Thuta Nway Travels & Tours

Thuta Nway Travels & Tours သုတနွေး ခရီးသွားဝန်ဆောင်မှုလုပ်ငန်

🐠🐟🐠🐠🐟🐠FYI🐠🐟🐠🐠🐟🐠🐠🐟🐠 ငွေဆောင်ကမ်းခြေကိုရောက်ရင် ပင်လယ်ပြင်ထဲကကျွန်း (၃) ကျွန်းကိုသွားလည်ပြီး ရေအောက်က အလှအပတွေကို တစ်ဝ ကြ...
24/10/2018

🐠🐟🐠🐠🐟🐠FYI🐠🐟🐠🐠🐟🐠

🐠🐟🐠 ငွေဆောင်ကမ်းခြေကိုရောက်ရင် ပင်လယ်ပြင်ထဲကကျွန်း (၃) ကျွန်းကိုသွားလည်ပြီး ရေအောက်က အလှအပတွေကို တစ်ဝ ကြီး ကြည့်ရှု ကြမယ် ၊ ရေအောက်က ငါးကလေးတွေနဲ့ ပုံလှလှလေးကို ရေအောက်ကင်မရာ အကောင်းစား 4K ရုပ်ထွက် တဲ့ Gopro Hero 6 နဲ့ရိုက်မယ် ဆိုရင်တော့ ဒီဝန်ဆောင်မှုတွေကို Royal Ngwe Saung Boat Trip တစ်ခုတည်းမှာဘဲဝန်ဆောင်မှု ရရှိတဲ့အတွက်ကြောင့် အခုဘဲ Share ပြီးတော့သိမ်းထားလိုက်စို့။🐠

🚢🚢Boat Trip ခရီးစဉ်တစ်ခုသွားမယ်ဆိုရင်တော့ ၀န်ဆောင်မှု (Service ) ကောင်းမွန်မှုနဲ့ ဘေးကင်းလုံခြုံမှု ( Safety ) ဖြစ်မှုက အဓိကပါ ။ ဒါတွေအားလုံးကို Royal Ngwe Saung Boat Trip ကအလေးထားဆောင်ရွက်ပေးတယ်ဆိုတာကို Page ရဲ့ Comment နဲ့ Review ကိုဖတ်ကြည့်ရင်သိနိုင်ပါတယ်။🚢🚢

👉ကဲ......... ပြောနေတာတွေလည်း နဲနဲများသွားပြီဆိုတော့ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဧည့်သည်များ အဆင်ပြေစေရန်ရည်ရွယ်ပြီးပြောပေးတာပါ။ အခု ခရီးစဉ်အသေးစိတ်ကို ပြောပြပေးပါတော့မယ်။

🚎🚎လူကြီးမင်းတို့ တည်းခိုရာ ဟိုတယ် ကို မနက် ၈း၃၀ မှာလာကြိုမှာဖြစ်ပါတယ်။ကျွန်တော်တို့ Boat စထွက်မယ့် စုရပ်က နေစထွက်မှာဖြစ်ပါတယ်။🚎🚎

🚢🚢ပထမဆုံး တစ်ကျွန်းဖြစ်တဲ့ ကျွန်းလျားရှည် ကိုအရင်သွားမှာ ဖြစ်ပါတယ်။ ကျွန်းလျားရှည် နားမှာ ရပ်ပြီး ရေငုပ် စနူးကလင်းကြ မယ် ။ ကျွန်းလျားရှည် နားက ရေကူး ရေငုပ် စနူးကလင်းလို့ ကောင်း တယ်ဗျ။ ရေအောက်မှာ အရမ်းလှတဲ့အပြင် အရောင်အသွေးစုံလင် လှတဲ့ ငါးကလေးတွေရှိတော့ ရောက်အောက်အလှပုံရိုက်လို့ အရမ်း ကောင်းတဲ့ နေရာလေးတစ်ခုပေါ့။ Guide ကိုကိုတွေက ပုံလှလှလေး တွေကို စိတ်ကြိုက်ရိုက်ပြီးပြီဆို၇င်တော့ ။🏝️🏝️

🏝️🚢နောက်တစ်ကျွန်းဖြစ်တဲ့ လိပ်ကျွန်း ကိုသွားမယ် ။ လိပ်ကျွန်း ကတော့ ကျွန်းကသေးတော့ ရေကူးရေငုပ်လို့အဆင်မပြေဘူးဗျ။ ကျွန်းအလှကို ပတ်ကြည့်မယ် ကျွန်းနောက်ခံအလှနဲ့ ပုံလေးတွေရိုက် ကြမယ်။ 🚢🏝️

🏝️🏝️အခုတစ်ခါရောက်မယ့်ကျွန်းကြီးကတော့ ငှက်ကျွန်း ပါပဲခင်ဗျ။ ငှက်ကျွန်းကတော့ ကျွန်းကြီးလို့ ကျွန်းပေါ်အထိတက်လို့ရတယ်။ ငှက်ကျွန်း နားမှာလည်း ရေအောက်ကအလှအပတွေများလို့ စနူးကလင်း ကြိုက်တဲ့ သူတွေအတွက် စနူးကလင်း တစ်ခါထပ်လုပ် ကြမယ်။ Guide ကိုကိုတွေကလည်း ရေအောက်အလှပုံလှလှလေး တွေကိုလည်း အများကြီး ထပ်ရိုက်ပေးဦးမှာနော်။ဒါပြီးရင်တော့ ကျွန်းပေါ်က်ုတက်ကြမယ် ။ ဗိုက်ဆာလာပြီဖြစ်တဲ့ အတွက် နေ့လယ် စာကိုတော့ အရသာရှိအောင်လုပ်ပေးထားတဲ့ Seafood ထမင်း ကြော်လေးသုံးဆောင်ပြီး ခဏအနားယူမယ်။ ပြီးရင်တော့ ငှက်ကျွန်း တောင်ပေါ်ကို လှေကားထစ် ကလေးတွေကနေတက်ပြီး View Point ကနောက်ခံပင်လယ်ပြာပြာကြီးရဲ့အလှနဲ့ ပုံလေးတွေရိုက် မယ်။ ရိုက်ပြီးရင်တော့ Guide ကိုကိုတွေက ငှက်ကျွန်းပေါ်က စိတ်ဝင်စားစရာတစ်ခုဖြစ်တဲ့ ဇီဝဇိုး ငှက်ကလေးတွေနေတဲ့ သဘာဝငှက်သိုက်လှိုင်ဂူကို လိုက်ပို့ပေးမှာဖြစ်ပါတယ်။🐠🐟🐟

🏝️🏝️ငှက်ကျွန်းပေါ်မှာ ဓါတ်ဖမ်းလို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ငွေဆောင်ကမ်းခြေကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ကမ်းခြေကို ရောက်ရင်လည်း အားလုံးပျော်ရွင်ဖို့အတွက် ကမ်းခြေတစ်လျောက် Banana Boat စီးရဦးမယ်ဖြစ်ပြီးတော့ အမှတ်တရပုံလေးတွေလည်းရိုက်ပေးမှာဖြစ်ပါတယ်။🚣‍♀️🚣‍♂️

🎣🎣ငါးမျှားခြင်တဲ့သူတွေအတွက်လည်း အပျော်တမ်းငါးမျှားလို့ရအောင်လည်းစီစဉ်ပေးထားပါတယ်ခင်ဗျာ။ငါးမျှားခြင်တဲ့ ဆိုရင်တော့ ဘိုကင်တင်ကတည်းက ကြိုတင်ပြီးပြောပေးရမှာဖြစ် ပါတယ်။🎣🎣

🍉🍎 ရေကူးပြီးရင်လည်း အမောပြေစားသောက်ဖို့အတွက်လည်း သန့်ရှင်းလတ်ဆတ်သောအသီးအနှံများလည်းစီစဉ်ပေးထားပါတယ်။

ကဲ........... ပြောနေတာလေးတွေလည်းများနေပြီဆိုတော့ ဈေးနှုန်းလေပြောပေးပါ့မယ်။

တစ်ဦးလျင် Package အပြီးအစီး 💵30000 ks ( သုံးသောင်း ) ကျပ်တည်းပါ။

အသေးစိတ်အချက်အလက်များသိ၇ှိလိုပါက (သို့) ဘိုကင်တင်မယ် ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်
☎️☎️ 09-422551122 , 09-790551122 , 09-422498949
Image may contain: ocean, outdoor, nature and water🐟🐠

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီး...
08/10/2018

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီးမကြာခဏသွားတတ်သူတွေအဖို့ ဒီလိုဖြစ်တတ်တယ်ဆိုရင်အမြဲအခက်ကြုံနေရမှာပါ။ အဝေးပြေးကား၊ သင်္ဘော၊လေယာဉ်တို့တင်မကဘဲ ဘတ်စ်ကားစီးရင်းဖြစ်တတ်သူတွေလည်းရှိပါတယ်။ တချို့ဆို ကစားကွင်းမှာ ယာဉ်တစ်ခုခုအပျော်စီးရင်းတောင် မူးပြီးအန်တတ်ကြပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေတာဖြစ်ပါတယ်။

ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ

အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေနဲ့ ကိုယ်ဝန်ရှိသူတွေ မှာပိုခံစားရလေ့ရှိပါတယ်။

စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်ခြင်း

စီးနင်းလာတဲ့ယာဉ်အတွင်း လေဝင်လေထွက်မကောင်းခြင်း(လှောင်ပိတ်နေခြင်း)

အနောက်ဘက်ခြမ်းမှာထိုင်ရခြင်း သို့မဟုတ် ပြတင်းပေါက်ကိုမမြင်ရခြင်း

ကားမူးတဲ့အခါ မအီမသာဖြစ်တာ၊ခေါင်းနောက်ပြီးပျို့အန်တာတွေကတော့ အဖြစ်များဆုံးလက္ခဏာတွေပါ။ ချွေးစေးတွေထွက်တာ၊ ခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။

ကားမူးတာကို ကာကွယ်နိုင်ဖို့အတွက်

ခရီးမထွက်ခင် ကောင်းမွန်စွာ အနားယူထားပါ။

အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။

ထိုင်ခုံနေရာကိုသေချာရွေးပါ။

လေယာဉ်မှာဆို အလယ်ပိုင်းကခုံတွေက အငြိမ်ဆုံးနေရာဖြစ်လို့ အမူးသက်သာစေပါလိမ့်မယ်။ ပြတင်းပေါက်ဘေးမှာနေရာယူတာလည်း ဘေးဘက်ကိုကြည့်ရတာအမူးသက်သာစေလို့ကောင်းပါတယ်။

အစားချင့်ချိန်စားပါ။

အရက်၊ဆေးလိပ်နဲ့အစာကြေဖို့ခက်တဲ့အစားအစာတွေကိုရှောင်ပါ။ အနံ့ပြင်းတဲ့အစားအစာတွေ၊ စပ်တဲ့၊အဆီများတဲ့အစားအစာတွေက ကားမူးတဲ့လက္ခဏာကိုပိုဆိုးစေတတ်ပါတယ်။ ခရက်ကာ၊ပေါင်မုန့်၊ငှက်ပျောသီးစတာတွေကကောင်းပါတယ်။ ရေဓာတ်မဆုံးရှုံးရအောင် ရေ သို့မဟုတ် အချိုရည်သောက်ပါ၊ ကဖင်းဓာတ်ကိုရှောင်ပါ။

ကားမူးပျောက်ဆေးသောက်ပါ။

ကားမူးတာတင်မကဘဲ လှုပ်ရှားမှုကြောင့် မူးဝေတတ်တဲ့သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ဆေးဝါးတွေရှိတဲ့အတွက် အဲဒီလိုဖြစ်တတ်တဲ့သူတွေ သောက်သုံးလို့ရပါတယ်။ မူးဝေအော့အန်တာတွေကို အမှန်တကယ် ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါဝင်တဲ့ဆေးတွေကို ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျောက်လုံး မူးဝေအော့အန်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် မူးဝေအော့အန်လို့ အရှက်ကွဲရ၊ စိတ်ညစ်ရဖြစ်နေတဲ့သူတွေအတွက် တကယ့်ကို အားကိုးရာဖြစ်စေပါလိမ့်မယ်။ တကယ်လို့သင်ဟာ ကားမူးတတ်လို့ စိတ်ညစ်နေရတဲ့သူဆိုရင်တော့ ဒီနည်းလမ်းက သင့်အတွက် အမှန်တကယ်အဆင်ပြေစေမှာပါ။ Dimenhydrinate ပါဝင်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ဒါကြောင့်အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ပြီး မူးဝေမှုကင်းစင်ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

