The Bodyguard - ကိုယ်ရံတော်- Grooming & Health for men

The Bodyguard - ကိုယ်ရံတော်- Grooming & Health for men The Bodyguard is a trusted brand of grooming & healthy massage center for men, in Yangon, Myanmar. We work with integrity. We believe in professionalism.

Permanently closed.

The Bodyguard is a trusted brand of grooming & healthy massage center in Yangon City. First branch called The Bodyguard Original is opened in Yangon, at the Zarli Taung Housing located near the junction of Yadanar Road & Thu Mingalar Road in Thingungyun Township. And the second branch called The Bodyguard Royal is opened at North Dagon township, near by Ma Wa Ta Junction point. We offer profession

al massage, hair and grooming service for men. Our services and service packages are carefully designed for the purposes of relaxation, health and grooming. Our staffs are mentally and technically well trained , service orientated, humble, nice looking and medically certified to serve you well. We care about our quality of service, guest relationship, cleanliness of environment and peacefulness of surrounding. We grantee that you will experience the difference & the value of $ you pay with us. We are not just selling our service packages. We listen our customer’s needs, try to understand and provide our service as solution to your needs. The Bodyguard က အမျိုးသားသီးသန့်ဝန်ဆောင်မှုပေးတဲ့၊ ဆံသ နှင့် ကျန်းမာရေးအနှိပ် ခန်းမတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးဆိုင်ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလထဲက၊ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ထားပါတယ်။ နေရာအတိအကျကတော့၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်း ဆုံတဲ့ဒေါင့် (တောင်ဥက္ကလာ ၁၄-၁၅ လမ်းဆုံ) အနီးက ဇာလီတောင်အိမ်ယာမှာဖြစ်ပါတယ်။ ဒုတိယမြောက် ဆိုင်ကိုတော့၊ မြောက်ဒဂုံမြို့နယ်၊ မဝတ လမ်းဆုံအနီးက စုပေါင်းရုံးလမ်းထဲမှာ ဖွင့်လှစ်ထားပါတယ်။

ဧည့်သည်များရဲ့ ကျန်းမာရေးအတွက်ဖြစ်စေ၊ သက်တောင့်သက်သာအနားယူအပန်းဖြေဖို့ဖြစ်စေ၊ တစ်ကိုယ်ရေပြုပြင်ထိမ်းသိမ်းရေးအတွက်ဖြစ်စေသင့်လျှော်အောင်၊ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို ဒီဇိုင်းပြုလုပ်ထားပါတယ်။
ကျနော်တို့ရဲ့ လူငယ်ဝန်ထမ်းများဟာလည်း၊ ယဉ်ကျေး ပြူငှာပြီး ပညာရှင်ဆန်တဲ့ ဝန်ဆောင်မှုပေးသူတွေ ဖြစ်အောင်၊ သင်တန်းများ ကောင်းမွန်စွာသင်ကြားထားပါတယ်။ ငယ်ရွယ်တက်ကြွပြီး၊ ဖေါ်ရွေကြပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး၊ ကူစက်ရောဂါများကင်းစင်ကြောင်း စစ်ဆေးထားပြီးဖြစ်ပါတယ်။
ကျနော်တို့ဟာ ကိုယ့်ရဲ့ ဝန်ဆောင်မှုအရည်အသွေး၊ ဧည့်သည်စိတ်ချမ်းသာမှု နှင့် သန့်ရှင်းဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိမှုတွေကို အထူးအလေးထားဆောင်ရွက်ပါတယ်။
Bodyguard ကိုလာရောက်တဲ့အခါ၊ လူကြီးမင်းဘက်က ပေးလိုက်ရတဲ့ ငွေကြေးနဲ့ နှိုင်းယှဉ်ရင် အလွန်တန်တဲ့ ဝန်ဆောင်မှု၊ အများတကာနဲ့ မတူ ထူးခြားသာလွန်တဲ့ ဝန်ဆောင်မှုမျိုးကို ရရှိစေဖို့ တာဝန်ခံပါတယ်။
The Bodyguard က ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို အရှိအတိုင်းပေးတာထက်၊ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို နားလည်အောင်ကြိုးစားပြီးမှ အဆင်ပြေဆုံးဖြစ်အောင်ဝန်ဆောင်ပေးတာဖြစ်ပါတယ်။

အခြေခံလိုအပ်ချက်တွေအတွက် နိုင်ငံသားတွေ ရုန်းကန်နေရတဲ့ ကာလမှာ....ကျနော်တို့လို လုပ်ငန်းတွေအတွက် အလားအလာဟာလည်းပဲ......
15/11/2021

အခြေခံလိုအပ်ချက်တွေအတွက် နိုင်ငံသားတွေ ရုန်းကန်နေရတဲ့ ကာလမှာ....
ကျနော်တို့လို လုပ်ငန်းတွေအတွက် အလားအလာဟာလည်းပဲ......

