိဗ္ဗာန်စံရသည် ဖြစ်ရာ ဗာဟိရဒါရုစရိယသည် ရဟန်းဝတ်ရန်အတွက် သင်္ကန်းသွားရှာဖွေစဉ် ကျွဲခတ်ခံရ၍ ပရိနိဗ္ဗာန်ပြုရလေ၏။

အခြားသောပုဂ္ဂိုလ်များ လူဝတ်ကြောင်ဖြင့် အရိယာဖြစ်လျှင် မြတ်စွာဘုရားရှင်သည် " လာလော့ရဟန်း (ဧဟိဘိက္ခု) "ဟုလက်ဆန့်တန်းခေါ်လိုက်ပါက ဝါတော်ခြောက်ဆယ်ရ မထေရ်ကြီးကဲ့သို့ ဘွားကနဲ လူဝတ်ကြောင်ဘဝမှ ရဟန်းအသွင်ပြောင်းသွားလေ၏။

ဗာဟိရဒါရုစရိယ ကိုမူ မြတ်စွာဘုရားရှင် ခေါ်တော်မမူချေ။ ထိုသို့ခေါ်တော်မမူရခြင်းမှာ အတိတ်ဘဝတွင် ဗာဟိရဒါရုစရိယ သည် သင်္ကန်းလှူဖူးသော ကုသိုလ်မရှိ၍ ဖြစ်သည်။

မြတ်စွာဘုရားရှင် က " ဧဟိဘိက္ခု " ခေါ်နိုင်သောပုဂ္ဂိုလ်များသည် အတိတ်ဘဝများတွင် သင်္ကန်းလှူဖူး သောကုသိုလ်ရှိနေ၍သာ ဖြစ်သည်။

သို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် သင်္ကန်းကို အမြတ်တနိုးလှူဒါန်းနေကြခြင်း တစ်ချက်ပါဝင်ပေသည် ။ သံသရာ ကျင်လည်ရာ၌ မည်သို့သောအဖြစ်မျိုးကျရောက်မည်ကို မသိနိုင်၍ မိမိအတွက် အာမခံချက်ရှိသော ကုသိုလ်ကောင်းမှူများကို ပြုလုပ်နေရမည်ဖြစ်သည်။

ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း၊ ဆွမ်းလိုအပ်ချိန် ဆွမ်း၊ ဆေးလိုအပ်ချိန်ဆေး ၊စသည် ကာလဒါနများကို ဆည်းပူးနေခြင်းဖြင့် မိမိတို့ အလိုရှိအပ်သော ကာလ၌ အလိုရှိအပ်သောအရာကို ထိုဒါန များက ပြန်လည်စွမ်းဆောင်ပေးမည်သာဖြစ် သည်။

ဒါနကုသိုလ်ကြောင့် ဘုံဘဝများကို တောင့်တနေစရာမလိုအပ်။ ကုသိုလ်က သင့်တင့်ရာသို့ နေရာချပေးမည်သာဖြစ်၏။

ဘဝရခြင်းသည် ဒုက္ခရခြင်းသာ ဖြစ်၍ ဘုံဘဝလွတ်ရာ နိဗ္ဗာန်သို့သာ စိတ်ညွှတ်လှူဒါန်းရမည်ဖြစ်သည်။

ဝါဆိုကာလ၌ ဝါဆိုသင်္ကန်းလှူဒါန်းခြင်းသည် သာသနာပ၌မဖြစ်ပေ။ သာသနာတွင်း၌သာ ဖြစ်နိုင်ပေသည်။ သာသနာတွင်း ၌လည်း ပုဂ္ဂိုလ်တိုင်း လှူဒါန်း၍ ရသည်မဟုတ်။ ဝါဆိုဂုဏ်ရှိသော သူကိုသာ လှူဒါန်းမှ ရပေသည်။

ဝါဆိုဂုဏ်ရှိသော ပုဂ္ဂိုလ်ဆိုသည်ကား " သုပ္ပဋိပန္နော "အစချီ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသော သံဃာများသာ ဖြစ်ပေသည်။