☃️ ပုဂံ - ညောင်ဦး - ပုပ္ပား - ပခုက္ကူ ဘုရားစုံဖူး ခရီးစဉ်☃️      ( ၂ ညအိပ် / ၃ ရက်) ➡️ ဟိုတယ်တည်း အပြီးအစီး ➡️  🔥  90,000...
06/10/2018

☃️ ပုဂံ - ညောင်ဦး - ပုပ္ပား - ပခုက္ကူ ဘုရားစုံဖူး ခရီးစဉ်☃️
( ၂ ညအိပ် / ၃ ရက်)
➡️ ဟိုတယ်တည်း အပြီးအစီး ➡️ 🔥 90,000 ကျပ်

( မည်သည့် အခကြေးငွေမျှထပ်မံကောက်ခံခြင်း မရှိပါ။) 😎😎😎 ကုမ္ပဏီ မှတ်ပုံတင် အမှတ် - 100473321😎😎😎

( သန့်ရှင်းသပ်ရပ်သော Hotel ၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင် အဆင့်တန်းမြင့်စွာ တည်ခင်း ကျွေးမွေးမည် ဖြစ်ပါသည်။ )

Woo .......အခုလို အရမ်းတန်နေတဲ့ Amazing ဈေးနှုန်းတွေကို လက်လွတ်မခံနဲ့နော် 😊😊😊😎😎😎

မြန်မာပြည်အနှံ့ခရီးသွားလာလိုသူများအတွက် *သုတနွေး* ဘုရားဖူးခရီးသွားဝန်ဆောင်မှု့
လုပ်ငန်းမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်....🙏🙏🙏

မကြာခင်ရောက်ရှိလာတော့မယ့် ၀ါလကင်းလွတ်သီတင်းကျွတ်လပြည့်အချိန်အခါသမယမှာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အားလပ်ချိန်လေးတွေကို*သုတနွေး* နှင့် ခရီးသွားရင်း ပျော်ရွှင်စရာ အမှတ်တရ ခရီးစဉ်လေးဖြစ်ဖို့ တာဝန်ယူပါရစေ......🙏🙏🙏

🤔 သီတင်းကျွတ်ပိတ်ရက်လေးမှာ Thuta Nway Travels နှင့်အတူ ကုသိုလ်လည်းရ ပျော်ရွှင်စရာလည်းကောင်းတဲ့ ပုဂံ - ညောင်ဦး - ပုပ္ပား - ပခုက္ကူ ဘုရားစုံဖူး ခရီးစဉ် လာပါပြီ 😍😍😍

⏰💡ခရီးစဉ်ထွက်ခွာမည့်ရက် - ၂၂ ရက်နေ့ ၁၀လ / တနင်္လာည ၇နာရီ 💡⏰

ခရီးစဉ်တွင် ပါဝင်မည့်နေရာများ မှာ

အနော်ရထာမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်လေးဆူမှာ တောင်းတဲ့
ဆုတွေ ပြည့်စေဖို့ တစ်ခုသော ဆု ကို နေ့ချင်းဖူးပြီး ဆုပန်
ကြရမယ့် စွယ်တော်လေးဆူ

#တန့်ကြည်တောင်
#လောကနန္ဒာ
#တူရွင်းတောင်
#ရွှေစည်းခုံ

ပုဂံမှာထုထည်အကြီးမားဆုံး #ဓမ္မရံကြီး
ဥာဏ်တော်အမြင့်မားဆုံး #သဗ္ဗေညုဘုရား
အနုပညာလက်ရာမှာအမြောက်ဆုံး အလှပဆုံး #အာနန္ဒာဘုရား
တောင်းဆုပန်ချင်သူများအတွက် အောင်မြေနင်းပြီး အလိုတော်ပြည့်ဘုရားမှာ ဆုတောင်းကြ
မယ်။
🙏ဗူးဘုရား ၊ ကန်တော့ပလ္လင်၊ စူဌာမဏိ ၊ ထီးလိုမင်းလို ၊ ဌက်ပစ်တောင်ကို ၀င်ရောက် ဖူးမျှော် ကြည်ညို ကြမယ်။

☘ပုခုက္ကူ မြို့ သီဟိုရှင်ဘုရား ၊ ရွှေကုဘုရားရှိတံကဲ ၊ ရွှေတန့်တစ်သရက္ခန်ဘုရား တို့ကို ဖူးမျှော်ကြမယ်။

🌄ပုပ္ပါးတောင်ကလပ်သို့ သွားရောက်ကြမယ်။

ထို့နောက် အညာဒေသရဲ့ ထန်းတောလေးတွေ မှာ 🏜🌴ထန်းရည်လေးတွေမြည်းစမ်းကြမယ်။

🎀သုတနွေး Travels ရဲ့ ၀န်ဆောင်မှုများကတော့
📍 Life Insurance per Client
📍 မနက်စာ၂နပ် နေ့လည်စာ၂နပ် ညစာ၁နပ် ကို အဆင်မြင့်စားသောက်ဆိုင်ကြီးများတွင် စိတ်ကြိုက် အ၀ စားသုံးနိုင်မည် ဖြစ်ပါသည်။
📍 ရေသန့် စတိုးတာဝါ သွားတိုက်ဆေး သွားတိုက်တံ
📍Tour Grade Car 14,33 or 45 seater (Fully Aircon)
📍 တောင်တက်ကားခ , စက်လှေခ, Medical Box
📍 သမိုင်းကြောင်းများရှင်းပြမည့် Tour Leader and Regional Tour Guide
📍အဆာပြေ မုန့် နှင့် အမောပြေစေမယ့် စေတနာအပြည့်နဲ့ အအေး
📍ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်များအပြင်အခြား အခြားသော....

ယာဉ်ထွက်ချိန်မှာ ည ၇ နာရီ တွင်စတင်ထွက်ခွာမည် ဖြစ်ပါသည်။

*သုတနွေး* ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ အကောင်းဆုံးဝန်ဆောင်မှုနှင့် စိတ်ချမ်းသာမှုရရှိစေမယ့် ခရီးစဉ်လေး ဖြစ်ပါတယ်နော်.......

ဒါပဲလားဆိုတော့ မပြီးသေးဘူး ကျန်သေးတယ် ...

ဘာကျန်သေးတာလဲဆိုတော့ 💎💎💎 ၁၀ယောက်ဝယ်ရင် တစ်ယောက်Free 💎💎💎 ဆိုတော့ ပျော်လိုက်လို့ရပြီလေ.....😱😱😱😍😍😍 ပုဂံ - ညောင်ဦး - ပုပ္ပား - ပခုက္ကူ ဘုရားစုံဖူး ခရီးစဉ်

ဝန်ဆောင်မှုများအားလုံး အပြီးအစီးဖြစ်တဲ့အတွက် အရမ်းတွေကို တန်နေ လို့ကြိုတင်
လက်မှတ် ဝယ်ထားမှ စိတ်ချရမယ်နော်...😍😍😍
နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲနော်.....😁😁😁😂😂😂

နွေးထွေးမှုနှင့်ဗဟုသုတများဖြင့် အမှတ်တရ ခရီးတစ်ခုဖြစ်စေရန်
သုတနွေး နှင့် ခရီးသွားလိုက်ပါ။

အိမ်အရောက်ပို့ဝန်ဆောင်မှုများနဲ့ ကြိုတင်လက်မှတ်များ ၀ယ်ရန်အတွက် အောက်ပါဖုန်း
နံပါတ်များကို အခုပဲဆက်သွယ်လိုက်တော့နော်.....ဧည့်သည်တော်များဤခရီးစဉ်တွင်လိုက်ပါချင်တယ်ဆိုရင်တော့
အောက်ပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

ဖုန်း- 09781137859, 09763783023 , 09772917788

လိပ်စာ - အမှတ် အေ- ၅ အောင်စိတ္တလမ်း ရန်ကုန်သစ်ရပ်ကွက် သုဝဏ္ဏ
ရန်ကုန်မြို့
🚚လက်မှတ်များကိုအိမ်အရောက်ပို့ဝန်ဆောင်မှူကလဲရှိသေးတယ်နော်🚚
🚘သီးသန့်သွားချင်သူများ၊Company အသင်းအဖွဲ့များကိုလည်း
အထူးဈေးနှုန်းဖြင့်ဆောင်ရွက်ပေးနေပါပြီနော်။🚘
🚍🚘🚐🚕 ကားမျိုးစုံကိုလည်းစင်းလုံးကားငှါးပေးနေပြီနော်။ 🚍🚘🚐🚌🚙

ပုဂံသွားဖို့ တာဆူနေတဲ့ လူငယ်တွေ ဖတ်ထားဖို့ 📚✌တန်ဖိုးရှိတဲ့ ပုဂံခရီးစဉ်လေးဖြစ်အောင်... ပိုပြီး အနှစ်သာရရှိရှိ လည်နိုင်အော...
05/10/2018

ပုဂံသွားဖို့ တာဆူနေတဲ့ လူငယ်တွေ ဖတ်ထားဖို့ 📚✌

တန်ဖိုးရှိတဲ့ ပုဂံခရီးစဉ်လေးဖြစ်အောင်... ပိုပြီး အနှစ်သာရရှိရှိ လည်နိုင်အောင် ကျွန်တော့်ရဲ့ အတွေ့အကြုံလေးတွေကို ဝေမျှပေးမလို့ပါ... ဟိုတလောကတင် Facebook ပေါ်မှာတွေ့လိုက်တာ.. "ဓာတ်ပုံရိုက်ရုံအတွက်နဲ့တော့ ပုဂံမလာပါနဲ့တဲ့"... သူပြောတာလည်း တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်... ဒါပေမယ့် ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲပေါ့... ဓာတ်ပုံရိုက်ချင်တဲ့သူက ရိုက်မယ်၊ ဘုရားသမိုင်း လေ့လာချင်တဲ့သူက လေ့လာမယ်... ဒါပါပဲ...။ ကျွန်တော်ကိုယ်တိုင်လည်း ဝန်ခံရမယ်ဆိုရင် ပုဂံကို အရင် အခေါက်ခေါက် အခါခါ ရောက်ခဲ့တုန်းက ဓာတ်ပုံရိုက်ဖို့ပဲ အားသန်ခဲ့တာပါ... ပုံကောင်းလေးတွေ ရပြီဆိုရင် ပျော်နေပြီ... ဒီတစ်ခေါက်လာရတာ တန်သွားပြီဘာညာပေါ့... ခုတစ်ခေါက်လည်း OPPO F7 Youth ဖုန်းလေးနဲ့ ပုံတွေအများကြီး ရိုက်ခဲ့ဖြစ်သေးတယ်... ကာလာလေးကလည်း စိုနေတော့ ဘာမှထပ်ပြင်စရာတောင် မလိုဘူး...။ အရင်ကလည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဘယ်နှစ်နေရာဆိုပြီးတောင် ရေးပေးခဲ့ဖူးသေးတယ်လေ... ကျွန်တော့်ရဲ့ ပုံမှန်စာဖတ်ပရိသတ်တွေဆို သိပါတယ်... ရာဇဝင်တွေ အနုပညာလက်ရာတွေ လေ့လာဖို့ထက် အဲ့လိုပေါ့ပေါ့ပါးပါး Review လေးတွေပဲ ရေးပေးဖြစ်ခဲ့တာ...။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီတစ်ခေါက် ပုဂံအတူတူသွားတဲ့ အကိုတစ်ယောက်ရဲ့ ကျေးဇူးနဲ့ အရင်ကမရောက်ဖြစ်ခဲ့တဲ့နေရာတွေ လေ့လာစရာလေးတွေကို မြင်တွေ့ခဲ့ရပါတယ်...။ ဆိုတော့ကာ... အခုပြောပြမယ့် ပုဂံခရီးစဉ်ကတော့ ခါတိုင်းနဲ့မတူပဲ ပုဂံရဲ့ ဘယ်လိုနေရာတွေမှာ ရှေးဟောင်းအနုပညာ လက်ရာရှိတယ်.. ဘယ်နေရာတွေက သေချာရောက်အောင်ကို သွားကြည့်ခဲ့သင့်တယ်ဆိုတာ ပြောပြပေးပါမယ်နော်...။