ညီလေး မင်းထွက်သွားတာ ၂ နှစ်ပြည့်ပြီ။ဒီ နှစ် ငါတို့ ကပ်ရောဂါကြီး ရင်ဆိုင်နေကြရတယ်။ 😰😰မင်းအတွက် အလှူကို အသင့်တော်ဆုံးနေရာရ...
22/07/2021

ညီလေး မင်းထွက်သွားတာ ၂ နှစ်ပြည့်ပြီ။
ဒီ နှစ် ငါတို့ ကပ်ရောဂါကြီး ရင်ဆိုင်နေကြရတယ်။ 😰😰
မင်းအတွက် အလှူကို အသင့်တော်ဆုံးနေရာရွေးခြယ်ခဲ့တယ်။ သာဓုခေါ်ပါ။ 🙏🙏🙏

ဆိုင်လည်း ပိတ်ထားရတာ ၁ နှစ်ကျော်ပြီပေါ့ 😌😌

(ကျနော် တို့ ဝန်ထမ်း ကိုအောင်မျိုးမြတ် - ၂၀၁၉၊ ဇူလိုင် ၂၀ တွင် ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်ပါသည်)

အားလုံးအတွက် စိတ်ပူလို့ ကျနော်တို့ ဆိုင် မဖွင့်သေးပါခင်ဗျာ....။ #ဆိုင်မဖွင့်သေးဘူးလား လို့ နေ့တိုင်းလိုလို ကျနော်တို့ရဲ့...
18/01/2021

အားလုံးအတွက် စိတ်ပူလို့ ကျနော်တို့ ဆိုင် မဖွင့်သေးပါခင်ဗျာ....။

#ဆိုင်မဖွင့်သေးဘူးလား လို့ နေ့တိုင်းလိုလို ကျနော်တို့ရဲ့ မိတ်ဆွေ ဖေါက်သည်တွေက မေးလာတိုင်း၊ အားနာမိပါတယ်။

မဖြစ်မနေ နီးနီးကပ်ကပ် လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခု အခြေအနေက လုံခြုံမှု မရှိသေးတာကြောင့်၊ ကျနော်တို့ ဆိုင်မဖွင့်ဖြစ်သေးတာပါခင်ဗျာ။

ဧည်သည်တွေအတွက်ရော၊ ဝန်ထမ်းတွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ အခြေနေတစ်ခုက မကြာခင် ရောက်လာတော့မှာပါ။ မကြာမီ ကျနော်တို့ ပြန်လာခဲ့ပါမယ်။
အခုချိန်မှာ သတိရပေးကြလို့ ဝမ်းလည်းသာ၊ ဂုဏ်လည်းယူ၊ သတိလည်း ရပါတယ်။

#ဆိုင်ချင်းတူရင်_ပညာကွာပါလိမ့်မယ်။
#ပညာချင်းတူရင်_အတွေ့အကြုံကွာပါလိမ့်မယ်။
#အတွေ့အကြုံချင်းတူရင်_စေတနာကွာပါလိမ့်မယ်။
#စေတနာချင်းတူရင်_လေးစားမှုကွာပါလိမ့်မယ်။
#လေးစားမှုချင်းတူရင်_ခံယူချက်ကွာပါလိမ့်မယ်။

ဒါ့ကြောင့်လည်း The Bodyguard ကို အားလုံး သတိတရ ရှိကြတယ်လို့ ယုံကြည်စွာနဲ့ သတိရနေပါတယ်ခင်ဗျား....။

============
The Bodyguard
"Service with Passion"

Say   to our loyaltiesCOVID ကြောင့် The Bodyguard က ရပ်နားထားရပေမယ့်၊ တစ်ယောက်ချင်းစီရဲ့ ဘဝတွေကတော့ ရှေ့ဆက်နေရဦးမှာဖြစ်ပ...
23/11/2020