သို့မှသာ လယ်ယာမြေကောင်း ဖြစ်၍ အလှူခံ၏ မြင့်မြတ်မှု၊ အလှူပစ္စည်း၏ သန့်ရှင်းမှု၊ အလှူရှင်၏ စေတနာပြည့်စုံမှု ဘက်စုံညီ၍ ကာလဒါကောင်းတစ်ခု ဖြစ်လာပြီး မိမိတို့အလိုရှိအပ်၊ တောင့်တအပ်သော ဒုက္ခ ငြိမ်းရာ အမှန်ကို ရရန် လျှင်မြန်စွာ အထောက်ကူပြုနိုင်မှာ ဖြစ်ပါတော့၏။

#ဝါဆိုသင်္ကန်းလှူရခြင်းအကျိုး

========================

ရှင်ရဟန်းသံဃာတော်တို့အား

#ဝါဆိုသင်္ကန်းကပ်လှူဒါန်းသူတို့သည်

နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်

ဘဝသံသရာမှာ ကျင်လည်သမျှ ဘဝတွေမှာ လူချမ်းသာ၊ နတ်ချမ်းသာတွေဖြစ်၍ ကောင်းကျိုးတရား (၇)ပါးကိုရရှိနိုင်ပါတယ်။

1️⃣ အဝတ်၊ အထည်အတွက် စိုးရိမ်မှုတွေကင်းခြင်းဆိုတဲ့

အကျိုးတရားကိုရရှိနိုင်ပါတယ်။

2️⃣ ရုပ်ဆင်း အင်္ဂါပြည့်စုံညီညာ၍ ရွှေရောင်အဆင်းဖြင်

တင့်တယ်လှပခြင်းဆိုတဲ့

အကျိုးတရားကိုရရှိနိုင်ပါတယ်။

3️⃣ ခုနှစ်ဆောင်တိုက်ခန်းမှာ

မီးမထွန်းဘဲလင်းတဲ့ ပပဝတီ မင်းသမီးလေးလို ခန္ဓာကိုယ်မှ အရောင်လင်းခြင်း ဆိုတဲ့

အကျိုးတရားကိုရရှိနိုင်ပါတယ်။

4️⃣ အသားအရေ နုညပ်ချောမွေ့ပြီးတော့ သူမတူအောင်

ချောမောလှပတင့်တယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်။

5️⃣ မျက်နှာ အစရှိသည့် ခန္ဓာကိုအင်္ဂါအစိတ်အပိုင်းတို့မှာ မှည့် ခြောက်၊တင်းတိတ်၊ဝက်ခြံအစရှိသည်များလုံးဝကင်းရှင်းပြီးတော့ခေတ်ပေါ်အလှပြင်ပစ္စည်းတို့ဖြင့် လုံးဝ လိမ်းခြယ်ခြင်းမပြုရဘဲနဂိုပင်ကို သဘာဝ အလှ ပိုင်ရှင်များဖြစ်နိုင်ခြင်းအကျိုးကိုရရှိနိုင်ပါတယ်။

6️⃣ ခေတ်ကာလလျောက် ပေါ်ပေါက်လာသည့် အဝတ် အထည်တို့ကို မိမိတို့စိတ်ထဲက အခုပေါ်နေတဲ့ အဝတ်ထည်လေးဝတ်ချင်လိုက်တာလို့ စိတ်ထဲက

တောင့်တလိုက်ရုံလေးနဲ့

ထိုအဝတ်အထည်တို့သည်

မိမိထံသို့ တစ်ဦးတစ်ယောက်က လက်ဆောင်ပေးလို့သော်လည်း ကောင်း၊ ဝယ်ပေးလို့သော်လည်း ကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် မိမိလက်သို့ရောက်ရှိလာနိုင်ခြင်းဆိုတဲ့ အကျိုးတရားကိုရရှိနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့သည့် ကောင်း ကျိုးတရားတို့သည် လောကီကောင်းကျိုးချမ်းသာများသာဖြစ်၏။

