ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနနှင့် ခရီးသွား၀န်ဆောင်မှု

  • Home
  • Myanmar
  • Thingangyun
  • ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနနှင့် ခရီးသွား၀န်ဆောင်မှု

ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနနှင့် ခရီးသွား၀န်ဆောင်မှု International Educations & Travel Services

20/07/2026

Celebrating my 11th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ထိုင်း သွားမည့် မြန်မာများအတွက်သတင်းကောင်း🇹🇭ထိုင်းနိုင်ငံ လာဘ်ပေးလာဘ်ယူမှု နိုင်ငံတော်အဆင့် စိစစ်မှုကြောင့် ထိုင်းလေဆိပ်...
29/05/2026

ထိုင်း သွားမည့် မြန်မာများအတွက်သတင်းကောင်း

🇹🇭ထိုင်းနိုင်ငံ လာဘ်ပေးလာဘ်ယူမှု နိုင်ငံတော်
အဆင့် စိစစ်မှုကြောင့်

ထိုင်းလေဆိပ် VIP Pass ၆လပိုင်း ၁ရက်နေ့ကနေ စပိတ်ပါတော့မယ်။

🇹🇭🛩️ဒွန်မောင်းလေဆိပ်တွင် ဘတ် ၃၀၀၀ VIP Pass ကိစ္စနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု နိုင်ငံတော်အဆင့်ကြေညာလိုက်ပါပြီ ဖြစ်ပါတယ်

‼️ထိုင်း သို့ အလည်သွားမယ်ဆို ‼️

အပြန်လက်မှတ် (Return Ticket )

Hotel Booking ( TDAC arrivel card မှာဖြည့်သည့်ရက်အတိုင်း ) ပြ‌ပေးရပါမည်။ အိမ်လိပ်စာရှိပါက အိမ်လိပ်စာ ဖြည့်လိူ့ရပါတယ်။

အပြန်လက်မှတ် နှင့် Hotel Booking အတွက်

ရန်ကုန် 095046809
ဘန်ကောက် 0958825387 သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Passport လုပ်ဖို့က Smart card ရှိဖို့လိုပါတယ်။ ယခု အချိန် လမင်းစီမံချက် ကာလအတွင်း smart card မရှိသေးသူများ သက်ဆိုင်ရာ တိ...
08/05/2026

Passport လုပ်ဖို့က Smart card ရှိဖို့လိုပါတယ်။

ယခု အချိန် လမင်းစီမံချက် ကာလအတွင်း smart card

မရှိသေးသူများ သက်ဆိုင်ရာ တိုင်း ဒေသ အလိုက် ပြုလုပ်

နိုင်ပါတယ် FYI ❗️

ထိုင်းနိုင်ငံမှာ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရရင် ရရှိနိုင်တဲ့ နစ်နာကြေးများ လေယာဉ်ခရီးစဉ်တွေ ရုတ်တရက် ဖျက်သိမ်းခံရတာ ဒါမှမ...
29/04/2026

ထိုင်းနိုင်ငံမှာ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရရင် ရရှိနိုင်တဲ့ နစ်နာကြေးများ

လေယာဉ်ခရီးစဉ်တွေ ရုတ်တရက် ဖျက်သိမ်းခံရတာ ဒါမှမဟုတ် ကြန့်ကြာတာမျိုး ကြုံရတဲ့ ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်ထားဖို့ လိုအပ်ပြီး၊ အချို့ဖြစ်စဉ်တွေမှာ ထိုင်းနိုင်ငံ လေကြောင်းဦးစီးဌာန (CAAT) ရဲ့ သတ်မှတ်ချက်အရ လျော်ကြေးငွေ ဘတ် ၄,၅၀၀ အထိ ရနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ စည်းမျဉ်းစည်းကမ်းတွေဟာ ထိုင်းနိုင်ငံအတွင်း လေကြောင်းခရီးသွားလာနေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် ခရီးသည်အားလုံးအတွက် အကျုံးဝင်တာဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ မိမိတို့ရဲ့ လေယာဉ်ခရီးစဉ် အခြေအနေကို SAWASDEE by AOT application ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်သလို၊ လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ်ဖို့နဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကိုလည်း ရယူနိုင်ပါတယ်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရရင် ဘာလုပ်ရမလဲ?