Say to our loyalties

COVID ကြောင့် The Bodyguard က ရပ်နားထားရပေမယ့်၊ တစ်ယောက်ချင်းစီရဲ့ ဘဝတွေကတော့ ရှေ့ဆက်နေရဦးမှာဖြစ်ပါတယ်။

မကြာမီမှာ -

- သဘာဝဆန်ဆန် အေးဆေးလွတ်လပ်စွာနေချင်တဲ့ ကိုဖြိုးဇင်က ခေတ်မီဥယျာဉ်ခြံစိုက်ပျိုးရေးသမားကြီး အဖြစ်

- လူတွေနဲ့ နွေးထွေးစွာ ပြောဆိုဆက်ဆံတတ်ပြီး၊ တစ်ဖက်သားကို ဂရုစိုက်တတ်တဲ့ ကိုဟိန်းက ကုမ္ပဏီကြီး တစ်ခုရဲ့ Executive Assistant အဖြစ်

- အလုပ်ကို တစ်တောက်တောက်လုပ်တတ်ပြီး စက်ပစ္စည်းကိရိယာတွေကို စိတ်ဝင်စားတဲ့ ကိုပိုင်ပိုင်ကို M&E Technician တစ်ယောက် အဖြစ်

တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။
သူတို့ အသက် ၂၀ မပြည့်ခင်မှာ The Bodyguard ကို ရောက်လာကြပါတယ်။ အခုဆိုရင် ၂၅ ပတ်ဝန်းကျင် လူလတ်ပိုင်းတွေ ဖြစ်လာကြပါပြီ။ အခုလို ကိုယ်စီအနာဂတ်အတွက် ပြင်ဆင်လျှောက်လှမ်းကြတော့မှာ ဖြစ်လို့ The Bodyguard က ဝမ်းမြောက်ဂုဏ်ယူနေပါတယ်။

Stay Home ကာလ တစ်လျှောက်မှာလည်း လေ့လာသင်ယူမှုတွေ အများကြီး ဖြည့်ဆည်းခဲ့တာကြောင့်၊ သူတို့ အားလုံး ရှေ့ဆက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ..။

==============

The Bodyguard ကို ဆက်လက်ဦးဆောင်မယ့် သူကတော့ ကိုပြည့် ဖြစ်ပါတယ်။
မကြာမီ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်...။

We will be surely back. But NOT so soon.The Bodyguard က လုံးဝ ပိတ်သိမ်းသွားတာလား...။ပိတ်သိမ်းသွားတာ၊ မဟုတ်ရပါ ခင်ဗျာ...။...
23/11/2020

We will be surely back. But NOT so soon.

The Bodyguard က လုံးဝ ပိတ်သိမ်းသွားတာလား...။

ပိတ်သိမ်းသွားတာ၊ မဟုတ်ရပါ ခင်ဗျာ...။ COVID ရှောင်နေတာသာ ဖြစ်ပါတယ်။

COVID ကြီး ရှိနေသ၍ ကျနော်တို့ လုပ်ငန်းအမျိုးအစားတွေဟာ ကျီးလန့်အစာစားသလို ဖြစ်နေဦးမှာမို့ အခုချိန်မှာ ငြိမ်နေလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခြေအနေတွေ တည်ငြိမ်လာတဲ့ အခါကျရင်၊ The Bodyguard ဟာ upgraded version နဲ့ ပြန်လာခဲ့ပါမယ်။

We have been receiving many calls from our beloved customers asking if we are opened.We are NOT willing to take high ris...
02/11/2020

We have been receiving many calls from our beloved customers asking if we are opened.
We are NOT willing to take high risk for our people and as well as our valuable customers over the current situations.
That is why, we are still closed.
We will be right back when it is safe.
Thank you for missing us.

The Bodyguard team

" "

Our friends - How do u guys pass time during STAY HOME??Me - 😀 👨‍💻🏋️‍♂️✍️🍗🥃🤤
19/10/2020

Our friends - How do u guys pass time during STAY HOME??