လောကုတ္တရာကောင်းကျိူးချမ်းသာများမဟုတ်ပါ။

7️⃣ ဝါဆိုသင်္ကန်းလှူဒါန်ဖူးသူ အလှူရှင်သည် ဘဝသံသရာတစ်ကွေ့မှာ အကယ်၍များ ဘုရားတစ်ဆူဆူဖြင့် ကံအားလျော်စွာ

တွေ့ကြုံဖူးမျှော်ခွင့်ရသည်ရှိသော် ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့သော

ကောင်းမှုရှင်ကို(ဧဟိ ဘိက္ခု)ခေါ်လိုက်ရုံဖြင့်ခန္ဓာကိုယ်မှာဝတ်ဆင်ထားသည့် အဝတ်တို့သည်

သူ့အလိုလို ပျောက်ကွယ်၍

ရဟန်းအသွင်ဖြစ်ကာ

ဧဟိဘိက္ခုရဟန္တာကြီးဖြစ်ရခြင်း

ဆိုတဲ့ လောကုတ္တရာချမ်းသာ အကျိုးကိုရရှိနိုင်ပါတယ်။

#ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း

ကုသိုလ်သည်အထက်ပါဖော်ပြခဲ့သည့်

လောကီးကောင်းကျိုးချမ်းသာ၊လောကုတ္တရာကောင်းကျိုးချမ်းသာအဖြာဖြာတို့ကို ရရှိနိုင်မှာဖြစ်လို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ဝါတွင်းကာလ၌ မိမိတို့ စွမ်းနိုင်သလောက်နီးစပ်ရာ သံဃာတော်တို့အား