📚 ပုထိုးသားများဘုရား

ဒီပုထိုးသားများဘုရားက အေဒီ ၁၁ ရာစု ပုဂံခေတ်ဦးပိုင်း လက်ရာပါ... မယ်တော်မာယာဖွားတော်မူခန်း၊ ဘုရားလောင်းတောထွက်ခန်းနဲ့ ဆံပါယ်ခန်းတွေကို နံရံဆေးရေးပန်းချီများအဖြစ် ဒီပုထိုးသားများဘုရားမှာ တွေ့နိုင်တယ်... ဒီဘုရားမှာ အဓိက လေ့လာရမယ့် အရာကတော့ အင်္ဂတေပန်းလက်ရာများ၊ အုတ်အင်္ဂတေဆင်းတုများ ဖြစ်တယ်...။

📚 ကျောက်ဂူဥမင်

ကိုယ်ဒီနေရာကိုရောက်တော့ တော်တော်လေး အံ့ဩမိတာအမှန်... နည်းနည်းလည်း အတွင်းထဲဝင်ရတော့ တော်ရုံမရောက်ဖြစ်ကြဘူးပေါ့... ဒီကျောက်ဂူဥမင်က ပုဂံဒေသမှာရှိတဲ့ ကျောက်အုတ်နဲ့ဆောက်ထားတဲ့ အဆောက်အအုံ ၄ ခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်... ကျန် ၃ ခုကတော့ ရွှေစည်းခုံ၊ နန်းဘုရားနဲ့ စက္ကူတိုက်တို့ပါ...။ အံ့ဩစရာကောင်းတာက အဆောက်အဦးရဲ့ အနောက်ဘက် သဲကျောက်နံရံကို အလျား ပေ ၅၀၀ ခန့် ထွင်းဖောက်ပြီး တရားထိုင်ရန် အခန်းငယ်လေးများ တည်ဆောက်ထားခြင်းပါ... ဒီဘုရားရဲ့ ဗိသုကာလက်ရာတွေကတော့ တကယ်အံ့မခမ်းပါပဲ... ရှေ့ဖက် အပေါက်ဝနံရံမှာ တွေ့ရမှာကတော့ တစ်တောင်ခန့်ရှိတဲ့ ဘီလူးပုံကို ဆွဲထားရာမှာ ဘီလူးကိုပိုပြီး ကြောက်စရာကောင်း၊ အရွယ်အစားကြီးမားတယ်ဆိုတာ ပြချင်တဲ့အတွက် ဆင်ကို နားဋောင်းလုပ်ပြီး ထွင်းထားခြင်းပါ... အဆောက်အဦးအတွင်းထဲမှာလည်း ထူးခြားတဲ့ သဲကျောက်ဆင်းတုများစွာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်...။

📚 မြစေတီကျောက်စာ

ငယ်ငယ်တည်းက ကျောင်းစာထဲ သင်လာခဲ့ရတဲ့ ရာဇကုမာရ်ကျောက်စာပေါ့... မြစေတီဘုရားအတွင်းမှာ ရှာတွေ့ခဲ့ကြလို့ မြစေတီကျောက်စာလို့လည်း ခေါ်ကြတာပါ... ဒီကျောက်စာက ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ထားခဲ့ပါပြီ... ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ ၄ ဘာသာဖြင့် ရေးထိုးထားပြီး ဒီကျောက်စာဟာ မြန်မာဘာသာအတွက် အစောဆုံး အထောက်အထားဖြစ်ပါတယ်... တမျိုးပြောရရင် မြန်မာစာဟာ အဲ့ချိန်တည်းက စခဲ့တယ်လို့ မှတ်ယူရမှာပါ... သွားရောက်လေ့လာမယ်ဆိုရင်တော့ မြစေတီဘုရားဝန်းအတွင်းမှာ ရှိပါတယ်...။

📚 နန်းဘုရား

သဲကျောက်နဲ့ဆောက်လုပ်ထားတဲ့ ရှေးဟောင်းအဆောက်အအုံ ၄ ဆူအနက် တစ်ဆူဖြစ်ပါတယ်... သထုံဘုရင် မနူဟာမင်းနေထိုင်ခဲ့ရာ နန်းတော်အတွင်း တည်ထားတာဖြစ်လို့ နန်းဘုရားလို့ခေါ်တာပါ...။ ဒီဘုရားရဲ့ ထူးခြားချက်တွေကတော့ အတွင်းမှာရော အပြင်မှာပါ ပန်းတမော့ ကျောက်ဆစ်လက်ရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်... ဗြဟ္မာရုပ်ကြီး ၈ ရုပ်၊ ပန်းကနုတ်များ၊ ဘီလူးပန်းကိုက်ပုံ ကျောက်ဆစ်လက်ရာတွေ ဖြစ်ပါတယ်...။

📚 စိုးမင်းကြီးအုတ်ကျောင်း

ဒီနေရာလေးကတော့ ပုဂံမှာမြင်နေကျပုံစံနဲ့မတူပဲ ထူးခြားတယ်... ဘုန်းကြီးကျောင်းလိုဆိုတော့ အလယ်မှာ ခန်းမပုံစံ ကွက်လပ်ပါပြီး ဘေးတစ်ဝိုက်က အဝင်ဝအပေါက် များစွာ ဖွဲ့စည်းတည်ဆောက်ထားတယ်... အခန်းငယ်ပုံလေးတွေကို ကြည့်လိုက်ရုံနဲ့ ပုဂံခေတ်က ဘယ်လိုပုံစံအနေအထား ရှိခဲ့မယ်ဆိုတာ ပုံဖော်ကြည့်လို့ရပါတယ်...။ အပေါ်လည်းတက်လို့ရတဲ့အတွက် ရှုခင်းကြည့်ဖို့ အဆင်ပြေတယ်... နောက်ဖက်ခြမ်းကနေဆို ဧရာဝတီမြစ်ကြီးကိုပါ လှမ်းမြင်နိုင်တယ်လေ...။

📚 ကျောက်မျက်မှော်ဘုရား

လူသိနည်းတဲ့ ဒီဘုရားကတော့ ဧရာဝတီမြစ်ကြီးဘေးမှာ တည်ထားတာပါ... နှစ်ထပ်ဘုရားလို့ လူသိများပြီး အဲ့လိုခေါ်ရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားစရာပါပဲ... ကျောက်မျက်မှော်စေတီကြီးဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးစဉ် စေတီရဲ့အတွင်းမှာ ပျူခေတ်လက်ရာ စေတီတစ်ဆူ ထပ်မံပေါ်လာခြင်းပါ... ပျူခေတ်တည်းက ရှိခဲ့တဲ့ ဒီဘုရားကိုဌာပနာပြီး ပုဂံခေတ်မှာ အပေါ်ကထပ်အုပ် ဆောက်ခဲ့ပုံရပါတယ်... တကယ်ကို မြင်နေကျမဟုတ်တဲ့အတွက် အံ့အားသင့်မိတာ အမှန်ပါပဲ...။

📚 နတ်လှောင်ကျောင်း

ပုဂံမှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားဆင်းတုတော်တွေနဲ့ မတူပဲ ကွဲထွက်ပြီး ဟိန္ဒူနတ်ဘုရားပုံစံ အသွင်နဲ့ နတ်ရုပ်တွေကို လေ့လာနိုင်မှာပါ... ဒီအဆောက်အဦးနာမည်က နတ်လှောင်ကျောင်းဖြစ်ပြီးတော့ အထဲမှာရှိတဲ့ လဲလျှောင်းနေတဲ့ နတ်ရုပ်ထုကြောင့် နတ်လျှောင်းကျောင်းလို့လည်း ခေါ်ပါတယ်... ဗိသုကာလက်ရာမြောက်တဲ့ နေဝင်ပေါက်တွေနဲ့ အသွင်ထူးခြားတဲ့ နတ်ဘုရားတွေကြောင့် ဒီနေရာကို လာရောက်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်...။

📚 ဂူပြောက်ကြီးဘုရား

နံရံဆေးရေးပန်းချီမှာ ဟာခနဲဟင်ခနဲ အရောင်စိုပြီးတော့ လှနေတာကို ပြပါဆိုရင် ဒီဂူပြောက်ကြီးဘုရားအတွင်းမှာ ရှိတယ်လို့ပဲပြောပါရစေ... ငါးရာ့ငါးဆယ် နိပါတ်တော်ကို အကျဉ်းချူံးဆွဲထားပြီး နေရောင်မဝင်တော့ အခုထိ ကျန်ခဲ့တဲ့ပုံပါပဲ.. ဓာတ်ပုံရိုက်ခွင့် ပိတ်ထားတဲ့အတွက် အတွင်းမှာ လုံးဝဓာတ်ပုံမရိုက်ကြဖို့ တောင်းဆိုပါရစေ... ပုံမှန်ဆို ဒီဘုရားက သော့ပိတ်ထားတဲ့အတွက် အနီးနားက ဒေသခံကို ဖွင့်ပေးဖို့ တောင်းဆိုနိုင်တယ်... အထဲမှာလည်း သူတို့အသုံးပြုဖို့လုပ်ပေးထားတဲ့ မီးရောင်ဖြင့်သာ ကြည့်ရှုရပါမယ်... ရောက်ဖြစ်အောင်သွားခဲ့ကြပါနော်... မြစေတီဘုရားနဲ့ ကပ်လျက်ရှိတာပါ...။

📚 ဆင်ဖြူရှင် ဘုန်းတော်ကြီးကျောင်း

ဒီဘုန်းတော်ကြီးကျောင်း အစုအဝေးကိုတော့ လူငယ်အများစုက ဓာတ်ပုံရိုက်လှတဲ့အတွက် လာကြပါတယ်... ဆင်ဖြူရှင်ကျောင်းတိုက်အကြောင်း ပြောရမယ်ဆိုရင် ပုဂံခေတ်နှောင်းမှာ တည်ဆောက်ခဲ့တဲ့ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်ကြီး တစ်ခုပါ... ဝန်းအတွင်းမှာ စာသင်ဆောင်၊ ရေကန်၊ ဘုရားစေတီများအပြင် ကျောင်းတိုက်ငယ် ၄၀ ကျော်တည်ဆောက်ထားခဲ့ပြီး ရဟန်းများ သီတင်းသုံးခဲ့ရာ နေရာတစ်ခုပါ... နံရံဆေးရေးပန်းချီနဲ့ အင်္ဂတေပန်းလက်ရာ အချို့ကိုလည်း လေ့လာနိုင်ပါတယ်...။

📚 မင်းနန်သူ ရေလှောင်ကန်

ဒါကတော့ မင်းနန်သူရွာဖက်သွားရင်း တွေ့ခဲ့ရတဲ့ ရေလှောင်ကန်ဟောင်းကြီးပါ... အရင်ခေတ်က ပုဂံမြို့ကို ရေပေးဝေခဲ့တဲ့ ရေလှောင်ကန်ကြီးလို့ ယူဆရပါတယ်... အုတ်တွေနဲ့ ကာရံထားပြီး ရေထွက်ပေါက် ရေဝင်ပေါက် ပြုလုပ်ထားပုံတွေကို လေ့လာလို့ ရပါတယ်...။

📚 ဘုရားသုံးဆူ (မင်းနန်သူ)

ပုဂံခေတ်ရဲ့ နောက်ဆုံးလက်ရာ နံရံဆေးရေးပန်းချီတွေ ရှိတဲ့ ဒီဘုရားသုံးဆူကတော့ မင်းနန်သူရွာမှာ တည်ရှိပါတယ်... မင်းနန်သူရွာက နည်းနည်းဝေးတော့ အရင်က မြန်မာဧည့်သည်တွေ အလာနည်းခဲ့တဲ့ နေရာပါ... သူ့ရဲ့ နံရံဆေးရေးပန်းချီက ဘယ်လိုထူးခြားလဲဆိုတော့ စေတီသုံးဆူရှိတဲ့ထဲမှာ ညာဖက်အဆူက နံရံပန်းချီ အပြည့်ရှိပြီး ဘယ်ဖက်အဆူကတော့ လုံးဝမရှိပါဘူး... အလယ်အဆူကတော့ ဆွဲရင်းတန်းလန်းဖြစ်ခဲ့ပုံရပြီး ခဲရာလေးတွေတောင် ပေးထားပြီးသား ဖြစ်နေပါတယ်... ဘယ်လိုအကြောင်းအရာတွေကြောင့် စေတီသုံးဆူလုံးပြီးအောင် ဆက်မဆွဲဖြစ်ခဲ့လဲဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး... ဒါဟာလည်း သေချာပေါက်ကို သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်...။

ကျွန်တော်က ၂ ရက်ပဲနေဖြစ်ခဲ့လို့ ဒီလောက်ပဲ အရင်ပြောထားပါရစေ... တခြား လေ့လာစရာတွေကို နောက်ထပ်အေးဆေးလာပြီး ရှာဖွေတင်ဆက်ချင်ပါသေးတယ်... မရောက်ဖူးတဲ့နေရာတွေကို ရှာရှာဖွေဖွေလိုက်ပို့ပေးပြီး ဘုရားအကြောင်းတွေပါပြောပြတဲ့ ကို Hein Zaw Nyo နဲ့ ပုဂံမှာ သွားဖို့လာဖို့ နေဖို့ စိတ်တိုင်းကျ အကုန်စီစဉ်ပေးခဲ့တဲ့ သုခလမ်းညွှန် Travels & Tours (09 252929722 ) ကို ကျေးဇူးတင်ပါတယ်...။

ခရီးတွေအများကြီးသွားပြီး ဘဝရဲ့ အတွေ့အကြုံသစ်တွေ ရှာဖွေနိုင်ကြပါစေ...