Me - 😀 👨‍💻🏋️‍♂️✍️🍗🥃🤤

10/09/2020

When COVID-19 shut the things down, our normal days be like:



ယနေ့အချိန်အထိ ယုံကြည်စွာ အားပေးနေကြသော မိတ်ဆွေဧည့်သည်များကို အထူးပင် အားနာမိပါသည်။မည်သို့ပင် စည်းကမ်းလိုက်နာ ကာကွယ်သည်ဖြ...
05/09/2020

ယနေ့အချိန်အထိ ယုံကြည်စွာ အားပေးနေကြသော မိတ်ဆွေဧည့်သည်များကို အထူးပင် အားနာမိပါသည်။

မည်သို့ပင် စည်းကမ်းလိုက်နာ ကာကွယ်သည်ဖြစ်ပါစေ၊ COVID-19 က ကျနော်တို့နဲ့ တဖြည်းဖြည်း နီးကပ်လာနေပါတယ်။
COVID-19 က ကျနော်တို့ရဲ့ ချစ်မိတ်ဆွေတွေအပေါ်ကို မကျရောက်မီ၊ ကျနော်တို့ရဲ့ ဝန်ထမ်းတွေအပေါ်ကို မကျရောက်မီ၊ ကျနော်တို့ အားလုံး ခပ်ခွာခွာနေကြဖို့ ဆုံးဖြတ်ခဲ့ရပါတော့တယ်။

1st September 2020 မှ စတင်ပြီး The Bodyguard ဆိုင် အားလုံးကို ပိတ်ထားလိုက်ပါပြီ။
အားလုံးကို သတိရနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

Meet our Rookie Professionals  &   @   BranchThey have proudly passed the technical and service quality test recently an...
24/08/2020

Meet our Rookie Professionals
& @ Branch

They have proudly passed the technical and service quality test recently and allowed to serve our customers.

is trusted brand of men-spa for our , and , since we established .

========================
Booking Contacts:
Thingungyun Branch (Original) - 09 764 111 467
North Dagon Branch (Royal) - 09 764 222 467
Customer Service Manager - 09 96161 00 68
www.facebook.com/thebodyguardyangon
========================
The Bodyguard
"Professionals in serving you delighted"
"Service with passion"

We value our people. One of values we keep in ourselves is "People first". The word "People" includes our customers, our...
22/08/2020

We value our people. One of values we keep in ourselves is "People first". The word "People" includes our customers, our partners and our team members.

ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် COVID အငြိမ်ကာလ =====================ခုချိန်ဟာ COVID ကာလ အလွန်လို့ ပြောလို့တော့ မရသေးပါဘူး။ ...
11/08/2020

ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် COVID အငြိမ်ကာလ
=====================
ခုချိန်ဟာ COVID ကာလ အလွန်လို့ ပြောလို့တော့ မရသေးပါဘူး။ COVID ငြိမ် ကာလလို့သာ ပြောရမယ်ထင်ပါတယ်။ ဒါကလည်း မြန်မာပြည်ကြီးမှာ ခေါင်းဆောင်ကောင်းတွေ ဖိဖိစီးစီးစောင့်ရှောက်နေတာရယ်၊ ဘာသာတရားရဲ့ ကာကွယ်ရံတားမှုတွေရယ် ကြောင့်ဖြစ်မယ်ထင်ပါတယ်။
နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ခေါင်းဆောင်တွေက စောင့်ရှောက်ကာကွယ်နေကြသလို၊ လုပ်ငန်းတစ်ခုစီအတွက်ကိုလည်း လုပ်ငန်းရှင်/ဦးဆောင်သူတွေက စောင့်ရှောက် ကာကွယ်မှ လုံခြုံပါလိမ့်မယ်။ အခုချိန်မှာ လုပ်ငန်းတွေ အတော်များများ ပြန်ပြီး လည်ပတ်ခွင့်ရလာကြတာ ဝမ်းသာစရာပါ။ နို့ပေမယ့်၊ ဒီ အခြေအနေဟာ ပေါ့ပေါ့ဆဆနေမယ်ဆိုရင်တော့၊ အချိန်မရွေး ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဒါ့ကြောင့်၊ ကိုယ့်စီးပွားရေးကိုလည်ပတ်တဲ့အခါ၊ ကိုယ်ရဲ့ ဖေါက်သည်တွေအတွက်ရော၊ ကိုယ့်ဝန်ထမ်းတွေ အတွက်ပါ လုံခြုံစိတ်ချရဖို့ ကာကွယ်ရံတားပေးဖို့ လုပ်ငန်းရှင်တွေ ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူကြဖို့ လိုမယ်လို့ ထင်ပါတယ်။
ဝန်ထမ်း လုပ်သားတွေ အနေနဲ့ကလည်း၊ COVID ကြောင့်၊ အလုပ်တွေပြုတ်ကြ၊ လစာတွေလျော့ကျကြ၊ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့ အချိန်ပိုင်းလေးကို ပြန်ပြီးဆင်ခြင်သင့်ပါတယ်။ အခု ပြန်လုပ်ခွင့်ရတဲ့အခါမှာ အသိ၊ သတိလေးနဲ့ လုပ်ကိုင်သင့်လှပါတယ်။