#ဝါဆိုသင်္ကန်းအလှူကို

တစ်ဦးတည်းဖြစ်စေ၊

မိသားစုဖြင့်ဖြစ်စေ၊

အသင်းအဖွဲဖြင့်ဖြစ်စေ

လှူဒါန်းကြပါလို့ တိုက်တွန်းနှိုဆော်ရင်း ဤဓမ္မစာစုလေးကို

အဆုံးသက်လိုက်ပါတယ်....။

ဆောင်ပုဒ်

~~~~~~~~~~~

စိုးရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊

ကိုယ်မူရောင်ထွက်၊

နုညပ်အသားရေ၊

မပေညစ်ကြေး၊

ကြံတွေးတောင်းတအဝတ်ရရှိ၊

ဧဟိဘိက္ခု ၊ ခေါ်ပြုရဟန်း ၊

ကျွတ်တန်းဝင်ရ၊

ကျိုးသတ္တ(ခုနှစ်ဝ)၊ မှတ်ကြစီဝရံ။ ။

(အောင်မော်စံဆရာတော်)

စုစည်းတင်ပြသူ -



အရှင်ဣန္ဒောဘာသ

***မြတ်စွာဘုရား - ဝါဆိုစဉ် လင်္ကာ***သုံးလူ့သခင်၊        ငါးမာရ်သင်၍ပလ္လင်ပတ်ရံ၊          သတ္တဋ္ဌာန်ဝယ်သတ္တာဟံဖွဲ့၊      ...
31/07/2024

***မြတ်စွာဘုရား - ဝါဆိုစဉ် လင်္ကာ***

သုံးလူ့သခင်၊ ငါးမာရ်သင်၍
ပလ္လင်ပတ်ရံ၊ သတ္တဋ္ဌာန်ဝယ်
သတ္တာဟံဖွဲ့၊ စံပယ်ခဲ့ပြီး
တစ်ဆယ့်ရှစ်ယူဇနာ၊ ထိုမှကွာတည့်
ဗာရာနာဂရ၊ မိဂဒ၌
နန္ဒိယဝိဟာ၊ ပထမ ဝါ တည့်
ဒွါ, တိ, ဇယ၊ ရာဇဂဟံ
ဝဠုန်ဝန်ပျော်၊ ငါး သော်ဝေသာလီ
လိစ္ဆဝီ ဝိဟာ၊ ဆဝါ မကုဠ
သတ္တမ ဝတိံသာ၊ အဋ္ဌာ ဘဂ္ဂ
နဝမ ကောသမ္ဗီ၊ ဃောသီ ရွှေဘုံ
ရဂုံ ပါလိလေယျ၊ ဒသမ တည့်
နာဠပုဏ္ဏားရွာ၊ ဧကာဒသဉ်
ဝေရဉ် ဗာရသ်၊ တောင်မြတ် စာလိယ
တေရသတည့်၊ စုဒ္ဒသဝါ
သာဝတ်တောင်စွယ်၊ ဇေတဝန်စံမှီ
ကပီ ပန္နရသ်၊ ကျောင်းမြတ် နိဂြော
သောဠသမီ၊ အာဠဝီ တည့်
ဂီရိဗ္ဗဇ၊ သတ္တရသာ
ဆယ့်ရှစ်ဝါနှစ်၊ နဝါဒသ
စာလိယ ကပ်ဆို၊ ရာဇဂြိုလ် ဝီသ
ဤထိုမျှကား၊ ပထမ ဗောဓိ
အနိယ ဝါ၊ နောင်လာ တွက်ဖွဲ့
နှစ်ဆယ့်လေးတန်၊ ဇေတဝန်, ပုဗ္ဗာ
လှည့်လည်ကာဖြင့်၊ ခေမာနီးသော်
ရွာကြီး ဝေဠုဝန်၊ ဝါတော်မျှ၍
ပဉ္စစတ္တာလီ၊ အသီတျာယု
တိုင်သမှုဖြင့်၊ ဤလူ့သက္ကရာဇ်
အဌ်, ဇော, ဧက်၌၊ နှစ်သစ် ကဆုန်
ပုဏ္ဏမီစေ့၊ အင်္ဂါနေ့တွင်
နိဗ္ဗာန်ဝင်သား၊ ရှင်ဘုရားကို
ညွတ်တွားဝန္ဒနာ ပူဇော်ပါ၏။ ။

(ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး)
-----------------------------

ဘုရားရှင်.၄၅ဝါ..ဝါဆိုစဉ်လင်္ကာရှင်းလင်းချက်။
*******************************

၁။ပထမဝါ=ဘုရားရှင်သည် ဗာရဏသီပြည်အနီး.ဣသိပတနမိဂဒါဝုန်တော၌ပဉ္စဝဂ္ဂီ.၅ဦး.ယဿအပါအ ဝင်သူငယ်ချင်း.၄၄.ယောက်ပေါင်း သော်.
၅၅.ယာက်တို့နှင့်ပထမဝါကပ်တော်မူ၏။

၂။ဒုတိယဝါ=ရာဇဂြိုဟ်ပြည်ကိုအမှီ
ပြု၍၊ဝေဠုဝန်ကျောင်းတိုက်၌၊ဒုတိယဝါကပ်တော်မူ၏။
၃။တတိယဝါ= ။ ။
၄။စတုတ္ထဝါ= ။ ။

၅။ပဉ္စမဝါ=ဝေသာလီပြည်ကိုအမှီပြု၍၊မဟာဝုန်တောအုပ်အတွင်း၊စုလစ်မွန်းချွန်အထွဋ်တပ်သောကျောင်းတော်၌
ပဉ္စမဝါကပ်တော်မူ၏။

၆။ဆဋ္ဌမဝါ=မကုဠတောင်၊ချယား တောကျောင်း၌ဝါကပ်တော်မူ၏။