🔶 လေကြောင်းလိုင်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် SAWASDEE by AOT app ကတစ်ဆင့် ခရီးစဉ်အခြေအနေကို စစ်ဆေးပါ။
🔶 လေဆိပ်ရှိ Check-in ကောင်တာ ဒါမှမဟုတ် Call Center တွေကတစ်ဆင့် လေကြောင်းလိုင်းကို ချက်ချင်းဆက်သွယ်ပါ။
🔶 လက်မှတ်ဖိုး ပြန်အမ်းငွေယူမှာလား ဒါမှမဟုတ် ခရီးစဉ်အသစ် ပြန်ပြောင်းမှာလား ဆိုတာတွေကို ပြောပါ။
🔶 အစားအသောက်၊ တည်းခိုနေထိုင်ရေး ဒါမှမဟုတ် ငွေသားပြန်အမ်းငွေ အစရှိတဲ့ ရပိုင်ခွင့်တွေကို ပြန်လည်စစ်ဆေးပါ။
🔶 အခြားနစ်နာကြေးတွေ ထပ်မံတောင်းဆိုနိုင်ဖို့ ခရီးသွားအာမခံ အကာအကွယ်ပေးမှု ရှိ၊ မရှိ စစ်ဆေးပါ။

ခရီးစဉ်ဖျက်သိမ်းခြင်းအတွက် ခရီးသည်ရပိုင်ခွင့်များ

ပြည်တွင်းခရီးစဉ်များ
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။
🔶 ညအိပ်နားခိုရန် လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 လက်မှတ်ဖိုး အပြည့်အဝပြန်အမ်းငွေ ရယူနိုင်ခြင်း ဒါမှမဟုတ် ခရီးစဉ်/သယ်ယူပို့ဆောင်ရေး ပြောင်းလဲပေးရန် တောင်းဆိုနိုင်ခြင်း။
🔶 နစ်နာကြေး ဘတ် ၁,၅၀၀။

ခြွင်းချက်
အကယ်လို့ လေကြောင်းလိုင်းက ခရီးသည်ကို အနည်းဆုံး ၃ ရက်ကြိုတင် အသိပေးထားရင်သော်လည်းကောင်း၊ ၃ ရက်ထက်နည်းပြီး အသိပေးပေမယ့် မူလအချိန်ထက် ၃ နာရီအတွင်း ရောက်မယ့် အခြားခရီးစဉ်တစ်ခု စီစဉ်ပေးရင်သော်လည်းကောင်း၊ ရာသီဥတု ဒါမှမဟုတ် နိုင်ငံရေးအခြေအနေလိုမျိုး မလွှဲမရှောင်သာတဲ့ အကြောင်းရင်းတွေကြောင့် ဖျက်သိမ်းရတာဆိုရင်တော့ နစ်နာကြေး ရရှိမှာ မဟုတ်ပါဘူး။

ပြည်ပခရီးစဉ်များ
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။
🔶 လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 လက်မှတ်ဖိုး ပြန်အမ်းငွေ ရယူနိုင်ခြင်း ဒါမှမဟုတ် ခရီးစဉ်/လမ်းကြောင်း ပြောင်းလဲနိုင်ခြင်း။

ခရီးကွာဝေးအပေါ် မူတည်ပြီး ရရှိမယ့် နစ်နာကြေး
🔶 ကီလိုမီတာ ၁,၅၀၀ အထိ ခရီးစဉ်များအတွက် - ဘတ် ၂,၀၀၀။
🔶 ကီလိုမီတာ ၁,၅၀၀ မှ ၃,၅၀၀ အကြား ခရီးစဉ်များအတွက် - ဘတ် ၃,၅၀၀။
🔶 ကီလိုမီတာ ၃,၅၀၀ ထက်ကျော်တဲ့ ခရီးစဉ်များအတွက် - ဘတ် ၄,၅၀၀။

ခြွင်းချက်
အနည်းဆုံး ၇ ရက်ကြိုတင် အသိပေးထားရင်သော်လည်းကောင်း၊ ၇ ရက်ထက်နည်းပြီး အသိပေးပေမယ့် ၃ နာရီအတွင်း ရောက်မယ့် အခြားခရီးစဉ် စီစဉ်ပေးရင်သော်လည်းကောင်း၊ မလွှဲသာမရှောင်သာတဲ့ အခြေအနေတွေကြောင့် ဖြစ်ရင်သော်လည်းကောင်း နစ်နာကြေး ရရှိမှာ မဟုတ်ပါဘူး။