လူချင်းနီးနီးကပ်ကပ် ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေအတွက်က COVID ကို ပိုပြီး သတိထားကြရပါမယ်။
ဥပမာ ဆံပင်ညှပ်တာ၊ ခေါင်းလျှော်တာ၊ အလှပြင်တာ၊ ဆေးကုတာ၊ Spa လုပ်တာ (နောက် ဘာရှိသေးလဲ) မျိုးတွေပေါ့။ ဒီလိုလုပ်ငန်းရှင်တွေ နှင့် ဝန်ထမ်းတွေ အနေနဲ့ ပိုပြီးတော့ကို အထူးကြတ်မတ်သင့်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ကျင့်သုံးတဲ့ နည်းလမ်းလေးတွေကိုလည်း မျှဝေချင်ပါတယ်။

(၁) ဝန်ထမ်းတွေကို အတွက် သီးသန့် သင်တန်းပေးပါတယ်။
ဝန်ထမ်းတွေ နယ်ကပြန်ရောက်တာနဲ့ အထူးသင်တန်းကို အရင်တက်ရပါတယ်။ သူတို့ရဲ့ ရပ်ရွာမှာနေစဉ် ခရီးသွားခြင်း ရှိ/မရှိ နှင့် ကျန်းမာရေး အခြေအနေကို စစ်ဆေးရပါတယ်။ သင်တန်းမတက်ရသေးရင်၊ လုပ်ငန်းခွင်ကို ဝင်ခွင့် မပေးပါဘူး။ ရဲ့ အလေ့အကျင့်တွေကို #နားလည်အောင်၊ #လက်ခံအောင်၊ #ယဉ်ပါးအောင်၊ #ကျင့်သုံးအောင် လေ့ကျင့်သင်ကြားပေးရပါတယ်။ အလုပ်ရှင်က သတ်မှတ်ထားလို့ ဒီ စည်းကမ်းတွေကို လိုက်နာရတာမျိုးမဟုတ်ပဲ၊ မိမိကိုယ် မိမိ စောင့်ရှောက်ဖို့၊ မိမိရဲ့ ဖေါက်သည်တွေကို စောင့်ရှောက်ဖို့ ဒါတွေကို လိုက်နာနေရပါတယ်ဆိုတဲ့ ခံယူချက်မျိုး ရှိလာဖို့ အရေးကြီးပါတယ်။

(၂) တတ်နိုင်သလောက် တစ်ခါသုံးပစ္စည်းများ သုံးပါတယ်။
တစ်ခါသုံးပစ္စည်း များသုံးဖို့ မဖြစ်နိုင်တဲ့အခါ၊ တစ်ကြိမ်သာသုံးပြီး ဆပ်ပြာနဲ့ လျှော်တာ၊ ဆေးတာလုပ်ဖို့ သတ်မှတ်ရပါတယ်။ လုပ်ငန်းထဲမှာ သုံးနေတဲ့ လုပ်ထုံးလုပ်နည်း ( ) တွေကို အားလုံး ပြန်လည်သုံးသပ်ရပါတယ်။ ပြင်သင့်တာ ပြင်ရပါတယ်။

(၃) ရောဂါ ကာကွယ်ရေး ပစ္စည်းတွေကို မနှမျောမိဖို့ လိုပါတယ်။
ပြုန်းတီးတာကို လုပ်ငန်းတိုင်းက စိုးရိမ်ပါတယ်။ ကုန်ကျစရိတ်နဲ့ ပါတ်သက်လာရင် လုပ်ငန်းရှင်တိုင်းကတွန့်တတ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာတော့ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ တစ်ခါသုံးပစ္စည်းတွေ၊ မျက်နှာအုပ် (Mask)၊ လက်သန့်ဆေး (Hand Gel) စတာတွေကိုတော့ ချွေတာစရာမလိုပါဘူး။ ကျနော်တို့ရဲ့ Policy ကိုက ဆိုတော့၊ လူကသာ အရေးအကြီးဆုံး တန်ဖိုးဖြစ်ပါတယ်လို့ ခံယူကြရပါတယ်။