၇။သတ္တမဝါ=တာဝတိံသာနတ်ပြည်၊
ပဏ္ဍုကမ္ဗလာမြတ်ကျောက်ဖြာထက်၌ဝါကပ်တော်မူ၏။

၈။အဋ္ဌမဝါ=ဘဂ္ဂတိုင်း..သုသုမာရဂိရ ပြည်ကိုအမှီပြု၍၊သားတို့ကိုဘေးမဲ့ပေးရာဖြစ်သော..ပဲစင်းငုံတော။
တနည်း=ဘေသကဠာမည်သောနတ်ဘီလူးမအုပ်စိုးသည့်တော၌ဝါကပ်။

၉။နဝမဝါ=ကောသမ္ဗီပြည်ကိုအမှီပြု၍
ဃောသိတာရုံကျောင်းတိုက်၌ဝါကပ်။

၁၀။ဒသမဝါ=ပါလိလေယျကတောအုပ်၌(ပလလဲဆင်ပြုစုလုပ်ကျွေးမှုကိုခံယူကာ)ဝါကပ်တော်မူ၏။

၁၁။ဧကာဒသမဝါ=နာဠမည်သောပုဏ္ဏားရွာကိုအမှီပြု၍၊နာဠိကာရုံကျောင်း တိုက်၌ဝါကပ်တော်မူ၏။

၁၂။ဒွါဒသမဝါ=ဝေရဉ္စရာပြည်ကိုအမှီ ပြု၍။နဠေရု..ဘီလူးအုပ်စိုးသောတမာပင်အနီး၌ဝါကပ်တော်မူ၏။

၁၃။တေရသမဝါ=စာလီယပြည်.
ဇန္တုရွာကိုအမှီပြု၍၊စာလီယတော ကျောင်း၌ဝါကပ်တော်မူ၏။

၁၄။စုဒ္ဒသမဝါ=ကောသလတိုင်း၊သာဝ
တ္ထိပြည်ကိုအမှီပြု၍၊ဇေတဝန်ကျောင်း
တိုက်၌၊ဝါကပ်နော်မူ၏။

၁၅။ပန္နရသမဝါ=သက္ကတိုင်းကပိလ
ဝတ် ပြည်ကိုအမှီပြု၍၊နိဂြောဓာရုံကျောင်တိုက်၌ဝါကပ်တော်မူ၏။

၁၆။သောဠသမဝါ=အာဠဝီပြည်ကိုအမှီပြု၍၊အဂ္ဂါဠဝနတ်ကွမ်းကျောင်း တိုက်၌ဝါကပ်တော်မူ၏။

၁၇။သတ္တရသမဝါ=မဂဓတိုင်း၊ရာဇဂြို ဟ်ပြည်ကိုအမှီပြု၍၊ဝေဠုဝန်ကျောင်း
တိုက်၌ဝါကပ်တော်မူ၏။

၁၈အဋ္ဌာရသမဝါ= ။ ။

၁၉။ဧကူနဝီသတိမဝါ=စာလီယပြည်၊
ဇန္တုရွာကိုအမှီပြု၍၊စာလီယတော
ကျောင်း၌ဝါကပ်တော်မူ၏။

၂၀။ဝီသတိမဝါ=မဂဓတိုင်း၊ရာဇဂြိုလ်
ပြည်ကို၊အမှီပြု၍၊ဝေဠုဝန်ကျောင်း
တိုက်၌ဝါကပ်တော်မူ၏။
ဤကားပထမဗောဓိအတွင်း၊အနိဗဒ္ဓ
ဝါဆိုတော်မူရာဌာနများဖြစ်၏။

၂၁။ဧကဝီသတိ=၂၁.ဝါမှ=စတုစတ္တာလီသ..၄၄..ဝါတိုင်အောင်၊ကောသလ
တိုင်း၊ သာဝတ္ထိပြည်ကိုအမှီပြု၍၊
ဇေတဝန်ကျောင်းတိုက်နှင့်၊ပုဗ္ဗာရုံကျောင်းတိုက်တို့၌၊အမြဲသီတင်းသုံး၏။

၂၂။ပဉ္စစတ္တာလီသ=၄၅.ဝါမြောက်၊
နောက်ဆုံးဝါကို၊ဝေသာလီပြည်၊ဝေဠုဝရွာငယ်၌၊နောက်ဆုံးဝါကပ်တော်
မူ၏။

ဤကာဘုရားရှင်.၄၅.ဝါ..ဝါဆိုစဉ်
လင်္ကာရှင်းတမ်းဖြစ်ပါပေ၏။

လင်္ကာနှင့်တိုက်၍ကြည့်ကြပါလေ။

အားလုံးကျမ္မာချမ်းသာကြပါစေ။

Credit
မေတ္တာဖြင့်
Mg.ann.tha.zin..

26/07/2024

စိတ် စိတ်ပါကွယ် 🙏🏻🙏🏻🙏🏻

#ရွှေဘုန်းပြည့်ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း
#ပါချုပ်ဆရာတော်တရားမှတ်စုတိုများ
#နံနက်ခင်းစိတ်နှလုံးအေးချမ်းစေဖို့
vitamins

🗓️မနက်ဖြန် 🗓️          🔶၁၃၈၆-ခုနှစ် = ဝါဆိုလပြည့်နေ့  🔶             🙏ဓမ္မစကြာအခါတော်နေ့🙏✍️ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် ...
19/07/2024

🗓️မနက်ဖြန် 🗓️

🔶၁၃၈၆-ခုနှစ် = ဝါဆိုလပြည့်နေ့ 🔶

🙏ဓမ္မစကြာအခါတော်နေ့🙏

✍️ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈)ချက်