ပြည်ပခရီးစဉ် ကြန့်ကြာမှုအတွက် ခရီးသည်ရပိုင်ခွင့်များ

၂ နာရီမှ ၄ နာရီအထိ ကြန့်ကြာလျှင်
🔶 အစားအသောက်နဲ့ သောက်ရေ။
🔶 ဆက်သွယ်ရေး ။

၅ နာရီနဲ့ အထက် ကြန့်ကြာလျှင်
🔶 အစားအသောက်နဲ့ သောက်ရေ၊ ဆက်သွယ်ရေး ။
🔶 လိုအပ်ပါက တည်းခိုရမယ့်နေရာနဲ့ အကြိုအပို့။
🔶 ပြန်အမ်းငွေ တောင်းဆိုနိုင်ခွင့်။
🔶 နစ်နာကြေး ဘတ် ၁,၅၀၀။

၁၀ နာရီနဲ့ အထက် ကြန့်ကြာလျှင်
🔶 အစားအသောက်၊ ဆက်သွယ်ရေး၊ တည်းခိုရေးနဲ့ အကြိုအပို့။
🔶 ပြန်အမ်းငွေ တောင်းဆိုနိုင်ခွင့် ဒါမှမဟုတ် ခရီးစဉ်/လမ်းကြောင်း ပြောင်းလဲနိုင်ခွင့်။

ခရီးကွာဝေးအပေါ် မူတည်ပြီး ရရှိမယ့် နစ်နာကြေး
🔶 ဘတ် ၂,၀၀၀ (ကီလိုမီတာ ၁,၅၀၀ အောက်)။
🔶 ဘတ် ၃,၅၀၀ (ကီလိုမီတာ ၁,၅၀၀ မှ ၃,၅၀၀ အကြား)။
🔶 ဘတ် ၄,၅၀၀ (ကီလိုမီတာ ၃,၅၀၀ ထက်ကျော်ရင်)။

ခြွင်းချက်
ဆိုးရွားတဲ့ ရာသီဥတု၊ နိုင်ငံရေး အခြေအနေ ဒါမှမဟုတ် အခြား ပြင်ပက မလွှဲမရှောင်သာတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရတာဆိုရင်တော့ နစ်နာကြေး ရမှာမဟုတ်ပါဘူး။

ဒီလို မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်ထားတာဟာ မမျှော်လင့်ဘဲ ခရီးစဉ် အနှောင့်အယှက်ဖြစ်တာတွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ ရသင့်ရထိုက်တဲ့ အကူအညီနဲ့ နစ်နာကြေးတွေကို ရရှိစေဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့ ထိုင်း အာဏာပိုင်တွေက အလေးပေး ပြောကြားထားပါတယ်။

Ref : Nation Thailand

Crd ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက သက်ဆိုင်ရာ မြန်မာသံရုံး ထောက်ခံစာ ယူဆောင်လာရ...
28/04/2026

ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက သက်ဆိုင်ရာ မြန်မာသံရုံး ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပါသည်

04/04/2026
ဒွန်မောင်း လေဆိပ်က ဆုန်ခရန်ကာလ ခရီးသွားတွေ လေဆိပ်ကို ၃ နာရီ စောလာဖို့ အကြုံပြုထားပါတယ်   ဘန်ကောက်က  ဒွန်မောင်းအပြည်ပြည်ဆ...
03/04/2026

ဒွန်မောင်း လေဆိပ်က ဆုန်ခရန်ကာလ ခရီးသွားတွေ လေဆိပ်ကို ၃ နာရီ စောလာဖို့ အကြုံပြုထားပါတယ်