(၄) မကြာခဏ သတိပေးရပါတယ်။
လုပ်ငန်းခွင်မှာ၊ ဆိုင်မှာ၊ သတိပေး စာတမ်းတွေကပ်ထားပေမယ့် မလုံလောက်ပါဘူး။ လူတွေရဲ့ သဘောကိုက အကြိမ် ၂၀၀ လောက်ပြောမှ မှတ်မိတဲ့သဘောရှိတယ်လို့ လေ့လာဖူးပါတယ်။ ဒါ့ကြောင့် ဟာ ငါတို့ ပတ်ဝန်းကျင်မှာပဲ ရှိနေသေးတယ်နော် ဆိုတဲ့ စကားကို နေ့စဉ် သတိပေးရပါတယ်။ တစ်ပါတ် တစ်ကြိမ် အစီးဝေးခေါ်ပြီး အစ အဆုံး သတိပေးရပါတယ်။ ရှောင်တခင် ဝင်ပြီး စစ်ဆေးတဲ့ စနစ်ရှိရပါတယ်။ လူတွေက ကြာရင် ပေါ့သွားတတ်တဲ့ သဘောရှိလို့ပါ။

(၅) မျက်လုံးနဲ့ ပြုံးတတ်အောင် လေ့ကျင့်ရပါတယ်။
လူချင်းနီးကပ်တဲ့လုပ်ငန်းတွေဆိုတာ စိတ်ချင်းပါ ဆက်သွယ်ပြီး လုပ်ကိုင်ရတာမျိုး များပါတယ်။ ဆရာဝန်က ပြုံးပြပြီး ချိုချိုသာသာပြောရင် လူနာမှာ ရောဂါ တစ်ဝက်သက်သာသလိုပါပဲ။ ခုကာလမှာက ဆိုင်လာတဲ့ ဖေါက်သည်မှန်သမျှကို လက်ဆေးခိုင်းရ၊ Mask တပ်ခိုင်းရ၊ ပိုးသတ်ဆေးဖြန်းရ၊ သေနတ်ချိန်သလို ချိန်ပြီး အပူချိန်တိုင်းရနဲ့ သူစိမ်းဆန်ဆန်တွေ လည်း လုပ်ရပါသေးတယ်။ ဒီတော့ ဖေါက်သည်ရဲ့ စိတ်ထဲမှာ သူစိမ်းဆန်တယ်ဆိုတဲ့ အမြင်ကြီး မခံစားရလေအောင်၊ ပြုံးပြဖေါ်ရွေဖို့က အရေးကြီးလာပါတယ်။ သို့ပေမယ့် မျက်နှာတစ်ဝက်က ဖုံးထားရလေတော့၊ ပြုံးရင်တောင် သိပ်မမြင်ရတော့ အဖြစ်ကဆိုးပါတယ်။ ဒီတော့ ကျနော်တို့ဟာ အရင်ကထက် အားစိုက်ပြီး ပြုံးရပါလိမ့်မယ်။ တစ်ဖက်သူရဲ့ ရင်ထဲအထိ ဆက်သွယ်နိုင်ဖို့ မျက်လုံးတွေက ပြုံးရပါလိမ့်မယ်။

ကျန်တဲ့ ကာကွယ်ရေး နည်းလမ်းတွေကတော့၊ အားလုံးသိပြီးသားမို့ အထူးမပြောတော့ပါဘူး။ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းအားလုံး အသိ၊ သတိနဲ့ ပြန်လည်ရှင်သန်နိုင်ကြပါစေလို့ မုဒိတာပွားလိုက်ပါတယ်။

The Bodyguard (since 2015)
Professionals in serving you delighted
========================
Booking Contacts:
Thingungyun Branch (Original) – 09-764 111 467.
North Dagon Branch (Royal) – 09-764 222 467
Operations Manager – 09-96161 00 68
English Speaker - 09974990197.
www.facebook.com/thebodyguardyangon
========================