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ ရိုးရာလေးမိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

original uploder
ရွှေဘုန်းပြည့်ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းမှ ထပ်ဆင့်ပူဇော်အပ်ပါသည်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို က...
12/07/2024

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။

မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို ကူးချည်သန်းချည်သွားလ်ု့ရဖို့ နိုင်ငံကူးလက်မှတ် (passport) ဆိုတာ လိုပါတယ်နော်။

ဒါ့ကြောင့်မို့ ပွင့်လင်းရာသီတွေမှာ စိတ်ကူးပေါက်တာနဲ့ဘုရားတွေဖူး ၊ ကျန်းမာရေးတွေစစ်ဆေးဖို့ နှင့် နိုင်ငံတကာရဲ့ အတွေ့အကြုံအသစ်အဆန်းတွေကို လေ့လာနိုင်ဖို့ လူတိုင်းမှာ နိုင်ငံကူးလက်မှတ်လေးတော့ ရှိထားသင့်ပါတယ်။

တိုင်းနှင့်ပြည်နယ်အလိုက် online မှတဆင့် နိုင်ငံကူးလက်မှတ် လုပ်နိုင် QR တင်လို့ရမယ့် ရက်စွဲလေးတွေတင်ပေးလိုက်ပါတယ်နော်

ရန်ကုန် ===> 03.01.2025
နေပြည်တော် ===> 07.10.2024
မန္တလေး ===> 06.12.2024
မြစ်ကြီးနား ===> 09.09.2024
ဘားအံ ===> 02.08.2024
ဟားခါး ===> 13.08.2024
မော်လမြိုင် ===> 04.10.2024
စစ်တွေ ===>15.07.2024
တောင်ကြီး ==> 22.07.2024
လားရှိူး ===>16.01.2025
ကျိုင်းတုံ ===> 06.082024
ပုသိမ် ===> 14.10.2024
ပဲခူး ===> 14.11.2024
မကွေး ===> 04.10.2024
မုံရွာ ===> 21.10.2024
ထားဝယ် ===> 15.07.2024

Passport QR တင်ခြင်းနှင့်ပတ်သတ်လို့ သိချင်တာများကို 09444455106 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

crd

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို က...
26/06/2024

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။

မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို ကူးချည်သန်းချည်သွားလ်ု့ရဖို့ နိုင်ငံကူးလက်မှတ် (passport) ဆိုတာ လိုပါတယ်နော်။

ဒါ့ကြောင့်မို့ ပွင့်လင်းရာသီတွေမှာ စိတ်ကူးပေါက်တာနဲ့ဘုရားတွေဖူး ၊ ကျန်းမာရေးတွေစစ်ဆေးဖို့ နှင့် နိုင်ငံတကာရဲ့ အတွေ့အကြုံအသစ်အဆန်းတွေကို လေ့လာနိုင်ဖို့ လူတိုင်းမှာ နိုင်ငံကူးလက်မှတ်လေးတော့ ရှိထားသင့်ပါတယ်။

တိုင်းနှင့်ပြည်နယ်အလိုက် online မှတဆင့် နိုင်ငံကူးလက်မှတ် လုပ်နိုင် QR တင်လို့ရမယ့် ရက်စွဲလေးတွေတင်ပေးလိုက်ပါတယ်နော်

ရန်ကုန် ===> 24.12.24
နေပြည်တော် ===> 24.09.24
မန္တလေး ===> 22.11.24