ဘန်ကောက်က ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆုန်ခရန်ရုံးပိတ်ရက်အတွင်း အသုံးပြုမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်မထွက်ခွာခင် အနည်းဆုံး နှစ်နာရီကနေ သုံးနာရီလောက်အလိုမှာ လေဆိပ်ကို ကြိုရောက်နေဖို့ တိုက်တွန်းထားပါတယ်။ အဲဒီကာလအတွင်း ခရီးသွားအများဆုံးနေ့ကတော့ ဧပြီလ ၁၁ ရက်နေ့ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း လေဆိပ်ကနေ ခရီးသည်ပေါင်း ၁,၀၆၀,၀၀၀ ကျော် ဒါမှမဟုတ် တစ်ရက်ကို ခရီးသည် တစ်သိန်းလောက်အထိ ဝန်ဆောင်မှုပေးရမယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောထားပါတယ်။ အဲဒီကာလမှာ ပျံသန်းမယ့် လေယာဉ်အစီးရေကတော့ ၆,၅၅၁ စီး ရှိမှာဖြစ်ပါတယ်။

အခုခန့်မှန်းထားတဲ့ ခရီးသည်ပမာဏဟာ ပုံမှန်နေ့စဉ် ပျှမ်းမျှခရီးသည် ၆၄,၀၀၀ ထက် ၅၅ ရာခိုင်နှုန်းလောက် ပိုများနေတာပါ။ လေဆိပ်မှာ လူအစည်ကားဆုံးအချိန်တွေကတော့ မနက် ၅ နာရီကနေ ၇ နာရီ၊ မနက် ၉ နာရီကနေ ၁၁ နာရီနဲ့ ညနေ ၃ နာရီကနေ ၆ နာရီကြားအချိန်တွေ ဖြစ်ပါတယ်။

ဒါကြောင့် ခရီးသည်တွေအနေနဲ့ လေဆိပ်ကို မလာခင်မှာ အွန်လိုင်းကနေ Check-in ကြိုတင်လုပ်ထားဖို့နဲ့ လေယာဉ်ပျံသန်းမယ့် အခြေအနေတွေကိုလည်း ကြိုတင်စစ်ဆေးထားဖို့ လေဆိပ်တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

Ref : Bangkokpost
Crd

KBZ ပြည်တွင်းလေယာဉ်များပြန်လည်ပြေးဆွဲပါပြီလက်မှတ်များကို ဝယ်ယူနိုင်ပါပြီ။***********************************ဖော်ပြထားသည်...
25/03/2026

KBZ ပြည်တွင်းလေယာဉ်များပြန်လည်ပြေးဆွဲပါပြီ

လက်မှတ်များကို ဝယ်ယူနိုင်ပါပြီ။
***********************************
ဖော်ပြထားသည့်စျေးနှုန်းများမှစတင်ပြီးကြိုတင်ဝယ်ယူနိုင်ပါသည်။ခုံအ​ရေအတွက်​ပေါ်မူတည်ပြီး​စျေးနှုန်းအ​ပြောင်းအလဲရှိပါသည်။
***********************************
လက်မှတ်များကို ၀ယ်ယူလိုပါက အောက်ပါဖုန်းနံပါတ်များ သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

ရုံးလိပ်စာ - အမှတ်(၁၀) KBS Condo (3A) ပြည်သာယာလမ်းမ သဃ်န်းကျွန်း

AYA Bank, KBZ bank (Mobile Banking ) Wave Money တို့ဖြင့် ငွေပေးချေနိုင်ပါသည်။
ဖုံးဆက်မှာကြားရုံဖြင့် လူကြီးမင်းတို့ Viber ,WhatsApp , Email ထံသို့လေယာဉ်လက်မှတ်ကို အွန်လိုင်းမှတဆင့် E-Ticket လက်မှတ်များကို ပို့ပေးပါသည်။

KBZ -0021010600530801
AYA -20006293118
CB Special -0019100900001888
Wave Money - 09769856567
KPay - 09785046809
လက်မှတ်များ၀ယ်ယူလိုပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ဆက်သွယ်ရန်ဖုံး - 09-5046809,09785046809
Viber - 09-5046809

#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန

#မြိတ်
#ထား၀ယ်
#ကော့သောင်း
#ပြည်တွင်း
#မြန်မာပြည်တွင်းလေယာဉ်လက်မှတ်

😍ကီလိုတွေပုံမှန်အတိုင်းဖြစ်သွားပါပြီ 😍 MAI လေယာဉ်လက်မှတ်များ 24/7 ၀ယ်ယူနိုင်ဖို့ 095046809 Phone , Viber , What's up ဆက်...
25/03/2026