With Love 💚
Kyaw Soe Lwin (I Like That)

ွမ်းရဲ့စစ်မှန်တဲ့အသွင်

ခရီးသွားမိဘပြည်သူများရဲ့ ထောက်ခံချက်များ ရရှိထားတဲ့ သုတနွေး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနဲ့ အတူ အောက်ပါ ခရီးစဉ်များကို လ...
03/10/2018

ခရီးသွားမိဘပြည်သူများရဲ့ ထောက်ခံချက်များ ရရှိထားတဲ့ သုတနွေး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနဲ့ အတူ အောက်ပါ ခရီးစဉ်များကို လိုက်ပါဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။🙏🙏🙏

အသေးစိတ်အချက်အလက်များအတွက် ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါနော်.........

☃️ တောင်ကြီး -အင်းလေး - ပင်းတယ - လွိုင်ကော် ခရီးစဉ် ☃️ ( ၃ ညအိပ် / ၄ ရက်)

➡️ ဟိုတည်တည်း အပြီးအစီး ➡️ 🔥 ယခု 125,000 ကျပ် ( ယခင် 145,000 ကျပ် )
➡️ဘုန်းတော်ကြီးကျောင်းတည်း အပြီးအစီး ➡️ 🔥 85,000 ကျပ် ( ယခင် 105,000 ကျပ် )

10 Days Promotion ( 4 ရက် အောက်တိုဘာ မှ 14 အောက်တိုဘာ လအတွင်း ၀ယ်မယ်ဆို တစ်ဦးလျင် ၂သောင်းကျပ် လျော့ဈေး ရရှိမှာဖြစ်ပါတယ်။)

( သန့်ရှင်းသပ်ရပ်သော Hotel ၊ သန့်ရှင်းသပ်ရပ်သော ဘုန်းတော်ကြီးကျောင်း ၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင် အဆင့်တန်းမြင့်စွာ တည်ခင်း ကျွေးမွေးမည် ဖြစ်ပါသည်။ )

( မည်သည့် အခကြေးငွေမျှထပ်မံကောက်ခံခြင်း မရှိပါ။)
😎😎😎 ကုမ္ပဏီ မှတ်ပုံတင် အမှတ် - 100473321😎😎😎

🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘
🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘
🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘

ပုဂံ - ညောင်ဦး - ပုပ္ပါး - ပခုက္ကူ ခရီးစဉ် ( ၂ညအိပ် ၃ရက် )

➡️ ဟိုတည်တည်း အပြီးအစီး ➡️ 🔥 ယခု 85,000 ကျပ် ( ယခင် 105,000 ကျပ် )
➡️ဘုန်းတော်ကြီးကျောင်းတည်း အပြီးအစီး ➡️ 🔥 65,000 ကျပ် ( ယခင် 85,000 ကျပ် )

10 Days Promotion ( 4 ရက် အောက်တိုဘာ မှ 14 အောက်တိုဘာ လအတွင်း ၀ယ်မယ်ဆို တစ်ဦးလျင် ၂သောင်းကျပ် လျော့ဈေး ရရှိမှာဖြစ်ပါတယ်။)

( သန့်ရှင်းသပ်ရပ်သော Hotel ၊ သန့်ရှင်းသပ်ရပ်သော ဘုန်းတော်ကြီးကျောင်း ၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင် အဆင့်တန်းမြင့်စွာ တည်ခင်း ကျွေးမွေးမည် ဖြစ်ပါသည်။ )

( မည်သည့် အခကြေးငွေမျှထပ်မံကောက်ခံခြင်း မရှိပါ။)
😎😎😎 ကုမ္ပဏီ မှတ်ပုံတင် အမှတ် - 100473321😎😎😎

🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘
🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘
🚍🚍🚍🚍🚍🚐🚐🚐🚐🚐🚘🚘🚘🚘🚘

ဝန်ဆောင်မှုများအားလုံး အပြီးအစီးဖြစ်တဲ့အတွက် အရမ်းတွေကို တန်နေ လို့ကြိုတင်
လက်မှတ် ဝယ်ထားမှ စိတ်ချရမယ်နော်...😍😍😍
နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲနော်.....😁😁😁😂😂😂

နွေးထွေးမှုနှင့်ဗဟုသုတများဖြင့် အမှတ်တရ ခရီးတစ်ခုဖြစ်စေရန်
သုတနွေး နှင့် ခရီးသွားလိုက်ပါ။

အိမ်အရောက်ပို့ဝန်ဆောင်မှုများနဲ့ ကြိုတင်လက်မှတ်များ ၀ယ်ရန်အတွက် အောက်ပါဖုန်း
နံပါတ်များကို အခုပဲဆက်သွယ်လိုက်တော့နော်.....ဧည့်သည်တော်များဤခရီးစဉ်တွင်လိုက်ပါချင်တယ်ဆိုရင်တော့
အောက်ပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

☎️ 09 781137859 / 09 448656739 /
09 763783023 / 09 772917788 /

🕋 အမှတ် အေ - ၅ အောင်စိတ္တလမ်း ရန်ကုန်သစ်ရပ်ကွက်
သုဝဏ္ဏ ရန်ကုန်မြို့

🚘သီးသန့်သွားချင်သူများ၊Company အသင်းအဖွဲ့များကိုလည်း
အထူးဈေးနှုန်းဖြင့်ဆောင်ရွက်ပေးနေပါပြီနော်။🚘
🚍🚘🚐🚕 ကားမျိုးစုံကိုလည်းစင်းလုံးကားငှါးပေးနေပြီနော်။ 🚍🚘🚐🚌🚙

☃️ တောင်ကြီး -အင်းလေး - ပင်းတယ  - လွိုင်ကော် ခရီးစဉ် ☃️ ( ၃ ညအိပ် / ၄ ရက်) ➡️ ဟိုတည်တည်း  အပြီးအစီး ➡️ 🔥 ယခု 135,000 ကျပ...
03/10/2018

☃️ တောင်ကြီး -အင်းလေး - ပင်းတယ - လွိုင်ကော် ခရီးစဉ် ☃️ ( ၃ ညအိပ် / ၄ ရက်)
➡️ ဟိုတည်တည်း အပြီးအစီး ➡️ 🔥 ယခု 135,000 ကျပ် ( ယခင် 155,000 ကျပ် )

10 Days Promotion ( 4 ရက် အောက်တိုဘာ မှ 14 အောက်တိုဘာ လအတွင်း ၀ယ်မယ်ဆို တစ်ဦးလျင် ၂သောင်းကျပ် လျော့ဈေး ရရှိမှာဖြစ်ပါတယ်။)

( သန့်ရှင်းသပ်ရပ်သော Hotel ၊ သန့်ရှင်းသပ်ရပ်သော ဘုန်းတော်ကြီးကျောင်း ၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင် အဆင့်တန်းမြင့်စွာ တည်ခင်း ကျွေးမွေးမည် ဖြစ်ပါသည်။ )

( မည်သည့် အခကြေးငွေမျှထပ်မံကောက်ခံခြင်း မရှိပါ။)
😎😎😎 ကုမ္ပဏီ မှတ်ပုံတင် အမှတ် - 100473321😎😎😎

Wooo .... အခုလို အရမ်းတန်နေတဲ့ Amazing ဈေးနှုန်းတွေကို လက်လွတ်မခံနဲ့နော် 😁😁😁😎😎😎

မကြာခင်ရောက်ရှိလာတော့မယ့် ၀ါလကင်းလွတ် သီတင်းကျွတ်လပြည့်အချိန်အခါသမယမှာ မိမိတို့ရဲ့တန်ဖိုးရှိတဲ့အားလပ်ချိန်လေးတွေကို "သုတနွေး" နှင့် ခရီးသွားရင်း
ပျော်ရွှင်စရာ အမှတ်တရခရီးစဉ်လေးဖြစ်ဖို့ တာဝန်ယူပါရစေ🙏🙏

🤔 သီတင်းကျွတ်ပိတ်ရက်လေး မှာ Thuta Nway Travels နှင့်
အတူ ကုသိုလ်လည်းရ ပျော်ရွှင်စရာလည်းကောင်းတဲ့
ရှမ်းပြည်နယ် တောင်ကြီးနှင့်ကယားပြည်နယ်လွိုင်ကော်
ခရီးစဉ် လာပါပြီ 🤔

☃️ တောင်ကြီး -အင်းလေး - ပင်းတယ - လွိုင်ကော်
ခရီးစဉ် ☃️ ( ၃ ညအိပ် / ၄ ရက်)

🚕 ထွက်ခွာမည့်ရက်။ ။ 22.10.2018 မှ 26.10.2018

💥 သီတင်းကျွတ်ခရီးစဉ် အတွက် လက်မှတ်တွေ ကုန်တာ မြန်လို့ အခုပဲ လက်မှတ်ဝယ်ထားမှ နေရာကောင်းရဖို့နဲ့ လက်မှတ်ရဖိှု့ စိတ်ချရမယ်နော် 💥

😱 လည်ပတ်မည့် နေရာများ 😱

💥 တောင်ကြီးတောင်ပေါ်တန်းမှာရှုခင်းကြည့်ရင်းလည်ပတ်ရမည့်
ဘုရားများ
🙏🙏🙏-ရွှေမုဌော၊ရွှေဘုန်းပွင့်၊ပတ္တမြားလှိုဏ်ဂူ(ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူရင်း ဆရာတော်၏ ဆေးလက်ဖက်ကိုသုံးဆောင်လို့ရမည့်အခွင့်အရေး) ၊ မြစိမ်းတောင်

💥 စူဋ္ဌာမဏီဘုရား
💥 ထမ့်စမ်းလှိုဏ်ဂူ
💥 မွေတော်ကက္ကူစေတီတော်
💥 ဖောင်တော်ဦးဘုရား
💥 အလိုတော်ပေါက်ကျောင်း
💥 ယက္ကန်းရုံနှင့်စိုက်ခင်းများ
💥 အင်းလေးကန်ရဲ့ အထင်က၇နေရာများ
💥 ကြောင်ခုန်ကျောင်း
💥 ပင်းတယ ရွှေဥမင် လှိုဏ်ဂူတော်
💥📸 ညောင်မုတ်ဆိတ်မှာ မြင်းစီးရင်းဓာတ်ပုံလှလှ ရိုက်လို့ရမယ့်
အခွင့်အရေး
💥 ကုံလုံဆရာတော်ဘုရားကြီးဂူဗိမာန် နှင့် စံကျောင်း
💥 ငွေတောင်ဆည်
💥 ထီးပွင့်ကန်
💥 ကန်ခုနှစ်ဆင့်
💥 တောင်ကွဲစေတီ
💥 ထီးစဲခါးရေတံခွန်