မြစ်ကြီးနား ===> 28.08.24
ဘားအံ ===> 02.07.24
ဟားခါး ===> 27.06.24
မော်လမြိုင် ===> 17.09.24
စစ်တွေ ===> 27.06.24
တောင်ကြီး ==> 27.06.2024
လားရှိူး ===>10.01.2025
ကျိုင်းတုံ ===> 15.07.24
ပုသိမ် ===> 30.09.24
ပဲခူး ===> 04.11.24
မကွေး ===> 17.09.24
မုံရွာ ===> 27.09.24
ထားဝယ် ===> 27.06.24

Passport QR တင်ခြင်းနှင့်ပတ်သတ်လို့ သိချင်တာများကို 09444455106 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

crd

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို က...
24/06/2024

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။

မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို ကူးချည်သန်းချည်သွားလ်ု့ရဖို့ နိုင်ငံကူးလက်မှတ် (passport) ဆိုတာ လိုပါတယ်နော်။

ဒါ့ကြောင့်မို့ ပွင့်လင်းရာသီတွေမှာ စိတ်ကူးပေါက်တာနဲ့ဘုရားတွေဖူး ၊ ကျန်းမာရေးတွေစစ်ဆေးဖို့ နှင့် နိုင်ငံတကာရဲ့ အတွေ့အကြုံအသစ်အဆန်းတွေကို လေ့လာနိုင်ဖို့ လူတိုင်းမှာ နိုင်ငံကူးလက်မှတ်လေးတော့ ရှိထားသင့်ပါတယ်။

တိုင်းနှင့်ပြည်နယ်အလိုက် online မှတဆင့် နိုင်ငံကူးလက်မှတ် လုပ်နိုင် QR တင်လို့ရမယ့် ရက်စွဲလေးတွေတင်ပေးလိုက်ပါတယ်နော်

ရန်ကုန် ===> 23.12.24
နေပြည်တော် ===> 20.09.24
မန္တလေး ===> 20.11.24
မြစ်ကြီးနား ===> 26.08.24
ဘားအံ ===> 28.06.24
ဟားခါး ===> 25.06.24
မော်လမြိုင် ===> 13.09.24
စစ်တွေ ===> 25.06.24
တောင်ကြီး ==> 25.06.2024
လားရှိူး ===>08.01.2025
ကျိုင်းတုံ ===> 11.07.24
ပုသိမ် ===> 27.09.24
ပဲခူး ===> 30.10.24
မကွေး ===> 13.09.24
မုံရွာ ===> 25.09.24
ထားဝယ် ===> 25.06.24

Passport QR တင်ခြင်းနှင့်ပတ်သတ်လို့ သိချင်တာများကို 09444455106 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

crd

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းမှ အနူးညွှန့်တောင်းပန်အပ်ပါသည်..ကုသိုလ်တွဲဖက်၊ခရီးလည်းထွက် ၊ (၇၀၀၀)တန်ဂယာအိမ်မက် အ...
21/06/2024

ရွှေဘုန်းပြည့်ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းမှ အနူးညွှန့်တောင်းပန်အပ်ပါသည်..

ကုသိုလ်တွဲဖက်၊ခရီးလည်းထွက် ၊ (၇၀၀၀)တန်ဂယာအိမ်မက် အစီအစဉ်ကို ရွှေဘုန်းပြည့်ခရီးသွားလုပ်ငန်းမှ ကံစမ်းမဲဖွင့်ဖောက်လာတာ ယခုဆိုရင် (၅)ကြိမ်မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်... ဗုဒ္ဓဂယာ(၇၀၀၀)ကျပ်တန်ကံထူးရှင်များကို(၄)ကြိမ်မြောက်ထိဖွင့်ဖောက်ပေးပြီး ဗုဒ္ဓဂယာသို့ (၇)ညအိပ် (၈)ရက်ခရီးစဉ် ပို့ဆောင်ထားပြီးဖြစ်ပါတယ်....