Address

Branch1/Blk-2 (1st Floor) Zarli Taung Housing, Near The Corner Of Yadanar Rd & Thu Mingalar Road Branch2/254. Supoung Yone St. 37 Ward. North Dagon. Yangon
Thingangyun

Website

Alerts

Be the first to know and let us send you an email when The Bodyguard - ကိုယ်ရံတော်- Grooming & Health for men posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Bodyguard - ကိုယ်ရံတော်- Grooming & Health for men:

Share

Our Story

The Bodyguard is a trusted brand of grooming & healthy massage center in Yangon City. Our very first branch named as The Bodyguard Original is opened in February 2015, at Thingungyun Township. And the second branch named as The Bodyguard Royal is opened in August 2016 at North Dagon township.

We offer professional massage, hair and grooming services for men. Our services and service packages are carefully designed for the purposes of relaxation, health and grooming. Our staffs are well trained in both dimensions of technical skill and professional ethics. They are service orientated, humble, nice looking and medically certified to serve you excellent. We care about our quality of service, guest relationship, cleanliness of environment and peacefulness of surrounding. We grantee that you will experience the difference & the value of every cent you pay with us. We are not just selling our service packages. We listen our customer’s needs, try to understand and provide our service as solution to fulfill your needs within the boundaries of professional ethics. The Bodyguard က အမျိုးသားသီးသန့်ဝန်ဆောင်မှုပေးတဲ့၊ ဆံသ နှင့် ကျန်းမာရေးအနှိပ် ခန်းမတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးဆိုင်ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလထဲက၊ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ထားပါတယ်။ နေရာအတိအကျကတော့၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်း ဆုံတဲ့ဒေါင့် (တောင်ဥက္ကလာ ၁၄-၁၅ လမ်းဆုံ) အနီးက ဇာလီတောင်အိမ်ယာမှာဖြစ်ပါတယ်။ ဒုတိယမြောက် ဆိုင်ကိုတော့၊ မြောက်ဒဂုံမြို့နယ်၊ မဝတ လမ်းဆုံအနီးက စုပေါင်းရုံးလမ်းထဲမှာ ဖွင့်လှစ်ထားပါတယ်။ ဧည့်သည်များရဲ့ ကျန်းမာရေးအတွက်ဖြစ်စေ၊ သက်တောင့်သက်သာအနားယူအပန်းဖြေဖို့ဖြစ်စေ၊ တစ်ကိုယ်ရေပြုပြင်ထိမ်းသိမ်းရေးအတွက်ဖြစ်စေသင့်လျှော်အောင်၊ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို ဒီဇိုင်းပြုလုပ်ထားပါတယ်။ ကျနော်တို့ရဲ့ လူငယ်ဝန်ထမ်းများဟာလည်း၊ ယဉ်ကျေး ပြူငှာပြီး ပညာရှင်ဆန်တဲ့ ဝန်ဆောင်မှုပေးသူတွေ ဖြစ်အောင်၊ သင်တန်းများ ကောင်းမွန်စွာသင်ကြားထားပါတယ်။ ငယ်ရွယ်တက်ကြွပြီး၊ ဖေါ်ရွေကြပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး၊ ကူစက်ရောဂါများကင်းစင်ကြောင်း စစ်ဆေးထားပြီးဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့ ဝန်ဆောင်မှုအရည်အသွေး၊ ဧည့်သည်စိတ်ချမ်းသာမှု နှင့် သန့်ရှင်းဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိမှုတွေကို အထူးအလေးထားဆောင်ရွက်ပါတယ်။ Bodyguard ကိုလာရောက်တဲ့အခါ၊ လူကြီးမင်းဘက်က ပေးလိုက်ရတဲ့ ငွေကြေးနဲ့ နှိုင်းယှဉ်ရင် အလွန်တန်တဲ့ ဝန်ဆောင်မှု၊ အများတကာနဲ့ မတူ ထူးခြားသာလွန်တဲ့ ဝန်ဆောင်မှုမျိုးကို ရရှိစေဖို့ တာဝန်ခံပါတယ်။ The Bodyguard က ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို အရှိအတိုင်းပေးတာထက်၊ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို နားလည်အောင်ကြိုးစားပြီးမှ အဆင်ပြေဆုံးဖြစ်အောင်ဝန်ဆောင်ပေးတာဖြစ်ပါတယ်။