မှတ်ချက် ။ ။ ဖောင်တော်ဦးရုပ်ပွားတော်များ ခေတ္တစံမြန်းရာ သို့လည်း ပို့ဆောင်ပေးပါမည်။

👩🏻‍✈️သုတနွေး Travels ရဲ့ ၀န်ဆောင်မှုများကတော့ 👨🏻‍✈️

🌸 Air-Con Express Car (14,33,45 Express Car)

⚜️ Life Insurance per Client

🌸 အရသာ ရှိတဲ့  မနက်စာ ၊ နေ့လည်စာ ၊ ညစာ ကိုအဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင် အဆင့်တန်းမြင့်စွာ တည်ခင်း ကျွေးမွေးမည် ဖြစ်ပါသည်။

🌸 ရေသန့် ၊ စနိုးတာဝါ ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ

🌸 တောင်တက်ကားခ , စက်လှေခ , Medical Box Service

🌸သမိုင်းကြောင်းများ ရှင်းပြမည့် Tour Leader and Regional Tour Guide

🌸 အဆာပြေ မုန့်  နှင့် အမောပြေစေမယ့် စေတနာအပြည့်နဲ့အအေး

🌸 ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲ အစီအစဉ် များ
*

ဝန်ဆောင်မှုများအားလုံး အပြီးအစီးဖြစ်တဲ့အတွက် အရမ်းတွေကို တန်နေ လို့ကြိုတင်
လက်မှတ် ဝယ်ထားမှ စိတ်ချရမယ်နော်...😍😍😍
နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲနော်.....😁😁😁😂😂😂

နွေးထွေးမှုနှင့်ဗဟုသုတများဖြင့် အမှတ်တရ ခရီးတစ်ခုဖြစ်စေရန်
သုတနွေး နှင့် ခရီးသွားလိုက်ပါ။

အိမ်အရောက်ပို့ဝန်ဆောင်မှုများနဲ့ ကြိုတင်လက်မှတ်များ ၀ယ်ရန်အတွက် အောက်ပါဖုန်း
နံပါတ်များကို အခုပဲဆက်သွယ်လိုက်တော့နော်.....ဧည့်သည်တော်များဤခရီးစဉ်တွင်လိုက်ပါချင်တယ်ဆိုရင်တော့
အောက်ပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

☎️ 09 781137859 / 09 448656739 /
09 763783023 / 09 772917788 /

🕋 အမှတ် အေ - ၅ အောင်စိတ္တလမ်း ရန်ကုန်သစ်ရပ်ကွက်
သုဝဏ္ဏ ရန်ကုန်မြို့

🚘သီးသန့်သွားချင်သူများ၊Company အသင်းအဖွဲ့များကိုလည်း
အထူးဈေးနှုန်းဖြင့်ဆောင်ရွက်ပေးနေပါပြီနော်။🚘
🚍🚘🚐🚕 ကားမျိုးစုံကိုလည်းစင်းလုံးကားငှါးပေးနေပြီနော်။ 🚍🚘🚐🚌🚙

သုတနွေး၏ ပထမဦးဆုံးခရီးစဉ်  ပုဂံ - ပုပ္ပါး - ပခုက္ကူ   ခရီးစဉ်လေးဟာ မမျှော်လင့်ပဲ မိသားစုသဖွယ် အားပေးမှု ချစ်ခင်ရင်းနှီးမှုမ...
28/09/2018

သုတနွေး၏ ပထမဦးဆုံးခရီးစဉ် ပုဂံ - ပုပ္ပါး - ပခုက္ကူ ခရီးစဉ်လေးဟာ မမျှော်လင့်ပဲ မိသားစုသဖွယ် အားပေးမှု ချစ်ခင်ရင်းနှီးမှုများရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်-ရှေ့ဆက်ရမယ့်ခရီးစဉ်တွေအတွက်လဲ အားဆေးသဖွယ်ဖြစ်ခဲ့ရပါတယ်-မိသားစုသဖွယ်လိုအပ်သည်များအား စေတနာအပြည့်ဖြင့်ပြော
ပြပေးခဲ့သောအစ်ကို/ အစ်မ များကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ - သုတနွေးမိသားစုတွေနောက်ထပ်လဲ အတူတူသွားကြပါအုံးမယ်နော် 😊

ဒီနေ့မှာတော့ Admin က    ရေးသားထားတဲ့ "စလေမြို့၏ နှလုံးအိမ်တွင်းသို့ ချဉ်းကပ်ခြင်း" ဆိုတဲ့Post လေးကို သုတနွေး Travels ရဲ့...
14/09/2018

ဒီနေ့မှာတော့ Admin က ရေးသားထားတဲ့
"စလေမြို့၏ နှလုံးအိမ်တွင်းသို့ ချဉ်းကပ်ခြင်း" ဆိုတဲ့Post လေးကို
သုတနွေး Travels ရဲ့ ချစ်ရသော Fan လေးတွေအတွက် Share ပေးလိုက်ရပါတယ်နော်..... 😊😊😊🙏🙏🙏🙏

စလေမြို့၏ နှလုံးအိမ်တွင်းသို့ ချဉ်းကပ်ခြင်း

ပုဂံနှင့် မိုင်သုံးဆယ်ကျော်မျှသော ကွာဝေးသော စလေမြို့သည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ စုဝေးလို့နေသည်။ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကုန်းဘောင်ခေတ်နှောင်း လက်ရာများကို တစ်စုတဝေးတည်း တွေ့ရပါလိမ့်မယ်။ စလေဆိုသည့် အမည်နာမကို ကြားလိုက်သည်နှင့် စလေဦးပုညနှင့် စလေရုပ်စုံကျောင်း ကို ပြေးမြင်မိကြမှာ မလွှဲဧကန်။ ထိုအရာများအပြင် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသော စေတီပုထိုး၊ ကျောင်းကန်၊ အဆောက်အအုံပေါင်း များစွာ ကျန်ပါသေးတယ်။ တဆက်တည်း ဖြစ်နေသော သမိုင်းကြောင်းများကလည်း သြောချစရာ။

📝📝📝 နဝင်ကြေသည့် မြို့စလေဟု အဘယ်ကြောင့် ခေါ်ပါသနည်း?

စလေမြို့တွင် ဂူကိုးဂူ၊ သိမ်ကိုးသိမ်၊ ကုန်းကိုးကုန်း၊ ကျင်းကိုးကျင်း၊ တော်ကိုးတော်၊ မှော်ကိုးမှော် ရှိသဖြင့် နဝင်းကြေသည့် မြို့စလေဟု ခေါ်ဆိုနိုင်ပေသည်။ အစောက ဆိုခဲ့တဲ့ ကိုးနဝင်းကြေသည့် အစုခြောက်စုအပြင် ကျော်လေးကျော်၊ ဝလေးဝ၊ ကြိုလေးကြို၊ ကန်လေးကန်၊ ကျောက်လေးကျောက် နှင့် ပေါင်းလိုက်လျှင် ထူးခြားချက် ၁၁ချက် ရှိတာ တွေ့ရပါလိမ့်မည်။

🚌🚌🚌 စလေမြို့ကို ဘယ်လိုသွားခဲ့သလဲ?

မူလက ပုဂံရှိ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ကျောင်းကန် ၅၄မျိုးကို စာရင်းပြုစုမယ်ဆိုပြီး ရည်ရွယ်ခဲ့တာပါ။ ပုဂံမသွားခင် ၁ရက်အလိုလောက်က စလေပန်းပုရုပ်စုံကျောင်း စာအုပ်ကို ဖတ်မိပြီးနောက်မှာတော့ ရည်ရွယ်ချက်တွေ ပြောင်းသွားခဲ့တယ်။ စလေကို အဓိကထားသွားပြီး နောက်ရက်တွေကျမှ ပုဂံကို ဆက်လည်ပတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ရန်ကုန် - ပုဂံ ကားလက်မှတ်။ ။ ၁၁,၀၀၀ကျပ် (Famous Express)
ကားငှာရမ်းရန်။ ။ ပုဂံကနေ စလေကို Super Custom ကား ငှားသွားခဲ့တယ်။ Travel Blogger မိတ်ဆွေ တစ်ယောက် မိတ်ဆက်ပေးတဲ့ ကိုမင်းကျော်ခိုင် (၀၉၄၀၂၆၆၇၄၃၁) နဲ့ သွားခဲ့တာပါ။ ဈေးကတော့ ငါးသောင်းဝန်းကျင် ပေးရပါလိမ့်မယ်။

🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️ ဘယ်တွေသွားခဲ့သလဲ?

🖌🖌🖌 ၁) ခင်ကြီးစအုတ်ကျောင်း / ဦးပုညကျောင်းတိုက်

မူလက စလေဦးပုညရဲ့ ငယ်ဆရာ ခင်ကြီးစ သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ဖြစ်တယ်။ ရှေးတုန်းက ဘုန်းတော်ကြီးများကို ခင်ကြီး ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးစွဲခဲ့ဖူးတယ်။ နောက်တော့ စလေဦးပုည သီတင်း သုံးခဲ့လို့ ဦးပုညကျောင်းတိုက် လို့ ပြောင်းခေါ်လာတာ။

ဦးပုညကို မြန်မာသက္ကရာဇ် ၁၁၇၄ခု၊ ကဆုန်လဆန် ၃ရက်၊ ကြာသပတေးနေ့၊ မွန်းတည့်ချိန်မှာ မွေးဖွားခဲ့ပါတယ်။ မိဘများမှာ ဦးမြတ်စံနှင့် ဒေါ်ရင်လှတို့ ဖြစ်ကြတယ်။ မျိုးရိုးကို ကြည့်လိုက်ရင်ဖြင့် မြို့စား၊ ရွာစား မျိုးရိုးတွေပေါ့။ ဦးပုညရဲ့ ဇာတိကတော့ စလေမြို့၊ တိုက်စုအရပ်မှာ ဖြစ်တယ်။ ဦးပုညကို မွေးတဲ့နေ့မှာပဲ ကြက်သွန်ခင်းဆရာတော်နှင့် မုံရွေးဆရာတော်တို့ ဦးမြတ်စံအိမ်သို့ ရွှေစက်တော်ဘုရားဖူးက အပြန် ကြွလာတာနဲ့ ကြုံကြိုက်တယ်။ ဆရာတော်တွေက ကလေးကို ကြည့်ပြီး လောကီအရေးမှာ ကျော်စောနိုင်ပေမယ့် ဥပစ္ဆေဒကံနဲ့ သေနိုင်တယ်လို့ မြင်တယ်။ ဒါ့ကြောင့် ရဟန်းဝတ်ဖို့ အကြံပေးပြီး ပြန်ကြွသွားတယ်။

ဦးပုညရဲ့ လူနာမည်က မောင်ပုတ်စည်တဲ့။ ၂နှစ်သား အရွယ်တုန်းက သာယာဝတီမင်းအိမ်တော်ကို အခစားဝင်တုန်းက အိမ်တော်ရှိ စည်ကြီးကို ပုတ်ပုတ်ပြီး ဆော့လို့ သာယာဝတီမင်းကိုယ်တိုင် ပေးလိုက်တဲ့ နာမည်ဆိုပါတော့။

ငယ်စဉ်က ခင်ကြီးစကျောင်းတိုက်မှာ ပညာကို စတင် သင်ယူခဲ့တယ်။ ၈နှစ်သား အရွယ်မှာ ဗန်းမော်ဆရာတော်ထံတွင် သာမဏေပြုခဲ့ပြီး ဘွဲ့မှာ ပုညာဘိဓဇ ဖြစ်တယ်။ နောက်တော့ ဦးပုညလို့ တွင်သွားတယ်။ ဦးပုညရဲ့ ငယ်ဘဝဟာ သာသနာ့ဘောင်မှာပဲ အေးချမ်းနေခဲ့တယ်။ ၁၂၀၃ခုမှာ လူဝတ်လဲပြီး ရန်ကုန်မြို့သို့ သာယာဝတီမင်းနှင့်အတူ လိုက်ပါသွားတယ်။ ရန်ကုန်မှာ ခဏ နေပြီးတော့ အမရပူရမြို့ ဗန်းမော်ကျောင်းတိုက်မှာ သာမဏေ ပြုပြန်တယ်။ ၁၂၁၀ခုမှာ လူထွက်ပြီး ကနောင်မင်းသားထံမှာ ခစားတယ်။ နောက်တော့ နန်းတွင်းထဲရောက်ပြီး စာဆိုတော်အရာ မင်းလှသင်္ခယာဘွဲ့ဖြင့် လက်ဖက်ရည်ဆောင်မှာ အမှုထမ်းခဲ့တယ်။