😍ကီလိုတွေပုံမှန်အတိုင်းဖြစ်သွားပါပြီ 😍

MAI လေယာဉ်လက်မှတ်များ 24/7 ၀ယ်ယူနိုင်ဖို့
095046809 Phone , Viber , What's up ဆက်သွယ်၀ယ်ယူနိုင်ပါသည်။

ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၀၂၆ မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။

MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ အောက်ပါအတိုင်း
• Economy Class အတွက် 30KG အထိ
• Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ပါသည်။
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် MAI မှ operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပြေးသန်းပျံဆွဲပေးသွားမည်ဖြစ်ပါသည်ရှင်။

၂၀၂၆၊ မတ်လ ၂၂ရက် မှ ၂၅ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သောခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့်
တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

ထို Travel Voucher ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ပါရှင်။

ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးညွှတ်တောင်းပန်ပါကြောင်း နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် MAI မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။

ယခုကဲ့သို့သော ကာလအတွင်းတွင် ခရီးသွားပြည်သူတို့၏ စိတ်ရှည်နားလည်ပံ့ပိုးပေးမှုများ နှင့် MAI အား အစဉ်တစိုက်အားပေးမှုအတွက်အထူးပင် ကျေးဇူးတင်ရှိပါရှင်။


📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေး...
23/03/2026

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲

မြန်မာအမျိုးသားလေကြောင်း(MNA) အနေဖြင့် ခရီးသွားပြည်သူများအားလုံး ဘေးကင်းစိတ်ချစွာဖြင့် ခရီးစဉ်များ ပျံသန်းပို့ဆောင်ပေးနိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် ကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျက်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ခရီးဆောင်အိတ် အလေးချိန် ကန့်သတ်ချက်များကို (၁-ဧပြီ-၂၀၂၆) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်-

🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
ပြည်ပခရီးစဉ်များ (International Flights)
• Business Class: 40 Kg (2 Pieces)
• Economy Class : 30 Kg (2 Pieces)
• Economy Class (Saver&Promo): 20 Kg (2 Pieces)
ပြည်တွင်းခရီးစဉ်များ (Domestic Flights)
• Business Class: 30 Kg (2 Pieces)
• Economy Class: 20 Kg (2 Pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
(ပြည်တွင်း / ပြည်ပ ခရီးစဉ်များအားလုံး)
• Business Class: Total 14Kg (2 Pieces)
• Economy Class: Total 7 Kg (1 Piece)

မှတ်ချက်
* Hand Carry Baggage Allowance အတွင်းတွင် Duty Free မှ ဝယ်ယူသည့်ပစ္စည်းများ၏အလေးချိန်ပါဝင်ပြီးဖြစ်ပါသည်။
* သတ်မှတ်ထားသော kgထက်ကျော်လွန်သည့် Kg များအား Extra Fee ကောက်ခံသွားမည်ဖြစ်ပါသည်။

ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့အပြင် MNA အပေါ်ယုံကြည်စွာဖြင့် အစဉ်တစိုက်အားပေးလျက်ရှိသည့်အတွက် ခရီးသွားပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

[English]

📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞: 𝐑𝐞𝐯𝐢𝐬𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐏𝐨𝐥𝐢𝐜𝐲

Myanmar National Airlines (MNA) remains committed to ensuring safe and reliable travel for all passengers.

Due to current operational challenges related to aviation fuel, and to maintain flight schedules while minimizing cancellations, the baggage allowance policy will be revised effective 1 April 2026 as follows:

🧳𝐂𝐡𝐞𝐜𝐤𝐞𝐝 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
International Flights
• Business Class: 40 kg (2 pieces)
• Economy Class: 30 kg (2 pieces)
• Economy (Saver & Promo): 20 kg (2 pieces)

Domestic Flights
• Business Class: 30 kg (2 pieces)
• Economy Class: 20 kg (2 pieces)

💼 𝐇𝐚𝐧𝐝 𝐂𝐚𝐫𝐫𝐲 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 (All Flights)
• Business Class: 14 kg total (2 pieces)
• Economy Class: 7 kg (1 piece)

Notes:
• Duty-free items are included within the hand carry allowance.
• Excess baggage beyond the stated limits will be subject to additional charges.

We sincerely appreciate your understanding for any inconvenience caused and thank you for your continued support.

Crd MNA

Address

Thingangyun

Telephone

+9595046809

Website

Alerts

Be the first to know and let us send you an email when ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနနှင့် ခရီးသွား၀န်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category