ယခု (၅)ကြိမ်မြောက် ဗုဒ္ဓဂယာကံစမ်းမဲများမှာ အချိန်အားဖြင့် (၄)လနီးပါးကြာမြင့်နေပြီးဖြစ်ပါတယ်... ကံစမ်းထားသူ တဦးတယောက်ခြင်းအား ကျွန်မတို့ရွှေဘုန်းပြည့် ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းမှ အနူးညွှန့်တောင်းပန်အပ်ပါတယ်ရှင်... ၇၀၀၀ ကျပ်တန်ဗုဒ္ဓဂယာကံစမ်းမဲများ အစောင်ရေ(၅၂၃)ထိ ရောင်းချထားပြီးဖြစ်ပါတယ်... ကျန်ရှိနေသေးသော အစောင်ရေ (၁၇၇) ကိုလည်း ဆက်လျှက်ရောင်းချပေးနေပါတယ် ... ထပ်မံဝယ်ပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်...

ကံစမ်းမဲအား K Pay , Wave Pay , CB Pay တို့မှ ဝယ်ယူနိုင်ပါတယ် ... ငွေလွှဲလက်ခံသော ဖုန်းနံပါတ်မှာ 09 42 863 44 11 တခုတည်းကိုသာအသုံးပြုပါတယ်...

အမှတ်(၇၄၈) ၊ဇဋိလလမ်း ၊၁၆/၁ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို က...
19/06/2024

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရာဖူးသွားမယ်ဆိုရင် မှတ်ပုံတင်တစ်ခုတည်းနဲ့ သွားလို့မရဘူးနော်။

မြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံကို ကူးချည်သန်းချည်သွားလ်ု့ရဖို့ နိုင်ငံကူးလက်မှတ် (passport) ဆိုတာ လိုပါတယ်နော်။

ဒါ့ကြောင့်မို့ ပွင့်လင်းရာသီတွေမှာ စိတ်ကူးပေါက်တာနဲ့ဘုရားတွေဖူး ၊ ကျန်းမာရေးတွေစစ်ဆေးဖို့ နှင့် နိုင်ငံတကာရဲ့ အတွေ့အကြုံအသစ်အဆန်းတွေကို လေ့လာနိုင်ဖို့ လူတိုင်းမှာ နိုင်ငံကူးလက်မှတ်လေးတော့ ရှိထားသင့်ပါတယ်။

တိုင်းနှင့်ပြည်နယ်အလိုက် online မှတဆင့် နိုင်ငံကူးလက်မှတ် လုပ်နိုင် QR တင်လို့ရမယ့် ရက်စွဲလေးတွေတင်ပေးလိုက်ပါတယ်နော်

ရန်ကုန် ===> 18.12.24
နေပြည်တော် ===> 17.09.24
မန္တလေး ===> 14.11.24
မြစ်ကြီးနား ===> 21.08.24
ဘားအံ ===> 21.06.24
ဟားခါး ===> 20.06.24
မော်လမြိုင် ===> 10.09.24
စစ်တွေ ===> 20.06.24
လားရှိူး ===> 31.12.24
ကျိုင်းတုံ ===> 05.07.24
ပုသိမ် ===> 24.09.24
ပဲခူး ===> 25.10.24
မကွေး ===> 09.09.24
မုံရွာ ===> 17.09.24
ထားဝယ် ===> 20.06.24

Passport QR တင်ခြင်းနှင့်ပတ်သတ်လို့ သိချင်တာများကို 09444455106 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

crd

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959443060048

Website

Alerts

Be the first to know and let us send you an email when Shwe Phone Pyae Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Phone Pyae Travels & Tours:

Share

Category