၁၂၂၈ခုမှာဖြစ်ပွားခဲ့တဲ့ မြင်ကွန်း-မြင်းခုံ အရေးမှာ ဦးပုည ဇာတာညှိုးတော့သည်။ ထိုအရေးမှာ အခါတော်ပေးခဲ့သဖြင့် မြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ခံရပြီး နောက်ပိုင်း အဆုံးစီရင် ခံလိုက်ရတယ်။ အချို့က မြို့ဝန်ရဲ့ မယားငယ်ခင်သုန်နှင့် ရည်ငံမိသောကြောင့်လို့ ဆိုတယ်။ အချို့က တပယ်မင်းသား အမိန့်နဲ့ ကွပ်မြက်ခံရတာလို့ ဆိုထားတယ်။ မင်းတုန်းမင်း ပြန်သိတော့ "လူကို ခွေးသတ်လေခြင်း" ဆိုပြီး ငြီးတော်မူတယ်။ မည်သို့ပင်ဆိုစေကာမူ စာဆိုအကျော် စလေဦးပုည၏ ဇာတ်သိမ်းကား မလှပခဲ့ပေ။

🖌🖌🖌 ၂) ဦးပုညပိဋကတ်တိုက်

ခင်ကြီးစအုတ်ကျောင်း ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ခင်ကြီးစအုတ်ကျောင်းမှာ မီးလောင် ပျက်စီးခဲ့ဖူးသော်လည်း ပိဋကတ်တိုက်မှာ အကောင်းတိုင်း ရှိပါသေးသည်။

🖌🖌🖌 ၃) တိုင်တစ်ရာကျောင်း ခေါ် သာသနာ့ရောင်ခြည်ကျောင်းတိုက်

သာသနာ့ရောင်ခြည်ကျောင်းတိုက်ကို မင်းတုန်းမင်းလက်ထက် ၁၂၂၈ခုတွင် ဆောက်လုပ်ခဲ့ပါတယ်။ အလှူရှင်များမှာ ကုန်သည်မျိုးရိုး ဦးမြအေးနှင့် ဇနီးဒေါ်ဒွန်းတို့ ဖြစ်ကြတယ်။ ကျွန်းတိုင်လုံးပေါင်း ၁၀၀ကျော်ဖြင့် ဆောက်လုပ်ထားသောကြောင့် တိုင်တစ်ရာကျောင်း လို့လည်း ခေါ်တယ်။ နှစ်ဆောင်ပြိုင် သုံးထပ်ကျောင်းတော်ကြီး၏ အတွင်းဘက်မှာ ပန်းကနုတ်လက်ရာများဖြင့် ခြယ်မှုန်းထားတယ်။ ရှေးခေတ်ကျွန်းဗီဒိုကြီးထဲမှာ ထည့်သိမ်းထားတဲ့ ပေ၊ ပုရပိုက်စာတွေကို မမေ့မလျော့ လေ့လာကြည့်သင့်တယ်။ ပေစာထုပ်ပေါင်း ၁၇၄ထုပ်တောင် ရှိတယ်။ ကျောင်းထိုင်ဆရာတော်က အင်မတန် သဘောကောင်းတာ။ တစ်မျိုးချင်းစီထုတ်ပြပြီး သေချာ ရှင်းပြပေးတယ်။

🖌🖌🖌 ၄) ကိုးဆောင်ကျောင်း

သုဓမ္မာဂိုဏ်းထောက် တောရဆရာတော်ဦးဂုဏသည် ဒက္ခိဏဝံကျောင်းတိုက်၌ တပည့်ရဟန်းများအား ပရိယတ္တိစာပေများကို တစ်ပတ်မျှ သင်ကြားပေးလေ့ရှိတယ်။ နောက်တစ်ပတ်မှာ ဂိုဏ်းထောက်ကန်တောရကျောင်းမှာ တောရဆောက်တည်လေ့ရှိတယ်။ အပတ်စဉ်လိုက် ပရိယတ္တိသင်ကြားပို့ချခြင်း၊ ပရိပတ္တိကျင့်ကြံပွားများခြင်းကို အလှည့်ကျ ကျင့်သုံးခဲ့တယ်။

ထိုသို့ သီတင်းသုံးနေစဉ် မြန်မာသက္ကရာဇ် ၁၂၃၁ခုတွင် ကတ္တူလှေပိုင်ရှင် ဦးဝိုက်နှင့် ဇနီးဒေါ်အိမ်ကြွယ်တို့မှ ဆရာတော်ဦးဂုဏအား ရည်စူးပြီး ကိုးဆောင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ သက္ကရာဇ်ကို မှတ်ရလွယ်အောင် "အောင်ကျော်စံအောင် - ရွှေကိုးဆောင်" ဆိုပြီး စာချိုးလေး ထားရှိထားတယ်။ ကိုးဆောင်ကျောင်းဟာ ဒက္ခိဏဝံကျောင်းတိုက် အတွင်းမှာ ရှိပါတယ်။

အဆောင်ကိုးဆောင် ပါဝင်လို့ ကိုးဆောင်ကျောင်းလို့ပဲ ခေါ်ကြတယ်။ ဇေတဝန်ကျောင်းပုံစံမျိုးဖြစ်ပြီး ဘုံဆင့်များမှာ ခိုနန်းချိုးနှင့် စံပ္ပယ်ထပ်အခိုးများ ပါရှိတယ်။ ထို့အပြင် လှည်းပေါင်းသဏ္ဍာန် အမိုးခုံး "ခုံးဆောင်" နှစ်ဆောင်လည်း ပါသေးတယ်။ ထို ခုံးဆောင်ကို ရတနာပုံခေတ် ဗိသုကာလက်ရာများ၏ "စံ" အဖြစ် သတ်မှတ်ကြတယ်။

🖌🖌🖌 ၅) စလေပန်းပုရုပ်စုံကျောင်း

စလေမြို့မှ သူဌေးကြီး ဦးဘိုးကြည်တစ်ယောက် သုဓမ္မာဂိုဏ်းထောက် တောရဆရာတော်ဦးဂုဏအား အထူးကြည်ညိုလှတယ်။ ဆရာတော်အတွက် ရည်ရွယ်ပြီး ခမ်းနားလှတဲ့ ကျောင်းတော်ကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းချင်တဲ့ အာသီသ ပြင်းပြလို့နေတယ်။ ပဒေသရာဇ်ခေတ်ဆိုတော့လဲ ဘုရားကျောင်းကန်တွေကို ကိုယ်ဆောက်ချင်တိုင်း ဆောက်လို့မရဘူး။ သက်ဦးဆံပိုင် ဘုရင်မင်းတရားကြီးအား လျှောက်ထားရသေးတယ်။

သီပေါမင်းကိုယ်တိုင်ကလည်း ဆရာတော်အား ကြည်ညိုရင်းစွဲရှိတယ်။ ဒါ့ကြောင့် တံခါးလေးစင်းတပ် အိမ်တော်ပုံစံ ဆောက်လုပ်ခွင့် နှင့် လိုအပ်မည့် ကျွန်သစ်များကို ရခိုင်ရိုးမစပ်မှ အခမဲ့ခုတ်ယူခွင့် စာချွန်လွှာ ထုတ်ပြန်ပေးလိုက်တယ်။ အိမ်တော်ပုံစံဆိုတာက အိမ်ရှေ့မင်း နေထိုင်တဲ့ အိမ်မျိုးကို ခေါ်ဆိုတာ။ ရှေးတုန်းက ကျောင်းဆောက်လုပ် လှူဒါန်းသည့်အခါ ကျောင်းထိုင်မည့်ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာ၊ ဘုန်းသမ္ဘာအရှိန်အဝါ ပေါ်မူတည်ပြီး ကျောင်းတော်ပမာဏကို သတ်မှတ်ထားတယ်။

မြန်မာသက္ကရာဇ် ၁၂၄၄ခု ကုန်းဘောင်ခေတ်တွင် စလေရုပ်စုံကျောင်းကို စတင်ဆောက်လုပ်ခဲ့ကာ ကိုလိုနီခေတ် ၁၂၅၄ခုတွင် ပြီးစီးခဲ့သည်။ ထိုနှစ် ဝါဆိုလဆန်း၊ ၅ရက်နေ့၊ နံနက် ၈နာရီမှာ ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ ရုပ်စုံကျောင်း တည်ဆောက်သည့်နှစ်ကို "အောင်ကျော် လှဝင်း ရုပ်စုံခင်း" ဟု မှတ်သားနိုင်သည်။

ဗိသုကာဆရာနှင့် လက်သမားဆရာများကို စလင်းမြို့နယ် တညောင် (စညောင်) ရွာမှ ငှားရမ်းခဲ့ပြီး ပန်းပုဆရာများကို ပခုက္ကူ ရေစကြိုမြို့မှ ငှားရမ်းခဲ့လေသည်။ ရုပ်စုံကျောင်းအတွက် အသုံးပြုထားသော ပန်းပဲသံ၏ အသေးဆုံးပမာဏမှာ ၁လက်မခွဲရှိပြီး အကြီးဆုံပမာဏမှာ ၁၃လက်မရှိတယ်။ ကျွန်သစ်တိုင်လုံး ၁၅၄တိုင် အသုံးပြုထားပြီး တိုင်တစ်တိုင်ဟာ လုံးပတ် ၆ပေခန့် ကြီးမားတယ်။ ကျောင်းတော်၏ ပမာဏမှာ အလျား ၁၅၂ပေ ရှည်လျားပြီး အနံ ၇၆ပေ ရှိတယ်။

ကျောင်းဦးပြာဿာဒ်၊ စနုဆောင်၊ ဆောင်ပု၊ ဆောင်လှ၊ ဆောင်မ၊ ခုံးဆောင်၊ အနောက်ဆောင်၊ စင်္ကြံသွားလမ်းနှင့် လသာဆောင် စသည်ဖြင့် အဆောင်ဆောင် အခန်းခန်း ပါရှိတယ်။ ဆောင်လှဆိုတာ ဇေတဝန်ဆောင်ကို ခေါ်ဆိုတာပါ။ ဇေတဝန်ဆောင်ဟာ အခြားအဆောင်တွေထက် ကြမ်းပိုမြင့်ပြီး ဓမ္မစာပေများကို သိုလှောင်ရာ အဆောင်လည်း ဖြစ်တယ်။ ထို့အပြင် တောရကျောင်းတို့၏ ဓလေ့အတိုင်း မီးတင်းကုတ်လည်း ပါရှိတယ်။ မီးတင်းကုတ်ကတော့ ပျက်စီးသွားပြီမို့ တွေ့ရတော့မှာ မဟုတ်ပါဘူး။

မျက်မှောက်ခေတ်မှာ စလေရုပ်စုံကျောင်းကို ရတနာပုံခေတ်လက်ရာများ၏ "စံ" အဖြစ်တောင် ရည်ညွှန်းထားတယ်။ ရုပ်စုံကျောင်း၏ ပန်းပုရုပ်လက်ရာများမှာ အထူးပြောင်မြောက်လှတယ်။ ဆရာတော်ဦးဂုဏကိုယ်တိုင် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်၊ ဓမ္မပဒေသဇာတ်တော်များထဲမှ ကောင်းနိုးရာရာဇာတ်တော်များကို ရွေးခြယ်ပေးပြီး ထုဆစ်စေခဲ့တာ။ ကျောင်းတော်ရှိ ရဟန်းသံဃာများနှင့် ကျောင်းတော်ကိုလာတဲ့ ဒါယိကာများ ဇာတ်တော်တွေကိုကြည့်ပြီး သံဝေဂယူနိုင်ရန် ရည်ရွယ်ပါတယ်။ စင်္ကြံတိုင်များကို မိုးရေစားခြင်းမှာ ကာကွယ်ရန် တိုင်ဖုံးများ ထည့်သွင်း ဆောက်လုပ်ခဲ့တယ်။ တိုင်ဖုံးများကို သဲကျောက်ဖြင့် ပြုလုပ်ထားပြီး မင်းသား၊ ဇော်ဂျီ၊ ဂမ္ဘီရုပ်များ ထုဆစ်ထားသည်။ အုတ်လှေကား လေးစင်း ပါရှိပြီး အုတ်လှေကား တစ်စင်းစီတွင် နယားရုပ်၂ကောင်စီ ထွင်းထုထားတယ်။ မြောက်ဘက်လှေကားမှ နယားရုပ်များမှာ ပါးစပ်အဖွင့်ဖြစ်ပြီး တောင်ဘက်ရှိ နယားရုပ်များမှာ ပါးစပ်အပိတ်ဖြစ်သည်။

🖌🖌🖌 ၆) မဟာအဘယစေတီ

စလေရုပ်စုံကျောင်း၏ ပထမကျောင်းထိုင်ဆရာတော် ဦးဂုဏ၏ အရိုးပြာတစ်ဝက်ကို ဌာပနာထားသော စေတီတစ်ဆူဖြစ်ပါတယ်။ ဆရာတော်၏ အရိုးပြာတစ်ဝက်တည်း ဌာပနာ ဖြစ်ရခြင်းအကြောင်းက ဝမ်းနည်းစရာ ကောင်းသလို၊ သံဝေဂ ရစရာလည်း ကောင်းတယ်။

ဆရာတော် ဦးဂုဏဆိုတာ နယ်နယ်ရရ ရဟန်းတော်တစ်ပါး မဟုတ်ရပါ။ မင်းတုန်းမင်းလက်ထက်ကော၊ သီပေါမင်းလက်ထက်မှာပါ သုဓမ္မာဂိုဏ်းကို ဦးဆောင်ရသော ဂိုဏ်းထောက်ဆရာတော်အဖြစ် ခန့်အပ်ခံရသူပါ။ ဂန္ဓဓူရနှင့် ဝိပဿနာဓူရများကို တောရဆောက်တည်ကာ အပတ်တကုတ် ကြိုးစားအားထုတ်သလို သာသနာအရေးမှာလည်း တရားတော်နှင့်အညီ ဖြေရှင်းပေးရသေးတယ်။ သာသနာကို ညှိုးနွမ်းစေတဲ့ ဒုဿီလရဟန်းများကိုလည်း အပြစ်အလျောက် ဆုံးမရပြန်တယ်။ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်သိက္ခာ ကြီးမားလှတဲ့ ဆရာတော်ဟာ ကိုလိုနီခေတ်မှာတော့ ဝဋ်ကြွေးတော် ဆပ်ရဖို့ အကြောင်းဖန်လာခဲ့လေပြီ။

ကိုလိုနီခေတ်မှာ စလေမြို့ရဲ့ ပထမဦးဆုံး မြို့အုပ်ဖြစ်လာတဲ့ ထိုမြို့အုပ်တွင် လက်စွဲတော် စာပို့သမား တစ်ယောက်ရှိတယ်။ စာပို့သမားဟာ ဆရာတော်ဦးဂုဏ တောရဆောက်တည်တဲ့ တောရကျောင်း အနီးမှာ မုဒိမ်းမှုတစ်ခုကို လွန်ကျူးခဲ့တယ်။ ထောက်ခြေကန်ရွာသူကြီး ဦးခိုက မုဒိမ်းကောင်ကို လက်ပြန် ကြိုးတုပ်ဖမ်းဆီးပြီး မြို့အုပ်ဆီ အပ်တယ်။ မြို့အုပ်မှ သူ့တပည့်ကို ဖမ်းရပါ့မလားဆိုပြီး သူကြီးအား ကြိမ်းမောင်းတယ်။ သူကြီးက ကြောက်ကြောက်နဲ့ မဆီမဆိုင် ဆရာတော်ဦးဂုဏက ကြိုးတုပ်ခိုင်းတာပါဆိုပြီး လျှောက်တယ်။ ဆရာတော်နာမည် ပါလာတော့ မြန်မာလူမျိုးမြို့အုပ်က သူကိုယ်တိုင် မစစ်ရဲတော့ဘူး။ ပုဂံအရေးပိုင် မစ္စတာကေရီဆီ အမှုလွှဲလိုက်တယ်။

ထိုအခါမှ အရှက်တကွဲ အကျိုးနည်းစရာတွေ ဖြစ်ကုန်တော့တာပါပဲ။ ဆရာတော်ကို မုဒိမ်းမှုအတွက် သက်သေအဖြစ် တင်သွင်းစေတယ်။ သက်သေအဖြစ် အမှုစစ်ခံရစဉ် တလျှောက်လုံး ဆရာတော်အား လူနာမည် "မောင်ထောင်" ဟုသာ တသွင်သွင် သုံးစွဲကြတယ်။ မုဒိမ်းမှုတို့ ထုံးစံအတိုင်း မကြားဝံ့မနာသာ စကားလုံးများဖြင့် ဆရာတော်မှာ အင်မတန် ညှိုးငယ်ခဲ့ရတယ်။

တရားတဘောင်ပြီးတော့ ဆရာတော်မှာ ကျောင်းတော်ကို စွန့်ပယ်ပြီး မည်သူ့မျှ အသိမပေးဘဲ တစ်ကိုယ်တည်း ထွက်ခွာသွားလေတော့သည်။ ခြေဦးတည့်ရာ ကြွလာရင်း စလေမြို့တောင်ဘက် ၁၀မိုင်အကွာမှာ စလင်းထောင့်လှေဆိပ်သို့ ရောက်သွားတယ်။ လှေဆိပ်မှာ ခေတ္တဆိုက်ကပ်ထားတဲ့ ကတ္တူလှေ၏ ပိုင်ရှင်မှ ဆရာတော်အား ဖူးမျှော်ရပြီး လှေပေါ်သို့ ကြွရန် ဖိတ်ကြားလေတယ်။ ထို့နောက် ဟင်္သာတမြို့သို့ လိုက်ပါသီတင်းသုံးရန် လျှောက်ထားတယ်။ ဆရာတော်သည် ဟင်္သာတမြို့နယ် လမုကြီးကျေးရွာမှာ တည်ရဆောက်တည်လိုက်တာ ပျံလွန်တော်မူသည် အထိပဲ ဆိုပါတော့။ စလေမှ မည့်သည့် ဒါယိကာနှင့်မျှ အဆက်အသွယ်ကို မလုပ်ခဲ့တော့ပေ။ ဆရာတော် ပျံလွန်ပြီးတော့မှ စလေမြို့ရှိ ရုပ်စုံကျောင်း ဒါယိကာ ဦးဘိုးကြည်ထံသို့ အကြောင်းကြားလေသည်။

ဦးဘိုးကြည်နှင့် ဆရာတော်၏ တပည့်ရဟန်းများသည် လမုကြီးရွာသားများထံမှ ဆရာတော်၏ အရိုးပြာကို တောင်းခံကြတယ်။ လမုကြီးရွာသားတို့သည် အရိုးပြာတစ်ဝက်ကို ခွဲဝေပေးလိုက်တယ်။ ဦးဘိုးကြည်တို့သည် ဆရာတော်၏ အရိုးပြာကို မြို့လယ်တွင် ဌာပနာကာ စေတီတည်ပြီး မဟာအဘယစေတီ ဟု ဘွဲ့နာမည် ပေးအပ်ခဲ့သည်။

ဆရာတော် ပျံလွန်သည့်နှစ် အတိအကျ မသိနိုင်တော့သော်လည်း စာပေမှတ်တမ်းအရ ၁၂၅၈နှင့် ၁၂၅၉ခု ကြားဟု ခန့်မှန်းနိုင်ပါသေးသည်။

🖌🖌🖌 ၇) ဦးဘိုးကြည်အိမ်

စလေရုပ်စုံကျောင်း ဒါယိကာ ဦးဘိုးကြည်အိမ်ကို သက္ကရာဇ် ၁၂၁၄ခုတွင် တည်ဆောက်ခဲ့တယ်။ ခြံအကျယ်အဝန်းမှာ ပေ၁၀၀×ပေ၁၂၀ ရှိတယ်။ အိမ်အကျယ်ကတော့ အလျား ပေ၅၀၊ အနံ ပေ၅၀၊ အမြင့် ပေ၃၀ ရှိတယ်။ အိမ်ကြီးက အုတ်တိုက်အမျိုးအစားဖြစ်ပြီး ၄ပင် ၃ခန်း ပတ်လည် အကျယ် ရှိတယ်။ နှစ်ထပ်တိုက် အမျိုးအစားမှာမှ ဘေးဖက်မှာ လသာဆောင် ပါသေးတယ်။ အိမ်ရဲ့ အတွင်းအပြင်မှာ ဦးဘိုးကြည် နာမည်ကို မှတ်တမ်းတင် ရေးထိုးခြင်းအားဖြင့် သက်ဆုံးတိုင်နေဖို့ ရည်ရွယ်ပြီး ဆောက်ထားမှန်း သိသာတယ်။ တိုက်မအဝင်တံခါးများ၏ အထက်မုခ်ပန်း အကြားတွင် ဦးဘိုးကြည် နာမည်ကို တွေ့ရပါလိမ့်မယ်။

အိမ်အတွင်းပိုင်း ကြမ်းပြင်က အုတ်စီပုံက ထူးခြားတယ်။ အုတ်ချပ်တွေက ပက်လက်မဟုတ်ဘဲ ဒေါင်လိုက်ကြီးတွေ။ ကျွန်းတိုင် ၁၂တိုင် ပေါ်မှာမှ ထုပ်တန်းကြီး၊ ယက်တန်းကြီးတွေကို စွပ်ပြီး တင်ထားတာ။ နံရံရဲ့ ထုထည်က ၄ပေတောင် ရှိတယ်။ နံရံမှာ မုခ်ပေါက်လေးတွေ ထွင်းထားတာက မီးအိမ်တင်ဖို့များလား ထင်မိတယ်။ အပေါ်ထပ်တက်တဲ့ ကျွန်းလှေကားက ၂ဆင့်ချိုး လှေကားမျိုး။ အပေါ်ကျွန်းသားကြမ်းခင်းမှာ အလင်းပေါက် ၃ပေါက်ကို တစ်နေရာစီ ဖောက်ထားတယ်။ အောက်ထပ်ကို နေအလင်းရောင်ဝင်အောင် ကြံထားတာ။ တံခါးကြီးတွေက ကျည်ဆံမတိုး၊ မီးမကူးအောင် သံထည်ထူထူကို သုံးထားတယ်။ တံခါးတစ်ပေါက်မှာ အတွင်းတံခါးမင်းတုပ် ၂ချောင်း စီ တပ်ဆင်ထားတယ်။ မင်းတုပ်တွေကလည်း အထူကြီးတွေ။ အပြင်အခြေအနေ ကြည့်လို့ရအောင် တံခါးမှာ ချောင်းကြည့်ပေါက်တွေ ထည့်ထားပါသေးသည်။

🖌🖌🖌 ၈) စာရေးကြီးထနောင်းပင်

သက္ကရာဇ် ၁၂၄၄ခုမှာ ဦးဘိုးကြည်အိမ်ကို ဓားပြတွေ ဝင်တိုက်ပါလေရော။ ဓားပြတွေက မြို့ဝန်စာရေးကြီး ဦးသာရံကို ဓားစားခံအနေနဲ့ ဖမ်းစီးပြီး ဦးဘိုးကြည်ကို အိမ်တံခါး ဖွင့်ခိုင်းတယ်။ ဓား၊ လှံ၊ သေနတ်တွေ စွဲကိုင်ထားကြတယ်။ ဦးဘိုးကြည်တို့က အိမ်တံခါးကို မဖွင့်ပေးဘဲ တင်းခံတယ်။ ပတ်ဝန်းကျင်ကလည်း ကြောက်လို့ ဝင်မကူရဲဘူး။ ဓားပြတွေက အိမ်ကို သေနတ်နဲ့ ပစ်တာ ကျည်မတိုးဘူးတဲ့။ တံခါးကို တွန်းတိုက်တော့လည်း မင်းတုပ်က မကျိုးနိုင်ဘူး။ နောက်ဆုံး ဝရံတာပေါ်တွယ်တက်ပြီး တံခါးဖွင့်ပေးရင် အသက်ချမ်းသာပေးမယ်။ မဖွင့်ပေးရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ကြတယ်။ နောက်ဆုံးမှာ ဦးဘိုးကြည်ဟာ အသက်ချမ်းသာပေးမယ်ဆိုတဲ့ ကတိ တောင်းယူပြီးမှ တံခါးဖွင့်ပေးလိုက်တယ်။

ဓားပြတိုက်လို့ပြီးတော့ ဓားပြတွေက စာရေးကြီးဦးသာရံကို ဓားစားခံအနေနဲ့ ဆက်ခေါ်သွားတယ်။ စလေမြို့၏ အရှေ့ဘက် ခုနှစ်မိုင်ရှိ ဆင်မကြပ်တောင်ကြားလမ်းက ပထမဆုံးတွေ့တဲ့ ထနောင်းပင်အောက်မှာပဲ နှုတ်ပိတ် သတ်ဖြတ်လိုက်လေသည်။ အဲ့လိုနဲ့ စာရေးကြီးထနောင်းပင် ဆိုပြီး နာမည်တွင်သွားတာ။ ကားနဲ့ သွားဖို့တော့ အင်မတန် ခက်တယ်။

🖌🖌🖌 ၉) ရှင်ပင်တစ်ပဲတိုး

တိုင်တစ်ရာကျောင်း အရှေ့တည့်တည့်မှာ ရှိပါတယ်။ အေဒီ၁၃ရာစုလောက်က ကျန်စစ်သားမင်း တည်ထားခဲ့တာလို့ သိရတယ်။ ပါးစပ်ရာဇဝင် နှစ်မျိုး ရှိနေတော့ ဖတ်ပြီးတော့မှ ကြိုက်ရာယူပေါ့နော်။

အနော်ရထာမင်းလက်ထက်တုန်းက ကျန်းစစ်သားအပါ သူရဲကောင်းလေးဦးဟာ ပဲခူးမြို့ကို ကျူးကျော်တိုက်ခိုက်တဲ့ ဂျွမ်းစစ်သည်တွေကို သွားရောက် နှိမ်နင်းခဲ့တယ်။ စစ်အောင်တော့ ပဲခူးဘုရင်ဟာ သမီးတော် မဏိစန္ဒာခင်ဦးကို ဘုရင့်ပဏ္ဍာအဖြစ် ဆက်သလိုက်တယ်။ လမ်းမှာ ကျန်စစ်သားနဲ့ မဏိစန္ဒာတို့ ငြိစွန်းကြတယ်။ နောက်နေ့မနက်မိုးလင်းတော့ မဏိစန္ဒာ၏ ကိုယ်အလေးချိန်ကို ချိန်တဲ့အခါ မူလထက် တစ်ပဲတိုးလို့ နေတယ်တဲ့။ ဒါ့ကြောင့် နောက်ပိုင်း သည်နေရာမှာ ဘုရားတည်တဲ့အခါ ရှင်ပင်တစ်ပဲတိုးလို့ ဘွဲ့နာမည် ပေးခဲ့တာပါတဲ့။ ယုတ္တိတော့ မရှိဘူးရယ်။

နောက်ဇာတ်လမ်းက ပဲခူးသို့ စစ်ချီတက်ရာ လမ်းမှာ ကျန်စစ်သားက သူ၏နောက်လိုက်များကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်။ ဥပ္ပါယ်တံမျဉ်ဖြင့် တစ်ပွဲတိုးဆေး ထိုးခိုင်းတယ် ဆိုပါတော့။ အဲ့သည့်အထိမ်းအမှတ်နဲ့ နောက်တော့ သည်နေရာမှာ စေတီတည်ပြီး ရှင်ပင်တစ်ပဲတိုးစေတီရယ်လို့ ဘွဲ့နာမည် ပေးခဲ့ကြသည်။

🖌🖌🖌 ၁၀) ဒက္ခိဏဓမ္မသိပ္ပံရှေးဟောင်းကျောင်းတော်

ရှေးဟောင်းကျောင်းတိုက်ဝန်းထဲမှာ ပစ်တိုင်းထောင်ရုပ်တွေ တွေ့ပါလိမ့်မယ်။ ဘုံအမိုးဆင့်တွေနဲ့ ကျောင်းတော်ရဲ့ အုတ်လှေကားက ယိုင်စောင်းလို့နေပြီ။ သည်ကျောင်းတိုက်ရဲ့ သမိုင်းကြောင်း ရှာကြည့်ပေမယ့် မတွေ့မိဘူးရယ်။

🖌🖌🖌 ၁၁) နန်းတော်ဦးဘုရား

နန်းတော်ဦးဘုရားဟာ စလေနဝင်းဖြစ်တဲ့ တော်ကိုးတော် ထဲမှာ ပါဝင်တယ်။ နန်းတော်ဦး၊ အိမ်တော်၊ ဇီးတော်၊ သရက်တော်၊ နှုတ်ခံတော်၊ မြင်းတော်၊ အရာတော်၊ ယာစိုတော် နှင့် ရေခမိုးပန်းတော် တို့ဖြစ်တယ်။

🖌🖌🖌 ၁၂) ရှင်ပင်မဟာလာဘမံနှီးဘုရား

သက္ကရာဇ် ၁၂၅၀ခုတွင် ဧရာဝတီမြစ်အတွင်း မြစ်ရေကြီးနေချိန် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ မျောပါလာသည်။ စလေသို့ ရောက်သောအခါ ရုပ်ပွားတော်မှာ ဆက်လက်မမျောတော့ဘဲ တန့်လို့နေတယ်။ ဆရာတော် ဦးဗိုင် ဦးစီးပြီး မြို့ရှိ ရဟန်းရှင်လူအပေါင်း ဆယ်ယူကာ မြို့၏ အနောက်ဘက်တွင်ရှိသော အုတ်ကန်ဇလဲ့အင်းအတွင်း ယာယီထားရှိခဲ့တယ်။ နောက်ပိုင်းမှာ ဆရာတော်ဦးမိုင် နှင့် ဆရာတော်ဦးရွှဲ မှ လက်ရှိကုန်းတော်ပေါ်သို့ ပင့်ဆောင်လာခဲ့တာ။ ရုပ်ပွားတော်မှာ မံသုံးမျိုးထဲမှာ လွှစာမံ အမျိုးအစား ရုပ်ပွားတော် ဖြစ်သည်။ လက်ရာမှာ ၁၃ရာစု လက်ရာဖြစ်ပြီး ဥာဏ်တော်မှာ ၁၈ပေမြင့်တယ်။ မံဘုရားပလ္လင် အနောက်ဘက်ကနေ လျှိုဝင်ပြီး ရင်ငွေ့တော် လှုံလို့ ရတယ်နော်။

🖌🖌🖌 ၁၃) ရှင်ပင်စာကြိုလှဘုရား

စလေမြို့၏ တောင်ဘက် လေးမိုင်အကွာမှာ ရှိပါတယ်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်တုန်းက သထုံကို စစ်ချီပြီး ပိဋကတ်တော်တွေ ပင့်ဆောင်လာတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပိဋကတ်သုံးပုံ ပင့်ဆောင်လာတာကို ကြိုဆိုတဲ့နေရာမှာ တည်ထားတာဖြစ်လို့ ရှင်ပင်စာကြိုဘုရားရယ်ဟု ဘွဲ့နာမည် တွင်သွားပါတယ်။ နှစ်စဉ် ဝါဝင်၊ ဝါထွက်မှာ ဘုရားပွဲ ကျင်းပလေ့ရှိတယ်။

ရှင်ပင်စာကြိုဘုရားကို ရောက်လို့ ဘုရားဖူးပြီးတာနဲ့ မပြန်ပါနဲ့အုံး။ ပတ်ဝန်ကျင်ကို ပတ်ကြည့်လိုက်ပါ။ တိုင်လုံးတွေ အများကြီးနှင့် ဇရပ်တန်းရှည် တစ်ဆစ်ချိုးနေရာမှာ စတုရန်းပုံအလင်းကွက် ဖြစ်နေတဲ့ နေရာလေး ရှိတယ်။ အဲ့သည့်နေရာက ဓာတ်ပုံရိုက်ဖို့အတွက် နာမည်ကြီးတယ်။ ရှည်လျားတဲ့ စောင်းတန်းတွေမှာ နံရံဆေးရေးပန်းချီ၊ ပန်းပုရုပ်တု တွေကလည်း မနည်းမနောပဲ။ ကြေကွဲစရာ ကောင်းတာက အချို့က နားမလည်လို့ နံရံဆေးရေးပန်းချီပေါ်မှာ ထုံးသုတ်လိုက်ကြတယ်။

🖌🖌🖌 ၁၄) ရှင်ပင်စာကြိုပြန်ဘုရား

စလေရဲစခန်းကနေ ညာဘက်ကိုချိုးလိုက်ရင် ဆေးရုံကို ရောက်ပါတယ်။ ဆေးရုံအကျော်မှာ ရှင်ပင်စာကြိုပြန်ဘုရား ရှိတယ်။ တိုက်ကုန်းဘုရားလို့လည်း ခေါ်ကြတယ်။ ရှင်ပင်စာကြိုလှဘုရား တည်ပြီးတော့ အပြန်မှာ တည်သောကြောင့် ရှင်ပင်စာကြိုပြန်ဘုရားဟု ခေါ်သည်။

🖌🖌🖌 ၁၅) ဘုရားသုံးဆူ

သည်ရှေးဟောင်းဘုရားသုံးဆူကို ညီအမသုံးဖော် တည်ထားတာပါ။ ဥစ္စာစောင့်ရှိတယ်လို့တော့ ပြောကြတယ်။

🖌🖌🖌 ၁၆) စလေ House

Salay House ဟာ ဧရာဝတီမြစ်ကမ်းနဘေးတွင် တည်ရှိပြီး လေ့လာစရာ ရှေးဟောင်းပစ္စည်းများ၊ စားသောက်ဆိုင်နှင့် တည်းခိုရန်အဆောင်များ ရှိတယ်။ မိုးရာသီမို့ထင်တယ် တစ်ရက်ကို တည်းခိုခ ၄၀,၀၀၀ ကျပ်ပဲ။ အစားအသောက် လက်ရာကောင်းပြီး စလေကြက်ကြော်ကတော့ နာမည်ကြီးတယ်။ ဝက်ပုန်းရည်ကြီးကို အတော်လေးကြိုက်တယ်။ မှိုကန်စွန်းကလည်း စွန်းကောင်းတယ်။ ပုစွန်တုန်ယမ်ဟင်းချိုကိုလည်း ကြိုက်တယ်။ ခြောက်ယောက်စားတာ ၂၂,၀၀၀ကျပ်ပဲ ကျတယ်။

🖌🖌🖌 ၁၇) တမာပင်တန်း

စလေကလည်း အညာမြေမို့ စိမ်းစိုလှပတဲ့ တမာပင်တန်းတွေ ရှိတယ်။ ရောက်ရင်ဖြင့် ဆက်ဆက်သွားဖြစ်အောင် သွားနော်။

🖌🖌🖌 ၁၈) မဟာမုနိရခိုင်မြတ်စွာဘုရား

ဘုရားဖူးပြီး ဧရာဝတီမြစ်ကမ်းနဘေးမှာ Sunset ထိုင်ကြည့်လို့ ကောင်းတဲ့နေရာပါ။ သည်ကနေ ချောက်တံတားကိုတောင် လှမ်းတွေ့ရတယ်။

🖌🖌🖌 ၁၉) ဓာတ်မြေသြဇာစက်ရုံ

စလေဓာတ်မြေသြဇာစက်ရုံသည် စွမ်းအင်ဝန်ကြီးဌာန လက်အောက်တွင်ရှိသည်။ စက်ရုံ၏ သက်တမ်းမှာ နှစ်ကာလ ကြာရှည်နေပြီဖြစ်ပြီး စက်အများစုမှာ ၁၉၇၀ဝန်းကျင်မှ စက်ပစ္စည်းများ ဖြစ်လို့နေသည်။

Ref - ဦးမောင်မောင်လတ် (ရှေးဟောင်းသုတေသနဌာန) ရေးသားသော စာလေပန်းပုရုပ်စုံကျောင်းသမိုင်းစာတမ်းများ

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei -
http://travellerchan.com/trips/local-trips/108-2018-09-13-10-51

Address

Thingangyun

Telephone

+959781137859

Website

Alerts

Be the first to know and let us send you an email when Thuta Nway Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category